< ဟေရှာယ 66 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ကောင်းကင်ဘုံသည် ငါ့ပလ္လင်ဖြစ်၏။ မြေကြီးသည် ငါ့ခြေတင် ရာခုံဖြစ်၏။ အဘယ်သို့သော ဗိမာန်ကို ငါ့အဘို့ တည်ဆောက်ကြမည်နည်း။ အဘယ်အရပ်သည် ငါကျိန်းဝပ်ရာ အရပ်ဖြစ်မည်နည်း။
2 ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။
ဤအရာအလုံးစုံတို့သည် ငါ့ကိုယ်တိုင်ဖန်ဆင်းသောကြောင့် ဖြစ်ကြ၏။ စိတ်နှိမ့်ချခြင်း၊ နှလုံးကြေကွဲ ခြင်း၊ ငါ့စကားကြောင့် တုန်လှုပ်ခြင်းရှိသောသူကိုသာ ငါကြည့်ရှုမည်။
3 တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
တဖန်မိန့်တော်မူသည်ကား၊ နွားကိုသတ်သော သူသည် လူကို သတ်သောသူနှင့်တူ၏။ သိုးသငယ်ကို ယဇ်ပူဇော်သောသူသည် ခွေးလည်ပင်းကိုဖြတ်သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်းသောသူသည် ဝက်သွေးကို လှူဒါန်းသောသူနှင့်တူ၏။ လောဗန်ကိုမီးရှို့သောသူသည် ရုပ်တုကိုကောင်းကြီးပေးသောသူနှင့်တူ၏။ အကယ်စင် စစ် ထိုသူတို့သည် မိမိအလိုရှိရာ လမ်းကိုရွေးကြ၏။ မိမိဆိုးညစ်သောအမှုတို့၌ မွေ့လျော်ကြ၏။
4 ငါ သည်လည်း ၊ သူ တို့ဘို့ ဘေးဥပဒ် များကိုရွေး မည်။ သူ တို့ကြောက် သောအမှုကို ရောက် စေမည်။ အကြောင်း မူကား၊ ငါခေါ် သောအခါ အဘယ်သူ မျှမထူး။ ငါပြော သောအခါ သူတို့သည် နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကိုကျင့် ၍ ၊ ငါ မ နှစ်သက် သော အရာ ကို ရွေးယူကြ၏။
ငါသည်လည်း၊ သူတို့ဘို့ ဘေးဥပဒ်များကိုရွေးမည်။ သူတို့ကြောက်သောအမှုကို ရောက်စေမည်။ အကြောင်းမူကား၊ ငါခေါ်သောအခါ အဘယ်သူမျှမထူး။ ငါပြောသောအခါ သူတို့သည် နားမထောင်ကြ။ ငါ့ မျက်မှောက်၌ မကောင်းသော အကျင့်ကိုကျင့်၍၊ ငါမနှစ်သက်သောအရာကို ရွေးယူကြ၏။
5 ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
ထာဝရဘုရား၏ နှုတ်ကပတ်စကားတော်ကြောင့် တုန်လှုပ်သော သူတို့၊ စကားတော်ကို နားထောင် ကြလော့။ သင်တို့ကိုမုန်း၍၊ ငါ့နာမကြောင့်နှင်ထုတ်သော ညီအစ်ကိုတို့က၊ ငါတို့သည်သင်တို့၏ ဝမ်းမြောက်ခြင်းကို မြင်ရမည်အကြောင်း၊ ထာဝရဘုရားသည် ဘုန်းပွင့်တော်မူစေသတည်းဟု ပြောတတ်သော်လည်း၊ ရှက်ကြောက်ကြ လိမ့်မည်။
6 မြို့ ၌ အုတ်အုတ် ကျက်ကျက်သောအသံ ၊ ဗိမာန် တော်ထဲက ထွက်သောအသံ ၊ ရန်သူ တို့အား အကျိုး အပြစ် ကိုပေး တော်မူသောထာဝရဘုရား ၏စကားသံ ပေတည်း။
မြို့၌ အုတ်အုတ်ကျက်ကျက်သောအသံ၊ ဗိမာန်တော်ထဲက ထွက်သောအသံ၊ ရန်သူတို့အား အကျိုး အပြစ်ကို ပေးတော်မူသော ထာဝရဘုရား၏စကားသံ ပေတည်း။
7 ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာ ကို မ ခံမှီသားကိုဘွား ၏။ ဝေဒနာ ခံချိန်မ ရောက် မှီ သား ယောက်ျားကိုမြင် ၏။
ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို မခံမှီသားကိုဘွား၏။ ဝေဒနာခံချိန်မရောက်မှီ သား ယောက်ျားကိုမြင်၏။
