< ယေရမိ 13 >
1 ၁ တဖန် ထာဝရဘုရား က၊ သင်သည် ချည် ခါးပန်း ကို သွား ၍ ယူ ပြီးလျှင် ခါး ၌ စည်း လော့။ ရေ နှင့် မ လျှော် ရ ဟု ငါ့ အား မိန့် တော်မူသောစကားတော်အတိုင်း ၊
၁ထာဝရဘုရားသည် ပိတ်ခါးဝတ်ကိုသွား ရောက်ဝယ်ယူဝတ်ဆင်ရန်ငါ့အားမိန့်တော်မူ ပြီးလျှင် ထိုခါးဝတ်ကိုရေမစွတ်စိုစေရန် လည်းမှာကြားတော်မူပါ၏။-
2 ၂ ငါသည် ခါးပန်း ကိုယူ ၍ ခါး ၌ စည်း လေ၏။
၂သို့ဖြစ်၍ငါသည်ထာဝရဘုရား၏အမိန့် တော်အတိုင်းပိတ်ခါးဝတ်ကိုဝယ်ယူဝတ် ဆင်၏။-
3 ၃ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် လျှင် ၊
၃ထိုနောက်ထာဝရဘုရားသည်ငါ့အား တစ်ဖန်ဗျာဒိတ်ပေးတော်မူပြန်၏။-
4 ၄ သင် သည် ခါး ၌စည်းသော ခါးပန်း ကို ယူ ပြီး လျှင်၊ ဥဖရတ် မြစ်သို့ ထ သွား ၍ ၊ ကျောက် တွင်း ၌ ဝှက် ထားလော့ဟု၊
၄``ကိုယ်တော်ကဥဖရတ်မြစ်သို့သွားလော့။ သင် ဝတ်ဆင်ထားသည့်ခါးဝတ်ကိုချွတ်၍ကျောက် တွင်း၌ဝှက်ထားလော့'' ဟုမိန့်တော်မူ၏။-
5 ၅ မိန့် တော်မူသည်အတိုင်း ၊ ငါသည်သွား ၍ ဥဖရတ် မြစ်နား မှာ ဝှက် ထား၏။
၅သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်အနီးသို့ သွား၍ ထိုခါးဝတ်ကိုဝှက်ထားလိုက်၏။-
6 ၆ ထို နောက်၊ ကာလ အင်တန်ကြာ ပြီးမှ ၊ ထာဝရဘုရား က၊ သင်သည် ထ ၍ ဥဖရတ် မြစ်သို့ သွား လော့။ ထို မြစ်နား မှာ ငါ့အမိန့် တော်နှင့် ဝှက် ထားခဲ့ပြီးသော ခါးပန်း ကိုထုတ် လော့ဟု မိန့် တော်မူ၏။
၆ထိုနောက်ကာလအနည်းငယ်ကြာသောအခါ ထာဝရဘုရားသည် ငါ့အားဥဖရတ်မြစ် အနီးသို့ပြန်သွားပြီးလျှင် ခါးဝတ်ကိုထုတ် ယူရန်မိန့်မှာတော်မူ၏။-
7 ၇ ငါသည်လည်း ဥဖရတ် မြစ်နား သို့ သွား ပြီးလျှင် ၊ ဝှက် ထားရာအရပ် ၌ တူး ၍ ခါးပန်း ကို ထုတ် သောအခါ၊ ခါးပန်း သည် ဆွေးမြေ့ ၍ အသုံး မ ရဖြစ်၏။
၇သို့ဖြစ်၍ငါသည်ဥဖရတ်မြစ်သို့သွား ပြီးလျှင် ငါဝှက်ထားရာအရပ်ကိုရှာဖွေရာ ခါးဝတ်ကိုတွေ့ရှိရသော် ယင်းတို့သည်ဆွေး မြေ့လျက်နေသဖြင့်အသုံးမဝင်တော့ချေ။
8 ၈ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
၈ထိုနောက်ထာဝရဘုရားသည် ငါ့အား ဗျာဒိတ်ပေးတော်မူပြန်၏။ ကိုယ်တော်က၊-
9 ၉ ထိုနည်းတူ ၊ ယုဒ ပြည်၏ ထောင်လွှား ခြင်းကို ငါရှုတ်ချ မည်။ ယေရုရှလင် မြို့၏ ထောင်လွှား ခြင်းကို အလွန် ရှုတ်ချမည်။
