< ဟေရှာယ 7 >

1 ယုဒ ရှင်ဘုရင် ဩဇိ သား ဖြစ်သော၊ ယောသံ ၏ သား အာခတ် မင်းလက်ထက် ၌ ၊ ရှုရိ ရှင်ဘုရင် ရေဇိန် မင်း နှင့် ဣသရေလ ရှင်ဘုရင် ရေမလိ မင်း၏သား ပေကာ မင်း တို့သည်၊ ယေရုရှလင် မြို့ကိုတိုက် ခြင်းငှါ ချီ လာကြ၏။ သို့ သော်လည်း၊ အကြံ မ မြောက်နိုင် ကြ။
ויהי בימי אחז בן יותם בן עזיהו מלך יהודה עלה רצין מלך ארם ופקח בן רמליהו מלך ישראל ירושלם למלחמה עליה ולא יכל להלחם עליה
2 ရှုရိ ပြည်သည် ဧဖရိမ် ပြည်ကို အမှီပြု သည်ဟု ဒါဝိဒ် မင်းမျိုးကြားသောအခါ ၊ တော ၌သစ်ပင် တို့သည် လေ ကြောင့် လှုပ်ရှား သကဲ့သို့ ၊ မင်းကြီး ၏နှလုံး နှင့် ပြည်သား တို့၏နှလုံး သည် တုန်လှုပ် လျက်ရှိကြ၏။
ויגד לבית דוד לאמר נחה ארם על אפרים וינע לבבו ולבב עמו כנוע עצי יער מפני רוח
3 ထိုအခါ ထာဝရဘုရား သည် ဟေရှာယ ကို မိန့် တော်မူသည်ကား၊ သင်သည်သင် ၏သား ရှာယာရှုပ် နှင့် အတူသွား၍၊ ခဝါသည် ၏ လယ် နားမှာ ရှောက်သော လမ်း ၊ အထက် ရေကန် ပြွန် ဝ ၌ အာခတ် မင်းကို ကြိုဆို ၍ တွေ့လျှင်၊ ဆင့် ဆိုရမည်မှာ၊
ויאמר יהוה אל ישעיהו צא נא לקראת אחז אתה ושאר ישוב בנך אל קצה תעלת הברכה העליונה--אל מסלת שדה כובס
4 သတိပြု ၍ ငြိမ်သက် စွာနေလော့။ မီးခိုး ထွက် သော ဤထင်း စ နှစ် ခုတည်းဟူသော၊ ရှုရိ မင်းရေဇိန် နှင့် ရေမလိ ၏သား တို့သည် ပြင်း စွာအမျက် ထွက်သော်လည်း၊ မ စိုးရိမ် နှင့်၊ စိတ် မ ပျက် နှင့်။
ואמרת אליו השמר והשקט אל תירא ולבבך אל ירך משני זנבות האודים העשנים האלה--בחרי אף רצין וארם ובן רמליהו
5 ရှုရိ ပြည်၊ ဧဖရိမ် ပြည်၊ ရေမလိ သား တို့က၊ ငါတို့သည် ယုဒ ပြည်သို့ သွား ၍ နှောက်ယှက် ကြကုန်အံ့။
יען כי יעץ עליך ארם--רעה אפרים ובן רמליהו לאמר
6 တိုက်ယူ ၍ ပြည် အလယ် မှာ တဗာလ ၏သား ကို မင်း အရာ၌ခန့် ထားကြကုန်အံ့ဟု သင့် တဘက်၌ မကောင်းသောအကြံ ကိုကြံကြသော်လည်း၊
נעלה ביהודה ונקיצנה ונבקענה אלינו ונמליך מלך בתוכה את בן טבאל
7 ဘုရား ရှင် ထာဝရ ဘုရားက၊ ထိုအကြံမ တည် ရ။ ထိုသို့မ ဖြစ် ရ။
כה אמר אדני יהוה לא תקום ולא תהיה
8 ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
