< ယေရမိ 15 >

1 တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ မ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က ငါ့​အား``အ​ကယ် ၍​မော​ရှေ​နှင့်​ရှ​မွေ​လ​တို့​ဤ​တွင်​ရပ်​လျက် ငါ့ အား​တောင်း​ပန်​လျှောက်​လဲ​ကြ​စေ​ကာ​မူ ငါ သည်​ဤ​သူ​တို့​အား​က​ရု​ဏာ​ပြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​အား​ငါ​၏​ရှေ့​မှောက်​မှ​ထွက် ခွာ​သွား​စေ​ရန်​နှင်​ထုတ်​လော့။-
2 အကျွန်ုပ်တို့သည် အဘယ် အရပ်သို့ ထွက်သွား ရပါမည် နည်းဟု မေးမြန်း လျှင် ၊ သင်ကလည်း၊ သေ တန် သောသူ တို့ သည် သေခြင်း သို့ ၎င်း ၊ ကွပ်မျက် တန်သောသူ တို့ သည် ကွပ်မျက် ခြင်းသို့ ၎င်း ၊ ငတ်မွတ် တန်သောသူ တို့ သည် ငတ်မွတ် ခြင်းသို့ ၎င်း ၊ သိမ်း သွားချုပ်ထားတန် သောသူ တို့ သည် သိမ်း သွားချုပ်ထားခြင်းသို့ ၎င်း ထွက်သွား ကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့ အား ဆင့်ဆို လော့။
သူ​တို့​က​မိ​မိ​တို့​သည်​အ​ဘယ်​အ​ရပ်​သို့ သွား​ရ​ပါ​မည်​နည်း​ဟု သင့်​အား​မေး​သော အ​ခါ​ဤ​သို့​ပြော​ကြား​လော့။ ``သင်​တို့​အ​ချို့​သည်​အ​နာ​ရော​ဂါ​ဘေး သင့်​ပြီး သေ​ရ​ကြ​မည်​ဖြစ်​၍ အ​နာ​ရော​ဂါ​ဖြစ်​ပွား​ရာ​သို့​လည်း​ကောင်း၊ အ​ချို့​တို့​မှာ​စစ်​ပွဲ​တွင်​ကျ​ဆုံး​ရ​ကြ​မည်​ဖြစ်​၍ စစ်​မက်​ဖြစ်​ပွား​ရာ​သို့၊အ​ချို့​တို့​ကား​ငတ်​မွတ် ခေါင်း​ပါး​ခြင်း​ဘေး​သင့်​၍ သေ​ရ​ကြ​မည်​ဖြစ်​၍​ငတ်​မွတ်​ခေါင်း​ပါး​ရာ​သို့၊ အ​ချို့​သူ​တို့​မှာ​မူ​သုံ့​ပန်း​အ​ဖြစ်​ဖမ်း​ဆီး ခေါ်​ဆောင်​ခြင်း​ခံ​ရ​ကြ​မည်​ဖြစ်​၍၊ အ​ဖမ်း​ခံ​ရ​ကြ​မည့်​အ​ရပ်​သို့​သွား​ရ​မည်​ဟု'' ငါ​အား​မိန့်​တော်​မူ​၏။''
3 သူတို့ကိုသတ် ရသောထား ၊ ဆွဲ ဖြတ်ရသောခွေး ၊ ကိုက်စား ရသောမိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တည်း ဟူသောရန်သူလေး မျိုး ကို သူ တို့တဘက် ၌ ငါခန့် ထား မည်။
သူ​တို့​အ​ပေါ်​သို့ ကြောက်​မက်​ဖွယ်​ရာ​ဘေး​အန္တ​ရာယ် လေး​ပါး​သက်​ရောက်​စေ​ရန် ငါ​ထာ​ဝ​ရ​ဘု​ရား ဆုံး​ဖြတ်​ထား​တော်​မူ​လေ​ပြီ။ သူ​တို့​သည်​စစ်​ပွဲ တွင်​အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။ သူ​တို့​၏​အ​လောင်း များ​ကို​ခွေး​တို့​ဆွဲ​ယူ​သွား​ကြ​လိမ့်​မည်။ ထို အ​သေ​ကောင်​တို့​ကို​ငှက်​များ​ထိုး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သည့်​အ​သား​ကို​တော​သား​ရဲ​တို့ ကိုက်​စား​ကြ​လိမ့်​မည်။-