၉``ဤနည်းအတိုင်းပင်ငါသည်ယုဒပြည် ၏စိတ်နေမြင့်မှုနှင့်ယေရုရှလင်မြို့၏ မာန်မာနထောင်လွှားမှုကိုချိုးနှိမ်မည်။-
10 ၁၀ ငါ့ စကား ကို နား မထောင်၊ မိမိ စိတ် နှလုံးခိုင်မာ သော သဘောအတိုင်း ကျင့် ၍၊ အခြား တပါးသော ဘုရား တို့ကို ဝတ်ပြု ကိုးကွယ် ခြင်းငှါ လိုက်သွား သော ဤ လူ ဆိုး မျိုးသည်၊ အသုံး မ ရသော ဤ ခါးပန်း ကဲ့သို့ ဖြစ် လိမ့်မည်။
၁၀ဤဆိုးညစ်သူတို့သည်ငါ့စကားကို နားမထောင်၊ ခေါင်းမာမြဲခေါင်းမာလျက်၊ အခြားဘုရားတို့အားဝတ်ပြုကိုးကွယ်၍ အစေခံလျက်နေကြလေပြီ။ သို့ဖြစ်၍ ထိုသူတို့သည်အသုံးမဝင်တော့သည့် ခါးဝတ်ကဲ့သို့ဖြစ်ကြလိမ့်မည်။-
11 ၁၁ ခါးပန်း သည် လူ ၏ခါး ၌ မှီဝဲ သကဲ့သို့ ၊ ဣသရေလ အမျိုး ရှိသမျှ တို့နှင့် ယုဒ အမျိုး အပေါင်း တို့သည် ငါ ၏ လူမျိုး ၊ ဘွဲ့ နာမ၊ ဘုန်း အသရေ ဖြစ် စေခြင်းငှါ ၊ ငါ ၌ မှီဝဲ စေသော်လည်း ၊ သူတို့သည်နား မ ထောင်ကြဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၁ဣသရေလနှင့်ယုဒပြည်သားအပေါင်း တို့သည်ငါ၏လူမျိုးတော်ဖြစ်လာကြ လျက် ငါ၏နာမတော်ကိုချီးမွမ်းထော မနာပြုကြစိမ့်သောငှာ ငါသည်သူတို့ အားလူ၏ခါး၌တင်းကျပ်စွာကပ်လျက် နေသည့်ခါးဝတ်ကဲ့သို့ ငါနှင့်နီးနီးကပ် ကပ်ရှိနေစေလိုသည်။ သို့သော်သူတို့ သည်ငါ့စကားကိုနားမထောင်ကြ။
12 ၁၂ တဖန် ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား က၊ သားရေ ဘူးရှိသမျှ တို့သည် စပျစ်ရည် နှင့် ပြည့် ကြလိမ့်မည်ဟု မိန့် တော်မူကြောင်းကို ၊ သင် သည် သူ တို့အား ပြော လော့။ သူတို့ကလည်း၊ သားရေ ဘူး ရှိသမျှ တို့ သည် စပျစ်ရည် နှင့်ပြည့် ကြလိမ့်မည်အကြောင်း ကို၊ ငါတို့မ သိ သလောဟု ပြန်ပြော ကြလျှင်၊
၁၂ဣသရေလလူမျိုးတို့၏ဘုရားသခင် ထာဝရဘုရားက``အချင်းယေရမိ၊ စပျစ် ရည်အိုးမှန်သမျှကိုစပျစ်ရည်ဖြည့်ရကြ မည်ဟု ဣသရေလပြည်သားတို့အားပြော ကြားရမည်။ သူတို့ကစပျစ်ရည်အိုးရှိ သမျှကိုစပျစ်ရည်ဖြည့်ရမည်ဖြစ်ကြောင်း မိမိတို့သိပါသည်ဟုပြန်ပြောကြလိမ့် မည်။-
13 ၁၃ သင်ကလည်း၊ ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ဒါဝိဒ် မင်းကြီး ၏ ရာဇပလ္လင် ပေါ်မှာ ထိုင် သော ရှင်ဘုရင်မှစ၍ယဇ်ပုရောဟိတ် ၊ ပရောဖက် ၊ ယေရုရှလင် မြို့သား ရှိသမျှ တို့နှင့် ပြည်သူ ပြည်သားအပေါင်း တို့ကို ယစ်မူး ခြင်းနှင့် ငါပြည့် စေမည်။
