< ယေရမိ 14 >
1 ၁ မိုဃ်း ပြတ်သောအမှု ကို ရည်မှတ် ၍၊ ယေရမိ သို့ ရောက်သော ထာဝရဘုရား ၏ နှုတ်ကပတ် တော်ဟူမူကား ၊
He aquí lo que dijo Yahvé a Jeremías con motivo de la sequía:
2 ၂ ယုဒ ပြည်သည် ညည်းတွား ၏။ မြို့တံခါး တို့၌ မြည်တမ်း သော အသံရှိ၏။ နက် သောအဝတ်ကို မြေ တိုင်အောင် ဝတ်၍ ၊ ယေရုရှလင် မြို့သားတို့၏ ငိုကြွေး ခြင်း အသံသည် တက် လေ၏။
Judá está de luto, sus puertas languidecen; entristecidas se inclinan hacia el suelo y Jerusalén alza el grito.
3 ၃ မှူးမတ် တို့သည် မိမိ သူငယ် တို့ကို ရေ ခပ် စေလွှတ် ၍၊ သူငယ်တို့သည် ရေကျင်း သို့ ရောက် သောအခါ ၊ ရေ ကိုမ တွေ့ ။ အိုး သက်သက်ကိုသာ ဆောင်ခဲ့လျက် ပြန် လာကြ၏။ ဦးခေါင်း ကို ခြုံ လျက်ရှက် ကြောက်မှိုင်တွေ ကြ၏။
Sus nobles envían a sus criados por agua; van estos a los pozos, y no hallando agua se vuelven con sus cántaros vacíos, cubierta su cabeza a causa de la vergüenza y confusión.
4 ၄ မိုဃ်း ပြတ် ၍ မြေ အက်ကွဲ သောကြောင့် ၊ လယ် လုပ် သောသူ တို့ သည် ဦးခေါင်း ကိုခြုံ လျက် ရှက်ကြောက် ကြ၏။
También los labradores se cubren por vergüenza la cabeza a causa del suelo que está rajado por falta de lluvia sobre la tierra.
5 ၅ သမင်မ သည် လယ်ပြင် ၌ မွေး သောအခါ မြက် မ ရှိ သောကြောင့် ၊ သားငယ်ကို စွန့်ပစ်၏။
Pues hasta la cierva en el campo después de parir abandona (su cría), porque no hay pasto.
6 ၆ မြည်း ရိုင်းတို့သည် မြင့် သောအရပ်ပေါ် မှာ ရပ် လျက် မြေခွေး ကဲ့သို့ လေ ကိုရှု ကြ၏။ မြက် မ ရှိသောကြောင့် ၊ သူ တို့ မျက်စိ ပျက် လေ၏။
Los asnos salvajes se ponen encima de los riscos, aspirando el aire como chacales; desfallecen sus ojos, porque no hay cosa verde.
7 ၇ အိုထာဝရဘုရား ၊ အကျွန်ုပ် တို့၏ အပြစ် သည် အကျွန်ုပ် တို့တဘက် ၌ သက်သေခံ သော်လည်း ၊ နာမ တော်ကိုထောက် ၍စီရင် တော်မူပါ။ အကျွန်ုပ် တို့သည် ကြိမ်ဖန် များစွာဖောက်ပြန် ပါပြီ။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
“Aunque nuestras maldades testifican contra nosotros, trátanos, Yahvé, respetando tu Nombre; pues son muchas nuestras rebeldías; hemos pecado contra Ti.
8 ၈ အို ဣသရေလ အမျိုး၏ မြော်လင့် စရာ အကြောင်း၊ အမှု ရောက်သောကာလ ကယ်တင် တော်မူသော သခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ ပြည် ၌ ဧည့်သည် ကဲ့သို့ ၎င်း ၊ တညဉ့်သာ အိပ် ခြင်းငှါဝင်သော ခရီးသွား ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။
¡Oh Tu, Esperanza de Israel, Salvador suyo en tiempo de angustia! ¿cómo es que estás cual extranjero en el país, cual pasajero que solo se detiene para pasar una noche?
