< ယေရမိ 10 >

1 အို ဣသရေလ အမျိုးသား တို့၊ သင် တို့အား ထာဝရဘုရား မိန့် တော်မူသော စကား ကို နားထောင် ကြလော့။
Give ear to the word which the Lord says to you, O people of Israel:
2 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သာသနာပ လူတို့၏ ဘာသာ ဓလေ့၌ မ ကျင်လည် ကြနှင့်။ သာသနာပ လူတို့ ထိတ်လန့် ကြောက်တတ်သော မိုဃ်း ကောင်းကင်နိမိတ် တို့မှ မ ထိတ်လန့် မကြောက်ကြနှင့်။
This is what the Lord has said: Do not go in the way of the nations; have no fear of the signs of heaven, for the nations go in fear of them.
3 လူ အမျိုးမျိုးကျင့်သောအကျင့် ဓလေ့တို့သည် အချည်းနှီး ဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော ၌ သစ်ပင် ကို ခုတ်လှဲ ၍၊ ပုဆိန် နှင့် လုပ်တတ် သော လက်သမား ၏ လက် လုပ် ရာဖြစ်သောအရာကို၊
For that which is feared by the people is foolish: it is the work of the hands of the workman; for a tree is cut down by him out of the woods with his axe.
4 ရွှေ ငွေ နှင့် လှပစွာ ချယ်လှယ် ပြီးလျှင်၊ မ လှုပ်ရှား စေခြင်းငှါ သံချွန် ကို တူ နှင့်ရိုက် ထားကြ၏။
They make it beautiful with silver and gold; they make it strong with nails and hammers, so that it may not be moved.
5 သူသည် စွန်ပလွံ ပင်ကဲ့သို့ ခိုင်မာ၍ စကား မ ပြော တတ်။ မိမိအလိုအလျောက်မ သွား နိုင်သောကြောင့် ၊ ထမ်း ၍သွား ရ၏။ ထို အရာတို့ကို မ ကြောက် ကြနှင့် ။ အန္တရာယ် ကိုမ ပြုနိုင်။ ကျေးဇူး ကိုလည်း မ ပြုနိုင်။
It is like a pillar in a garden of plants, and has no voice: it has to be lifted, for it has no power of walking. Have no fear of it; for it has no power of doing evil and it is not able to do any good.
6 အိုထာဝရဘုရား ၊ ကိုယ်တော် နှင့် အဘယ်သူ မျှမတူ ပါ။ ကိုယ်တော် သည် ကြီးမြတ် တော်မူ၏။ နာမ တော်သည်လည်း ၊ တန်ခိုး တော်အားဖြင့် ကြီးမြတ် တော်မူ၏။
There is no one like you, O Lord; you are great and your name is great in power.
7 အိုလူ အမျိုးမျိုးတို့၏ ဘုရင် ၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူ သည် မ ကြောက် ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိ အပေါင်း တို့၌ ၎င်း ၊ ခပ်သိမ်း သော တိုင်း နိုင်ငံတို့၌ ၎င်း ကိုယ်တော် နှင့် တူသောသူတစုံတယောက်မျှ မ ရှိပါ။
Who would not have fear of you, O King of the nations? for it is your right: for among all the wise men of the nations, and in all their kingdoms, there is no one like you.
8 သူတို့သည် တလုံးတဝ တည်းတိရစ္ဆာန်သဘောနှင့် မိုက် သော သဘောရှိကြ၏။ သစ်သား သော်လည်းမိုက်သောအယူကို ဆုံးမ တတ်၏။
But they are together like beasts and foolish: the teaching of false gods is wood.
9 ထု လုပ်တတ်သောသူ၊ သွန်း တတ်သောသူ၏ လက် လုပ်ရာ ငွေ ပြားကို တာရှု မြို့မှ ၎င်း ၊ ရွှေ ကိုလည်း ဥဖတ် မြို့မှ၎င်း ဆောင် ခဲ့တတ်၏။ ပြာ သောအထည်၊ မောင်း သောအထည် နှင့်ခြုံတတ်၏။ လိမ္မာ သောသူ လုပ် ရာသက်သက် ဖြစ်သတည်း။
Silver hammered into plates is sent from Tarshish, and gold from Uphaz, the work of the expert workman and of the hands of the gold-worker; blue and purple is their clothing, all the work of expert men.
