< ဟေရှာယ 8 >
1 ၁ တဖန် ထာဝရဘုရား က၊ သင် သည်ကြီး သော ကျောက်သင်ပုန်း ကိုယူ ပြီးလျှင် ၊ အသော့လုယက် မြန်မြန်ဖျက်လော့ဟု ဆိုလိုသော၊ မဟေရရှာလလဟာရှဗတ် ဟူသောအက္ခရာစာလုံးကို လူ ဘာသာ အားဖြင့် ရေး ထားလော့ဟု ငါ့ အား မိန့် တော်မူ၏။
上主對我說:「你拿一塊大板,用通用的字體在上面寫:瑪赫爾、沙拉耳、哈市、巴次」
2 ၂ ထိုအခါ သက်သေ ခံစေခြင်းအလိုငှါ ၊ ယုံ လောက် သောသက်သေ၊ ယဇ်ပုရောဟိတ် ဥရိယ နှင့် ယေဗရခိ ၏ သား ဇာခိရိ တို့ကို ငါခေါ် ထား၏။
我就叫了兩個忠直的證人,即司祭烏黎雅和耶貝勒基雅的兒子則加黎雅,為我作證。
3 ၃ ထိုနောက် မှငါသည် ပရောဖက် ကတော်ကို ချဉ်း သဖြင့် ၊ သူသည် ပဋိသန္ဓေ စွဲယူ၍ သား ယောက်ျားကို ဘွားမြင် လေ၏။ ထာဝရဘုရား ကလည်း ၊ ထိုသားကို မဟေရရှာလလဟာရှဗတ် ဟူသောအမည် ဖြင့်မှည့် လော့။
我接近了女先知,她便懷孕,生了一個兒子;上主對我說:「你給他起名叫瑪赫爾沙拉耳哈市巴次,
4 ၄ အကြောင်း မူကား၊ ထိုသူငယ် သည် အမိ အဘ ဟုမ ခေါ် တတ်မှီ၊ ဒမာသက် မြို့၏ စည်းစိမ် ၊ ရှမာရိ မြို့၌ လုယက် သောဥစ္စာကို အာရှုရိ ရှင်ဘုရင် သည် သိမ်း သွား လိမ့်မည်ဟု မိန့် တော်မူ၏။
因為在這孩子會喊「爸爸」「媽媽」以前,大馬士革的財富和撒瑪黎雅的贓物必要運到亞述王前。」
6 ၆ တဖန် ထာဝရဘုရား က၊ ဤ လူမျိုး သည် ဖြည်းညှင်း စွာ စီး သော ရှိလောင် ချောင်း ကို ငြင်းပယ် ၍၊ရေဇိန် နှင့် ရေမလိ သား တို့၌ ဝမ်းမြောက် ကြသောကြောင့်၊
因為這民族厭棄了緩緩徐流的史羅亞水,因而在勒斤和勒瑪里雅之子面前驚慌;
7 ၇ ထာဝရ ဘုရားသည် အလုံးအရင်းပါသောအာရှုရိ ရှင်ဘုရင် တည်းဟူသော၊ ခွန်အားဗလကြီး ၍များ သော မြစ် ရေ နှင့်သူ တို့ကို လွှမ်းမိုးစေတော်မူသဖြင့် ၊ ထိုမြစ် သည် မိမိ ချောင်း များကို လွှမ်း ၍ ၊ မိမိကမ်း များကို လျှံ လျက်၊
為此,看,吾主必使洶湧澎湃的河水--即亞述王和他所有的軍隊--上來淹沒他們;他必將瀉出一切河道,溢出一切河岸,
8 ၈ ယုဒ ပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်း တိုင်အောင် မှီ လိမ့်မည်။ သူ ၏ အတောင် တို့ကိုလည်း ဖြန့် သဖြင့်၊ ကိုယ်တော် ၏မြေ တပြင်လုံး ကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလ ဟု မိန့် တော်မူ၏။
直沖入猶大,漲溢氾濫,高達人的頸項。厄瑪奴耳啊!他展開的兩翼,將掩蓋你廣闊的疆土!
9 ၉ အချင်းလူ များတို့၊ သင်းဖွဲ့၍မှိုင်တွေ ကြလော့။ ဝေး သောပြည် သားအပေါင်း တို့၊ နားထောင် ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြလော့။ ခါးစည်း ၍ မှိုင်တွေ ကြ လော့။
眾民啊!覺悟罷!你們終必喪膽! 遠方的一切民族啊!聆聽罷 !任憑你們怎樣束腰,終必喪膽!任憑你們怎樣束腰,終必喪膽。
10 ၁၀ တိုင်ပင်ကြလော့။ သင်တို့အကြံ သည် ပျက် လိမ့်မည်။ စီရင် ကြလော့။ စီရင်သည်အတိုင်း မ တည် ရ။ အကြောင်း မူကား၊ ဘုရား သခင်သည် ငါ တို့ဘက် ၌ ရှိတော်မူ၏။
你們雖然策劃,必然落空;你們雖然說定,決不能實現,因為天主與我們同在。
11 ၁၁ ဤ လူမျိုး ၏ ဘာသာ ဓလေ့အတိုင်း ၊ ငါမကျင့် ရမည် အကြောင်း ၊ ထာဝရဘုရား သည် တန်ခိုး ပြလျက်၊ ငါ့ ကို သွန်သင် ၍မိန့် တော်မူသည်ကား၊
當上主以手握住我,警惕我不要走這民族的道路時,這樣對我說:
12 ၁၂ သင်းဖွဲ့ ခြင်းဟု၊ ဤ လူမျိုး ဆို သမျှ အတိုင်း၊ သင်တို့သည် သင်းဖွဲ့ ခြင်းဟု မ ဆို ကြနှင့်။ သူ တို့ကြောက် တတ် သောအရာကို မ ကြောက် ကြနှင့်။ မ ထိတ်လန့် ကြနှင့်။
這民族稱為聖的,你們不得稱之為聖!他們畏懼的,你們不必畏懼,也不必戰兢!
