< ယေရမိ 15 >
1 ၁ တဖန် ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား၊ မောရှေ နှင့် ရှမွေလ သည် ငါ့ ရှေ့ မှာ ဆုတောင်းသော်လည်း ၊ ဤ လူမျိုး ကို ငါ မ သနား ။ ငါ့ ထံ မှ ထွက်သွား စေခြင်းငှါ နှင်ထုတ် လော့။
Then said the LORD unto me, Though Moses and Samuel stood before me, yet my mind could not be toward this people: cast them out of my sight, and let them go forth.
2 ၂ အကျွန်ုပ်တို့သည် အဘယ် အရပ်သို့ ထွက်သွား ရပါမည် နည်းဟု မေးမြန်း လျှင် ၊ သင်ကလည်း၊ သေ တန် သောသူ တို့ သည် သေခြင်း သို့ ၎င်း ၊ ကွပ်မျက် တန်သောသူ တို့ သည် ကွပ်မျက် ခြင်းသို့ ၎င်း ၊ ငတ်မွတ် တန်သောသူ တို့ သည် ငတ်မွတ် ခြင်းသို့ ၎င်း ၊ သိမ်း သွားချုပ်ထားတန် သောသူ တို့ သည် သိမ်း သွားချုပ်ထားခြင်းသို့ ၎င်း ထွက်သွား ကြဟု ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့ အား ဆင့်ဆို လော့။
And it shall come to pass, if they say unto you, Where shall we go forth? then you shall tell them, Thus says the LORD; Such as are for death, to death; and such as are for the sword, to the sword; and such as are for the famine, to the famine; and such as are for the captivity, to the captivity.
3 ၃ သူတို့ကိုသတ် ရသောထား ၊ ဆွဲ ဖြတ်ရသောခွေး ၊ ကိုက်စား ရသောမိုဃ်းကောင်းကင် ငှက် နှင့် သားရဲ တည်း ဟူသောရန်သူလေး မျိုး ကို သူ တို့တဘက် ၌ ငါခန့် ထား မည်။
And I will appoint over them four kinds, says the LORD: the sword to slay, and the dogs to tear, and the fowls of the heaven, and the beasts of the earth, to devour and destroy.
4 ၄ ယုဒ ရှင်ဘုရင် ဟေဇကိ သား မနာရှေ မင်းသည် ယေရုရှလင် မြို့၌ ပြု သော အမှုကြောင့် ၊ ထိုသူ တို့ကို မြေကြီး ပေါ်မှာ အတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အရှက် ကိုခံ စေမည်။
And I will cause them to be removed into all kingdoms of the earth, because of Manasseh the son of Hezekiah king of Judah, for that which he did in Jerusalem.
5 ၅ အို ယေရုရှလင် မြို့၊ သင့် ကို အဘယ် သူသနား လိမ့်မည်နည်း။ သင် နှင့်အတူအဘယ် သူညည်းတွား လိမ့်မည် နည်း။ သင့် ကိုကျန်းမာ၏လောဟု မေး အံ့သောငှါ ၊ အဘယ် သူလမ်း လွှဲလိမ့်မည်နည်း။
For who shall have pity upon you, O Jerusalem? or who shall lament for you? or who shall go aside to ask how you do?
6 ၆ ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် သည် ငါ့ ကို စွန့်ပစ် ၍ ဆုတ် သွားပြီ။ ထိုကြောင့် ၊ ငါ သည် လက် ကို ဆန့် ၍ သင့် ကို ဖျက်ဆီး မည်။ ငါသည် နောင်တရ ၍ ငြီးငွေ့ ပြီ။
You have forsaken me, says the LORD, you are gone backward: therefore will I stretch out my hand against you, and destroy you; I am weary with repenting.
7 ၇ ပြည် တံခါး ဝ၌ သူ တို့ကို စံကော နှင့် ငါလှေ့ မည်။ သူတို့သားသမီးများကို ငါရှုံး စေမည်။ ငါ ၏ လူမျိုး သည် မိမိ လိုက်သွားသော လမ်း မှ မ ပြန် လာသောကြောင့်၊ သူတို့ ကို ငါဖျက်ဆီး မည်။
And I will fan them with a fan in the gates of the land; I will bereave them of children, I will destroy my people since they return not from their ways.