4 ယုဒ ရှင်ဘုရင် ဟေဇကိ သား မနာရှေ မင်းသည် ယေရုရှလင် မြို့၌ ပြု သော အမှုကြောင့် ၊ ထိုသူ တို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အရှက် ကိုခံ စေမည်။
ယု​ဒ​ပြည်​တွင်​ဟေ​ဇ​ကိ​၏​သား​မ​နာ​ရှေ​မင်း ပြု​စဉ်​အ​ခါ​က​ယေ​ရု​ရှ​လင်​မြို့​တွင်​ပြု​ကျင့် ခဲ့​သည့်​အ​မှု​ကြောင့် ငါ​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ အ​ပေါင်း​တို့​အား​ထို​သူ​တို့​ကို​မြင်​၍​ထိတ် လန့်​တုန်​လှုပ်​စေ​မည်။
5 အို ယေရုရှလင် မြို့၊ သင့် ကို အဘယ် သူသနား လိမ့်မည်နည်း။ သင် နှင့်အတူအဘယ် သူညည်းတွား လိမ့်မည် နည်း။ သင့် ကိုကျန်းမာ၏လောဟု မေး အံ့သောငှါ ၊ အဘယ် သူလမ်း လွှဲလိမ့်မည်နည်း။
``ယေ​ရု​ရှ​လင်​မြို့​သား​တို့၊သင်​တို့​အား အ​ဘယ်​သူ​သ​နား​မည်​နည်း။ သင်​တို့​အ​တွက်​အ​ဘယ်​သူ​ဝမ်း​နည်း ပူ​ဆွေး​မည်​နည်း။ အ​ဘယ်​သူ​သည်​လမ်း​တွင်​ရပ်​လျက်​သင်​တို့​၏ ကျန်း​မာ​မှု​ကို​မေး​မြန်း​မည်​နည်း။
6 ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ့ ကို စွန့်ပစ် ၍ ဆုတ် သွားပြီ။ ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် ၍ သင့် ကို ဖျက်ဆီး မည်။ ငါသည် နောင်တရ ၍ ငြီးငွေ့ ပြီ။
သင်​တို့​သည်​ငါ့​အား​ပစ်​ပယ်​ကြ​လေ​ပြီ။ သင်​တို့​သည်​ငါ့​အား​ကျော​ခိုင်း​ကြ​လေ​ပြီ။ ငါ​သည်​အ​မျက်​ဒေါ​သ​ချုပ်​တည်း​မှု​ကို ငြီး​ငွေ့​ပြီ​ဖြစ်​သ​ဖြင့် လက်​တော်​ကို​ဆန့်​၍​သင်တို့​အား​ဖျက်​ဆီး​လေ​ပြီ'' ဟု​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
7 ပြည် တံခါး ဝ၌ သူ တို့ကို စံကော နှင့် ငါလှေ့ မည်။ သူတို့သားသမီးများကို ငါရှုံး စေမည်။ ငါ ၏ လူမျိုး သည် မိမိ လိုက်သွားသော လမ်း မှ မ ပြန် လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီး မည်။
