< ဟေရှာယ 7 >
1 ၁ ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
၁ယုဒရှင်ဘုရင်ဩဇိသားဖြစ်သော၊ ယောသံ၏ သား အာခတ်မင်းလက်ထက်၌၊ ရှုရိရှင်ဘုရင် ရေဇိန်မင်း နှင့် ဣသရေလရှင်ဘုရင် ရေမလိမင်း၏သား ပေကာမင်း တို့သည်၊ ယေရုရှလင်မြို့ကိုတိုက်ခြင်းငှါ ချီလာကြ၏။ သို့သော်လည်း၊ အကြံမမြောက်နိုင်ကြ။
2 ၂ ရှုရိ ပြည်သည် ဧဖရိမ် ပြည်ကို အမှီပြု သည်ဟု ဒါဝိဒ် မင်းမျိုးကြားသောအခါ ၊ တော ၌သစ်ပင် တို့သည် လေ ကြောင့် လှုပ်ရှား သကဲ့သို့ ၊ မင်းကြီး ၏နှလုံး နှင့် ပြည်သား တို့၏နှလုံး သည် တုန်လှုပ် လျက်ရှိကြ၏။
၂ရှုရိပြည်သည် ဧဖရိမ်ပြည်ကို အမှီပြုသည်ဟု ဒါဝိဒ်မင်းမျိုးကြားသောအခါ၊ တော်၌သစ်ပင်တို့သည် လေကြောင့် လှုပ်ရှားသကဲ့သို့၊ မင်းကြီး၏နှလုံးနှင့် ပြည် သားတို့၏နှလုံးသည် တုန်လှုပ်လျက်ရှိကြ၏။
3 ၃ ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
၃ထိုအခါ ထာဝရဘုရားသည် ဟေရှာယကို မိန့် တော်မူသည်ကား၊ သင်သည်သင်၏သား ရှာယာရှုပ်နှင့် အတူသွား၍၊ ခဝါသည်၏ လယ်နားမှာ ရှောက်သော လမ်း၊ အထက်ရေကန် ပြွန်ဝ၌အာခတ်မင်းကို ကြိုဆို၍ တွေ့လျှင်၊ ဆင့်ဆိုရမည်မှာ၊
4 ၄ သတိပြု ၍ ငြိမ်သက် စွာနေလော့။ မီးခိုး ထွက် သော ဤထင်း စ နှစ် ခုတည်းဟူသော၊ ရှုရိ မင်းရေဇိန် နှင့် ရေမလိ ၏သား တို့သည် ပြင်း စွာအမျက် ထွက်သော်လည်း၊ မ စိုးရိမ် နှင့်၊ စိတ် မ ပျက် နှင့်။
၄သတိပြု၍ ငြိမ်သက်စွာနေလော့။ မီးခိုးထွက် သော ဤထင်းစနှစ်ခုတည်းဟူသော၊ ရှုရိမင်းရေဇိန်နှင့် ရေမလိ၏သားတို့သည် ပြင်းစွာအမျက်ထွက်သော်လည်း၊ မစိုးရိမ်နှင့်၊ စိတ်မပျက်နှင့်။
5 ၅ ရှုရိ ပြည်၊ ဧဖရိမ် ပြည်၊ ရေမလိ သား တို့က၊ ငါတို့သည် ယုဒ ပြည်သို့ သွား ၍ နှောက်ယှက် ကြကုန်အံ့။
၅ရှုရိပြည်၊ ဧဖရိမ်ပြည်၊ ရေမလိသားတို့က၊
6 ၆ တိုက်ယူ ၍ ပြည် အလယ် မှာ တဗာလ ၏သား ကို မင်း အရာ၌ခန့် ထားကြကုန်အံ့ဟု သင့် တဘက်၌ မကောင်းသောအကြံ ကိုကြံကြသော်လည်း၊
၆ငါတို့သည် တိုက်ယူ၍ ပြည်အလယ်မှာ တဗာလ ၏သားကို မင်းအရာ၌ ခန့်ထားကြကုန်အံ့ဟု သင့်ဘက်၌ မကောင်းသောအကြံကို ကြံကြသော်လည်း၊
7 ၇ ဘုရား ရှင် ထာဝရ ဘုရားက၊ ထိုအကြံမ တည် ရ။ ထိုသို့မ ဖြစ် ရ။
၇ဘုရားရှင် ထာဝရဘုရားက၊ ထိုအကြံမတည်ရ။ ထိုသို့မဖြစ်ရ။
8 ၈ ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
၈ရှုရိပြည်၏ခေါင်းကား၊ ဒမာသက်မြို့။
9 ၉ သို့သော်လည်း၊ ခြောက်ဆယ် ငါး နှစ် အတွင်း တွင် ၊ ဧဖရိမ် ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့ လိမ့်မည်။ သင်တို့သည်မ ယုံ လျှင် ၊ မ တည် ရကြဟုမိန့် တော်မူ၏။
