< ယာကုပ် 1 >
1 ၁ ဘုရားသခင် နှင့် အရှင် ယေရှု ခရစ် ၏ကျွန် ငါယာကုပ် သည်၊ အရပ်ရပ် တို့၌ ကွဲပြား သော တဆယ် နှစ်ပါးသောအမျိုး တို့ကို မေတ္တာနှင့် ကြား လိုက်ပါ၏။
James, a servant of God and of the Lord Jesus Christ, to the twelve tribes which are of the Dispersion, greeting.
2 ၂ ငါ့ ညီအစ်ကို တို့၊ သင် တို့၏ယုံကြည် ခြင်းကို စစ်ကြော စုံစမ်းခြင်းအရာ သည် သည်းခံ ခြင်းကို ပွားစေ တတ် သည်ဟုသိမှတ် လျက်၊ အထူးထူး အပြားပြားစုံစမ်း နှောင့်ရှက်ခြင်းနှင့် တွေ့ကြုံ သောအခါ ၊
Count it all joy, my brethren, when ye fall into manifold temptations;
3 ၃ ဝမ်းမြောက် စရာ အကြောင်း သက်သက်ဖြစ်သည်ဟု မှတ် ကြလော့။
Knowing that the proof of your faith worketh patience.
4 ၄ သင်တို့သည်အလျှင်း မချို့တဲ့ ဘဲ စေ့စပ် စုံလင် မည်အကြောင်း ၊ သည်းခံ ခြင်းစိတ်သည် အကုန်အစင်ပြုပြင် ပါ စေ။
And let patience have [its] perfect work, that ye may be perfect and entire, lacking in nothing.
5 ၅ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် ပညာ ကိုလို လျှင် ၊ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ပြုတော်မ မူဘဲ၊ ခပ်သိမ်း သော သူတို့အား စေတနာ စိတ်နှင့် ပေး သနားတော်မူသော ဘုရားသခင် ကို တောင်း စေ၊ တောင်းလျှင် ရ လိမ့်မည်။
But if any of you lacketh wisdom, let him ask of God, who giveth to all liberally and upbraideth not; and it shall be given him.
6 ၆ သို့ရာတွင် တွေးတော ခြင်းမ ရှိဘဲယုံကြည် သောစိတ်နှင့် တောင်း ရမည်။ တွေးတော ခြင်းရှိသော သူ သည် ကား ၊ လေ ခတ် ၍ လှုပ်ရှားတတ်သော လှိုင်း တံပိုးနှင့်တူ ၏။
But let him ask in faith, nothing doubting: for he that doubteth is like the surge of the sea driven by the wind and tossed.
7 ၇ ထိုသို့သောသူ သည် စိတ် နှစ်ခွရှိသောသူ၊ ပြု လေသမျှ တို့၌ မ တည်ကြည်သောသူဖြစ်၍၊
For let not that man think that he shall receive anything of the Lord;
8 ၈ ထာဝရ ဘုရား၏ လက်တော်မှ တစ်စုံတစ်ခု ကို ရ မည်ဟုမ ထင် မမှတ်စေနှင့်။
a doubleminded man, unstable in all his ways.
9 ၉ အောက်လျှိုး နှိမ့်ချသော ညီအစ်ကို သည်မိမိ ချီးမြှောက် ခြင်းအရာ၌ ဝါကြွား ဝမ်းမြောက်စေ။
But let the brother of low degree glory in his high estate:
10 ၁၀ ငွေရတတ် သော ညီအစ်ကိုသည် မိမိ နှိမ့်ချ ဆင်းရဲခြင်းအရာ၌ ဝါကြွားဝမ်းမြောက်စေ။ အကြောင်းမူကား ၊ သူသည်မြက် ပွင့် ကဲ့သို့ ဖောက်ပြန် ခြင်းသဘောရှိ၏။
and the rich, in that he is made low: because as the flower of the grass he shall pass away.