``လေ​တွင်​လွင့်​ပါ​သွား​သည့်​ဖွဲ​ကဲ့​သို့​သင်​တို့ အား ဤ​ပြည်​ရှိ​အ​မြို့​မြို့​တို့​၌​ကွဲ​လွင့်​သွား​စေ​လေ​ပြီ။ ငါ​၏​လူ​မျိုး​တော်၊ သင်​တို့​သည်​မိ​မိ​တို့​၏ ဆိုး​ညစ်​သည့် လမ်း​စဉ်​ကို​မ​စွန့်​ကြ​သ​ဖြင့်၊ သင်​တို့​အား​ဝမ်း​နည်း​ကြေ​ကွဲ​စေ​၍ ငါ​သုတ်​သင်​ပယ်​ရှင်း​ခဲ့​လေ​ပြီ။
8 သူ တို့မုတ်ဆိုးမ တို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှမက ၊ ငါ့ ရှေ့မှာ များပြား ကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိ ကို တိုက်ဖျက် သော လုလင် ကို ငါခေါ် ခဲ့၍၊ ကြောက်မက် ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ် စေမည်။
ငါ​သည်​သင်​တို့​၏​အ​မျိုး​သ​မီး​များ​အား မု​ဆိုး​မ​ဖြစ်​လျက် အ​ရေ​အ​တွက်​အား​ဖြင့်​ပင်​လယ်​ကမ်း​ခြေ သဲ​လုံး​မ​က​များ​လေ​ပြီ။ ငါ​သည်​ငယ်​ရွယ်​သူ​တို့​အား​မွန်း​တည့်​ချိန်​၌ သုတ်​သင်​ခြင်း​ဖြင့် သူ​တို့​၏​မိ​ခင်​များ​ပူ​ဆွေး​ရ​ကြ​သည်။ သူ​တို့​သည်​ရုတ်​တ​ရက်​ထိတ်​လန့်​တုန်​လှုပ်​ကာ ပူ​ပင်​သော​က​ရောက်​ရ​ကြ​လေ​ပြီ။
9 သားခုနစ် ယောက်ကို ဘွားမြင် သော မိန်းမသည် အားလျော့ ၍ အသက် ချုပ် လေ၏။ ညအချိန် မရောက်မှီ သူ ၏နေ ဝင် လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေ လျက်နေရ၏။ ကျန် ကြွင်းသောသူ တို့ ကိုလည်း ၊ ရန်သူ တို့ရှေ့မှာ၊ ထား ၌ ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
သား​သ​မီး​ခု​နစ်​ယောက်​ဆုံး​ရှုံး​ရ​သည့်​မိ​ခင်​သည် မေ့​မြော​သေ​ဆုံး​သွား​လေ​ပြီ။ သူ​၏​နေ့​အ​လင်း​သည်​မှောင်​မိုက်​သို့​ပြောင်း​လဲ လေ​ပြီ။ သူ​သည်​အ​ရှက်​ရ​လျက်​မှိုင်​တွေ​ကာ​နေ​ရ​လေ​ပြီ။ သင်​တို့​အ​နက်​အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​နေ​သေး​သော​သူ​တို့​အား​ငါ​သည် ရန်​သူ​များ​ကို​အ​သတ်​ခိုင်း​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။''
10 ၁၀ အို မိခင် ၊ ငါ ၌ အမင်္ဂလာ ရှိ၏။ မိခင်သည် တပြည် လုံး ရန်တွေ့ သောသူ ၊ ငြင်းဆန် သောသူ ဖြစ်သော ငါ့ ကို ဘွားမြင် ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မ ချေး ။ သူတပါးသည်လည်း ငါ့ ကို အတိုးနှင့်မ ချေး ။ သို့သော်လည်း ၊ လူ ခပ်သိမ်း တို့သည် ငါ့ ကိုကျိန်ဆဲ တတ်ကြ၏။