כי ראש ארם דמשק וראש דמשק רצין ובעוד ששים וחמש שנה יחת אפרים מעם
9 သို့သော်လည်း၊ ခြောက်ဆယ် ငါး နှစ် အတွင်း တွင် ၊ ဧဖရိမ် ပြည်ကိုပြည်မဖြစ်စေခြင်းငှါ၊ ချိုးဖဲ့ လိမ့်မည်။ သင်တို့သည်မ ယုံ လျှင် ၊ မ တည် ရကြဟုမိန့် တော်မူ၏။
וראש אפרים שמרון וראש שמרון בן רמליהו אם לא תאמינו כי לא תאמנו
10 ၁၀ တဖန် ထာဝရဘုရား က၊ သင် ၏ဘုရား သခင်ထာဝရဘုရား ထံ မှာ နိမိတ် လက္ခဏာကိုတောင်းပန် လော့။
ויוסף יהוה דבר אל אחז לאמר
11 ၁၁ နက် သောအရပ်၌ဖြစ်စေ ၊ မြင့် သောအထက် အရပ်၌ ဖြစ်စေ၊ တောင်းပန် လော့ဟု အာခတ် မင်းကို မိန့် တော်မူလျှင်၊ (Sheol h7585)
שאל לך אות מעם יהוה אלהיך העמק שאלה או הגבה למעלה (Sheol h7585)
12 ၁၂ အာခတ် မင်းက၊ ကျွန်ုပ်မ တောင်းပန် ပါ။ ထာဝရဘုရား ကို မ စုံစမ်း ပါဟု ပြန်ပြော ၏။
ויאמר אחז לא אשאל ולא אנסה את יהוה
13 ၁၃ ထိုအခါ ဟေရှာယက၊ အိုဒါဝိဒ် အမျိုးသား တို့၊ နားထောင် ကြလော့။ သင် တို့သည် လူ ကိုငြီးငွေ့ စေသည် သာမက ၊ ငါ ကိုးကွယ်သော ဘုရား သခင်ကို ငြီးငွေ့ စေကြ မည်လော။
ויאמר שמעו נא בית דוד המעט מכם הלאות אנשים כי תלאו גם את אלהי
14 ၁၄ ထိုကြောင့်၊ ထာဝရ ဘုရားသည် ကိုယ်တော် တိုင် နိမိတ် လက္ခဏာကို သင် တို့အား ပေး တော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာ သည် ပဋိသန္ဓေ စွဲယူ၍ ၊ သား ယောက်ျားကို ဘွားမြင် လတံ့။ ထိုသား ကို ဧမာနွေလ အမည် ဖြင့် မှည့် ရလတံ့။
לכן יתן אדני הוא לכם--אות הנה העלמה הרה וילדת בן וקראת שמו עמנו אל
15 ၁၅ ထိုသူသည် မကောင်း သောအရာကို ပယ် ၍ ၊ ကောင်း သောအရာကို ရွေး ယူတတ်သည်တိုင်အောင်၊ နို့ဓမ်း နှင့် ပျားရည် ကို စား ရလိမ့်မည်။
חמאה ודבש יאכל--לדעתו מאוס ברע ובחור בטוב
16 ၁၆ ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
כי בטרם ידע הנער מאס ברע--ובחר בטוב תעזב האדמה אשר אתה קץ מפני שני מלכיה
17 ၁၇ ဧဖရိမ် အမျိုးသည် ယုဒ အမျိုးနှင့် ကွာ သွားသောနေ့ မှစ၍ ၊ မ ဖြစ် ဘူးသော နေ့ရက် ကာလကို ထာဝရဘုရား သည် သင် ၏အပေါ် ၌၎င်း ၊ သင် ၏လူ များပေါ် ၌၎င်း ၊ သင် ၏အမျိုး ရင်းအပေါ် ၌၎င်း ရောက် စေတော်မူမည်။