၁၃ထိုအခါငါထာဝရဘုရားသည်ဒါဝိဒ် အနွယ်ဝင်ဘုရင်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့်ယေရုရှလင်မြို့သား များမှစ၍ ယေရုရှလင်မြို့ရှိပြည်သူ ပြည်သားအပေါင်းမူးယစ်စေရန် စပျစ် ရည်တိုက်မည်ဟုသူတို့အားပြောကြား လော့။-
14 ၁၄ ညီအစ်ကိုချင်း၊ သား အဘ ချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာ မ ရှိ၊ မ နှမြော ၊ မ ကယ်မ ဘဲ၊ ထိုသူ တို့ကို ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၄ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
15 ၁၅ သင်တို့သည် နားထောင် နာယူ ကြလော့။ ထောင်လွှား သောစိတ် မ ရှိကြနှင့်။ ထာဝရဘုရား အမိန့် တော် ရှိ၏။
၁၅ဣသရေလပြည်သားတို့၊ ထာဝရဘုရားအမိန့်ရှိတော်မူပြီ။ စိတ်နှိမ့်ချလျက်နားထောင်ကြလော့။
16 ၁၆ မိုဃ်းမချုပ်မှီ၊ မိုက် သောတောင် ပေါ် မှာ သင် တို့သည် ထိခိုက် ၍ မ လဲမှီ၊ အလင်း ကို မြော်လင့် သောအခါ ၊ သေမင်းအရိပ် ၊ ထူထပ် သော မှောင်မိုက်ကို ဖြစ် စေတော်မမူမှီ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ် တော်ကို ချီးမွမ်း ကြလော့။
၁၆သင်တို့ဘုရားသခင်ထာဝရဘုရား သည် မိုးချုပ်စေတော်မူသဖြင့် သင်တို့သည်တောင်ပေါ်တွင်၊ခြေချော်၍ မလဲမီအခါ၌လည်းကောင်း၊ ကိုယ်တော်သည်သင်တို့စောင့်မျှော်ရာအလင်း ကို မှောင်မိုက်အဖြစ်သို့၊ ပြောင်းလဲစေတော်မမူမီအခါ၌လည်း ကောင်း သင်တို့ဘုရားသခင်ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
17 ၁၇ သင်တို့သည် နား မ ထောင်ဘဲနေလျှင် မူကား ၊ သင်တို့မာန ကြောင့် ၊ ငါ့ စိတ် ဝိညာဉ်သည် မ ထင်ရှားသော အရပ်၌ ငိုကြွေး မည်။ ထာဝရဘုရား ၏ သိုးစု ကို သိမ်း သွားသောကြောင့် ၊ ငါ့ မျက်စိ လည်း အလွန် ငို ၍ မျက်ရည် ကျ မည်။
၁၇အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
18 ၁၈ ကိုယ်ကိုကိုယ်နှိမ့်ချ ၍ ထိုင် ကြလော့။ သင် တို့၌ ဘုန်းကြီး သော သရဖူ သည် သင် တို့၏ ခေါင်း ပေါ်မှ ဆင်း ရလိမ့်မည်ဟု၊ ရှင်ဘုရင် နှင့် မိဖုရား တို့အား ပြော လော့။
