< ယေရမိ 19 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် အိုးထိန်း သမားထံသို့သွား ၍ ရေဘူး ကိုယူ ပြီးလျှင် ၊ အသက်ကြီး သော လူ ၊ အသက်ကြီး သော ယဇ် ပုရောဟိတ်အချို့ တို့နှင့်တကွ၊
Thus saith the LORD, Go and get a potter’s earthen bottle, and take of the ancients of the people, and of the ancients of the priests;
2 ဟရသိတ် တံခါး ပြင်၊ ဟိန္နုံ သား၏ ချိုင့်သို့ သွား ၍၊ ငါမိန့် တော်မူသည်အတိုင်း ကြွေးကြော် ရမည့်စကား ဟူမူကား၊
And go forth to the valley of the son of Hinnom, which is by the entrance of the east gate, and proclaim there the words that I shall tell thee,
3 အိုယုဒ ရှင် ဘုရင်များနှင့် ယေရုရှလင် မြို့သား များတို့၊ ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် ကြလော့ ။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သိတင်း ကြား သောသူတိုင်း နား ခါး သည်တိုင်အောင်၊ ငါ သည် ဤ အရပ် ၌ ဘေး ရောက် စေမည်။
And say, Hear ye the word of the LORD, O kings of Judah, and inhabitants of Jerusalem; Thus saith the LORD of hosts, the God of Israel; Behold, I will bring evil upon this place, which whoever heareth, his ears shall tingle.
4 အကြောင်း မူကား၊ သူတို့သည် ငါ့ ကိုစွန့်ပစ် ကြပြီ ။ ကိုယ်တိုင်မ သိ ၊ ဘိုးဘေးများမသိ ၊ ယုဒ ရှင် ဘုရင်များ မသိသော တကျွန်းတနိုင်ငံဘုရား တို့ ရှေ့ မှာ၊ ဤ အရပ်၌ နံ့သာပေါင်းကို မီးရှို့ သဖြင့်၊ ဤ အရပ် ကို တကျွန်း တနိုင်ငံမြေဖြစ် စေကြပြီ။ အပြစ် မရှိသောသူတို့ ၏ အသွေး နှင့် ဤ အရပ် ကို ပြည့် စေကြပြီ။
Because they have forsaken me, and have estranged this place, and have burned incense in it to other gods, whom neither they nor their fathers have known, nor the kings of Judah, and have filled this place with the blood of innocents;
5 ငါမ စီရင် မ မှာ ထား၊ ငါ အလျှင်းအလို မ ရှိသော ဝတ်တည်းဟူသော၊ ဗာလ ဘုရားရှေ့ မှာ မိမိ သား တို့ကို မီးရှို့ ၍၊ ပူဇော် ရာ ဝတ်ပြုခြင်းငှါ ၊ ဗာလ ဘုရားဘို့ ကုန်း တို့ကို တည် လုပ်ကြပြီ။
They have built also the high places of Baal, to burn their sons with fire for burnt offerings to Baal, which I commanded not, nor spoke it, neither came it into my mind:
6 သို့ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို အရပ် ကို တောဖက် အရပ်ဟူ၍မ ခေါ် ၊ ဟိန္နုံ သား၏ ချိုင့်ဟူ၍မခေါ်၊ ကွပ်မျက် ရာ ချိုင့် ဟူ၍ခေါ်ရသောအချိန် ကာလသည် ရောက် လိမ့်မည်။
Therefore, behold, the days come, saith the LORD, that this place shall no more be called Tophet, nor The valley of the son of Hinnom, but The valley of slaughter.
7 ယုဒပြည်သူ ယေရုရှလင်မြို့သားတို့ ကြံစည်သော အကြံအစည် ကို ဤ အရပ် ၌ ငါဖျက် မည်။ ရန်သူ ၏ ထား ဖြင့် ၎င်း ၊ သတ်ခြင်းငှါရှာ သောသူ၏ လက် ဖြင့် ၎င်း ၊ သူ တို့ကို ငါဆုံး စေမည်။ သူ တို့အသေ ကောင် များကိုလည်း မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ငါထား မည်။
And I will make void the counsel of Judah and Jerusalem in this place; and I will cause them to fall by the sword before their enemies, and by the hands of them that seek their lives: and their dead bodies will I give to be food for the fowls of the heaven, and for the beasts of the earth.
