< ယာကုပ် 4 >
1 ၁ သင် တို့တွင် စစ်တိုက် ခြင်း၊ ရန်တွေ့ခြင်း သည် အဘယ် အကြောင်းကြောင့်ဖြစ် သနည်း။ သင် တို့အင်္ဂါ များ၌ စစ် ပြိုင်သော ကိလေသာ ကာမစိတ် ကြောင့် ဖြစ်သည်မ ဟုတ်လော။
၁သင်တို့တွင် စစ်တိုက်ခြင်း၊ ရန်တွေ့ခြင်းသည် အဘယ်အကြောင်းကြောင့်ဖြစ်သနည်း။ သင်တို့အင်္ဂါ များ၌ စစ်ပြိုင်သော ကိလေသာ ကာမစိတ်ကြောင့် ဖြစ်သည်မဟုတ်လော။
2 ၂ သင် တို့သည် တပ်မက် ၍ မ ရ ကြ။ လူအသက်ကို သတ် ၍ ၎င်း၊ အလွန်လိုချင်သောလောဘစိတ် ရှိ၍၎င်း၊ အလို မ ပြည့်စုံနိုင် ကြ။ ရန်တွေ့ ခြင်း၊ စစ်တိုက် ခြင်းကိုလည်း ပြု၍မ ရကြ ။ အကြောင်းမူကား ၊ ဆုမ တောင်း ဘဲ နေကြ၏။
၂သင်တို့သည် တပ်မက်၍မရကြ။ လူအသက်ကို သတ်၍၎င်း၊ အလွန်လိုချင်သောလောဘစိတ်ရှိ၍၎င်း၊ အလိုမပြည့်စုံနိုင်ကြ။ ရန်တွေ့ခြင်း၊ စစ်တိုက်ခြင်းကိုလည်း ပြု၍မရကြ။ အကြောင်းမူကား၊ ဆုမတောင်းဘဲ နေကြ၏။
3 ၃ ဆုတောင်း လျှင်လည်း ကာမဂုဏ် ခံစားစရာတို့ရှိစေခြင်းငှာ ၊ အလွဲ တောင်း သောကြောင့် မ ရ ကြ။
၃ဆုတောင်းလျှင်လည်း ကာမဂုဏ်ခံစားစရာတို့ရှိစေခြင်းငှါ၊ အလွဲတောင်းသောကြောင့်မရကြ။
4 ၄ မတရား သောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီ မိဿဟာယ သည် ဘုရားသခင် နှင့် ဆန့်ကျင်ဘက် ဖြစ် သည်ကို မ သိ ကြသလော။ ဤလောက နှင့် မိသ္သဟာယ ဖွဲ့လို သောသူ သည် ဘုရားသခင် ၏ ရန်သူ ဖြစ် ၏။
၄မတရားသောမေထုန်၌မှီဝဲသော ယောက်ျားမိန်းမတို့၊ လောကီမိဿဟာယသည် ဘုရားသခင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော။ ဤလောကနှင့် မိဿဟာယဖွဲ့လိုသောသူသည် ဘုရားသခင်၏ ရန်သူဖြစ်၏။
5 ၅ ကျမ်းစာ ချက် အချည်းနှီး သက်သက်ဖြစ်သည်ဟူ၍၎င်း ၊ ငါ တို့၌ တည်နေ သော ဝိညာဉ် တော်သည် ငြူစူ စေချင်သော သဘော ရှိသည်ဟူ၍၎င်း၊ ထင် ကြသလော။
၅ကျမ်းစာချက် အချည်းနှီးသက်သက်ဖြစ်သည်ဟူ၍၎င်း၊ ငါတို့၌ တည်နေသော ဝိညာဉ်တော်သည် ငြူစူစေချင်သော သဘောရှိသည်ဟူ၍၎င်း၊ ထင်ကြသလော။
6 ၆ ထိုဝိညာဉ်တော်သည် သာ၍ များသောကျေးဇူး ကိုပြု တော်မူ၏။ ထိုသို့ နှင့်အညီကျမ်းစာလာ သည်ကား၊ ထောင်လွှား စော်ကားသောသူတို့ကို ဘုရားသခင် ဆီးတား တော်မူ၏။ စိတ် နှိမ့်ချသော သူတို့အား ကျေးဇူး ပြု တော်မူ၏ဟုလာသတည်း။