10 ၁၀ ထာဝရဘုရား မူကား ၊ မှန် သောဘုရား ၊ အသက်ရှင် သောဘုရား ၊ နိစ္စ ထာဝရဘုရင် ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီး တုန်လှုပ် ရ၏။ လူ အမျိုးမျိုးတို့သည် အမျက် တော်ကို မ ခံ နိုင်ကြ။
But the Lord is the true God; he is the living God and an eternal king: when he is angry, the earth is shaking with fear, and the nations give way before his wrath.
11 ၁၁ သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင် နှင့်မြေကြီး ကို မ ဖန်ဆင်း သော ဘုရား တို့သည် ဤ ကောင်းကင် အောက် ၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက် ကြလိမ့်မည်။
This is what you are to say to them: The gods who have not made the heavens and the earth will be cut off from the earth and from under the heavens.
12 ၁၂ ထာဝရဘုရားသည် တန်ခိုး တော်အားဖြင့် မြေကြီး ကို ဖန်ဆင်း တော်မူပြီ။ ပညာ တော်အားဖြင့် လောကဓါတ် ကို တည် တော်မူပြီ။ ဉာဏ် တော်အားဖြင့် မိုဃ်းကောင်းကင် ကို ကြက် တော်မူပြီ။
He has made the earth by his power, he has made the world strong in its place by his wisdom, and by his wise design the heavens have been stretched out.
13 ၁၃ အသံ တော်ကို လွှတ် တော်မူသောအခါ ၊ မိုဃ်းရေ အသံ ဗလံဖြစ်တတ်၏။ မြေကြီး စွန်း မှ မိုဃ်းတိမ် ကို တက် စေတော်မူ၏။ မိုဃ်း ရွာသည်နှင့် လျှပ်စစ် ပြက် စေတော်မူ ၏။ လေ ကိုလည်း ၊ ဘဏ္ဍာ တော်တိုက်ထဲက ထုတ် တော်မူ ၏။
At the sound of his voice there is a massing of waters in the heavens, and he makes the mists go up from the ends of the earth; he makes the thunder-flames for the rain, and sends out the wind from his store-houses.
14 ၁၄ လူမည်သည်ကား၊ မိမိဉာဏ်အားဖြင့်တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တု ကို သွန်း သောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တု သည် မုသာ ဖြစ်၏။ သူ ၌ လည်း ထွက် သက်ဝင်သက်မ ရှိ။
Then every man becomes like a beast without knowledge; every gold-worker is put to shame by the image he has made: for his metal image is deceit, and there is no breath in them.
15 ၁၅ ထို သို့သောအရာ တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ လှည့်စား သောအရာလည်းဖြစ်ကြ၏။ စစ်ကြော ခြင်းကိုခံရသည်ကာလ ၌ ကွယ် ပျောက်ကြ လိမ့်မည်။
They are nothing, a work of error: in the time of their punishment, destruction will overtake them.
16 ၁၆ ယာကုပ် အမျိုး၏အဘို့ သည် ထိုသို့သောအရာ နှင့် တူ တော်မ မူ။ ခပ်သိမ်း သောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလ အမျိုးသည် အမွေ ခံတော်မူရာဖြစ်၏။ နာမ တော်သည် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားပေတည်း။
The heritage of Jacob is not like these; for the maker of all things is his heritage: the Lord of armies is his name.
17 ၁၇ အိုရဲတိုက် ၌ နေ သောသူ၊ မြေ ပေါ်မှာ ရှိသောသင် ၏ဥစ္စာ ပရိကံများကို စုသိမ်း လော့။
Get your goods together and go out of the land, O you who are shut up in the walled town.
