< ယာကုပ် 5 >

1 အချင်းသူဌေး၊ သူကြွယ်တို့ ၊ ယခု လာ ကြ၊ သင် တို့အပေါ် ၌ရောက် လတံ့သော ဆင်းရဲဒုက္ခဝေဒနာ ကြောင့် ငိုကြွေး အော်ဟစ် ကြ။
Go now, ye rich, weep, howling for your miseries that are approaching.
2 သင် တို့ဥစ္စာပစ္စည်း သည် ပုပ်စပ် လျက်ရှိ၏။ အဝတ် ကိုလည်း ပိုးကိုက်စား လေပြီ။
Your wealth has decayed, and your garments have become moth-eaten.
3 ရွှေ ငွေ လည်း အချေး တက်၍ ပျက်ကုန်ပြီ။ ထိုအချေး သည် သင် တို့တစ်ဘက်၌ သက်သေ ဖြစ်၍၊ မီး ကဲ့သို့ သင် တို့အသား ကိုစား လိမ့်မည်။ နောက်ဆုံး သောနေ့ရက် ကာလအဘို့ ဘဏ္ဍာ ကို ဆည်းဖူးကြပြီတကား၊
Your gold and your silver have cankered, and their corrosion will be testimony against you, and will eat your flesh like fire. Ye have hoarded in the last days.
4 နားထောင်ကြ၊ သင် တို့လယ်ကွက် ၌ ရိတ် သောသူ တို့ကို လှည့်စား ၍၊ အခ မပေးဘဲနေသောကြောင့်၊ ထိုအခ သည် ကြွေးကြော် လေ၏။ ရိတ် သောသူ တို့၏ အော်ဟစ် ခြင်းအသံသည်လည်း ၊ ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရ ဘုရား၏ နား တော်ထဲသို့ ဝင် လေပြီ။
Behold the wage of the workmen who reaped your fields. The man who was defrauded by you cries out. And the outcries of those who reaped have entered into the ears of the Lord of hosts.
5 သင်တို့သည်မြေကြီး ပေါ်မှာ ကာမဂုဏ် ခံစား၍ အလွန်ပျော်မွေ့ ကြပြီ။ သတ် ရသောနေ့ ၌ ကဲ့သို့၊ မိမိ တို့ နှလုံး ကို မွေးမြူ ကြပြီ။
Ye have lived in luxury on the earth, and were self-indulgent. Ye have nourished your hearts as in a day of slaughter.
6 ဖြောင့်မတ် သောသူ ကို အပြစ်စီရင် ၍ ကွပ်မျက် ကြပြီ။ သူသည်လည်း သင် တို့ကို မ ဆီးတား ။
Ye have condemned, ye have murdered the righteous man. He is not hostile to you.
7 ထိုကြောင့် ၊ ညီအစ်ကို တို့၊ သခင် ဘုရားကြွလာ တော်မူသည်တိုင်အောင် သည်းခံ လျက် စောင့် နေကြ လော့။ အကယ်၍လယ် လုပ်သော သူသည်အရင် မိုဃ်း၊ နောက် မိုဃ်းကိုရ သည်တိုင်အောင် ၊ အဘိုး ထိုက်သော မြေ အသီး ကို သည်းခံ လျက် စောင့် နေ၍ မြော်လင့် တတ်၏။
Be patient therefore, brothers, until the coming of the Lord. Behold, the farmer waits for the precious fruit of the earth, being patient for it, until it receives the early and latter rain.
8 သင် တို့သည်လည်း သည်းခံ လျက်စောင့် နေကြလော့။ ကိုယ် စိတ် နှလုံး ကိုမြဲမြံ စေကြလော့။ သခင် ဘုရား ကြွလာ တော်မူသောအချိန်ရောက် လုနီးပြီ။
Be ye also patient. Establish your hearts, because the coming of the Lord has approached.
9 ညီအစ်ကို တို့၊ စစ်ကြော စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ အချင်းချင်း ငြင်းခုံ ပြစ်တင်ခြင်း ကို မ ပြုကြနှင့်။ တရား စီရင် ပိုင်သောသူ သည် တံခါး နား မှာ ရှိ တော်မူ၏။
Do not grumble, brothers, against each other, so that ye not be judged. Behold, the judge stands before the doors.
10 ၁၀ ငါ့ညီအစ်ကို တို့၊ ထာဝရ ဘုရား၏ နာမ တော်ကို အမှီပြု ၍ ဟောပြော သော ပရောဖက် တို့သည် ဆင်းရဲ ဒုက္ခတွေ့ခြင်း၊ သည်းခံ ခြင်း၏ ပုံ သက်သေကို ပြ ကြပြီဟုမှတ်ကြလော့။
Take an example, my brothers, of evil-suffering and longsuffering, the prophets who spoke in the name of the Lord.
11 ၁၁ သည်းခံ နိုင်သောသူ တို့သည် မင်္ဂလာ ရှိသောသူဟူ၍ငါတို့သည် ခေါ်ကြ၏။ ယောဘ သည် သည်းခံ ကြောင်းကို သင်တို့ကြား ရကြပြီ။ ထာဝရ ဘုရားသည် မိမိအမှုကို လက်စသတ် တော်မူရာမှာ အလွန် သနား စုံမက် တော်မူကြောင်းကိုလည်း သိမြင် ရ ကြပြီ။
Behold, we regard those who endured, blessed. Ye have heard of the fortitude of Job, and have seen the outcome of the Lord, that he is very compassionate and merciful.