11 ၁၁ နေ သည်ပူ သော အရှိန်နှင့် ထွက် သောအခါ ၊ မြက်ပင် သည် သွေ့ခြောက် ခြင်းသို့ရောက်၍ အပွင့် လည်း ကြွေ တတ်၏။ တင့်တယ် သော အသွေးအဆင်း လည်း ပျောက်ပျက် တတ်၏။ ထိုနည်းတူ ၊ ငွေရတတ် သောသူ သည် မိမိ အမှုအရာတို့၌ ညှိုးနွမ်း ပျောက်ပျက်ခြင်းသို့ရောက်တတ်၏။
For the sun ariseth with the scorching wind, and withereth the grass; and the flower thereof falleth, and the grace of the fashion of it perisheth: so also shall the rich man fade away in his goings.
12 ၁၂ စုံစမ်းနှောင့်ရှက်ခြင်း ကို သည်းခံ သောသူ သည် မင်္ဂလာ ရှိ၏။ အကြောင်းမူကား ၊ စစ်ကြော စုံစမ်းခြင်းကို ခံ ပြီးမှသခင် ဘုရားကို ချစ် သော သူ တို့အား ဂတိ ထားတော်မူသောအသက် သရဖူ ကို ရ လိမ့်မည်။
Blessed is the man that endureth temptation: for when he hath been approved, he shall receive the crown of life, which [the Lord] promised to them that love him.
13 ၁၃ အပြစ် သွေးဆောင်ခြင်းကို ခံရသောသူ မည်သည်ကား၊ ဘုရားသခင် သည် ငါ့ကိုသွေးဆောင် တော်မူသည်ဟု မ ပြော စေနှင့်။ မ ကောင်းသောအရာသည် ဘုရားသခင် ကိုမ သွေးဆောင်နိုင် ရာ။ ကိုယ်တော်သည်လည်း အဘယ်သူ ကိုမျှ အပြစ်သို့ သွေးဆောင် တော်မမူ။
Let no man say when he is tempted, I am tempted of God: for God cannot be tempted with evil, and he himself tempteth no man:
14 ၁၄ မိမိ တပ်မက်သောစိတ် ဆွဲငင် ဖြားယောင်း ခြင်းကို ခံသောသူ မည်သည်ကား ၊ အပြစ်သွေးဆောင် ခြင်းသို့ ရောက်တတ်၏။
but each man is tempted, when he is drawn away by his own lust, and enticed.
15 ၁၅ တပ်မက်သောစိတ် သည် ပဋိသန္ဓေ ယူ၍ဒုစရိုက် သည်လည်း ပြည့်စုံ လျှင်သေ ခြင်းကို ဘွား တတ်၏။
Then the lust, when it hath conceived, beareth sin: and the sin, when it is fullgrown, bringeth forth death.
16 ၁၆ ငါ ချစ် သောညီအစ်ကို တို့၊ အလွဲ မ ယူကြနှင့်။ ကောင်းမြတ် စုံလင် သော ဆု ကျေးဇူး ရှိသမျှ တို့သည် အလင်း တို့၏ အဘ ထံ တော်က သက်ရောက် သည်ဖြစ်၍၊ အထက် အရပ်မှ လာ ကြ၏။
Be not deceived, my beloved brethren.
17 ၁၇ ထိုအဘ သည် ရွေ့လျော့ တိမ်းယိမ်းခြင်းမ ရှိ ၊ ပြောင်းလဲ ခြင်းအရိပ် နှင့် ကင်းလွတ်တော်မူ၏။
Every good gift and every perfect boon is from above, coming down from the Father of lights, with whom can be no variation, neither shadow that is cast by turning.
18 ၁၈ နိမ္မိတ သတ္တဝါတို့တွင် ငါ တို့သည် အဦး သီးသောအသီးကဲ့သို့ ဖြစ် စေခြင်းငှာ၊ သမ္မာတရား စကား အားဖြင့်မိမိ အလို တော်အတိုင်း ငါ တို့ကို ဖြစ် ဘွား စေတော်မူ၏။
Of his own will he brought us forth by the word of truth, that we should be a kind of firstfruits of his creatures.
19 ၁၉ သို့ဖြစ်၍၊ ငါ ချစ် သော ညီအစ်ကို တို့၊ ခပ်သိမ်း သောသူ တို့သည် နားကြား ခြင်းငှာ လျင်မြန် ကြစေ။ စကား ပြောခြင်းငှာ ၎င်း ၊ အမျက်ထွက် ခြင်းငှာ ၎င်း နှေး ကြစေ။
Ye know [this], my beloved brethren. But let every man be swift to hear, slow to speak, slow to wrath:
20 ၂၀ လူ ၏ဒေါသအမျက် သည် ဘုရားသခင် ၏ ဖြောင့်မတ် ခြင်းတရားကို မ ပြုစု တတ်။
for the wrath of man worketh not the righteousness of God.
