< ယေရမိ 16 >
1 ၁ တဖန် ငါ့ ဆီသို့ ရောက် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား၊
၁တဖန်ငါ့ဆီသို့ရောက်သော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
2 ၂ သင် သည် ဤ အရပ် ၌ စုံဘက် ခြင်းကို မ ပြုရ။ သား သမီး ကို မ ဘွား မမြင်ရ။
၂သင်သည် ဤအရပ်၌ စုံဘက်ခြင်းကို မပြုရ။ သားသမီးကို မဘွားမမြင်ရ။
3 ၃ ဤ အရပ် ၌ ဘွားမြင် သော သား သမီး များကို၎င်း၊ သူ တို့မိဘ များကို၎င်း၊ ထာဝရဘုရား ရည်မှတ်၍ မိန့် တော်မူသည်ကား ၊
၃ဤအရပ်၌ ဘွားမြင်သော သားသမီးများကို၎င်း၊ သူတို့မိဘများကို၎င်း၊ ထာဝရဘုရားရည်မှတ်၍ မိန့်တော်မူသည်ကား၊
4 ၄ ထိုသူတို့သည် ဆိုး သော သေ ခြင်းဖြင့် သေ ရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း ၍ မ သင်္ဂြိုဟ် ရ။ မြေ ပေါ် မှာ မစင် ကဲ့သို့ ဖြစ် ကြလိမ့်မည်။ သူတို့သည် ထား ဘေးနှင့် မွတ်သိပ် ခြင်းဘေးဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင် ငှက် နှင့် တော သားရဲ စားစရာ ဘို့ ဖြစ်ကြလိမ့်မည်။
၄ထိုသူတို့သည် ဆိုးသော သေခြင်းဖြင့် သေရကြ လိမ့်မည်။ သူတို့ ကိုမြည်တမ်း၍ မသင်္ဂြိုဟ်ရ။ မြေပေါ်မှာ မစင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ သူတို့သည် ထားဘေးနှင့် မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးခြင်းသို့ရောက်၍၊ အသေ ကောင်တို့သည် မိုဃ်းကောင်းကင်ငှက်နှင့် တောသားရဲ စားစရာဘို့ ဖြစ်ကြလိမ့်မည်။
5 ၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မသာ အိမ် သို့ မ ဝင် နှင့်။ သေသောသူတို့အတွက် ငိုကြွေး မြည်တမ်းခြင်းငှါ မ သွား နှင့်။ ငါ ၏ ငြိမ်သက် ခြင်းတည်းဟူသောမေတ္တာ ကရုဏာ ကို ဤ လူမျိုး မှ ငါပယ်ရှင်း ပြီဟု မိန့် တော်မူ ၏။
၅ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ် သို့ မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်း ခြင်းငှါ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော် မူ၏။
6 ၆ ပြည် သူပြည်သားအကြီး အငယ် တို့သည် သေ ရ ကြလိမ့်မည်။ သို့သော်လည်း၊ မ သင်္ဂြိုဟ် ရ။ သူ တို့အတွက် မြည်တမ်း ခြင်းကိုမ ပြုရ။ ကိုယ်ကို ကိုယ်ရှန ခြင်း၊ ဆံပင်ရိတ် ခြင်းကိုလည်း မ ပြုရ။
၆ပြည်သူပြည်သား အကြီးအငယ်တို့သည် သေရ ကြလိမ့်မည်။ သို့သော်လည်း၊ မသင်္ဂြိုဟ်ရ။ သူတို့အတွက် မြည်တမ်းခြင်းကိုမပြုရ။ ကိုယ်ကို ကိုယ်ရှနခြင်း၊ ဆံပင် ရိတ်ခြင်းကိုလည်း မပြုရ။
7 ၇ သေ သောသူတို့အတွက် စိတ်မသာညဉ်းတွား သောသူတို့ ကို နှစ်သိမ့် စေခြင်းငှါ ၊ မသာပွဲ ကို မ လုပ်ရ။ မိဘ သေသော်လည်း၊ နှစ်သိမ့် စေသော ခွက် ဖလားကို မ ပေး ရ။
၇သေသောသူတို့အတွက် စိတ်မသာ ညဉ်းတွား သော သူတို့ကို နှစ်သိမ့်စေခြင်းငှါ၊ မသာပွဲကို မလုပ်ရ။ မိဘသေသော်လည်း၊ နှစ်သိမ့်စေသော ခွက်ဖလားကို မပေးရ။
8 ၈ ထိုနည်းတူ ၊ စားသောက်ပွဲခံ ရာ အိမ် သို့မ ဝင် နှင့်။ သူ တို့နှင့် ပေါင်းဘော် ၍ မစား မသောက် နှင့်။
၈ထိုနည်းတူ၊ စားသောက်ပွဲခံရာ အိမ်သို့မဝင်နှင့်။ သူတို့နှင့် ပေါင်းဘော်၍ မစားမသောက်နှင့်။
