< ယာကုပ် 2 >
1 ၁ ငါ့ ညီအစ်ကို တို့၊ ဘုန်းကြီး တော်မူသော ငါ တို့ သခင် ယေရှု ခရစ် ကို ယုံကြည် ခြင်းအမှုမှာ၊ လူမျက်နှာ ကို ထောက် ခြင်းမ ရှိ ကြနှင့်။
My brethren, do not hold the faith of our glorious Lord Jesus Christ with partial regard for persons.
2 ၂ ရွှေ လက်စွပ်နှင့် တင့်တယ် သော အဝတ်ကို ဝတ်ဆင် သောသူ ၊ ညစ် သောအဝတ်ကိုဝတ် ၍ ဆင်းရဲ သောသူနှစ်ဦးသည် သင် တို့၏ တရားစရပ် ထဲသို့ ဝင် သောအခါ ၊
For if there enter into your synagogue a man having gold rings on his fingers, and with splendid clothing, and there enter likewise a poor man, with sordid apparel;
3 ၃ တင့်တယ် သောအဝတ် ကို ဝတ်ဆင် သောသူ ကိုကြည့် ၍ ၊ ကောင်းမွန် သော ဤအရပ် မှာထိုင် ပါဟူ၍၎င်း ၊ ဆင်းရဲ သောသူ ကို၊ ဟိုမှာ နေ လော့၊ သို့မဟုတ် ဤအရပ်မှာ ငါ့ ခြေ တင်ခုံအောက် ၌ ထိုင် လော့ဟူ၍၎င်း၊ သင် တို့သည် ပြောဆို လျှင် ၊
and you look on him who has the splendid clothing, and say, Sit you here honorably; and to the poor man, Stand you there; or, Sit here at my footstool:
4 ၄ တစ်ဘက်၌ငဲ့ကွက်သောစိတ် ရှိ၍ မကောင်း သောအကြံအစည် နှင့် စီရင် သောသူ ဖြစ် ကြသည်မ ဟုတ်လော။
are you not, then, partial among yourselves, and have become judges who reason wickedly?
5 ၅ ငါ ချစ် သောညီအစ်ကို တို့၊ နားထောင် ကြလော့။ လောက တွင် ဆင်းရဲ သောသူ တို့သည် ယုံကြည် ခြင်းရတနာကို ရ တတ်စေခြင်းငှာ၎င်း ၊ ဘုရားသခင် ကို ချစ် သောသူ တို့အား ပေးမည်ဟုဝန်ခံ တော်မူသော နိုင်ငံ တော်၏အမွေခံ ဖြစ်စေခြင်းငှာ၎င်း၊ ထိုသူတို့ကို ရွေးကောက် တော်မူသည် မ ဟုတ်လော။
Hearken, beloved brethren: Has not God chosen the poor of the world--rich in faith, and heirs of the kingdom which he has promised to them who love him?
6 ၆ သင် တို့သည် ဆင်းရဲ သောသူ ကို မထီမဲ့မြင် ပြုကြသည်တကား ။ ငွေရတတ် သော သူ တို့သည် သင် တို့ကို ညှဉ်းဆဲ နှိပ်စက်ကြသည်မ ဟုတ်လော။ တရား ပလ္လင် ရှေ့သို့ ဆွဲငင် ကြသည်မဟုတ်လော။
Do not the rich exceedingly oppress you, and themselves drag you to the judgment seats?
7 ၇ သင် တို့ကို သမုတ် သော နာမ တော်မြတ် ကို သူ တို့သည်ကဲ့ရဲ့ ကြသည်မ ဟုတ်လော။
Do not they defame that excellent name which is named on you?
8 ၈ ကိုယ် နှင့်စပ်ဆိုင်သောသူကို ကိုယ် နှင့်အမျှ ချစ် လော့ဟု ကျမ်းစာ ၌ ပါသော ရွှေ ပညတ် တော်ကို သင်တို့သည် စောင့်ရှောက် လျှင် ၊ ကောင်း သောအကျင့်ကို ကျင့် ရာသို့ရောက်ကြ၏။
If, now, indeed, you fulfill a royal law, according to the scripture, "You shall love your neighbor as yourself," you do well.