12 ၁၂ ငါ့ ညီအစ်ကို တို့၊ ခပ်သိမ်း သောအမှုအရာတို့တွင် ကျိန်ဆို ခြင်းကိုသာ၍ရှောင် ကြလော့။ ကောင်းကင် ဘုံကို တိုင်တည် ၍ မ ကျိန်ကြနှင့်။ မြေကြီး ကိုတိုင်တည်၍ မ ကျိန်ကြနှင့်။ ထိုမှတပါး ၊ အဘယ် အကျိန်အားဖြင့်မျှ မ ကျိန်ကြနှင့်။ အပြစ် စီရင်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ၊ သင် တို့စကားမှာ ၊ ဟုတ် သည်ကို အဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေကြလော့။
But above all things, my brothers, swear not. Neither by the heaven, nor the earth, nor any other oath, but let your yes be yes, and the no, no, so that ye may not fall into hypocrisy.
13 ၁၃ သင် တို့တွင် ဆင်းရဲ ခံရသောသူ ရှိလျှင် ဆုတောင်း စေ။ ရွှင်လန်း သောသူ ရှိလျှင် ဆာလံသီချင်း ကိုဆို စေ။
Is any man among you afflicted? Let him pray. Is any cheerful? Let him sing praise.
14 ၁၄ နာ သောသူ ရှိလျှင်၊ သင်းအုပ် ကိုခေါ် ၍ သူတို့ သည် သခင် ဘုရား၏ နာမ တော်ကို အမှီပြု လျက်၊ လူနာ ကိုဆီ နှင့်လူး ၍ သူ့ အပေါ်မှာ ဆုတောင်း ကြစေ။
Is any man weak among you? Let him summon the elders of the congregation, and let them pray near him, having anointed him with olive oil in the name of the Lord.
15 ၁၅ ထိုသို့ပြုလျှင်၊ ယုံကြည် ခြင်း၏ပဌနာ သည် လူနာ ကို ကယ်ဆယ် ၍ ၊ သခင် ဘုရားသည် သူ့ ကိုထမြောက် စေတော်မူမည်။ သူ သည်အပြစ် ပြု မိ သော်လည်း ထိုအပြစ် ကို လွှတ်တော်မူမည်။
And the prayer of faith will rescue him who is depressed, and the Lord will rouse him. And if he should be a man who has committed sins, they will be forgiven him.
16 ၁၆ အချင်းချင်း တစ်ယောက်နှင့်တစ်ယောက် ၊ ကိုယ်အပြစ် ကို ဖော်ပြ တောင်းပန်ကြလော့။ ချမ်းသာ ရမည် အကြောင်း ၊ အချင်းချင်းတို့အဘို့ ဆုတောင်း ကြလော့။ သူတော်ကောင်း ဆုတောင်း ၍ အရှိန် ကြီးသောပဌနာ သည် အလွန် တန်ခိုး ပါ၏။
Confess ye the trespasses to each other, and pray for each other so that ye may be healed. A working supplication of a righteous man is very powerful.
17 ၁၇ ဧလိယ သည် ငါ တို့ကဲ့သို့လောကဓံ တရား၌ ကျင်လည်သောသူ ဖြစ် သော်လည်း ၊ မိုဃ်း မ ရွာမည် အကြောင်း အထူးသဖြင့်ဆုတောင်းသောအခါ၊ သုံး နှစ် နှင့် ခြောက် လ ပတ်လုံးမြေ ပေါ်သို့ မိုဃ်း မ ရွာဘဲနေ၏။
Elijah was a man of the same nature as we. And by prayer, he asked for it not to rain, and it did not rain on the earth for three years and six months.
18 ၁၈ တဖန် ဆုတောင်း သောအခါ ၊ မိုဃ်းကောင်းကင် သည် မိုဃ်းရွာ စေ၏။ မြေကြီး သည်လည်း မိမိ အသီး ကိုသီး လေ၏။
And he prayed again, and the heaven gave rain, and the earth produced its fruit.
19 ၁၉ ညီအစ်ကို တို့၊ သင် တို့တွင် တစ်စုံတစ်ယောက် သောသူသည် သမ္မာတရား လမ်းမှ လွဲ သွား၍ သူတစ်ပါး သည် ထိုသူ ကို ပြန် စေလျှင်မူကား ၊
Brothers, if any man among you may be led astray from the truth, and some man converts him,
20 ၂၀ အပြစ် ရှိသောသူကို မှားယွင်း သောလမ်း မှ ပြန် စေသောသူ သည်၊ ဝိညာဉ် ကို သေ ခြင်းမှ ကယ်တင် ၍ များစွာ သောအပြစ် တို့ကို ဖုံးအုပ် တတ် သည်ဟု ထိုသူသည် သိမှတ် စေ။
let him know that he who converts a sinful man from his wandering way, will save a soul from death, and will hide a multitude of sins.

< ယာကုပ် 5 >