၉ဒမာသက်မြို့၏ ခေါင်းကား၊ ဧဖရိမ်ပြည်၏ ခေါင်းကား၊ ရှမာရိမြို့။ ရှာမာရိမြို့၏ခေါင်းကား၊ ရေမလိ သားဖြစ်ရ၏။ သို့သော်လည်း၊ခြောက်ဆယ်ငါးနှစ်အတွင်း တွင်၊ ဧဖရိမ်ပြည်ကို ပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့လိမ့်မည်။ သင်တို့သည် မယုံလျှင်၊ မတည်ရကြဟု မိန့်တော်မူ၏။
10 ၁၀ တဖန် ထာဝရဘုရား က၊ သင် ၏ဘုရား သခင်ထာဝရဘုရား ထံ မှာ နိမိတ် လက္ခဏာကိုတောင်းပန် လော့။
၁၀တဖန်ထာဝရဘုရားက၊ သင်၏ဘုရားသခင် ထာဝရဘုရားထံမှာနိမိတ်လက္ခဏာကိုတောင်းပန်လော့။
11 ၁၁ နက် သောအရပ်၌ဖြစ်စေ ၊ မြင့် သောအထက် အရပ်၌ ဖြစ်စေ၊ တောင်းပန် လော့ဟု အာခတ် မင်းကို မိန့် တော်မူလျှင်၊ (Sheol )
၁၁နက်သောအရပ်၌ဖြစ်စေ၊ မြင့်သောအထက် အရပ်၌ဖြစ်စေ၊ တောင်းပန်လော့ဟု အာခတ်မင်းကို မိန့်တော်မူလျှင်၊ (Sheol )
12 ၁၂ အာခတ် မင်းက၊ ကျွန်ုပ်မ တောင်းပန် ပါ။ ထာဝရဘုရား ကို မ စုံစမ်း ပါဟု ပြန်ပြော ၏။
၁၂အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်းပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
13 ၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ် အမျိုးသား တို့၊ နားထောင် ကြလော့။ သင် တို့သည် လူ ကိုငြီးငွေ့ စေသည် သာမက ၊ ငါ ကိုးကွယ်သော ဘုရား သခင်ကို ငြီးငွေ့ စေကြ မည်လော။
၁၃ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ်အမျိုးသားတို့၊ နားထောင်ကြလော့။ သင်တို့သည် လူကိုငြီးငွေ့စေသည် သာမက၊ ငါကိုးကွယ်သော ဘုရားသခင်ကို ငြီးငွေ့စေကြ မည်လော့။
14 ၁၄ ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
၁၄ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
15 ၁၅ ထိုသူသည် မကောင်း သောအရာကို ပယ် ၍ ၊ ကောင်း သောအရာကို ရွေး ယူတတ်သည်တိုင်အောင်၊ နို့ဓမ်း နှင့် ပျားရည် ကို စား ရလိမ့်မည်။
၁၅ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။
16 ၁၆ ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
၁၆ထိုသူငယ်သည် မကောင်းသောအရာကိုမပယ်၊ ကောင်းသောအရာကို မရွေးမယူတတ်မှီ၊ သင်ကြောက် သောရှင် ဘုရင်နှစ်ဦး အစိုးရသောပြည်သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
17 ၁၇ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးနှင့် ကွာ သွားသောနေ့ မှစ၍ ၊ မ ဖြစ် ဘူးသော နေ့ရက် ကာလကို ထာဝရဘုရား သည် သင် ၏အပေါ် ၌၎င်း ၊ သင် ၏လူ များပေါ် ၌၎င်း ၊ သင် ၏အမျိုး ရင်းအပေါ် ၌၎င်း ရောက် စေတော်မူမည်။
၁၇ဧဖရိမ်အမျိုးသည် ယုဒအမျိုးနှင့် ကွာသွားသောနေ့မှ စ၍၊ မဖြစ်ဘူးသော နေ့ရက်ကာလကို ထာဝရဘုရား သည် သင်၏အပေါ်၌၎င်း၊ သင်၏လူများပေါ်၌၎င်း၊ သင်၏အမျိုးရင်းအပေါ်၌၎င်း၊ ရောက်စေတော်မူမည်။
