< ယေရမိ 12 >

1 အို ထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် နှင့် တရားစကားကို ဆွေးနွေး သောအခါ ၊ ကိုယ်တော် သည် တရား တော်မူ၏။ သို့သော် လည်း၊ စစ်ကြော စီရင်တော်မူခြင်း အကြောင်းကို မေး လျှောက်ပါမည်။ မတရား သောသူတို့ သည် အဘယ်ကြောင့် အကြံ မြောက် ရကြပါ သနည်း။ အလွန်သစ္စာပျက် သော သူအပေါင်း တို့သည် အဘယ်ကြောင့်ချမ်းသာ ရကြပါသနည်း။
အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်နှင့် တရားစကားကို ဆွေးနွှေးသောအခါ၊ ကိုယ်တော်သည် တရားတော်မူ၏။ သို့သော်လည်း၊ စစ်ကြောစီရင်တော်မူ ခြင်းအကြောင်းကို မေးလျှောက်ပါမည်။ မတရားသော သူတို့သည် အဘယ်ကြောင့် အကြံမြောက်ရကြပါ သနည်း။ အလွန်သစ္စာပျက်သော သူအပေါင်းတို့သည် အဘယ်ကြောင့် ချမ်းသာရကြပါသနည်း။
2 ကိုယ်တော်သည် သူ တို့ကို စိုက် တော်မူသဖြင့် ၊ သူတို့သည် အမြစ် ကျ၍ ကြီးပွါး လျက် အသီး ကို သီး ကြပါ ၏။ ကိုယ်တော် သည် သူ တို့နှုတ် နှင့် နီး ၍ နှလုံး နှင့် ဝေး တော်မူ၏။
ကိုယ်တော်သည် သူတို့ကို စိုက်တော်မူသဖြင့်၊ သူတို့သည် အမြစ်ကျ၍ ကြီးပွါးလျက် အသီးကို သီးကြ ပါ၏။ ကိုယ်တော်သည် သူတို့နှုတ်နှင့် နီး၍ နှလုံးနှင့် ဝေးတော်မူ၏။
3 အို ထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် ကို သိမြင် တော်မူ၏။ အကျွန်ုပ် သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြော တော်မူပြီ။ သိုး တို့ကို ထုတ်သကဲ့သို့ ၊ ထိုမတရားသောသူ တို့ ကို အသေ သတ်ခြင်းငှါ ဆွဲ ထုတ် တော်မူပါ။ သတ် ရသောနေ့ အဘို့ ပြင်ဆင် တော်မူပါ။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို သိမြင်တော်မူ၏။ အကျွန်ုပ်သည် ကိုယ်တော်နှင့်သဘော တူကြောင်းကို စစ်ကြောတော်မူပြီ။ သိုးတို့ကို ထုတ်သကဲ့သို့၊ ထိုမတရားသော သူတို့ကို အသေသတ်ခြင်းငှါ ဆွဲထုတ် တော်မူပါ။ သတ်ရသောနေ့အဘို့ ပြင်ဆင်တော်မူပါ။
4 ပြည် သား များပြုသောဒုစရိုက် အပြစ်ကြောင့် ၊ ပြည်သည် အဘယ် မျှကာလပတ်လုံး မြည်တမ်း ရပါအံ့နည်း။ အရပ်ရပ် တို့၌ရှိသောမြက်ပင် သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်း ရပါအံ့နည်း။ ငါ တို့ခံရသောအကျိုး အပြစ်ကို ဘုရားသခင်မ သိ မမြင်ဟု ပြည်သားများ ဆို သောကြောင့် ၊ သား များနှင့် ငှက် များတို့သည် ပျောက် ပျက် ကြပါပြီ။
ပြည်သားများပြုသော ဒုစရိုက်အပြစ်ကြောင့်၊ ပြည်သည် အဘယ်မျှကာလပတ်လုံး မြည်တမ်းရပါအံ့ နည်း။ အရပ်ရပ်တို့၌ရှိသော မြက်ပင်သည် အဘယ်မျှ ကာလပတ်လုံး ညှိုးနွမ်းရပါအံ့နည်း။ ငါတို့ခံရသော အကျိုးအပြစ်ကို ဘုရားသခင်မသိမမြင်ဟု ပြည်သားများ ဆိုသောကြောင့်၊ သားများနှင့် ငှက်များတို့သည် ပျောက် ပျက်ကြပါပြီ။
