< ယေရမိ 10 >
1 ၁ အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။
Heare ye the worde of the Lord that he speaketh vnto you, O house of Israel.
2 ၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
Thus saith the Lord, Learne not the way of the heathen, and be not afraid for the signes of heauen, though the heathen be afraid of such.
3 ၃ လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော ၌ သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊
For the customes of the people are vaine: for one cutteth a tree out of the forest (which is the worke of the handes of the carpenter) with the axe,
4 ၄ ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။
And another decketh it with siluer, and with golde: they fasten it with nailes, and hammers, that it fall not.
5 ၅ သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
The idoles stande vp as the palme tree, but speake not: they are borne because they cannot go feare them not, for they cannot do euill, neither can they do good.
6 ၆ အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။
There is none like vnto thee, O Lord: thou art great, and thy name is great in power.
7 ၇ အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။
Who would not feare thee, O King of nations? for to thee appertaineth the dominion: for among all the wise men of the Gentiles, and in al their kingdomes there is none like thee.
8 ၈ သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
But, altogether they dote, and are foolish: for the stocke is a doctrine of vanitie.
9 ၉ ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။
Siluer plates are brought from Tarshish, and golde from Vphaz, for the worke of the workeman, and the handes of the founder: the blewe silke, and the purple is their clothing: all these things are made by cunning men.
10 ၁၀ ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
But the Lord is the God of trueth: he is the liuing God, and an euerlasting King: at his anger the earth shall tremble, and the nations cannot abide his wrath.
11 ၁၁ သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။
(Thus shall you say vnto them, The gods that haue not made the heauens and the earth, shall perish from the earth, and from vnder these heauens)
12 ၁၂ ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
He hath made the earth by his power, and established the worlde by his wisedome, and hath stretched out the heauen by his discretion.
13 ၁၃ အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။
Hee giueth by his voyce the multitude of waters in the heauen, and he causeth the cloudes to ascend from the endes of the earth: he turneth lightnings to rayne, and bringeth forth the winde out of his treasures.
14 ၁၄ လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
Euery man is a beast by his owne knowledge: euery founder is confounded by the grauen image: for his melting is but falsehood, and there is no breath therein.
15 ၁၅ ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ၌ ကွယ် ပျောက်ကြ လိမ့်မည်။
They are vanitie, and the worke of errours: in the time of their visitation they shall perish.
16 ၁၆ ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
The portion of Iaakob is not like them: for he is the maker of all things, and Israel is the rodde of his inheritance: the Lord of hostes is his Name.
17 ၁၇ အိုရဲတိုက် ၌ နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။
Gather vp thy wares out of the land, O thou that dwellest in the strong place.
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။
For thus sayth the Lord, Beholde, at this time I will throwe as with a sling the inhabitants of the lande, and will trouble them, and they shall finde it so.
19 ၁၉ ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
Wo is me for my destruction, and my grieuous plague: but I thought, Yet it is my sorow, and I will beare it.
20 ၂၀ ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
My tabernacle is destroyed, and all my coardes are broken: my children are gone from me, and are not: there is none to spread out my tent any more, and to set vp my curtaines.
21 ၂၁ အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
For the Pastours are become beasts, and haue not sought the Lord: therefore haue they none vnderstanding: and all the flockes of their pastures are scattered.
22 ၂၂ အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။
Beholde, the noyse of the brute is come, and a great commotion out of the North countrey to make the cities of Iudah desolate, and a denne of dragons.
23 ၂၃ အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။
O Lord, I knowe, that the way of man is not in himselfe, neyther is it in man to walke and to direct his steps.
24 ၂၄ အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။
O Lord, correct mee, but with iudgement, not in thine anger, least thou bring mee to nothing.
25 ၂၅ ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။
Powre out thy wrath vpon the heathen, that knowe thee not, and vpon the families that call not on thy Name: for they haue eaten vp Iaakob and deuoured him and consumed him, and haue made his habitation desolate.