၁၀ငါ​သည်​ပျော်​ရွှင်​မှု​ကင်း​မဲ့​သူ​ဖြစ်​ပါ​သည် တ​ကား။ ငါ​၏​အ​မိ​သည်​အ​ဘယ်​ကြောင့်​ငါ့​အား ဤ​လော​က​ထဲ​သို့​မွေး​ထုတ်​ပါ​သ​နည်း။ ဤ​ပြည် တွင်​ရှိ​သ​မျှ​သော​သူ​တို့​နှင့်​ငါ​သည်​စ​ကား များ​ရ​ငြင်း​ခုံ​ရ​ပါ​၏။ ငါ​သည်​သူ​တစ်​ပါး တို့​အား​လည်း​ကောင်း၊ သူ​တစ်​ပါး​တို့​ထံ​မှ လည်း​ကောင်း​ငွေ​ကြေး​မ​ချေး​ငှား​ခဲ့။ သို့ ပါ​လျက်​လူ​အ​ပေါင်း​တို့​သည်​ငါ့​အား ကျိန်​ဆဲ​ကြ​ပါ​၏။-
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ် စင်စစ်သင့် ကို ငါချမ်းသာ ပေးမည်။ အမှု ရောက်သောကာလ ၊ ညှဉ်းဆဲ ခြင်းကို ခံရသောကာလ ၌ ၊ ရန်သူ သည် သင့် ထံမှာ တောင်းပန် မည်အကြောင်း၊ အကယ် စင်စစ်ငါစီရင်မည်။
၁၁ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ကောင်း​ကျိုး ရ​စေ​အံ့​ငှာ​သင့်​ကို​ကယ်​ဆယ်​မည်။ ဘေး အန္တ​ရာယ်​ပူ​ပင်​သော​က​ရောက်​သော​အ​ချိန် တွင် သင်​၏​ရန်​သူ​တို့​သည်​အ​ထံ​တော်​သို့ လျှောက်​လဲ​ပန်​ကြား​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။-
12 ၁၂ သံ ချင်းတိုက်သောအခါ မြောက် ပြည်သံ ကို၎င်း၊ သံမဏိ ကို၎င်း ချိုး နိုင်သလော။
၁၂(သံ​ကို​အ​ထူး​သ​ဖြင့်​မြောက်​အ​ရပ်​မှ​ရ​ရှိ သည့်​သံ​နှင့်​ကြေး​ရော​သော​သံ​ကို​အ​ဘယ် သူ​မျှ​မ​ချိုး​ဖြတ်​နိုင်​ပါ။)
13 ၁၃ သင် ၏ပြည် တရှောက် လုံး၌ သင် ပြုသောအပြစ် များကြောင့် ၊ သင် ၏ဥစ္စာ ဘဏ္ဍာ ကို အဘိုး မ ခံဘဲ လုယူ သောသူတို့ လက်သို့ ငါပေး မည်။
၁၃ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ငါ​သည်​တစ် ပြည်​လုံး​တွင်​ငါ​၏​လူ​မျိုး​တော်​ကူး​လွန် သည့်​အ​ပြစ်​များ​အ​တွက်​ဒဏ်​ခတ်​မည်။ သူ တို့​၏​စည်း​စိမ်​ဥစ္စာ​ရွှေ​ငွေ၊ ရ​တ​နာ​များ ကို​သိမ်း​ယူ​ရန်​ရန်​သူ​များ​ကို​စေ​လွှတ်​မည်။-
14 ၁၄ သင်မ သိ သောပြည် သို့ ရန်သူ နှင့်အတူ သင့် ကို ငါသွား စေမည်။ သင် တို့ကို လောင် သောမီး သည် ငါ့ အမျက် အားဖြင့် ရှို့ လျက်ရှိ၏။
၁၄ငါ​၏​အ​မျက်​တော်​သည်​မီး​နှင့်​တူ​၍​ထာ​ဝ​စဉ် တောက်​လောင်​လျက်​ရှိ​သ​ဖြင့် ငါ​သည်​မိ​မိ​လူ မျိုး​တော်​အား​သူ​တို့​မ​ရောက်​ဘူး​သည့်​ပြည် တွင်​ရန်​သူ​များ​၏​အ​စေ​အ​ပါး​ကို​ခံ​စေ မည်'' ဟု​မိန့်​တော်​မူ​၏။