8 ထို သို့သော အမှုကို အဘယ်သူ သည် ကြား ဘူး သနည်း။ ထိုသို့သော အမှုတို့ကို အဘယ် သူသည် မြင် ဘူး သနည်း။ တိုင်း နိုင်ငံကို တ နေ့ ခြင်းတွင် ဘွား တတ်သလော။ ပြည်သူ ပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွား တတ်သလော။ ဇိအုန် သတို့သမီးသည် သားဘွား ခြင်းဝေဒနာ ကို ခံ အ ံ့ဆဲဆဲ တွင်၊ သား များကို ဘွားမြင် ပါ သည် တကား။
ထိုသို့သောအမှုကို အဘယ်သူသည် ကြားဘူး သနည်း။ ထိုသို့သောအမှုကို အဘယ်သူသည် မြင်ဘူး သနည်း။ တိုင်းနိုင်ငံကို တနေ့ခြင်းတွင် ဘွားတတ်သလော။ ပြည်သူပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွားတတ်သလော။ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာကို ခံအံ့ဆဲဆဲတွင်၊ သားများကို ဘွားမြင်ပါသည် တကား။
9 သားဘွားမည်အကြောင်းကို ငါ သည်စီရင် ပြီးမှ ၊ မ ဘွား စေဘဲနေရမည်လောဟု ထာဝရဘုရား မေး တော်မူ ၏။ ငါ သည် ပဋိသန္ဓေ ပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ် ထားရမည်လောဟု သင် ၏ဘုရား သခင်မေး တော်မူ ၏။
သားဘွားမည်အကြောင်းကို ငါသည်စီရင်ပြီးမှ၊ မဘွားစေဘဲနေရမည်လောဟု ထာဝရဘုရားမေးတော် မူ၏။ ငါသည် ပဋိသန္ဓေပေးပြီးမှ၊ မဘွားနိုင်အောင် ချုပ်ထားရမည်လောဟု သင်၏ဘုရားသခင်မေးတော် မူ၏။
10 ၁၀ ယေရုရှလင် မြို့ကို ချစ် သောသူအပေါင်း တို့၊ သူ နှင့် အတူ ဝမ်းမြောက် ရွှင်လန်း ကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွား သောသူအပေါင်း တို့၊ သူ နှင့် အတူ အလွန်ဝမ်းမြောက် ကြလော့။
၁၀ယေရုရှလင်မြို့ကို ချစ်သောသူအပေါင်းတို့၊ သူနှင့်အတူ ဝမ်းမြောက်ရွှင်လန်းကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွားသောသူအပေါင်းတို့၊ သူနှင့်အတူ အလွန်ဝမ်းမြောက်ကြလော့။
11 ၁၁ သို့ပြုလျှင် ၊ သူ ၏ချမ်းသာ ခြင်းသားမြတ် ကိုစို့ ၍ ဝ ကြလိမ့်မည်။ သူ ၏စည်းစိမ် ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော် ကြလိမ့်မည်။
၁၁သို့ပြုလျှင်၊ သူ၏ချမ်းသာခြင်းသားမြတ်ကိုစို့၍ ဝကြလိမ့်မည်။ သူ၏စည်းစိမ်ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော်ကြလိမ့်မည်။
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။
၁၂ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ ချမ်းသာကို၎င်း၊ စီးသောရေကဲ့သို့တပါး အမျိုးသားတို့၏ စည်းစိမ်ကို၎င်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။
13 ၁၃ အမိ သည် သား ငယ်ကို နှစ်သိမ့် စေသကဲ့သို့ ၊ သင် တို့ကို ငါ နှစ်သိမ့် စေမည်။ ယေရုရှလင် မြို့၌ ချမ်းသာ ရကြလိမ့်မည်။
၁၃အမိသည် သားငယ်ကို နှစ်သိမ့်စေသကဲ့သို့၊ သင်တို့ကို ငါနှစ်သိမ့်စေမည်။ ယေရုရှလင်မြို့၌ ချမ်းသာ ရကြလိမ့်မည်။