၆ထိုဝိညာဉ်တော်သည် သာ၍များသော ကျေးဇူးကိုပြုတော်မူ၏။ ထိုသို့နှင့်အညီ ကျမ်းစာလာ သည်ကား၊ ထောင်လွှားစော်ကားသောသူတို့ကို ဘုရားသခင် ဆီးတားတော်မူ၏။ စိတ်နှိမ့်ချသော သူတို့အား ကျေးဇူးပြုတော်မူ၏ဟုလာသတည်း။
7 ၇ ထိုကြောင့် ၊ ဘုရားသခင် ၏အလိုတော်သို့ လိုက် ကြလော့။ မာရ်နတ် ကို ဆီးတား ကြလော့။ သို့ပြုလျှင် ၊ သူသည် သင် တို့ထံက ပြေးသွား လိမ့်မည်။
၇ထိုကြောင့်၊ ဘုရားသခင်၏အလိုတော်သို့ လိုက်ကြလော့။ မာရ်နတ်ကို ဆီးတားကြလော့။ သို့ပြုလျှင်၊ သူသည် သင်တို့ထံက ပြေးသွားလိမ့်မည်။
8 ၈ ဘုရားသခင် ၌ချဉ်းကပ် ကြလော့။ သို့ပြုလျှင် ၊ သင် တို့၌ချဉ်းကပ် တော်မူလိမ့်မည်။ အပြစ် ရှိသောသူတို့၊ သင်တို့လက် ကို စင်ကြယ် စေကြလော့။ စိတ် နှစ်ခွရှိသောသူတို့၊ သင်တို့စိတ် နှလုံးကို သန့်ရှင်း စေကြလော့။
၈ဘုရားသခင်၌ချဉ်းကပ်ကြလော့။ သို့ပြုလျှင်၊ သင်တို့၌ချဉ်းကပ်တော်မူလိမ့်မည်။ အပြစ်ရှိသောသူတို့၊ သင်တို့လက်ကို စင်ကြယ်စေကြလော့။ စိတ်နှစ်ခွရှိသာသူတို့၊ သင်တို့စိတ်နှလုံးကို သန့်ရှင်းစေကြလော့။
9 ၉ ဆင်းရဲ ငြိုငြင်ခြင်း၊ စိတ်မသာ ညည်းတွားခြင်း၊ ငိုကြွေး မြည်တမ်းခြင်းရှိကြလော့။ သင် တို့ရယ် ခြင်းကို စိတ်မသာညည်းတွား ခြင်း၊ ဖြစ် စေကြလော့။ ဝမ်းမြောက် ခြင်းကိုလည်း ဝမ်းနည်း ခြင်းဖြစ်စေကြလော့။
၉ဆင်းရဲငြိုငြင်ခြင်း၊ စိတ်မသာညည်းတွားခြင်း၊ ငိုကြွေးမြည်တမ်းခြင်းရှိကြလော့။ သင်တို့ရယ်ခြင်းကို စိတ်မသာညည်းတွားခြင်း၊ ဖြစ်စေကြလော့။ ဝမ်းမြောက်ခြင်းကိုလည်း ဝမ်းနည်းခြင်းဖြစ်စေကြလော့။
10 ၁၀ ဘုရားသခင့် ရှေ့ တော်၌ ကိုယ်ကိုကိုယ်နှိမ့်ချ ကြလော့။ သို့ပြုလျှင် ၊ သင် တို့ကို ချီးမြှောက် တော်မူလိမ့်မည်။
၁၀ဘုရားသခင့်ရှေ့တော်၌ ကိုယ်ကိုကိုယ် နှိမ့်ချကြလော့။ သို့ပြုလျှင်၊ သင်တို့ကို ချီးမြှောက်တော် မူလိမ့်မည်။
11 ၁၁ ညီအစ်ကို တို့၊ အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကဲ့ရဲ့ ခြင်းကိုမ ပြုကြနှင့်။ ညီအစ်ကို ချင်းကို ကဲ့ရဲ့ ၍ ၊ သူ ၌အပြစ်ရှိသည်ဟု စီရင် သောသူ သည် တရား ကို ကဲ့ရဲ့ ၏။ တရား ၌အပြစ်ရှိသည်ဟုစီရင် ၏။ ထိုသို့ ပြုလျှင် ၊ သင်သည်တရား ကို ကျင့် သောသူမ ဟုတ်၊ တရား ကို စစ်ကြော စီရင်သောသူဖြစ် ၏။
၁၁ညီအစ်ကိုတို့၊ အချင်းချင်းတယောက်ကိုတယောက် ကဲ့ရဲ့ခြင်းကိုမပြုကြနှင့်။ ညီအစ်ကိုချင်းကို ကဲ့ရဲ့၍၊ သူ၌အပြစ်ရှိသည်ဟု စီရင်သောသူသည် တရားကို ကဲ့ရဲ့၏။ တရား၌အပြစ်ရှိသည်ဟုစီရင်၏။ ထိုသို့ပြုလျှင်၊ သင်သည်တရားကို ကျင့်သောသူမဟုတ်၊ တရားကို စစ်ကြောစီရင်သောသူဖြစ်၏။
