< ယေရမိ 17 >
1 ၁ ယုဒ အမျိုး၏ အပြစ် သည် သံ ကညစ် ၊ စိန် ချွန် နှင့် သူတို့နှလုံး ပြား ၌၎င်း ၊ ယဇ်ပလ္လင် ဦးချို ၌ ၎င်း အက္ခရာ တင် ၍ မှတ်သားလျက်ရှိ၏။
The sin of Judah is written with a pen of iron, With the point of a diamond is it engraved Upon the tablet of their hearts, Upon the horns of their altars.
2 ၂ သူငယ် တို့ပင် မြင့် သောတောင် ပေါ် ၊ စိမ်း သော သစ်ပင် နား မှာရှိသော ယဇ်ပလ္လင် များ၊ အာရှရပင် များကို အောက်မေ့ တတ်ကြ၏။
While their children remember the altars, and the images of Astarte, Near the green trees, And upon the high hills.
3 ၃ အချင်းငါ ၏တောင် ၊ လယ် ၌ ရှိသောသင် ၏ဥစ္စာ နှင့်သိုထားသမျှ သောဥစ္စာ ကို၎င်း ၊ ပြည် တရှောက် လုံး ၌ သင် ပြစ်မှား ရာ၊ မြင့် သောအရပ်တို့ကို၎င်း၊ လုယူ သောသူတို့ လက်သို့ ငါအပ် မည်။
My mountain in the field! thy substance and all thy treasures will I give up for spoil; Thy high places for sin in all thy borders.
4 ၄ သင့်ကိုယ်တိုင်လည်း ငါပေး သော အမွေ မှ ရွေ့ သွားရလိမ့်မည်။ သင်မ သိ သော ပြည် တွင် ၊ ရန်သူ လက်၌ သင့် ကို ငါကျွန်ခံ စေမည်။ အကြောင်းမူကား၊ အစဉ် လောင် သောငါ ၏ အမျက် မီး ကို သင်တို့သည် မွေး ကြပြီ။
Thou shalt of thyself cease to possess the inheritance which I gave thee, And I will cause thee to serve thy enemies in a land which thou knowest not; For ye have kindled a fire in my anger, Which shall burn forever.
5 ၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ လူ ကို ကိုးစား ၍ လူသတ္တဝါ ကို အမှီပြု သဖြင့် ၊ စိတ် နှလုံးထဲ၌ထာဝရဘုရား ထံ တော်မှ ထွက် သွားသော သူ သည် ကျိန် အပ်သောသူဖြစ်၏။
Thus saith Jehovah: Cursed be the man who trusteth in man, And maketh flesh his arm, And whose heart departeth from Jehovah!
6 ၆ ထိုသူသည် လွင်ပြင် ၌ ရှိသောသစ်ပင် ခြောက် ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကျိုး ရောက် ကြောင်းကို မ သိ ရ။ အဘယ်သူမျှမ နေ သောဆား မြေ ၊ သွေ့ ခြောက်သော လွင်ပြင် ၌ နေ ရလိမ့်မည်။
He shall be like a poor wanderer in the desert, Who seeth not when good cometh, But dwelleth in the parched places of the desert, In a salt land, and uninhabited.
7 ၇ ထာဝရဘုရား ကို ကိုးစား သော သူ ၊ ထာဝရဘုရား ကို မိမိ ကိုးစား ရာ အကြောင်းဖြစ် စေ သောသူသည် ကောင်းကြီး မင်္ဂလာကို ခံအပ်သောသူဖြစ် ၏။
Blessed is the man who trusteth in Jehovah; Who in Jehovah placeth his hope!
8 ၈ ထိုသူသည်ကား၊ ရေ ရှိသော အရပ်၌စိုက် ၍ မြစ် နားမှာ အမြစ် ဖြာ သဖြင့် ၊ ပူ သောအရှိန် ရောက် ကြောင်း ကို မ သိ ၊ အရွက် မညှိုးနွမ်း ၊ မိုဃ်းခေါင် သောကာလ ၌ စိုးရိမ် စရာမ ရှိဘဲ၊ အစဉ် အမြဲအသီး ကို သီး တတ် သော အပင် နှင့်တူ ၏။
He shall be like a tree planted by the water-side, That spreadeth out her roots by the stream, That feeleth not when the heat cometh, But whose leaf is green; That careth not in the year of drought, Nor ceaseth from yielding fruit.
9 ၉ စိတ် နှလုံးသည် ခပ်သိမ်း သော အရာထက် စဉ်းလဲ တတ်၏။ အလွန်ယိုယွင်း သော သဘောရှိ၏။ စိတ် နှလုံးသဘောကို အဘယ် သူသိ နိုင်သနည်း။
The heart is deceitful above all things; Yea, it is corrupt; who can know it?
10 ၁၀ ငါ ထာဝရဘုရား သည် လူ အသီးအသီးတို့အား မိမိ တို့အကျင့် အတိုင်း ၊ မိမိတို့ခံထိုက်သော အကျိုး အပြစ် ကိုပေး ခြင်းငှါ ၊ နှလုံး ကျောက်ကပ် တို့ကို စေ့စေ့စစ်ကြော တတ်၏။
I, Jehovah, search the heart, And try the reins, To give to every man according to his ways, And according to the fruit of his doings.