9 ၉ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ အရပ်၌ ဝမ်းမြောက် သောအသံ ၊ ရွှင်လန်း သောအသံ ၊ မင်္ဂလာဆောင်သတို့သား အသံ ၊ မင်္ဂလာဆောင်သတို့သမီး အသံ ကို သင် တို့လက်ထက် ၊ သင် တို့မျက်မှောက် တွင် ငါ စဲ စေမည်။
၉ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤအရပ်၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင် သတို့သားအသံ၊ မင်္ဂလာဆောင် သတို့ သမီးအသံကို သင်တို့လက်ထက်၊ သင်တို့မျက်မှောက်တွင် ငါစဲစေမည်။
10 ၁၀ သင်သည် ဤ စကား အလုံးစုံ တို့ကို ဤ လူမျိုး အား ကြားပြော ၍ သူတို့ကလည်း၊ ထာဝရဘုရား သည် ဤ မျှလောက် ကြီးစွာ သော ဘေးဒဏ် ကို ငါ တို့အား အဘယ် ကြောင့် စီရင် တော်မူသနည်း။ ငါ တို့ပြုသောဒုစရိုက် ကား၊ အဘယ်သို့ နည်း။ ငါ တို့ဘုရား သခင်ထာဝရဘုရား ကို ငါတို့ပြစ်မှား သော အပြစ် ကား၊ အဘယ်သို့ နည်းဟုမေး ကြသောအခါ ၊
၁၀သင်သည် ဤစကားအလုံးစုံတို့ကို ဤလူမျိုးအား ကြားပြော၍ သူတို့ကလည်း၊ ထာဝရဘုရားသည် ဤမျှ လောက်ကြီးစွာသော ဘေးဒဏ်ကို ငါတို့အား အဘယ် ကြောင့် စီရင်တော်မူသနည်း။ ငါတို့ပြုသော ဒုစရိုက်ကား၊ အဘယ်သို့နည်း။ ငါတို့ဘုရားသခင် ထာဝရဘုရားကို ငါတို့ပြစ်မှားသော အပြစ်ကား၊ အဘယ်သို့နည်းဟု မေးကြသောအခါ၊
11 ၁၁ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ ကိုစွန့် ၍၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် လျက်၊ ဝတ်ပြု ကိုးကွယ် သဖြင့် ငါ့ ကိုစွန့်ပစ် ၍၊ ငါ့ တရား ကို မ စောင့် သောကြောင့်၎င်း ၊
၁၁သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့ကိုစွန့်၍၊ အခြားတပါးသော ဘုရားနောက်သို့ လိုက်လျက်၊ ဝတ်ပြု ကိုးကွယ်သဖြင့် ငါ့ကိုစွန့်ပစ်၍၊ ငါ့တရားကို မစောင့် သောကြောင့်၎င်း၊
12 ၁၂ ဘိုးဘေး ကျင့်သောအကျင့် ထက် ၊ သင်တို့သည် သာ၍ဆိုး သောအကျင့် ကို ကျင့်သဖြင့် ၊ ငါ့ စကားကို နား မ ထောင်၊ မိမိ တို့ဆိုး သောစိတ် နှလုံး၊ ခိုင်မာ သော သဘောသို့ လိုက် သောကြောင့်၎င်း ၊
၁၂ဘိုးဘေးကျင့်သော အကျင့်ထက်၊ သင်တို့သည် သာ၍ဆိုးသော အကျင့်ကို ကျင့်သဖြင့်၊ ငါ့စကားကို နား မထောင်၊ မိမိတို့ဆိုးသောစိတ်နှလုံး၊ ခိုင်မာသော သဘော သို့ လိုက်သောကြောင့်၎င်း၊
13 ၁၃ သင် တို့နှင့် သင် တို့၏ ဘိုးဘေး မ သိ သောပြည် သို့ ဤ ပြည် ထဲက သင် တို့ကို ငါနှင် လိုက်မည်။ ထိုပြည်၌ သင် တို့သည် ငါ၏ကျေးဇူး ကိုမ ခံရ ။ အခြားတပါးသော ဘုရား တို့ကို နေ့ ညဉ့် မပြတ် ဝတ်ပြု ရကြမည်။
၁၃သင်တို့နှင့် သင်တို့၏ ဘိုးဘေးမသိသောပြည်သို့ ဤပြည်ထဲက သင်တို့ကို ငါနှင်လိုက်မည်။ ထိုပြည်၌ သင်တို့သည် ငါ၏ကျေးဇူးကိုမခံရ။ အခြားတပါးသော ဘုရားတို့ကို နေ့ညဉ့်မပြတ် ဝတ်ပြုရကြမည်။
14 ၁၄ သို့ ဖြစ်၍၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တု ပြည် မှ နှုတ် ဆောင် သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍မ ကျိန်ဆို ဘဲ၊
၁၄သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ အမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင် သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ မကျိန်ဆိုဘဲ၊