12 ၁၂ ပညတ် တရားကို ထားပိုင်သောသူ၊ စစ်ကြော စီရင်ပိုင်သောသူ တစ်ပါးတည်း ရှိ တော်မူ၏။ ထိုသူ သည် ကယ်တင် ခြင်းငှာ၎င်း ၊ ဖျက်ဆီး ခြင်းငှာ၎င်း၊ တတ်နိုင် တော်မူ၏။ သူ တစ်ပါး ကိုစစ်ကြော စီရင်သောသင် သည်ကား အဘယ်သူ နည်း ။
၁၂ပညတ်တရားကို ထားပိုင်သောသူ၊ စစ်ကြောစီရင်ပိုင်သောသူ တပါးတည်းရှိတော်မူ၏။ ထိုသူသည် ကယ်တင်ခြင်းငှါ၎င်း၊ ဖျက်ဆီးခြင်းငှါ၎င်း၊ တတ်နိုင်တော်မူ၏။ သူတပါးကိုစစ်ကြောစီရင်သောသင်သည်ကား အဘယ်သူနည်း။
13 ၁၃ ယနေ့ နက်ဖြန် ဤမည်သော မြို့ သို့ သွား ကြကုန်အံ့။ ထိုမြို့ ၌ တနှစ် ပတ်လုံးနေ၍ ကုန်သွယ် သဖြင့် အမြတ်ရ အောင် ပြု ကြကုန်အံ့ဟု ဆို တတ်သောသူ တို့၊ နားထောင် ကြလော့။
၁၃ယနေ့ နက်ဖြန် ဤမည်သောမြို့သို့ သွားကြကုန်အံ့။ ထိုမြို့၌ တနှစ်ပတ်လုံးနေ၍ ကုန်သွယ်သဖြင့် အမြတ်ရအောင် ပြုကြကုန်အံ့ဟု ဆိုတတ်သောသူတို့၊ နားထောင်ကြလော့။
14 ၁၄ နက်ဖြန်နေ့ ၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မ သိ ကြ။ သင် တို့ အသက် သည် အဘယ်သို့ သောအရာ ဖြစ်သနည်း။ ခဏ ထင်ရှား ပြီးမှကွယ်ပျောက် တတ် သော အခိုးအငွေ့ ဖြစ် ၏။
၁၄နက်ဖြန်နေ့၌အဘယ်သို့ ဖြစ်မည်ကိုသင်တို့မသိကြ။ သင်တို့ အသက်သည် အဘယ်သို့သောအရာ ဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သော အခိုးအငွေ့ဖြစ်၏။
15 ၁၅ ထာဝရ ဘုရားသည် အလို တော်ရှိ၍ ၊ ငါ တို့သည်လည်း အသက် ရှင်လျှင် ၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ ပြု ကြ ကုန်အံ့ဟု သင်တို့ဆို သင့် ရာဖြစ်၏။
၁၅ထဝရဘုရားသည် အလိုတော်ရှိ၍၊ ငါတို့သည်လည်းအသက်ရှင်လျှင်၊ ဤသို့ပြုကြကုန်အံ့၊ ထိုသို့ပြုကြ ကုန်အံ့ဟု သင်တို့ဆိုသင့်ရာဖြစ်၏။
16 ၁၆ ယခု သင် တို့သည် မိမိထောင်လွှား ခြင်း၌ ဝါကြွား ကြသေး၏။ ထိုသို့သောဝါကြွား ခြင်းရှိသမျှ သည် မကောင်း မသင့်ဖြစ် ၏။
၁၆ယခုသင်တို့သည် မိမိထောင်လွှားခြင်း၌ ဝါကြွားကြသေး၏။ ထိုသို့သောဝါကြွားခြင်းရှိသမျှသည် မကောင်းမသင့်ဖြစ်၏။
17 ၁၇ ထိုကြောင့် ၊ ကောင်း သောအကျင့် ကို သိ လျက် မ ကျင့် ဘဲနေသော သူ သည်အပြစ် ရှိ ၏။
၁၇ထိုကြောင့်၊ ကောင်းသောအကျင့်ကို သိလျက် မကျင့်ဘဲနေသော သူသည်အပြစ်ရှိ၏။