11 ၁၁ ကောရ ငှက်သည် မိမိမ ဥ သော ဥကို ဝပ် သကဲ့သို့ ၊ မ တရား သဖြင့် ဥစ္စာ ဆည်းဖူး သော သူသည် အသက် ပျို စဉ် ကပင်၊ ဆင်းရဲ ခြင်းသို့ ရောက်၍ အဆုံး ၌ ကား၊ လူမိုက် ဖြစ် လိမ့်မည်။
As the partridge sitteth on eggs which she hath not laid, So is he that getteth riches, and not by right; In the midst of his days shall he leave them, And in his latter end find himself a fool.
12 ၁၂ ရှေ့ဦး စွာမှစ၍ မြင့် သော အရပ်၌ ဘုန်းကြီး တော်မူသောရာဇ ပလ္လင်သည် ငါ တို့သန့်ရှင်း ရာ ဌာန တော် အရပ်ဖြစ်၏။
A glorious, lofty throne from the beginning Hath been the place of our sanctuary.
13 ၁၃ အိုဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်းဖြစ်သော ထာဝရဘုရား ၊ ကိုယ်တော် ကို စွန့်ပစ် သော သူအပေါင်း တို့သည် အရှက်ကွဲ ရကြပါလိမ့်မည်။ ငါ့ ထံမှ ထွက်သွား သောသူတို့ သည် မြေ စာရင်း သို့ ဝင်ရကြပါလိမ့်မည်။ အကြောင်း မူကား၊ အသက် စမ်း ရေ တွင်း တည်းဟူသောထာဝရဘုရား ကို စွန့်ပစ် ကြ သတည်း။
O thou hope of Israel, Jehovah! All that forsake thee shall be put to shame; Yea, all that depart from me shall be written in dust, Because they have forsaken the fountain of living water, they have forsaken Jehovah.
14 ၁၄ အို ထာဝရဘုရား ၊ အကျွန်ုပ် ၏ အနာ ကို ငြိမ်း စေတော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် အနာ ငြိမ်းပါလိမ့်မည်။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ သို့ပြုလျှင် ၊ အကျွန်ုပ်သည် ကယ်တင် ခြင်းသို့ ရောက်ပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ချီးမွမ်း ရာ ဖြစ်တော်မူ၏။
Heal me, O Jehovah, and I shall be healed; Save me, and I shall be saved; For thou art my praise!
15 ၁၅ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် အဘယ် မှာရှိသနည်း။ ယခု လာ ပါစေတော့ဟု ဤသူ တို့ သည် အကျွန်ုပ် အား ဆို တတ်ကြပါ၏။
Behold, they say to me, “Where is the word of Jehovah? Let it come to pass!”
16 ၁၆ အကျွန်ုပ် သည် နောက် တော်သို့ လိုက်သော ဆရာ ၏အရာကို မ ရှောင် ပါ။ အမင်္ဂလာ နေ့ ကို မ တောင့်တ ပါ။ အကျွန်ုပ် ဟော ပြောချက်ကို ကိုယ်တော် သိ တော်မူ ၏။ ကိုယ်တော် မျက်မှောက် ၌ ရှိ ပါ၏။
I have not refused to follow thee, as thy shepherd, Neither have I desired the day of woe, as thou knowest! That which came from my lips hath been before thine eyes.
17 ၁၇ အကျွန်ုပ် ကို ထိတ်လန့် စေ တော်မ မူပါနှင့်။ ဘေး ရောက်သောကာလ ၌ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာ ဖြစ်တော်မူ၏။
Be not thou a terror to me, Thou, my refuge in the day of distress! Let my persecutors be confounded, but let not me be confounded!
18 ၁၈ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့သည် အရှက်ကွဲ ကြပါစေသော။ အကျွန်ုပ် မူကား ၊ အရှက် မ ကွဲပါစေနှင့်။ သူ တို့သည် စိတ်ပျက် ကြပါစေသော။ အကျွန်ုပ် မူကား ၊ စိတ် မ ပျက်ပါစေနှင့်။ သူ တို့အပေါ် မှာ ဘေး အန္တရာယ် ကာလ ကို ရောက် စေတော်မူပါ။ အထပ်ထပ် ဖျက်ဆီး တော်မူ ပါ။
Let them be dismayed, but let not me be dismayed! Bring upon them the day of calamity, And destroy them with double destruction!
19 ၁၉ ထာဝရဘုရား သည် ငါ့ အားမိန့် တော်မူသည် ကား ၊ ယုဒ ရှင်ဘုရင် ထွက်ဝင် သော အမျိုးသား ချင်း မြို့တံခါး မှစ၍၊ ခပ်သိမ်း သော ယေရုရှလင် မြို့တံခါးဝ ၌ သွား ၍ ရပ် လျက်၊
Thus said Jehovah to me: Go and stand in the people's gate, Through which the kings of Judah come in and go out, And in all the gates of Jerusalem,
20 ၂၀ လူ များတို့အား ပြော ဆိုရမည်မှာ၊ ဤ တံခါး တို့ဖြင့် ထွက် ဝင်သော ယုဒ ရှင် ဘုရင်များနှင့် ယုဒ ပြည်သူယေရုရှလင် မြို့သား များအပေါင်း တို့၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် ကြလော့။
And say to them, Hear the word of Jehovah, ye kings of Judah, All Judah, and all ye who dwell at Jerusalem, Who enter in through these gates!