9 ၉ သို့မဟုတ် လူမျက်နှာကိုထောက် လျှင် ၊ ဒုစရိုက် ကို ပြုသောသူ ဖြစ်ကြ၏။ တရားကို လွန်ကျူး သောသူဟု ပညတ် တော်အားဖြင့် ထင်ရှား စွာဖြစ်ကြ၏။
But if you have respect of persons, you commit sin, being convicted by the law of transgressors.
10 ၁၀ အဘယ်သို့ နည်းဟူမူကား၊ ပညတ် တရားအလုံးစုံ ကို စောင့်ရှောက် သည်တွင် တစ်စုံတစ်ခု၌ မှား မိလျှင် ၊ ပညတ် တရားကို လွန်ကျူးသောအပြစ် ရှိ ၏။
For whoever will keep the whole law, yet fails in one point, has become guilty of all.
11 ၁၁ သူ့ မယားကိုမ ပြစ်မှားနှင့်ဟု ပညတ် တော်မူသောသူ က၊ လူအသက်ကို မ သတ် နှင့်ဟု ပညတ် တော်မူသေး၏။ သို့ဖြစ်၍ သင်သည်သူ့ မယားကိုမ ပြစ်မှားဘဲနေသော်လည်း ၊ သူအသက်ကိုသတ် လျှင် ၊ ပညတ် တရားကို လွန်ကျူး သောသူဖြစ် ၏။
For he who said, "Do not commit adultery," has also said, "Do not kill." Now if you do not commit adultery, yet if you kill, you have become a transgressor of the law.
12 ၁၂ လွှတ် ခြင်းတရား အတိုင်း စီရင် ခြင်းကို ခံရ လတံ့ သောသူကဲ့သို့ ၊ စကား ပြောခြင်း၊ အမှုပြုခြင်းကို စီရင်ကြ လော့။
So speak, and so do, as those who shall be judged by a law of liberty;
13 ၁၃ ကရုဏာ မရှိသောသူ သည်၊ ကရုဏာ ကိုမ ရ ဘဲ၊ တရား စီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာ သည် တရား စီရင်ခြင်းကိုအောင်၍ ဝါကြွား တတ်၏။
for judgment without mercy, will be to him who showed no mercy: but mercy exults over judgment.
14 ၁၄ ငါ့ ညီအစ်ကို တို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည်ယုံကြည် ခြင်းရှိ ၏ဟုပြော လျက် ၊ အကျင့် ကို မ ကျင့် ဘဲနေ လျှင် အဘယ် အကျိုး ရှိသနည်း။ ထိုယုံကြည်ခြင်း သည် ထိုသူ ကို ကယ်တင် နိုင် သလော။
What is the advantage, my brethren, if any one say he have faith, but have not works? Can faith save him?
15 ၁၅ ညီအစ်ကို နှမ တို့သည် အဝတ် အချည်းစည်းရှိ၍၊ နေ့တိုင်း စားရ သောအစာ မရှိ သောအခါ ၊
For if a brother or a sister be naked, or destitute of daily food,
16 ၁၆ သင် တို့တွင် တစ်စုံတစ်ယောက် သောသူက၊ ငြိမ်ဝပ် စွာသွား ကြလော့။ နွေး ကြလော့။ ဝ ကြလော့ဟု ပြော လျက် ၊ သူ တို့ကိုယ် နှင့်တော်လျော် သော အသုံးအဆောင်ကို မ ပေး ဘဲနေလျှင် အဘယ် အကျိုး ရှိသနည်း။
and any one of you say to him, Depart in peace: be warmed, and be filled; yet give him none of the things needful for the body, what is the advantage?