5 သင်သည် ခြေသည် တို့နှင့် ပြိုင်ပြေး ၍ မော လျှင် မြင်း တို့နှင့် အဘယ်သို့ ပြိုင် နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ် စွာ နေရသောပြည် ၌ မော လျှင် ၊ ယော်ဒန် မြစ်၏ ဂုဏ် အသရေထဲမှာ အဘယ် သို့ပြု လိမ့်မည်နည်း။
သင်သည် ခြေသည်တို့နှင့် ပြိုင်ပြေး၍ မောလျှင် မြင်းတို့နှင့် အဘယ်သို့ပြိုင်နိုင်မည်နည်း။ စိုးရိမ်ခြင်းမရှိ၊ ငြိမ်ဝပ်စွာ နေရသောပြည်၌ မောလျှင်၊ ယော်ဒန်မြစ်၏ ဂုဏ်အသရေထဲမှာ အဘယ်သို့ပြုလိမ့်မည်နည်း။
6 သင် ၏ညီအစ်ကို ၊ အဘ ၏ အိမ်သူ အိမ်သားတို့ ပင် သင့် ကို သစ္စာဖျက် ၍၊ သင့် နောက်သို့ အော်ဟစ် လျက် လိုက်ကြ၏။ သူ တို့သည် ကောင်း သောစကားကို ပြော သော်လည်း မ ယုံ နှင့်။
သင်၏ညီအစ်ကို၊ အဘ၏ အိမ်သူအိမ်သားတို့ ပင် သင့်ကို သစ္စာဖျက်၍၊ သင့်နောက်သို့ အော်ဟစ်လျက် လိုက်ကြ၏။ သူတို့သည် ကောင်းသောစကားကို ပြော သော်လည်း မယုံနှင့်။
7 ငါသည်ကိုယ် အိမ် ကိုစွန့် ၍၊ ကိုယ် အမွေ ကို ပစ် ထားပြီ။ ငါ အလွန်ချစ် သောအစ်မကို သူ ၏ ရန်သူ လက် သို့ အပ်နှံ ပြီ။
ငါသည်ကိုယ်အိမ်ကိုစွန့်၍၊ ကိုယ်အမွေကို ပစ်ထားပြီ။ ငါအလွန်ချစ်သောအစ်မကို သူ၏ ရန်သူ လက်သို့အပ်နှံပြီ။
8 ငါ့ အမွေ သည် တော ၌ တွေ့သောခြင်္သေ့ ကဲ့သို့ ငါ့ အား ဖြစ် ၍၊ ငါ့ ကို ဟောက် သောကြောင့် ငါမုန်း လေ၏။
ငါ့အမွေသည် တော၌ တွေ့သောခြင်္သေ့ကဲ့သို့ ငါ့အားဖြစ်၍၊ ငါ့ကို ဟောက်သောကြောင့် ငါမုန်းလေ၏။
9 ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ၌ ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။
ငါ့အမွေသည် ဇဘောသားရဲကဲ့သို့ ငါ့အား ဖြစ်၏။ ပတ်လည်၌ရှိသော သားရဲတို့သည် တိုက်ကြ၏။ လာကြ။ တောသားရဲအပေါင်းတို့၊ စည်းဝေးကြ။ ကိုက်စား ခြင်းငှါ လာကြစေ။
10 ၁၀ များစွာ သော သိုးထိန်း တို့သည် ငါ့ စပျစ် ဥယျာဉ် ကို ဖျက်ဆီး ကြပြီ။ ငါ ရထိုက်သောအဘို့ ကို ကျော်နင်း ကြပြီ။ ငါ ရထိုက်သောနှစ်သက် ရာအဘို့ ကို လူဆိတ်ညံ ရာ တော ဖြစ် စေကြပြီ။
၁၀များစွာသော သိုးထိန်းတို့သည် ငါ့စပျစ်ဥယျာဉ် ကို ဖျက်ဆီးကြပြီ။ ငါရထိုက်သောအဘို့ကို ကျော်နင်း ကြပြီ။ ငါရထိုက်သောနှစ်သက်ရာအဘို့ကို လူဆိတ်ညံရာ တောဖြစ်စေကြပြီ။
11 ၁၁ သုတ်သင် ပယ်ရှင်းသောကြောင့် ၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့ အား ညဉ်းတွား လေ၏။ တပြည် လုံး ပျက်စီး သော်လည်း၊ အဘယ် သူမျှပမာဏ မပြုတတ်။
၁၁သုတ်သင်ပယ်ရှင်းသောကြောင့်၊ လူဆိတ်ညံ လျက်ရှိ၍၊ ငါ့အား ညဉ်းတွားလေ၏။ တပြည်လုံးပျက်စီး သော်လည်း၊ အဘယ်သူမျှပမာဏ မပြုတတ်။
12 ၁၂ တော ၌ မြင့် သော အရပ်အလုံးစုံ တို့အပေါ် မှာ လုယက် သောသူတို့ သည် တက် ကြပြီ။ အကယ်စင်စစ်ပြည် စွန်း တဘက်မှ တဘက် တိုင်အောင် ထာဝရဘုရား ၏ ထား တော်သည် ဖျက်ဆီး သဖြင့်၊ အဘယ်သူ မျှချမ်းသာ မ ရ။