9 ၉ မိန်းမော တွေဝေသော သူ ကဲ့သို့ ၎င်း ၊ ကယ်တင် ခြင်းငှါ မ တတ် နိုင်သော သူရဲ ကဲ့သို့ ၎င်း ၊ အဘယ်ကြောင့် ဖြစ် တော်မူသနည်း။ အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့တွင် ရှိတော်မူ၏။ အကျွန်ုပ် တို့သည် နာမ တော်ဖြင့် သမုတ် သောသူဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။
¿Por qué eres Tú como un hombre atónito, como un valiente incapaz de salvar? Y sin embargo, Tú, Yahvé, estás entre nosotros, los que llevamos tu Nombre. No nos desampares.”
10 ၁၀ ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
Así dice Yahvé respecto de este pueblo: “Esto les gusta: andar de un lugar a otro, sin dar descanso a sus pies; pero Yahvé no se complace en ellos: ahora se va a acordar de sus iniquidades, y castigará sus pecados.”
11 ၁၁ ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူသည် ကား ၊ ဤ လူမျိုး အဘို့ မေတ္တာ ပို့၍ ဆု မ တောင်းနှင့်။
Y me dijo Yahvé: “No ruegues para bien de este pueblo.
12 ၁၂ သူတို့သည် အစာရှောင် ခြင်းအကျင့်ကို ကျင့် သောအခါ ၊ သူ တို့ အော်ဟစ် သံကို ငါ နား မ ထောင်။ မီးရှို့ ရာယဇ်ကိုသော်၎င်း၊ ပူဇော် သက္ကာကိုသော်၎င်း၊ ဆက်ကပ် သောအခါ ငါ လက် မ ခံ။ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးဖြင့် ၊ သူ တို့ကို ငါ ဆုံး စေမည်ဟု မိန့်တော်မူလျှင်၊
Aun cuando ayunen no oiré sus clamores, y cuando ofrezcan holocaustos y ofrendas, no los aceptaré, sino que los extirparé con la espada, con el hambre y con la peste.”
13 ၁၃ ငါကလည်း ၊ အိုအရှင် ထာဝရဘုရား ၊ ပရောဖက် တို့က၊ သင်တို့သည် ထား ဘေးကို မ တွေ့ ရကြ။ မွတ်သိပ် ခြင်းဘေးသည် သင် တို့ရှိရာသို့ မ ရောက် ရ။ ဤ အရပ် ၌ မြဲ သော ငြိမ်သက် ခြင်းကို ငါပေး မည်ဟု၊ ဤသူ တို့ အား ဟော ပြောကြောင်းကို ငါလျှောက် သောအခါ၊
Entonces dije: “¡Ah, Señor, Yahvé! Mira cómo los profetas les dicen: «No veréis espada, ni tendréis hambre, antes bien, Yo os daré una paz segura en este lugar».”
14 ၁၄ ထာဝရဘုရား က၊ ထိုပရောဖက် တို့သည် ငါ ၏ နာမ ကိုအမှီပြု ၍ မုသာ ကို ဟော တတ်ကြ၏။ သူ တို့ကို ငါမ စေလွှတ် ၊ မ မှာ ထား၊ ဗျာဒိတ် မ ပေး။ သူတို့ ဟောပြော ချက်တို့သည် မျက်စိကို လှည့် ခြင်း၊ နတ် ပူးခြင်း၊ အချည်းနှီး ကြံစည်ခြင်း၊ မိမိ ဉာဏ် အတိုင်း လှည့်စား ခြင်း သက်သက်ဖြစ်ကြ၏။
Y me respondió Yahvé: “Los profetas profetizan mentiras en mi Nombre; Yo no los he enviado, nada les he ordenado; no he hablado a ellos; visiones mentirosas, vanas adivinaciones e ilusiones de su propio corazón es lo que profetizan.
15 ၁၅ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။
Por tanto, así dice Yahvé respecto de los profetas que profetizan en mi Nombre sin que Yo los haya enviado, y que dicen: «No habrá en el país ni espada ni hambre»: al filo de la espada y por hambre perecerán estos profetas;
16 ၁၆ သူတို့၏ တရားနာပရိသတ် တို့သည် ကိုယ်တိုင်မှစ ၍၊ မယား သား သမီး တို့နှင့်တကွမွတ်သိပ် ခြင်းဘေး၊ ထား ဘေးကြောင့် ၊ ယေရုရှလင် မြို့လမ်း ထဲသို့ ပစ် ချခြင်းကို ခံရ၍၊ အဘယ်သူမျှမ သင်္ဂြိုဟ် ရ။ သူ တို့၏အပြစ် ကို သူ တို့ အပေါ် သို့ ငါသွန်းလောင်း မည်။
las gentes ante las cuales ellos profetizan, serán arrojadas por las calles de Jerusalén, víctimas del hambre y de la espada, y no habrá quien los entierre, a ellos, sus mujeres, sus hijos y sus hijas; y derramaré sobre ellos su maldad.