8 ၈ သူ တို့မုတ်ဆိုးမ တို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှမက ၊ ငါ့ ရှေ့မှာ များပြား ကြလိမ့်မည်။ မွန်းတည့် အချိန်၌ အမိ ကို တိုက်ဖျက် သော လုလင် ကို ငါခေါ် ခဲ့၍၊ ကြောက်မက် ဘွယ်သော လုပ်ကြံခြင်းကို ချက်ခြင်း ဖြစ် စေမည်။
Their widows are increased to me above the sand of the seas: I have brought upon them against the mother of the young men a spoiler at noonday: I have caused him to fall upon it suddenly, and terrors upon the city.
9 ၉ သားခုနစ် ယောက်ကို ဘွားမြင် သော မိန်းမသည် အားလျော့ ၍ အသက် ချုပ် လေ၏။ ညအချိန် မရောက်မှီ သူ ၏နေ ဝင် လေ၏။ သူသည် ရှက်ကြောက် မှိုင်တွေ လျက်နေရ၏။ ကျန် ကြွင်းသောသူ တို့ ကိုလည်း ၊ ရန်သူ တို့ရှေ့မှာ၊ ထား ၌ ငါအပ် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
She that has borne seven languishes: she has given up the spirit; her sun is gone down while it was yet day: she has been ashamed and confounded: and the residue of them will I deliver to the sword before their enemies, says the LORD.
10 ၁၀ အို မိခင် ၊ ငါ ၌ အမင်္ဂလာ ရှိ၏။ မိခင်သည် တပြည် လုံး ရန်တွေ့ သောသူ ၊ ငြင်းဆန် သောသူ ဖြစ်သော ငါ့ ကို ဘွားမြင် ပါပြီ။ ငါသည် သူတပါး ကိုအတိုးနှင့်မ ချေး ။ သူတပါးသည်လည်း ငါ့ ကို အတိုးနှင့်မ ချေး ။ သို့သော်လည်း ၊ လူ ခပ်သိမ်း တို့သည် ငါ့ ကိုကျိန်ဆဲ တတ်ကြ၏။
Woe is me, my mother, that you have borne me a man of strife and a man of contention to the whole earth! I have neither lent on interest, nor men have lent to me on interest; yet every one of them does curse me.
11 ၁၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အကယ် စင်စစ်သင့် ကို ငါချမ်းသာ ပေးမည်။ အမှု ရောက်သောကာလ ၊ ညှဉ်းဆဲ ခြင်းကို ခံရသောကာလ ၌ ၊ ရန်သူ သည် သင့် ထံမှာ တောင်းပန် မည်အကြောင်း၊ အကယ် စင်စစ်ငါစီရင်မည်။
The LORD said, Verily it shall be well with your remnant; verily I will cause the enemy to plead you well in the time of evil and in the time of affliction.
12 ၁၂ သံ ချင်းတိုက်သောအခါ မြောက် ပြည်သံ ကို၎င်း၊ သံမဏိ ကို၎င်း ချိုး နိုင်သလော။
Shall iron break the northern iron and the steel?
13 ၁၃ သင် ၏ပြည် တရှောက် လုံး၌ သင် ပြုသောအပြစ် များကြောင့် ၊ သင် ၏ဥစ္စာ ဘဏ္ဍာ ကို အဘိုး မ ခံဘဲ လုယူ သောသူတို့ လက်သို့ ငါပေး မည်။
Your substance and your treasures will I give to the spoil without price, and that for all your sins, even in all your borders.
14 ၁၄ သင်မ သိ သောပြည် သို့ ရန်သူ နှင့်အတူ သင့် ကို ငါသွား စေမည်။ သင် တို့ကို လောင် သောမီး သည် ငါ့ အမျက် အားဖြင့် ရှို့ လျက်ရှိ၏။
And I will make you to pass with your enemies into a land which you know not: for a fire is kindled in mine anger, which shall burn upon you.