21 ၂၁ ထိုကြောင့် ၊ ခပ်သိမ်း သောညစ်ညူး ခြင်း၊ မနာလို သောစိတ်လွန်ကျူးခြင်းကို ပယ်ရှား ၍ ၊ သင် တို့စိတ် ဝိညာဉ်ကို ကယ်တင် နိုင် သော၊ အထဲ ၌ စိုက်ပျိုး သောနှုတ်ကပတ် တရားကို နူးညံ့ သိမ်မွေ့သော စိတ်နှင့် ခံယူ ကြ လော့။
Wherefore putting away all filthiness and overflowing of wickedness, receive with meekness the implanted word, which is able to save your souls.
22 ၂၂ ကိုယ်ကိုကိုယ် လှည့်ဖြား ၍ ၊ နှုတ်ကပတ် တရားကို နာ ရုံမျှသာ ပြုသောသူမ ဟုတ်၊ တရားကိုကျင့်သောသူ ဖြစ် ကြလော့။
But be ye doers of the word, and not hearers only, deluding your own selves.
23 ၂၃ တရား ကိုမ ကျင့် ဘဲနာ ရုံမျှသာပြုသောသူ မည်သည်ကား၊ မှန် ၌ မိမိ ပကတိ မျက်နှာ ကို ကြည့် သော သူ နှင့်တူ ၏။
For if any one is a hearer of the word, and not a doer, he is like unto a man beholding his natural face in a mirror:
24 ၂၄ အကြောင်းမူကား ၊ ကိုယ်ကိုကိုယ် ကြည့် ပြီးမှ၊ အခြားသို့သွား ၍ မိမိအဆင်းသဏ္ဌာန် ကို ချက်ခြင်း မေ့လျော့ တတ်၏။
for he beholdeth himself, and goeth away, and straightway forgetteth what manner of man he was.
25 ၂၅ လွှတ် ခြင်းနှင့် စပ်ဆိုင် ၍စုံလင် သောတရား ၌ စေ့စေ့ကြည့်ရှု ၍ တည်ကြည်သောသူမူကား၊ တရားနာ ၍ မေ့လျော့ သောသူမ ဟုတ်၊ အကျင့် ကျင့် သောသူဖြစ် သဖြင့်၊ မိမိ ကျင့် သောအကျင့်၌ မင်္ဂလာ ရှိသောသူ ဖြစ် ၏။
But he that looketh into the perfect law, the [law] of liberty, and [so] continueth, being not a hearer that forgetteth, but a doer that worketh, this man shall be blessed in his doing.
26 ၂၆ သင်တို့တွင် အကြင်သူ သည် သီလ ဆောက်တည်ဟန် ပြု သော်လည်း၊ မိမိ နှုတ် ကို မ ချုပ်တည်း ၊ မိမိ နှလုံး ကို လှည့်ဖြား ၏။ ထိုသူ ၏ သီလ သည် အချည်းနှီး သက်သက်ဖြစ်၏။
If any man thinketh himself to be religious, while he bridleth not his tongue but deceiveth his heart, this man’s religion is vain.
27 ၂၇ ခမည်းတော် ဘုရားသခင့် ရှေ့ ၌ စင်ကြယ်သန့်ရှင်း သော သီလ ဟူမူကား ၊ မိဘမရှိ သောသူငယ်တို့နှင့် မုဆိုးမ တို့သည် ဆင်းရဲ ခံရသောအခါ၊ သူ တို့ကို ကြည့်ရှု ပြုစုခြင်း၊ ကိုယ်တိုင် လည်းလောကီ အညစ်အကြေး နှင့် ကင်းစင် အံ့သောငှာစောင့်ရှောက် ခြင်းပေတည်း။
Pure religion and undefiled before our God and Father is this, to visit the fatherless and widows in their affliction, [and] to keep himself unspotted from the world.