17 ၁၇ သင် သည်လည်း သူ တို့အား ပြော ရမည့်စကား ဟူမူကား၊ ငါ သည် နေ့ ညဉ့် မ ပြတ် မျက်ရည် ကျ ရမည်။ ငါ ၏လူမျိုး သတို့သမီး သည် အလွန်ပြင်းစွာ သော ဒဏ်ချက် ကို ခံရ ၍ အရိုးများကျိုး လေပြီ။
Diles, pues, esta palabra: Derramen mis ojos lágrimas, noche y día, sin cesar, porque la virgen, hija de mi pueblo ha sido quebrantada con extremo quebranto, herida de gravísima plaga.
18 ၁၈ ငါသည်မြို့ ပြင်သို့သွား သောအခါ ၊ သတ် သော အသေ ကောင်များကို တွေ့ ရ၏။ မြို့ ထဲသို့ဝင် သောအခါ ၊ ငတ်မွတ် ၍ နာကျင် စွာခံရသောသူများကိုလည်း တွေ့ ရ ၏။ ပရောဖက် နှင့် ယဇ် ပုရောဟိတ်တို့သည် အဘယ်အမှု ကိုမျှမ သိ ဘဲ အရပ်ရပ် လှည့်လည် ကြ၏။
Si salgo al campo, veo a los que murieron por la espada, y si entro en la ciudad, a los extenuados por el hambre, pues tanto el profeta como el sacerdote andan errantes hacia un país desconocido.”
19 ၁၉ ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
¿Has rechazado del todo a Judá? ¿Aborrece tu alma a Sión? ¿Por qué nos has herido de muerte? Esperábamos la paz, y no hay bien; el tiempo de restablecernos y no hay más que espanto.
20 ၂၀ အို ထာဝရဘုရား ၊ အကျွန်ုပ် တို့သည် ကိုယ် ဒုစရိုက် များနှင့် ဘိုးဘေး တို့၏ အပြစ် များကို ဝန်ချ ပါ၏။ ကိုယ်တော် ကို ပြစ်မှား ပါပြီ။
Reconocemos, oh Yahvé, nuestra maldad, la culpa de nuestros padres; ya que hemos pecado contra Ti.
21 ၂၁ ကိုယ်တော် ၏နာမ ကြောင့်၊ အကျွန်ုပ်တို့ကို စက်ဆုပ် ရွံရှာတော်မ မူပါနှင့်။ ဘုန်း တော်ပလ္လင် ၏ အသရေကို ရှုတ်ချ တော်မ မူပါနှင့်။ အောက်မေ့ တော်မူပါ။ အကျွန်ုပ် တို့နှင့် ဖွဲ့သော ပဋိညာဉ် တော်ကို ဖျက် တော် မ မူပါနှင့်။
No nos rechaces, por amor de tu Nombre, no profanes el solio de tu gloria; acuérdate, no rompas tu alianza con nosotros.
22 ၂၂ သာသနာပ လူတို့ ကိုးကွယ်သော ရုပ်တု ဆင်းတုတို့တွင် ၊ မိုဃ်းရွာ စေနိုင်သော သူရှိ ပါသလော။ မိုဃ်း သည် အလိုလို ရွာ နိုင်ပါသလော။ အကျွန်ုပ် တို့ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် သာလျှင် တတ်နိုင်တော်မူသည် မ ဟုတ်လော။ သို့ ဖြစ်၍၊ ကိုယ်တော် ကို မြော်လင့် လျက်နေ ပါမည်။ ကိုယ်တော် သည် အလုံးစုံ တို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။
¿Hay acaso entre los ídolos de los gentiles quien pueda dar lluvia? ¿O pueden acaso los cielos enviar aguas? ¿No eres Tú, el Señor, Dios nuestro? En Ti esperamos, porque Tú haces todas estas cosas.