၁၈ထာဝရဘုရားသည် ငါ့အား``ဘုရင်နှင့်သူ့ မယ်တော်၏လှပသောသရဖူများသည် မိမိ တို့ဦးခေါင်းမှပြုတ်ကျပြီဖြစ်၍ သူတို့ အားမိမိတို့၏ရာဇပလ္လင်များမှဆင်း ကြရန်ပြောကြားလော့။-
19 ၁၉ တောင် ဘက် မြို့ တို့ကို ပိတ် ထား၍ အဘယ်သူ မျှ မဖွင့် ရ။ ယုဒ ပြည်သူပြည်သားအပေါင်း တို့ကို သိမ်းသွား ကြပြီ။ အကုန် အစင်သိမ်းသွား ကြပြီ။
၁၉တောင်ဘက်ယုဒမြို့တို့သည်အဝိုင်းခံလျက် ရှိ၏။ ယင်းတို့ထံသို့အဘယ်သူမျှမသွား နိုင်။ ယုဒပြည်သားအပေါင်းတို့သည်အဖမ်း ခံရကြလေပြီ။ သူတို့အားလုံးပင်ပြည်နှင် ဒဏ်သင့်ကြလေကုန်ပြီ'' ဟုမိန့်တော်မူ၏။
20 ၂၀ မြောက် မျက်နှာက လာ သောသူတို့ ကို မျှော် ၍ ကြည့် လော့။ သင့် အား ငါပေး သော သိုးစု ၊ လှ သောသိုးစု သည် အဘယ် မှာရှိသနည်း။
၂၀ယေရုရှလင်မြို့၊ ကြည့်လော့။ သင်၏ရန်သူ များသည်မြောက်အရပ်မှလာလျက်ရှိ၏။ ကြည့်ရှုစောင့်ရှောက်ရန် သင့်အားငါပေး အပ်ထားသည့်လူများ၊ သင်တို့ဂုဏ်ယူ သည့်လူမျိုးတို့ကားအဘယ်မှာနည်း။-
21 ၂၁ သင် သည် ဆုံးမ တော်မူခြင်းကို ခံရသောအခါ ၊ အဘယ်သို့ ပြော လိမ့်မည်နည်း။ သူ တို့သည် သင့် ကို အစိုး တရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံ ပေးပြီး။ သားဘွား သော မိန်းမ ခံရသောဝေဒနာ ကို သင် ခံရ လိမ့်မည်မ ဟုတ်လော။
၂၁မိမိတို့၏မိတ်ဆွေများဟုသင်တို့ထင်မှတ် သူတို့သည် သင်တို့ကိုနှိမ်နင်း၍အုပ်စိုးရန် ထာဝရဘုရားချမှတ်တော်မူသောအခါ သင်တို့အဘယ်သို့ပြောဆိုကြမည်နည်း။ သင်တို့သည်သားဖွားသည့်အမျိုးသမီး ကဲ့သို့ဝေဒနာခံရကြလိမ့်မည်။-
22 ၂၂ သင်ကလည်း၊ အဘယ် အကြောင်းကြောင့် ဤ အမှုရောက် သနည်းဟုစိတ် ထဲ၌ အောက်မေ့ လျှင် ၊ သင် ၏အပြစ် များ သောကြောင့် ၊ သင့် အဝတ် ကို ချွတ် ရ၏။ ခြေနင်း ကိုလည်းမ စီးရ။
၂၂အကယ်၍သင်တို့က``ဤအမှုအရာသည် အဘယ်ကြောင့်ဖြစ်ပျက်ရပါမည်နည်း။ ငါ တို့၏အဝတ်များသည်အဘယ်ကြောင့်စုတ် ပြတ်သွားရပါသနည်း။ ငါတို့သည်အဘယ် ကြောင့်အနှောင့်အယှက်ခံရကြပါသနည်း'' ဟူ၍မေးပါမူ``သင်တို့၏အပြစ်သည် ကြောက်လန့်ဖွယ်ကောင်းလှသောကြောင့် ဖြစ်သည်'' ဟုဖြေကြားရပေမည်။-
23 ၂၃ အဲသယောပိ လူသည် မိမိ အရေ ၏ အဆင်းကို၎င်း၊ ကျားသစ် သည် မိမိ အကွက် အကျားတို့ကို၎င်းပြောင်းလဲ နိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက် ကို ပြုလေ့ရှိသောသူတို့ သည်၊ သုစရိုက် ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