18 ၁၈ ထို ကာလ ၌ အဲဂုတ္တု မြစ်လက် ကြားတို့ အနားမှာ ရှိသော ယင် ကောင်ကို၎င်း၊ အာရှုရိ ပြည် ၌ ရှိသော ပျား ကောင်ကို၎င်း နှိုးဆော် တော်မူသဖြင့်၊
၁၈ထိုကာလ၌ အဲဂုတ္တုမြစ်လက်ကြားတို့ အနားမှာ ရှိသော ယင်ကောင်ကို၎င်း၊ အာရှုရိပြည်၌ရှိသော ပျား ကောင်ကို၎င်း၊ နှိုးဆော်တော်မူသဖြင့်၊
19 ၁၉ သူတို့သည်လာ ၍ လူဆိတ်ညံ သောချိုင့် များ၊ ချောက် ကြား၊ တော အုံ၊ ကျက်စား ရာများအပေါ် မှာ အကုန် အစင်နား ကြလိမ့်မည်။
၁၉သူတို့သည်လာ၍ လူဆိတ်ညံသောချိုင့်များ၊ ချောက်ကြား၊ တောအုံ၊ ကျက်စားရာများအပေါ်မှာ အကုန်အစင်နားကြလိမ့်မည်။
20 ၂၀ ထိုကာလ တွင် မြစ် ကြီးတဘက် ၌ နေသောသူ၊ အာရှုရိ ရှင်ဘုရင် တည်းဟူသော ငှါး သော သင်တုန်း ဖြင့် ထာဝရ ဘုရားသည် ဆံပင် နှင့် ခြေ မွေး ကို ရိတ် တော်မူ မည်။ မုတ်ဆိတ် ကိုလည်း ပယ်ရှင်း တော်မူမည်။
၂၀ထိုကာလတွင် မြစ်ကြီးတဘက်၌နေသောသူ၊ အာရှုရိရှင်ဘုရင်တည်းဟူသော ငှါးသောသင်တုန်းဖြင့် ထာဝရဘုရားသည် ဆံပင်နှင့် ခြေမွေးကို ရိတ်တော် မူမည်။ မုတ်ဆိတ်ကိုလည်း ပယ်ရှင်းတော်မူမည်။
21 ၂၁ ထို ကာလ ၌ လူ သည်နွားမ ကလေးတကောင်၊ သိုးဆိတ် နှစ် ကောင်ကိုမွေးစားလျှင်၊
၂၁ထိုကာလ၌ လူသည်နွားမကလေးတကောင်၊ သိုးဆိတ်နှစ်ကောင်ကိုမွေးစားလျှင်၊
22 ၂၂ သူတို့၌များစွာ သော နို့ ကိုရ သဖြင့် နို့ဓမ်း ကို စား ရ၏။ ပြည် ၌ ကျန် ကြွင်းသမျှသော သူတို့သည် ထောပတ် နှင့် ပျားရည် ကို သာစား ရကြလိမ့်မည်။
၂၂သူတို့၌များစွာသော နို့ကိုရသဖြင့် နို့ဓမ်းကို စားရ၏။ ပြည်၌ ကျန်ကြွင်းသမျှသောသူတို့သည် ထောပတ်နှင့် ပျားရည်ကို သာစားရကြလိမ့်မည်။
23 ၂၃ ထိုအခါ စပျစ် နွယ်ပင်တထောင် ရှိ ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ် ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက်ဖြစ် ရလိမ့်မည်။
၂၃ထိုအခါ စပျစ်နွယ်ပင်တထောင်ရှိ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ်ဥယျာဉ်တိုင်း၊ ဆူးပင် မျိုးသက်သက် ဖြစ်ရလိမ့်မည်။
24 ၂၄ လေး နှင့် မြှား ကို ဆောင်လျက် ထို အရပ်သို့ သွား ကြလိမ့်မည်။ မြေ တပြင် လုံး၌ ဆူး ပင်မျိုးသက်သက်ဖြစ် ရလိမ့်မည်။
၂၄လေးနှင့်မြှားကို ဆောင်လျက် ထိုအရပ်သို့ သွားကြလိမ့်မည်။ မြေတပြင်လုံး၌ ဆူးပင်မျိုးသက်သက် ဖြစ်ရလိမ့်မည်။
25 ၂၅ ပေါက်တူး နှင့် တူးဆွ ရာ တောင် ယာရှိသမျှ တို့ သည်၊ ဆူး ပင်မျိုးကြောင့် အဘယ်သူမျှမ ချည်း ဝံ့သဖြင့်၊ နွား လွတ် ၍ ကျက်စားရာ၊ သိုး ဆိတ်တို့ ကျော်နင်း ရာ ဖြစ် ရကြ လိမ့်မည်ဟု ဟော လေ၏။
၂၅ပေါက်တူးနှင့်တူးဆွရာ တောင်ယာရှိသမျှတို့ သည်၊ ဆူးပင်မျိုးကြောင့် အဘယ်သူမျှမချည်ဝံ့သဖြင့်၊ နွားလွတ်၍ ကျက်စားရာ၊ သိုးဆိတ်တို့ ကျော်နင်းရာဖြစ်ရ ကြလိမ့်မည်ဟု ဟောလေ၏။