14 ၁၄ ထိုသို့ တွေ့ မြင်သဖြင့် ၊ သင် တို့၏နှလုံး သည် ရွှင်မြူး ၍ ၊ အရိုး တို့ သည်စိမ်းလန်းသော အပင် ကဲ့သို့ သန် ကြလိမ့်မည်။ ထာဝရဘုရား ၏ လက် တော်သည်လည်း ကျွန် တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့ အား၎င်း ထင်ရှား လိမ့်မည်။
၁၄ထိုသို့ တွေ့မြင်သဖြင့်၊ သင်တို့၏နှလုံးသည် ရွှင်မြူး၍၊ အရိုးတို့ သည်စိမ်းလန်းသော အပင်ကဲ့သို့ သန်ကြလိမ့်မည်။ ထာဝရဘုရား၏ လက်တော်သည်လည်း ကျွန်တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့အား၎င်း ထင်ရှားလိမ့်မည်။
15 ၁၅ ကြည့်ရှု လော့။ ထာဝရဘုရား သည် ပြင်းစွာသော အရှိန် အားဖြင့် အမျက် တော်ကို၎င်း၊ မီးလျှံ အားဖြင့် ဆုံးမ တော်မူခြင်းကို၎င်းထင်ရှားစွာ ပြ ခြင်းငှါ ၊ လေဘွေ ကဲ့သို့ သော ရထား တော်တို့ကိုစီး၍ ၊ မီး ကဲ့သို့ကြွလာ တော်မူလိမ့်မည်။
၁၅ကြည့်ရှုလော့။ ထာဝရဘုရားသည် ပြင်းစွာသော အရှိန်အားဖြင့် အမျက်တော်ကို၎င်း၊ မီးလျှံအားဖြင့် ဆုံးမ တော်မူခြင်းကို၎င်း ထင်ရှားစွာ ပြခြင်းငှါ၊ လေဘွေကဲ့သို့သော ရထားတော်တို့ကိုစီး၍၊ မီးကဲ့သို့ ကြွလာတော် မူလိမ့်မည်။
16 ၁၆ ထာဝရဘုရား သည် မီး နှင့် ထား အားဖြင့် ၊ လူ သတ္တဝါအပေါင်း တို့ကို အပြစ် ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက် တော်မူသောသူတို့ သည် များ ကြလိမ့်မည်။
၁၆ထာဝရဘုရားသည် မီးနှင့်ထားအားဖြင့်၊ လူသတ္တဝါအပေါင်းတို့ကို အပြစ်ပေးတော်မူ၍၊ ထာဝရ ဘုရားကွပ်မျက်တော်မူသော သူတို့သည် များကြလိမ့်မည်။
17 ၁၇ တဖန်မိန့်တော်မူသည်ကား၊ ဝက် သား ၊ ကြွက် သား၊ ရွံရှာဘွယ် သောအရာကို စား လျက်၊ ဥယျာဉ် တို့တွင် အလယ် ၌ရှိသောသူတ ယောက်နောက် သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်း စင်ကြယ်စေသောသူတို့ သည် တပြိုင်နက် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ သူ တို့၏အကျင့် ကို၎င်းအကြံအစည် တို့ကို၎င်းငါ သိ၏။
၁၇တဖန်မိန့်တော်မူသည်ကား၊ ဝက်သား၊ ကြွက် သား၊ ရွံရှာဘွယ်သောအရာကို စားလျက်၊ ဥယျာဉ်တို့တွင် အလယ်၌ရှိသော သူတယောက်နောက်သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်းစင်ကြယ်စေသော သူတို့သည် တပြိုင် နက် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ သူတို့၏အကျင့် ကို၎င်း အကြံအစည်တို့ကို၎င်း ငါသိ၏။
18 ၁၈ အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။
၁၈အချိန်တန်မှ ဘာသာစကားခြားနားသော လူ အမျိုးမျိုးအပေါင်းတို့ကို ငါစည်းဝေးစေသဖြင့်၊ သူတို့သည် လာ၍ ငါ၏ဘုန်းကို ဖူးမြင်ကြလိမ့်မည်။
19 ၁၉ ထိုသူ တို့တွင် အလံ ကို ငါထူ မည်။ ဘေးလွတ် သောသူတို့ ကို တာရှု ပြည် ၊ ဖုလ ပြည်၊ လေး လက်နက်ကို သုံး တတ်သော လုဒ ပြည်၊ တုဗလ ပြည်၊ ယာဝန် ပြည်မှစ၍၊ ငါ ၏နာမ ကိုမ ကြား ၊ ငါ ၏ဘုန်း ကိုမ မြင် ၊ ဝေး စွာသော တကျွန်း တနိုင်ငံအရပ်သို့ စေလွှတ် သဖြင့် ၊ တပါး အမျိုးသား တို့တွင် ငါ ၏ဘုန်း ကို ဟော ပြောကြလိမ့်မည်။