15 ၁၅ ဣသရေလ အမျိုးသား တို့ကို မြောက် ပြည် မှစ၍ ၊ နှင်ထုတ် ဘူးသော ပြည် ရှိသမျှ တို့မှ နှုတ် ဆောင်သော ထာဝရဘုရား အသက် ရှင်တော်မူသည်ဟူ၍ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူ တို့ ဘိုးဘေး တို့အား ငါပေး သော ပြည် သို့ သူ တို့ကို တဖန် ငါဆောင် ခဲ့ဦးမည်။
၁၅ဣသရေလအမျိုးသားတို့ကို မြောက်ပြည်မှစ၍၊ နှင်ထုတ်ဘူးသော ပြည်ရှိသမျှတို့မှ နှုတ်ဆောင်သော ထာဝရဘုရား အသက်ရှင်တော်မူသည်ဟူ၍ ကျိန်ဆိုရ သော ကာလသည် နောက်တဖန် ရောက်လိမ့်မည်။ သူတို့ ဘိုးဘေးတို့အား ငါပေးသောပြည်သို့ သူတို့ကို တဖန် ငါဆောင်ခဲ့ဦးမည်။
16 ၁၆ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ သည် တံငါ အများ တို့ကို စေလွှတ် ၍ ၊ ဤလူမျိုး ကိုမျှား စေမည်။ ထိုနောက် ၊ မုဆိုး အများ တို့ကို စေလွှတ် ၍ ၊ ခပ်သိမ်း သော တောင် ကြီး တောင် ငယ်၊ ချောက် ကြား တို့၌ ရှာ စေမည်။
၁၆ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကိုမျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီး တောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
17 ၁၇ သူ တို့သွားသမျှ သောလမ်း တို့ကို ငါ သည် ကြည့်ရှု လျက်နေ၏။ သူတို့သည် ငါ့ မျက်ကွယ် ၌ သွားကြသည် မ ဟုတ်။ သူ တို့၏ ဒုစရိုက် ကို ငါ့ ရှေ့ မှာ ဝှက် ၍ မ ထားနိုင်။
၁၇သူတို့သွားသမျှသော လမ်းတို့ကို ငါသည် ကြည့်ရှုလျက်နေ၏။ သူတို့သည် ငါ့မျက်ကွယ်၌ သွားကြ သည်မဟုတ်။ သူတို့၏ ဒုစရိုက်ကို ငါ့ရှေ့မှာ ဝှက်၍ မထားနိုင်။
18 ၁၈ သူ တို့သည် ငါ့ ပြည် ကို ညစ်ညူး စေ၍၊ ငါ အမွေ ခံ သော မြေကို သူ တို့သည် စက်ဆုပ် ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူ တို့၌ နှစ် ဆ သော အပြစ်ဒဏ်ကို ငါပေး မည်။
၁၈သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံ သော မြေကို သူတို့သည် စက်ဆုပ်ရွံရှာဘွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆ သော အပြစ်ဒဏ်ကို ငါပေးမည်။
19 ၁၉ အကျွန်ုပ် အစွမ်း သတ္တိ၊ အကျွန်ုပ် ရဲတိုက် ၊ အမှု ရောက်သောနေ့ ၌ အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူသောထာဝရဘုရား ၊ တပါးအမျိုးသား တို့က၊ အကယ်စင်စစ်အကျွန်ုပ် တို့ ဘိုးဘေး တို့သည် မုသာ ၊ အနတ္တ ၊ အချည်းနှီးသော အရာတို့ ကို အမွေခံ ကြပါပြီဟု၊ မြေကြီး စွန်း မှ ကိုယ်တော်ထံသို့လာ ၍ လျှောက် ကြပါလိမ့်မည်။
၁၉အကျွန်ုပ် အစွမ်းသတ္တိ၊ အကျွန်ုပ်ရဲတိုက်၊ အမှု ရောက်သောနေ့၌ အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူသော ထာဝရဘုရား၊ တပါးအမျိုးသားတို့က၊ အကယ်စင်စစ် အကျွန်ုပ်တို့ ဘိုးဘေးတို့သည် မုသာ၊ အနတ္တ၊ အချည်းနှီးသော အရာ တို့ကို အမွေခံကြပါပြီဟု၊ မြေကြီးစွန်းမှ ကိုယ်တော်ထံသို့ လာ၍ လျှောက်ကြပါလိမ့်မည်။
20 ၂၀ လူသည် ဘုရား မ ဟုတ်သော ဘုရား တို့ကို ကိုယ် အဘို့ လုပ် ရမည်လော။
၂၀လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဘို့ လုပ်ရမည်လော။
21 ၂၁ သို့ဖြစ်၍၊ ငါ သည်ယခုတခါ သူ တို့ကိုသတိ ပေး၍၊ ငါ့ လက် နှင့် ငါ့ တန်ခိုး ကို ဘော်ပြသောအားဖြင့်၊ ငါ့ နာမ သည်ထာဝရဘုရား ဖြစ်ကြောင်းကို သိ ရကြလိမ့်မည်။
၂၁သို့ဖြစ်၍၊ ငါသည်ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဘော်ပြသောအားဖြင့်၊ ငါ့နာမ သည်ထာဝရဘုရားဖြစ်ကြောင်းကို သိရကြလိမ့်မည်။