15 ၁၅ အို ထာဝရဘုရား ၊ ကိုယ်တော် သည် သိ တော်မူ ၏။ အကျွန်ုပ် ကို အောက်မေ့ လျက် အကြည့်အရှု ကြွလာ၍ ၊ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့ကို တရားသဖြင့်ဒဏ်ပေး တော်မူပါ။ သူတို့ကိုသည်းခံ ၍၊ အကျွန်ုပ် ကို သုတ်သင် ပယ်ရှင်းတော်မ မူပါနှင့်။ အကျွန်ုပ် သည် ကိုယ်တော် အတွက် ကဲ့ရဲ့ ခြင်း ခံရ ကြောင်း ကို အောက်မေ့ တော်မူပါ။
၁၅ထို​အ​ခါ​ငါ​က``ကိုယ်​တော်​ရှင်​သိ​ရှိ​နား​လည် တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​တို့​ကို​အောက်​မေ့ သတိ​ရ​၍​ကူ​မ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​ကို ညှင်း​ဆဲ​နှိပ်​စက်​သူ​တို့​အား​လက်​စား​ချေ​ရ သော​အ​ခွင့်​ကို​ပေး​တော်​မူ​ပါ။ သူ​တို့​သည် ကျွန်​တော်​မျိုး​အား​သတ်​ဖြတ်​ကြ​သည့်​တိုင် အောင်​သည်း​ခံ​လျက်​နေ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​အ​စော်​ကား​ခံ​ရ​သည်​မှာ ကိုယ်​တော်​ရှင်​၏​အ​တွက်​ကြောင့်​ဖြစ်​သည် ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။-
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။
၁၆ကိုယ်​တော်​ရှင်​ဗျာ​ဒိတ်​ပေး​တော်​မူ​သော​အ​ခါ ကျွန်​တော်​မျိုး​သည်​လုံး​စေ့​ပတ်​စေ့​နား​ထောင် ပါ​၏။ နှုတ်​က​ပတ်​တော်​တို့​သည်​ကျွန်​တော်​မျိုး ၏​စိတ်​နှ​လုံး​ကို​ရွှင်​ပြုံး​အား​ရ​စေ​ပါ​၏။ အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား၊ ကျွန်​တော်​မျိုး​သည်​ကိုယ်​တော်​၏ နာ​မ​တော်​ကို​ဆောင်​ပါ​၏။-
17 ၁၇ ပွဲခံ သောသူအစည်းအဝေး ၌ အကျွန်ုပ်မ ထိုင် ပါ။ ပျော်ရွှင် ခြင်းအမှုကို မပြုပါ။ လက် တင်တော်မူသောကြောင့် ၊ တယောက် တည်း ထိုင် ပါပြီ။ အကျွန်ုပ် ကို ဒေါသ အမျက်နှင့် ပြည့် စေတော်မူပြီ။
၁၇ကျွန်​တော်​မျိုး​သည်​အ​ခြား​သူ​များ​နှင့် ရယ်​မော​လျက် အ​ပျော်​အ​ပါး​လိုက်​စား​လျက် အ​ချိန်​မ​ဖြုန်း​ပါ။ ကိုယ်​တော်​ရှင်​ပေး​အပ်​ထား တော်​မူ​သည့်​အ​လုပ်​တာ​ဝန်​ကြောင့် ကျွန်​တော် မျိုး​သည်​တစ်​ဦး​တစ်​ယောက်​တည်း​နေ​ထိုင် ကာ​အ​မျက်​ဒေါ​သ​နှင့်​ပြည့်​၍​လာ​ပါ​၏။-
18 ၁၈ အကျွန်ုပ် ခံရသောဝေဒနာ သည် အဘယ်ကြောင့် မြဲ ပါသနည်း။ မပျောက် လို၊ မပျောက် နိုင်သော အနာ ကို အဘယ်ကြောင့်ခံရပါသနည်း။ အကယ်စင်စစ်ကိုယ်တော်သည် ပျောက် တတ်၍၊ လှည့်စား သောရေ ကဲ့သို့ အကျွန်ုပ် ၌ ဖြစ် တော်မူပါပြီတကား။