15 ၁၅ အို ထာဝရဘုရား ၊ ကိုယ်တော် သည် သိ တော်မူ ၏။ အကျွန်ုပ် ကို အောက်မေ့ လျက် အကြည့်အရှု ကြွလာ၍ ၊ အကျွန်ုပ် ကို ညှဉ်းဆဲ သောသူတို့ကို တရားသဖြင့်ဒဏ်ပေး တော်မူပါ။ သူတို့ကိုသည်းခံ ၍၊ အကျွန်ုပ် ကို သုတ်သင် ပယ်ရှင်းတော်မ မူပါနှင့်။ အကျွန်ုပ် သည် ကိုယ်တော် အတွက် ကဲ့ရဲ့ ခြင်း ခံရ ကြောင်း ကို အောက်မေ့ တော်မူပါ။
O LORD, you know: remember me, and visit me, and revenge me of my persecutors; take me not away in your longsuffering: know that for your sake I have suffered rebuke.
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ်တွေ့သော နှုတ်ကပတ် တော် စကားကိုခံယူ ပါပြီ။ နှုတ်ကပတ် တော်သည် အကျွန်ုပ် ဝမ်းမြောက် ရွှင်လန်းစရာအကြောင်းဖြစ် ပါ၏။ နာမ တော် ဖြင့် အကျွန်ုပ် ကို ခေါ်ဝေါ် ပါ၏။
Your words were found, and I did eat them; and your word was unto me the joy and rejoicing of mine heart: for I am called by your name, O LORD God of hosts.
17 ၁၇ ပွဲခံ သောသူအစည်းအဝေး ၌ အကျွန်ုပ်မ ထိုင် ပါ။ ပျော်ရွှင် ခြင်းအမှုကို မပြုပါ။ လက် တင်တော်မူသောကြောင့် ၊ တယောက် တည်း ထိုင် ပါပြီ။ အကျွန်ုပ် ကို ဒေါသ အမျက်နှင့် ပြည့် စေတော်မူပြီ။
I sat not in the assembly of the mockers, nor rejoiced; I sat alone because of your hand: for you have filled me with indignation.
18 ၁၈ အကျွန်ုပ် ခံရသောဝေဒနာ သည် အဘယ်ကြောင့် မြဲ ပါသနည်း။ မပျောက် လို၊ မပျောက် နိုင်သော အနာ ကို အဘယ်ကြောင့်ခံရပါသနည်း။ အကယ်စင်စစ်ကိုယ်တော်သည် ပျောက် တတ်၍၊ လှည့်စား သောရေ ကဲ့သို့ အကျွန်ုပ် ၌ ဖြစ် တော်မူပါပြီတကား။
Why is my pain perpetual, and my wound incurable, which refuses to be healed? will you be altogether unto me as a liar, and as waters that fail?
19 ၁၉ ထိုကြောင့်၊ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်သည် ပြန် လာလျှင်၊ သင့် ကိုငါဆောင် ခဲ့၍ ၊ သင်သည် ငါ ၏အမှုကို ထမ်း ရလိမ့်မည်။ သင်သည် မြတ် သောအရာ နှင့် ယုတ် သောအရာတို့ကို ပိုင်းခြားခွဲထားလျှင် ၊ ငါ့ နှုတ် ကဲ့သို့ ဖြစ် ရလိမ့်မည်။ သူ တို့သည် သင့် ထံသို့ ပြန် လာကြ လိမ့်မည်။ သင် သည် သူ တို့ရှိရာသို့ ပြန် ၍ မ သွားရ။
Therefore thus says the LORD, If you return, then will I bring you again, and you shall stand before me: and if you take forth the precious from the vile, you shall be as my mouth: let them return unto you; but return not you unto them.
20 ၂၀ ငါသည်လည်း သင့် ကို ဤ လူမျိုး တဘက် ၌ ခိုင်ခံ့ သော ကြေးဝါ မြို့ရိုး ဖြစ် စေမည်။ သူတို့သည် သင့် ကို တိုက် ၍ မ နိုင် ရကြ။ ငါ သည် သင့် ကို နှုတ်ယူ ကယ်တင်ခြင်းငှါ သင့် ဘက် ၌နေမည်။
And I will make you unto this people a fenced brazen wall: and they shall fight against you, but they shall not prevail against you: for I am with you to save you and to deliver you, says the LORD.
21 ၂၁ လူ ဆိုးလက် မှ သင့် ကို ငါနှုတ် ၍ ၊ ကြောက်မက်ဘွယ် သောသူတို့ လက် မှ ရွေးယူ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
And I will deliver you out of the hand of the wicked, and I will redeem you out of the hand of the terrible.