21 ၂၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဥပုသ် နေ့ ၌ ဝန် ကိုမ ထမ်းမရွက် ၊ ယေရုရှလင် မြို့တံခါး ဖြင့် မဆောင် မသွင်းမည်အကြောင်း ၊ သတိ ပြုကြလော့။
Thus saith Jehovah: Take heed to yourselves, And carry no burden on the sabbath-day, And bring none through the gates of Jerusalem.
22 ၂၂ ဥပုသ် နေ့ ၌ သင် တို့အိမ် ထဲက ဝန် ကို မထုတ် မ ဆောင်ကြနှင့်။ အဘယ် အလုပ်ကိုမျှမ လုပ် ကြနှင့်။ သင် တို့ဘိုးဘေး များကို ငါမှာ ထားသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေကြလော့။
Bear no burden from your houses on the sabbath-day, And do no kind of work; But keep ye holy the sabbath-day, As I commanded your fathers.
23 ၂၃ ဘိုးဘေးတို့သည် နား မ ထောင်၊ နား ကိုမ လှည့် ဘဲ နေကြ၏။ နားမ ကြား ၊ ဆုံးမ ခြင်းကို မ ခံ မည်အကြောင်း၊ မိမိ တို့လည်ပင်း ကို ခိုင်မာ စေကြ၏။
But they hearkened not, nor inclined their ear, But made their necks stiff, and refused to hear, And refused to receive instruction.
24 ၂၄ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်တို့သည် ဥပုသ် နေ့ ၌ ဤ မြို့ တံခါး ဖြင့် ဝန် ကို မသွင်း မဆောင်၊ အဘယ် အလုပ် ကိုမျှမ လုပ် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေသည် တိုင်အောင် ၊ ငါ့စကားကို စေ့စေ့နားထောင် လျှင် ၊
If ye will now diligently hearken to me, saith Jehovah, And bring no burden through the gates of this city on the sabbath-day, But keep holy the sabbath-day, Doing no work therein,
25 ၂၅ ဒါဝိဒ် မင်းကြီး၏ ရာဇ ပလ္လင်ပေါ် မှာ ထိုင် သော ရထား စီး ၊ မြင်း စီးရှင်ဘုရင် ၊ မင်း သားမှစ၍သူတို့မှူးမတ် ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့သည် ဤ မြို့ တံခါး များ သို့ ဝင် လျက်ရှိကြလိမ့်မည်။ ဤ မြို့ သည်လည်း အစဉ် အမြဲတည် လိမ့်မည်။
Then shall enter the gates of this city kings and princes, Who sit upon the throne of David, Riding in chariots and on horses, They and their chieftains, The men of Judah, and the inhabitants of Jerusalem; And this city shall be inhabited forever.
26 ၂၆ မီးရှို့ ရာယဇ်မှစ၍ အခြားသော ယဇ် များ၊ ပူဇော် သက္ကာများ၊ မီးရှို့ရာနံ့သာ ပေါင်း၊ ချီးမွမ်း ရာ ယဇ်တို့ကို ထာဝရဘုရား ၏ အိမ် တော်သို့ ဆောင် ခဲ့သောသူတို့ သည် ယုဒ မြို့ များ၊ ယေရုရှလင် မြို့ပတ်ဝန်းကျင် အရပ်များ၊ ဗင်္ယာမိန် ပြည် ၊ မြေညီ ခရိုင်၊ တောင် ရိုးခရိုင်၊ တောင် မျက်နှာခရိုင်မှ လာ ကြလိမ့်မည်။
Then from the cities of Judah, and the places around Jerusalem, From the land of Benjamin, and from the plain, From the mountains, and from the South, Shall they come bringing burnt-offerings, and sacrifices, And flour-offerings, and incense, And bringing thank-offerings to the house of Jehovah.
27 ၂၇ သို့မဟုတ်၊ ဥပုသ် နေ့ ၌ ဝန် ကို ထမ်းရွက် ၍၊ ယေရုရှလင် မြို့တံခါး များသို့ မ ဝင် ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေ သည်တိုင်အောင် ၊ သင်တို့သည် ငါ့ စကားကို နား မ ထောင်လျှင် ၊ ငါသည် ထိုမြို့ တံခါး တို့ကို မီးရှို့ ၍ ၊ ထိုမီးသည် မ ငြိမ်း မသေဘဲ ယေရုရှလင် မြို့ဘုံ ဗိမာန်တို့ကို လောင် ရ လိမ့်မည်။
But if ye will not hearken to me, To keep holy the sabbath-day, And to carry no burden through the gates of Jerusalem on the sabbath-day, Then will I kindle in her gates an unquenchable fire, Which shall devour the palaces of Jerusalem.