יביא יהוה עליך ועל עמך ועל בית אביך ימים אשר לא באו למיום סור אפרים מעל יהודה את מלך אשור
18 ၁၈ ထို ကာလ ၌ အဲဂုတ္တု မြစ်လက် ကြားတို့ အနားမှာ ရှိသော ယင် ကောင်ကို၎င်း၊ အာရှုရိ ပြည် ၌ ရှိသော ပျား ကောင်ကို၎င်း နှိုးဆော် တော်မူသဖြင့်၊
והיה ביום ההוא ישרק יהוה לזבוב אשר בקצה יארי מצרים ולדבורה--אשר בארץ אשור
19 ၁၉ သူတို့သည်လာ ၍ လူဆိတ်ညံ သောချိုင့် များ၊ ချောက် ကြား၊ တော အုံ၊ ကျက်စား ရာများအပေါ် မှာ အကုန် အစင်နား ကြလိမ့်မည်။
ובאו ונחו כלם בנחלי הבתות ובנקיקי הסלעים ובכל הנעצוצים ובכל הנהללים
20 ၂၀ ထိုကာလ တွင် မြစ် ကြီးတဘက် ၌ နေသောသူ၊ အာရှုရိ ရှင်ဘုရင် တည်းဟူသော ငှါး သော သင်တုန်း ဖြင့် ထာဝရ ဘုရားသည် ဆံပင် နှင့် ခြေ မွေး ကို ရိတ် တော်မူ မည်။ မုတ်ဆိတ် ကိုလည်း ပယ်ရှင်း တော်မူမည်။
ביום ההוא יגלח אדני בתער השכירה בעברי נהר במלך אשור את הראש ושער הרגלים וגם את הזקן תספה
21 ၂၁ ထို ကာလ ၌ လူ သည်နွားမ ကလေးတကောင်၊ သိုးဆိတ် နှစ် ကောင်ကိုမွေးစားလျှင်၊
והיה ביום ההוא יחיה איש עגלת בקר ושתי צאן
22 ၂၂ သူတို့၌များစွာ သော နို့ ကိုရ သဖြင့် နို့ဓမ်း ကို စား ရ၏။ ပြည် ၌ ကျန် ကြွင်းသမျှသော သူတို့သည် ထောပတ် နှင့် ပျားရည် ကို သာစား ရကြလိမ့်မည်။
והיה מרב עשות חלב--יאכל חמאה כי חמאה ודבש יאכל כל הנותר בקרב הארץ
23 ၂၃ ထိုအခါ စပျစ် နွယ်ပင်တထောင် ရှိ ၍၊ ငွေ တထောင် အဘိုးထိုက်သော စပျစ် ဥယျာဉ်တိုင်း ၊ ဆူးပင် မျိုးသက်သက်ဖြစ် ရလိမ့်မည်။
והיה ביום ההוא--יהיה כל מקום אשר יהיה שם אלף גפן באלף כסף לשמיר ולשית יהיה
24 ၂၄ လေး နှင့် မြှား ကို ဆောင်လျက် ထို အရပ်သို့ သွား ကြလိမ့်မည်။ မြေ တပြင် လုံး၌ ဆူး ပင်မျိုးသက်သက်ဖြစ် ရလိမ့်မည်။
בחצים ובקשת יבוא שמה כי שמיר ושית תהיה כל הארץ
25 ၂၅ ပေါက်တူး နှင့် တူးဆွ ရာ တောင် ယာရှိသမျှ တို့ သည်၊ ဆူး ပင်မျိုးကြောင့် အဘယ်သူမျှမ ချည်း ဝံ့သဖြင့်၊ နွား လွတ် ၍ ကျက်စားရာ၊ သိုး ဆိတ်တို့ ကျော်နင်း ရာ ဖြစ် ရကြ လိမ့်မည်ဟု ဟော လေ၏။
וכל ההרים אשר במעדר יעדרון--לא תבוא שמה יראת שמיר ושית והיה למשלח שור ולמרמס שה

< ဟေရှာယ 7 >