၁၂တော၌ မြင့်သော အရပ်အလုံးစုံတို့အပေါ်မှာ လုယက်သော သူတို့သည် တက်ကြပြီ။ အကယ်စင်စစ် ပြည်စွန်းတဘက်မှ တဘက်တိုင်အောင် ထာဝရဘုရား၏ ထားတော်သည် ဖျက်ဆီးသဖြင့်၊ အဘယ်သူမျှ ချမ်းသာ မရ။
13 ၁၃ သူတို့သည် ဂျုံ စပါးမျိုးစေ့ကို ကြဲ ၍ ဆူး ပင်ကိုသာ ရိတ် ရကြ၏။ ပင်ပန်းစွာ ကြိုးစား သော်လည်းကျေးဇူး မ ရှိကြ။ ထာဝရဘုရား ၏ အမျက် တော်အရှိန် ကြောင့် ၊ မိမိ တို့ ခံရသောအကျိုး ကိုထောက် ၍ ရှက် ကြလိမ့်မည်။
၁၃သူတို့သည် ဂျုံစပါးမျိုးစေ့ကို ကြဲ၍ ဆူးပင်ကိုသာ ရိတ်ရကြ၏။ ပင်ပန်းစွာ ကြိုးစားသော်လည်း ကျေးဇူး မရှိကြ။ ထာဝရဘုရား၏ အမျက်တော်အရှိန်ကြောင့်၊ မိမိတို့ ခံရသောအကျိုးကို ထောက်၍ ရှက်ကြလိမ့်မည်။
14 ၁၄ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါပေး သနား၍၊ ငါ ၏လူ ဣသရေလအမျိုးပိုင် ထိုက်သော အမွေ ကို ထိခိုက် သော၊ ငါ ၏အိမ်နီးချင်း ဆိုး အပေါင်း တို့ကို၊ သူ တို့ ပြည် ထဲက ငါ နှုတ် မည်။ သူ တို့အထဲ က လည်း ယုဒ အမျိုး ကို ငါနှုတ်မည်။
၁၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါပေး သနား၍၊ ငါ၏လူ ဣသရေလအမျိုးပိုင်ထိုက်သော အမွေ ကို ထိခိုက်သော၊ ငါ၏အိမ်နီးချင်းဆိုးအပေါင်းတို့ကို၊ သူတို့ ပြည်ထဲက ငါနှုတ်မည်။ သူတို့အထဲကလည်း ယုဒအမျိုးကို ငါနှုတ်မည်။
15 ၁၅ နှုတ် ပြီးမှ တဖန် ငါသနား ၍ ၊ အသီးအသီး တို့ကို မိမိ တို့ပိုင်ထိုက် သော မြေ၊ မိမိ တို့နေရင်းပြည် သို့ ငါပြန် ပို့ မည်။
၁၅နှုတ်ပြီးမှတဖန် ငါသနား၍၊ အသီးအသီးတို့ကို မိမိတို့ပိုင်ထိုက်သော မြေ၊ မိမိတို့နေရင်းပြည်သို့ ငါပြန် ပို့မည်။
16 ၁၆ ဗာလ ဘုရားကိုတိုင်တည်၍ ကျိန်ဆို စေခြင်းငှါ ၊ သူတို့သည် ငါ ၏လူမျိုး ကို သွန်သင် ဘူးသည်နည်းတူ ၊ ထာဝရဘုရား အသက်ရှင် တော်မူသည်ဟု၊ ငါ ၏နာမ ကို တိုင်တည်၍ ကျိန်ဆို ခြင်းငှါ ၊ ငါ့ လူမျိုး ၏ ဘာသာ ဓလေ့ကို ကြိုးစား၍ သင် လျှင် ၊ ငါ ၏လူမျိုး အထဲ ၌ သူတို့ကို ငါတည် စေမည်။
၁၆ဗာလဘုရားကိုတိုင်တည်၍ ကျိန်ဆိုစေခြင်းငှါ၊ သူတို့သည် ငါ၏လူမျိုးကို သွန်သင်ဘူးသည်နည်းတူ၊ ထာဝရဘုရား အသက်ရှင်တော်မူသည်ဟု၊ ငါ၏နာမကို တိုင်တည်၍ ကျိန်ဆိုခြင်းငှါ၊ ငါ့လူမျိုး၏ ဘာသာဓလေ့ကို ကြိုးစား၍ သင်လျှင်၊ ငါ၏လူမျိုးအထဲ၌ သူတို့ကို ငါတည် စေမည်။
17 ၁၇ သို့မဟုတ် ၊ နား မ ထောင်ဘဲနေလျှင် ၊ နား မထောင်သော လူမျိုး ကို ငါသည် ရှင်းရှင်းနှုတ် ပယ် ဖျက်ဆီး မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၇သို့မဟုတ်၊ နားမထောင်ဘဲနေလျှင်၊ နား မထောင်သော လူမျိုးကို ငါသည် ရှင်းရှင်းနှုတ်ပယ် ဖျက် ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။

< ယေရမိ 12 >