၁၈ကျွန်​တော်​မျိုး​သည်​အ​ဘယ်​ကြောင့် ဆက်​လက် ၍​ဝေ​ဒ​နာ​ခံ​ရ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး ၏​အနာ​များ​သည်​အ​ဘယ်​ကြောင့် ကု​သ​၍ မ​ပျောက်​နိုင်​ပါ​သ​နည်း။ အ​ဘယ်​ကြောင့်​ထို အ​နာ​များ​မ​ကျက်​ဘဲ​နေ​ပါ​သ​နည်း။ ကိုယ် တော်​ရှင်​သည်​နွေ​အ​ခါ​ခန်း​ခြောက်​သည့်​ချောင်း ရေ​မ​ထွက်​သည့်​စမ်း​ကဲ့​သို့​ကျွန်​တော်​မျိုး အား​စိတ်​ပျက်​စေ​လို​တော်​မူ​ပါ​သ​လော'' ဟု​လျှောက်​၏။
19 ၁၉ ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။
၁၉ယင်း​သို့​လျှောက်​ထား​သော​အ​ခါ ထာ​ဝ​ရ ဘု​ရား​က``အ​ကယ်​၍​သင်​သည်​နောင်​တ​ရ မည်​ဆို​လျှင် သင့်​အား​ငါ​ပြန်​လက်​ခံ​မည်။ သင်​သည်​လည်း​ငါ​၏​အ​စေ​ခံ​ဖြစ်​ပြန်​ရ လိမ့်​မည်။ အ​ကယ်​၍​သင်​သည်​တန်​ဖိုး​မဲ့​သော စ​ကား​ကို​မ​ပြော​ဘဲ​အ​ကျိုး​ရှိ​သည့်​စ​ကား ကို​ပြော​မည်​ဆို​က ငါ​၏​ပ​ရော​ဖက်​ဖြစ်​ပြန် ရ​လိမ့်​မည်။ ပြည်​သူ​တို့​သည်​သင်​၏​ထံ​သို့ ပြန်​လာ​ကြ​လိမ့်​မည်။ သင်​သည်​သူ​တို့​ထံ သို့​သွား​ရန်​မ​လို​တော့​ပေ။-
20 ၂၀ ငါသည်လည်း သင့် ကို ဤ လူမျိုး တဘက် ၌ ခိုင်ခံ့ သော ကြေးဝါ မြို့ရိုး ဖြစ် စေမည်။ သူတို့သည် သင့် ကို တိုက် ၍ မ နိုင် ရကြ။ ငါ သည် သင့် ကို နှုတ်ယူ ကယ်တင်ခြင်းငှါ သင့် ဘက် ၌နေမည်။
၂၀ထို​သူ​တို့​အား​ခု​ခံ​တိုက်​ခိုက်​နိုင်​ရန် ငါ​သည် သင့်​အား​ကြေး​ဝါ​တံ​တိုင်း​သ​ဖွယ်​ဖြစ်​စေ​မည်။ သူ​တို့​သည်​သင့်​ကို​တိုက်​ခိုက်​ကြ​မည်​ဖြစ်​သော် လည်း​သင့်​ကို​နှိမ်​နင်း​နိုင်​လိမ့်​မည်​မ​ဟုတ်။ သင့် ကို​ကွယ်​ကာ​စောင့်​ရှောက်​၍​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​ရှိ​နိုင်​ရန်​ငါ​သည်​သင်​နှင့်​အ​တူ​ရှိ​တော် မူ​မည်'' ဟု​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-
21 ၂၁ လူ ဆိုးလက် မှ သင့် ကို ငါနှုတ် ၍ ၊ ကြောက်မက်ဘွယ် သောသူတို့ လက် မှ ရွေးယူ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၁``သင့်​ကို​သူ​ယုတ်​မာ​တို့​၏​လက်​မှ​ကယ်​ဆယ် ၍ အ​ကြမ်း​ဖက်​သ​မား​တို့​၏​ဘေး​မှ​ကယ် တင်​မည်။''

< ယေရမိ 15 >