13 ၁၃ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ကို ရိုသေ ခြင်းရှိကြလော့။ ထိုဘုရားကိုသာ ကြောက်ရွံ့ ခြင်း၊ ထိတ်လန့် ခြင်းရှိကြလော့။
萬軍的上主,你們惟應以他為聖;他是你們當敬畏的,是你們當恐懼的。
14 ၁၄ ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံ ရာ ဖြစ် တော်မူလိမ့်မည်။ သို့ရာတွင် ၊ ဣသရေလ လူ နှစ် မျိုးတို့ ထိမိ၍လဲ စရာကျောက် ၊ မှားယွင်း စရာကျောက် ၊ ယေရုရှလင် မြို့သား တို့၌ ကျော့ကွင်း နှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
他將是以色列兩家的絆腳石和失足的暗礁,是耶路撒冷居民的羅網和陷阱。
15 ၁၅ ထိုသူ အများ တို့သည် ထိမိ ၍ တိမ်းလဲ ကျိုးပဲ့ ခြင်း၊ ကျော့မိ ဘမ်းဆီး ခြင်းသို့ ရောက်ကြလိမ့်မည်။
他們中間有許多人將失足跌倒而折傷,陷於圈套而被捕。
16 ၁၆ ဤသက်သေခံ ချက်ကို ငါ့ တပည့် တို့တွင် ထုပ် ထား၍၊ ပညတ် တရားကို တံဆိပ် ခတ်လော့ဟု မိန့်တော်မူ ၏။
證件已綁好,訓誨在我門徒中已封緘,
17 ၁၇ ယာကုပ် အမျိုးသား တို့တွင် မျက်နှာ တော်ကို ကွယ် ထားတော်မူသောထာဝရဘုရား ကို ငါသည် ဆိုင်းငံ့ လျက် မြော်လင့် မည်။
我只仰望那位現在轉面不顧雅各伯家的上主,我要等待他。
18 ၁၈ ငါ မှစ၍ ငါ့ အား ထာဝရဘုရား ပေး တော်မူသော သူငယ် တို့သည် ရှိ ကြ၏။ ဇိအုန် တောင် ပေါ် မှာ ကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်က၊ ဣသရေလ အမျိုး၌ ပုပ္ပ နိမိတ်နှင့် အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါပေးတော်မူသတည်း။
看哪!我和上主賞給我的孩子,在以色列中成了標識和預兆:這原是出於住在熙雍山上的萬軍的上主!
19 ၁၉ တိုးတိုး ပြော၍ မန္တန်သရဇ္ဈာယ် တတ်သော နတ် ဝင်နှင့် စုန်း တို့၌ ဆည်းကပ် ကြလော့ဟု သင်တို့အား ဆို လျှင်မူကား၊ လူ တို့သည် မိမိ တို့ဘုရား သခင်၌ မ ဆည်းကပ်အပ်သလော။ အသက်ရှင် သောသူ ၏ အမှုမှာ အသက်သေ သောသူ၌ ဆည်းကပ် အပ်သလော။
有人或對你們說:「你們詢問那些喃喃細語的巫覡和術士罷!百姓豈不能詢問自己的神,為活人而詢問幽魂嗎﹖」「
20 ၂၀ တရား တော်ကို၎င်း၊ သက်သေခံ တော်မူချက်ကို ၎င်း နားထောင် ကြကုန်။ သူတို့ ပြော သော စကားသည် နှုတ်ကပတ် တော်နှင့် မ ညီ လျှင် ၊ သူ တို့၌ အာရုဏ် မ တက် သေး။
應到訓誨和證件中去尋!」誰若不照這話答覆,為他便沒有曙光。
21 ၂၁ ပင်ပန်း ခြင်းနှင့် မွတ်သိပ် ခြင်းကိုခံလျက် လွန် သွားရကြလိမ့်မည်။ မွတ်သိပ် သောအခါ လည်း ကိုယ်ကို ကိုယ်နှောင့်ရှက် ၍ ၊ မိမိ တို့ ရှင်ဘုရင် နှင့် မိမိ တို့ ဘုရား သခင်ကို ကျိန်ဆဲ ကြလိမ့်မည်။
人將忍受著痛苦和飢餓,經過此地;當他由於飢餓而暴發忿怒時,必詛咒自己的君王和自己的神明;他無論仰望上天,
22 ၂၂ အထက် သို့ မျှော် သည်ဖြစ်စေ၊ မြေကြီး ကို ကြည့် သည်ဖြစ်စေ ၊ ဒုက္ခ ဆင်းရဲနှင့် မှောင်မိုက် အတိရှိပါ ၏။ ထူထပ်သော မှောင်မိုက်နှင့်တွေ့၍၊ အလင်း ကွယ်ပျောက် ရာသို့ နှင်ထုတ် ခြင်းကိုခံရကြလိမ့်မည်။
或注視大地,他只見苦惱和幽暗,昏黯和恐怖!但黑暗畢竟要被驅除,