၂၃လူမည်းသည်မိမိ၏အသားအရောင်ကို ပြောင်းလဲစေနိုင်ပါသလော။ သို့တည်းမ ဟုတ်ကျားသစ်သည်မိမိ၏အကွက်များ ကိုဖယ်ရှားပစ်နိုင်ပါသလော။ အကယ်၍ ဤအမှုအရာများကိုပြုလုပ်နိုင်မည် ဆိုပါမူ ဒုစရိုက်ကိုသာလျှင်ပြုကျင့် တတ်သူသင်တို့သည်လည်း သုစရိုက်သို့ ပြောင်းလဲပြုကျင့်ကောင်းပြုကျင့်နိုင်ကြ ပေလိမ့်မည်။-
24 ၂၄ ထိုကြောင့် ၊ ဖွဲ ကို လေ ပြင်းတိုက် လွှင့်သကဲ့သို့ ၊ ထိုသူ တို့ကို ငါလွင့် စေမည်။
၂၄ထာဝရဘုရားသည်သင်တို့အားသဲကန္တာရ မှလာသောလေပြင်းတွင် လွင့်ပါသွားသည့် ဖွဲကဲ့သို့ကွဲလွင့်စေတော်မူလိမ့်မည်။-
25 ၂၅ သင်သည်ငါ့ ကို မေ့လျော့ ၍ ၊ မုသာ ၌ မှီဝဲ ဆည်းကပ်သောကြောင့် ၊ သင့် အဘို့ ငါတိုင်းထွာ ၍ ပေး လတံ့သော အငန်းအတာ ကား ဤ သို့တည်း။
၂၅ဤသည်ကားသင်တို့ကံကြမ္မာဖြစ်လိမ့်မည် ဟုထာဝရဘုရားကမိန့်တော်မူလေပြီ။ သင်တို့သည်ကိုယ်တော်အားမေ့လျော့ကာ ဘုရားအတုအယောင်များကိုယုံကြည် အားကိုးကြသည်ဖြစ်၍၊ ကိုယ်တော်သည် သင်တို့အားဤသို့စီရင်ရန်ဆုံးဖြတ် တော်မူခြင်းဖြစ်၏။-
26 ၂၆ ထိုသို့ နှင့်အညီသင် ရှက် စရာအကြောင်းကို ထင်ရှား စေခြင်းငှါ ၊ သင် ၏ အဝတ် ကို ငါ ဖွင့်လှစ် ၍ ပြ မည်။
၂၆ထာဝရဘုရားကိုယ်တော်တိုင်ပင်သင်တို့ ၏အဝတ်များကိုဆွဲချွတ်တော်မူ၍ သင် တို့အားအရှက်ကွဲစေတော်မူလိမ့်မည်။-
27 ၂၇ သင် ၏ မျောက်မထား ခြင်း၊ ဟီ မြည်ခြင်း၊ မတရား သောမေထုန် ၏ညစ်ညူး ခြင်း၊ တောင် ပေါ်၌၎င်း ၊ လယ်ပြင် ၌ ၎င်း ပြုသောစက်ဆုပ် ရွံရှာဘွယ်တို့ကို ငါ သိ မြင်၏။ အိုယေရုရှလင် မြို့၊ သင် သည် အမင်္ဂလာ ရှိ၏။ သန့်ရှင်း ခြင်းသို့ မ ရောက်ဘဲ အဘယ်မျှ ကာလ ပတ်လုံးနေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
၂၇ထာဝရဘုရားသည်မိမိစက်ဆုတ်သည့် အမှုများကို သင်တို့ပြုကျင့်ကြသည်ကို မြင်တော်မူပြီ။ သင်တို့သည်အိမ်နီးချင်း၏ ဇနီးကိုတပ်မက်သူကဲ့သို့၊ မြင်းမကိုတပ် မက်၍ဟီသည့်မြင်းလားကဲ့သို့၊ တောင်ကုန်း များ၊ လယ်ကွင်းများတွင်အရှက်ကင်းမဲ့စွာ ပြည့်တန်ဆာလုပ်ငန်းကိုလုပ်ကြ၏။ ယေရု ရှလင်မြို့သားတို့၊ သင်တို့သည်အမင်္ဂလာ ရှိပါသည်တကား။ အဘယ်အခါမှသင် တို့သည်သန့်စင်၍လာကြမည်နည်း။