17 ၁၇ ထိုနည်းတူ ၊ အကျင့် နှင့် ကင်း သော ယုံကြည် ခြင်းသည် တစ်ပါးတည်းရှိ သောကြောင့် အသေ ဖြစ်၏။
So, also, faith, if it have not works, is dead, being alone.
18 ၁၈ တနည်းကား၊ သင် သည်ယုံကြည် ခြင်းရှိ ၏။ ငါ သည်အကျင့် ရှိ ၏။ သို့ဖြစ်၍သင် သည်အကျင့် မ ရှိဘဲ သင် ၏ယုံကြည် ခြင်းကို ပြ လော့။ ငါ မူကား၊ အကျင့် အားဖြင့် ငါ ၏ယုံကြည် ခြင်းကို ပြ မည်ဟုပြော စရာရှိ၏။
Also, one may say, You have faith, and I have works: show me your faith without your works, and I will show you my faith by my works.
19 ၁၉ ဘုရားသခင် တစ်ဆူတည်း ရှိ သည်ဟု သင် သည်ယုံ ၏။ ကောင်း ပေ၏။ နတ်ဆိုး တို့သည် ယုံ ၍ ကြောက်ရွံ့တုန်လှုပ် ကြ၏။
You believe that there is one God; you do well: even the demons believe and tremble.
20 ၂၀ လျှပ်ပေါ် သောလူ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် သည်ကို သိ ချင် သလော။
Besides, would you know, O vain man, that faith, without works, is dead?
21 ၂၁ ငါ တို့အဘ အာဗြဟံ သည်၊ မိမိ သား ဣဇာက် ကို ယဇ်ပလ္လင် ပေါ်မှာ တင်လှူ ပူဇော်သောအခါ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
Was not Abraham, our father, justified by works, when he had lifted up Isaac, his son, upon the altar?
22 ၂၂ ယုံကြည် ခြင်းသည် အကျင့် နှင့်အတူ ပြုပြင် ၍၊ အကျင့် အားဖြင့် စုံလင် သည်ကိုသိမြင် ရ၏။
You see that his faith co-operated with his works, and by works his faith was perfected.
23 ၂၃ အာဗြဟံ သည် ဘုရားသခင် ကို ယုံကြည် သည်ဖြစ်၍ ၊ သူ ၏ ယုံကြည်ခြင်းကို ဖြောင့်မတ် ခြင်းကဲ့သို့ မှတ် တော်မူ၏ဟူသော ကျမ်း စကား ပြည့်စုံ လေ၏။ အာဗြဟံသည်လည်း ၊ ဘုရားသခင် ၏အဆွေ ဟူ၍ခေါ်ဝေါ် ခြင်းကိုခံရ၏။
And so that scripture was fulfilled, which says, "Abraham believed God, and it was counted to him for righteousness; and he was called the friend of God."
24 ၂၄ လူ သည်ယုံကြည် ခြင်းအားဖြင့် သာ ဖြောင့်မတ် ရာသို့ရောက်သည်မ ဟုတ်။ အကျင့် အားဖြင့် ရောက် သည်ကို သင်တို့သိမြင် ရကြ၏။
You see, that by works a man is justified, and not by faith only.
25 ၂၅ ထိုနည်းတူ ၊ ပြည်တန်ဆာ ရာခပ် သည်၊ တမန် တို့ကိုလက်ခံ ပြီးမှ အခြား သောလမ်း ဖြင့် လွှတ် လိုက်၍ ၊ အကျင့် အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်သည်မ ဟုတ်လော။
And in like manner, also, was not Rahab, the harlot, justified by works, having secretly received the messengers, and having sent them away by another road.
26 ၂၆ ဝိညာဉ် နှင့်ကင်း သောကိုယ် သည် အသေ ဖြစ် သကဲ့သို့ ၊ အကျင့် နှင့်ကင်း သော ယုံကြည် ခြင်းသည် အသေ ဖြစ် ၏။
For, as the body, without the spirit, is dead, so, also, faith, without works, is dead.