< ဟေရှာယ 9 >
1 ၁ သို့ သော်လည်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှမှောင်မိုက် နှင့်ကင်းလွတ် လိမ့်မည်။ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် ကို အထက် က ရှုတ်ချ တော်မူသော်လည်း ၊ နောက်တဖန်အိုင် နားရှောက်သော လမ်း ၊ ယော်ဒန် မြစ်တဘက် ၊ တပါးအမျိုးသား နေရာ ဂါလိလဲ ပြည်ကို ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူ၏။
Nevertheless, there will be no more gloom for those in distress. In the past He humbled the land of Zebulun and the land of Naphtali, but in the future He will honor the Way of the Sea, beyond the Jordan, Galilee of the nations:
2 ၂ မှောင်မိုက် ထဲမှာ သွားလာ သောလူ များတို့သည် ကြီး စွာသော အလင်း ကိုမြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင် ရှိနေ သောသူ တို့ ၌ အလင်း ပေါ်ထွန်း လျက်ရှိ၏။
The people walking in darkness have seen a great light; on those living in the land of the shadow of death, a light has dawned.
3 ၃ ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။
You have enlarged the nation and increased its joy. The people rejoice before You as they rejoice at harvest time, as men rejoice in dividing the plunder.
4 ၄ အကြောင်း မူကား၊ မိဒျန် လက်ထက် ၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူ တို့ထမ်း ရသောထမ်းဘိုး ၊ ကျော ၌ခံရသောတုတ် ကို၎င်း၊ ညှဉ်းဆဲ သောသူ၏ လှံတံ ကို၎င်းချိုး တော်မူပြီ။
For as in the day of Midian You have shattered the yoke of their burden, the bar across their shoulders, and the rod of their oppressor.
5 ၅ စစ်တိုက် သောသူရဲ၏ ခြေစွပ် နှင့် အသွေး လူး သော အဝတ် တန်ဆာရှိသမျှ တို့သည် မီးရှို့ ဘို့ မီးစာ ဖြစ် ရကြ လိမ့်မည်။
For every trampling boot of battle and every garment rolled in blood will be burned as fuel for the fire.
6 ၆ အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
For unto us a child is born, unto us a son is given, and the government will be upon His shoulders. And He will be called Wonderful Counselor, Mighty God, Everlasting Father, Prince of Peace.
7 ၇ ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။
Of the increase of His government and peace there will be no end. He will reign on the throne of David and over his kingdom, to establish and sustain it with justice and righteousness from that time and forevermore. The zeal of the LORD of Hosts will accomplish this.
8 ၈ ထာဝရ ဘုရားသည် ဗျာဒိတ် တော်ကို ယာကုပ် အမျိုးသို့ လွှတ် ၍ ၊ ဣသရေလ အမျိုးအပေါ် မှာ သက်ရောက် စေတော်မူ၏။
The Lord has sent a message against Jacob, and it has fallen upon Israel.
9 ၉ အုတ် ရိုးပြို သော်လည်း ၊ ဆစ် သောကျောက်နှင့် တည် ပြန်မည်။
All the people will know it— Ephraim and the dwellers of Samaria. With pride and arrogance of heart they will say:
10 ၁၀ သဖန်းပင် များကို ခုတ်လှဲ သော်လည်း ၊ သူတို့ အရာ၌ အာရဇ် ပင်များကို စိုက် ထားမည်ဟု မာန ကြီးမားထောင်လွှားသော ရှမာရိ မြို့သား မှစ၍ ဧဖရိမ် လူ အပေါင်း တို့သည် သိ ရကြလိမ့်မည်။
“The bricks have fallen, but we will rebuild with finished stone; the sycamores have been felled, but we will replace them with cedars.”
11 ၁၁ ထာဝရဘုရား သည်လည်း ၊ ထိုသူ တို့တဘက် ၌ ရေဇိန် မင်း၏ရန်သူ တို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊
The LORD has raised up the foes of Rezin against him and joined his enemies together.
12 ၁၂ ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
Aram from the east and Philistia from the west have devoured Israel with open mouths. Despite all this, His anger is not turned away; His hand is still upraised.
13 ၁၃ ဤလူ မျိုးသည် ဒဏ်ခတ် တော်မူသောသူထံ သို့ မ လှည့် မပြန်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို မ ရှာ မဖွေတတ်။
But the people did not return to Him who struck them; they did not seek the LORD of Hosts.
14 ၁၄ ထိုကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးမှ ဦးခေါင်း နှင့် အမြီး ကို၎င်း၊ စွန်ပလွံ လက်နှင့် ကိုင်း ပင်ကို၎င်းတနေ့ ခြင်းတွင် ခုတ် ဖြတ်တော်မူလိမ့်မည်။
So the LORD will cut off Israel’s head and tail, both palm branch and reed in a single day.
15 ၁၅ ဦးခေါင်း ကား၊ အသက် ကြီးသူနှင့် အသရေ ရှိသူ တည်း။ အမြီး ကား၊ မုသာ ကိုဟော ပြောသော ပရောဖက် တည်း။
The head is the elder and honorable man, and the tail is the prophet who teaches lies.
16 ၁၆ ဤ လူမျိုး ကို လမ်းပြ သောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြ ကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက် ကြလိမ့်မည်။
For those who guide this people mislead them, and those they mislead are swallowed up.
17 ၁၇ ထိုကြောင့် ၊ ထာဝရ ဘုရားသည် သူ တို့တွင် ရှိသောလူပျို တို့ကို အားရ တော်မ မူ။ မိဘ မရှိသောသူငယ် နှင့် မုတ်ဆိုးမ တို့ကို သနား တော်မ မူ။ ထိုသူ အပေါင်း တို့ သည် အဓမ္မ ပြုသောသူ၊ ဆိုးညစ် သောသူဖြစ်၍ ၊ မတရား သော စကားကိုပြော တတ်ကြ၏။ သို့ ဖြစ်၍၊ အမျက် တော် သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက် ရှိသေး ၏။
Therefore the Lord takes no pleasure in their young men; He has no compassion on their fatherless and widows. For every one of them is godless and wicked, and every mouth speaks folly. Despite all this, His anger is not turned away; His hand is still upraised.
18 ၁၈ အဓမ္မ သည် မီး ကဲ့သို့ လောင် တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်း စေမည်။ တောအုပ် ကို လည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုး နှင့်တကွလွင့် တက်ကြလိမ့်မည်။
For wickedness burns like a fire that consumes the thorns and briers and kindles the forest thickets which roll upward in billows of smoke.
19 ၁၉ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမျက် တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
By the wrath of the LORD of Hosts the land is scorched, and the people are fuel for the fire. No man even spares his brother.
20 ၂၀ လက်ျာ ဘက်၌ ခုတ် ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲ ဘက်၌ ကိုက် စားသော်လည်း မ ဝ ရ။ အိမ်နီးချင်းအသား ကို လူ တိုင်းကိုက်စား ရလိမ့်မည်။
They carve out what is on the right, but they are still hungry; they eat what is on the left, but they are still not satisfied. Each one devours the flesh of his own offspring.
21 ၂၁ မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
Manasseh devours Ephraim, and Ephraim Manasseh; together they turn against Judah. Despite all this, His anger is not turned away; His hand is still upraised.