18 ၁၈ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယခုပင် ငါ သည်လောက်လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သား များကို လောက်လွှဲထဲကပစ် ၍၊ ရန်သူတို့ လက်သို့ရောက် စေ ခြင်းငှါ ညှဉ်းဆဲ မည်ဟု မိန့်တော်မူ၏။
For the Lord has said, I will send the people in flight like a stone from the land at this time, troubling them so that they will be conscious of it.
19 ၁၉ ငါ သည် ချိုးဖျက် ခြင်းကိုခံရသောကြောင့် အမင်္ဂလာ ရှိ၏။ ငါ့ အနာ ပြင်းလှ၏။ သို့ သော်လည်း၊ ငါတွေ့သော ဤ ဒုက္ခ ဝေဒနာကို ဆက်ဆက် ခံရ မည်ဟု ငါ ဆို ၏။
Sorrow is mine for I am wounded! my wound may not be made well; and I said, Cruel is my disease, I may not be free from it.
20 ၂၀ ငါ့ တဲ လည်းပျက် ၏။ ငါ့ ကြိုး ရှိသမျှ တို့လည်း ပြတ် ကြ၏။ ငါ့ သား တို့လည်း ငါ့ ထံမှထွက် သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့ တဲ ကို ဆောက် ရသောသူ၊ ငါ့ ကုလားကာ တို့ကို ဆွဲကာ ရသောသူမ ရှိ။
My tent is pulled down and all my cords are broken: my children have gone from me, and they are not: no longer is there anyone to give help in stretching out my tent and hanging up my curtains.
21 ၂၁ အကြောင်း မူကား၊ သိုးထိန်း တို့သည် တိရစ္ဆာန် သဘော ရှိ၍ ၊ ထာဝရဘုရား ကို မ ရှာဖွေ သောကြောင့် အကြံ မမြောက်ရကြ။ သိုးစု အပေါင်း တို့သည် အရပ်ရပ်သို့ ကွဲပြား ရကြ၏။
For the keepers of the sheep have become like beasts, not looking to the Lord for directions: so they have not done wisely and all their flocks have been put to flight.
22 ၂၂ အသံ ကိုကြားရ၏။ အနီးသို့လာ၏။ ယုဒ မြို့ တို့ကို ဖျက်ဆီး ၍၊ မြေခွေး နေရာ တွင်း ဖြစ် စေခြင်းငှါ ၊ ကြီး သော အသံ ဗလံသည် မြောက် မျက်နှာ က လာ ၏။
News is going about, see, it is coming, a great shaking is coming from the north country, so that the towns of Judah may be made waste and become the living-place of jackals.
23 ၂၃ အိုထာဝရဘုရား ၊ လူ သည် မိမိ သွားရာလမ်း ကို အစိုးမ ရ။ သွား စဉ်အခါမိမိ ခြေရာ တို့ကို မ စီရင် တတ်သည် ကို အကျွန်ုပ်သိ ပါ၏။
O Lord, I am conscious that a man's way is not in himself: man has no power of guiding his steps.
24 ၂၄ အို ထာဝရဘုရား ၊ အကျွန်ုပ် ကို ဆုံးမတော်မူလျှင် ၊ အကျိုးနည်း စေခြင်းငှါ အမျက် ထွက်တော်မ မူပါနှင့်။ တရား တော်အတိုင်း သာ ဆုံးမ တော်မူပါ။
O Lord, put me right, but with wise purpose; not in your wrath, or you will make me small.
25 ၂၅ ကိုယ်တော် ကိုမ သိ သော တပါးအမျိုးသား တို့ အပေါ် သို့၎င်း ၊ နာမ တော်ကို ပဌနာ မ ပြုသော အမျိုးအနွယ် တို့အပေါ် သို့၎င်း အမျက် တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်း မူကား၊ သူတို့သည် ယာကုပ် အမျိုး ကို အကုန်အစင်ကိုက်စား ၍ ၊ သူ ၏နေရာ ကို သုတ်သင်ပယ်ရှင်း ကြပါပြီ။
Let your wrath be let loose on the nations which have no knowledge of you, and on the families who give no worship to your name: for they have made a meal of Jacob, truly they have made a meal of him and put an end to him and made his fields a waste.

< ယေရမိ 10 >