8 ဤ မြို့ ကိုလည်း လူဆိတ်ညံ ရာ၊ ကဲ့ရဲ့ သံကို ကြားရာအရပ်ဖြစ် စေမည်။ လမ်း၌ရှောက် သွားသမျှ သောသူတို့ သည် ဤမြို့ ခံရသောဘေး အလုံးစုံ တို့ကို မြင်သောအခါ ၊ အံ့ဩ ၍ ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
And I will make this city desolate, and an hissing; every one that passeth by it shall be astonished and hiss because of all its plagues.
9 သတ်ခြင်းငှါရှာကြံ သောရန်သူ များတို့သည် ဝိုင်း ၍ တပ်တည်သဖြင့်၊ ဤသူတို့သည် ကျဉ်းကျပ် လျက် နေ၍၊ ကိုယ် သား သမီး အသား ကို ငါစား စေမည်။ အချင်းချင်း တယောက်အသားကို တယောက်စား ကြလိမ့်မည်ဟု မြွက်ဆိုပြီးမှ၊
And I will cause them to eat the flesh of their sons and the flesh of their daughters, and they shall eat every one the flesh of his friend in the siege and distress, with which their enemies, and they that seek their lives, shall distress them.
10 ၁၀ သင် နှင့် အတူသွား သောသူတို့ရှေ့ တွင်၊ ရေဘူး ကိုခွဲ လော့။
Then shalt thou break the bottle in the sight of the men that go with thee,
11 ၁၁ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား က၊ နောက် တဖန်မ ပြင် နိုင် အောင် ရေဘူး ကို ခွဲ သကဲ့သို့ ၊ ဤ လူ များနေသောဤ မြို့ ကို ငါခွဲ မည်။ တောဖက် အရပ်၌ သင်္ဂြိုဟ် ရာ မြေ မ လောက်အောင် သင်္ဂြိုဟ် ကြလိမ့်မည်။
And shalt say to them, Thus saith the LORD of hosts; Even so will I break this people and this city, as one breaketh a potter’s vessel, that cannot be made whole again: and they shall bury them in Tophet, till there be no place to bury.
12 ၁၂ ဤ အရပ် ၌၎င်း ၊ ဤအရပ် သားတို့၌ ၎င်း ၊ ဤ သို့ငါပြု ၍ ဤ မြို့ ကို တောဖက် အရပ်ကဲ့သို့ ဖြစ် စေမည်။
Thus will I do to this place, saith the LORD, and to its inhabitants, and even make this city as Tophet:
13 ၁၃ အကြင်အိမ်မိုး အပေါ် မှာ ကောင်းကင် တန်ဆာ ရှိသမျှ တို့အား နံ့သာ ပေါင်းကို မီးရှို့၍ ၊ အခြား တပါးသော ဘုရား များရှေ့ ၌ သွန်းလောင်း ရာပူဇော်သက္ကာပြု ၏။ ထို အိမ် ရှိသမျှ တို့နှင့်တကွယေရုရှလင် မြို့ အိမ် များ၊ ယုဒ ရှင်ဘုရင် ၏ နန်းတော် များတို့သည် တောဖက် အရပ် ကဲ့သို့ မစင်ကြယ် ဖြစ်ရကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထားတော်မူ၏။
And the houses of Jerusalem, and the houses of the kings of Judah, shall be defiled as the place of Tophet, because of all the houses upon whose roofs they have burned incense to all the host of heaven, and have poured out drink offerings to other gods.
14 ၁၄ ထိုအခါ ဟောပြောစေခြင်းငှါ၊ ထာဝရဘုရား စေလွှတ် တော်မူရာ တောဖက် အရပ်က ၊ ယေရမိ သည် ပြန်လာ ၍ ဗိမာန် တော်တန်တိုင်း ၌ ရပ် လျက် ၊
Then came Jeremiah from Tophet, where the LORD had sent him to prophesy; and he stood in the court of the LORD’S house; and said to all the people,
15 ၁၅ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤမြို့သားတို့သည် ငါ့ စကား ကို နား မ ထောင်ခြင်းငှါ၊ မိမိ တို့ လည်ပင်း ကို ခိုင်မာ စေသောကြောင့် ၊ ငါခြိမ်း သမျှသော ဘေးဒဏ် တို့ကို၊ ဤ မြို့ ရွာ ရှိသမျှ တို့အပေါ် မှာ သက်ရောက် စေမည်ဟူသောအမိန့် တော်ကို လူ အပေါင်း တို့အား ဆင့်ဆို လေ၏။
Thus saith the LORD of hosts, the God of Israel; Behold, I will bring upon this city and upon all her towns all the evil that I have pronounced against it, because they have hardened their necks, that they might not hear my words.

< ယေရမိ 19 >