၁၉ထိုသူတို့တွင် အလံကို ငါထူမည်။ ဘေးလွတ် သော သူတို့ကို တာရှုပြည်၊ ဖုလပြည်၊ လေးလက်နက်ကို သုံးတတ်သော လုဒပြည်၊ တုဗလပြည်၊ ယာဝန်ပြည်မှစ၍၊ ငါ၏နာမကိုမကြား၊ ငါ၏ဘုန်းကိုမမြင်၊ ဝေးစွာသော တကျွန်းတနိုင်ငံအရပ်သို့ စေလွှတ်သဖြင့်၊ တပါး အမျိုးသားတို့တွင် ငါ၏ဘုန်းကို ဟောပြောကြလိမ့်မည်။
20 ၂၀ ဣသရေလ အမျိုးသား တို့သည် စင်ကြယ် သော ဖလား စသည်တို့နှင့် ၊ ပူဇော် သက္ကာကို ဗိမာန် တော်သို့ ဆောင် ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင် တို့၏ ညီအစ်ကို အပေါင်း ကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌တင်၍၊ ထာဝရဘုရား အား ပူဇော် ဘို့ရာ၊ ခပ်သိမ်း သောအပြည် ပြည်တို့မှ ငါ ၏ သန့်ရှင်း သောတောင် ၊ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၀ဣသရေလအမျိုးသားတို့သည် စင်ကြယ်သော ဖလား စသည်တို့နှင့်၊ ပူဇော်သက္ကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကို အပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုပ် ပေါ်၌တင်၍၊ ထာဝရဘုရားအားပူဇော်ဘို့ရာ၊ ခပ်သိမ်း သောအပြည်ပြည်တို့မှငါ၏ သန့်ရှင်းသောတောင်၊ ယေရု ရှလင်မြို့သို့ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
21 ၂၁ ထိုသူ အချို့တို့ကို ငါရွေး ယူ၍၊ ယဇ်ပုရောဟိတ် အရာ နှင့် လေဝိ လူအရာ ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၁ထိုသူအချို့တို့ကို ငါရွေးယူ၍၊ ယဇ်ပုရောဟိတ် အရာနှင့် လေဝိလူအရာ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
22 ၂၂ ငါ ဖန်ဆင်း သော ကောင်းကင် သစ် နှင့် မြေကြီး သစ် သည် ငါ့ ရှေ့ ၌ တည် သကဲ့သို့ ၊ သင် တို့၏အမျိုး အနွယ်နှင့် သင် တို့၏ နာမ သည်လည်း တည် ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၂ငါဖန်ဆင်းသော ကောင်းကင်သစ်နှင့် မြေကြီးသစ်သည် ငါ့ရှေ့၌ တည်သကဲ့သို့၊ သင်တို့၏အမျိုးအနွယ် နှင့် သင်တို့၏ နာမသည်လည်း တည်ရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
23 ၂၃ လူ သတ္တဝါအပေါင်း တို့သည် ငါ့ ရှေ့ မှာ ကိုးကွယ် ခြင်းငှါ လဆန်း နေ့နှင့် ဥပုသ် နေ့အစဉ်အတိုင်းလာ ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၃လူသတ္တဝါအပေါင်းတို့သည် ငါ့ရှေ့မှာ ကိုးကွယ်ခြင်းငှါ လဆန်းနေ့နှင့်ဥပုသ်နေ့ အစဉ်အတိုင်းလာကြ လိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
24 ၂၄ ထိုသူတို့သည်၊ ငါ့ ကို ပြစ်မှား သောသူ တို့၏ အသေ ကောင်များကို ထွက် ၍ ကြည့် ရှုကြလိမ့်မည်။ သူ တို့၏ ပိုး သည်မ သေ နိုင်ရာ။ သူ တို့၏မီး သည်လည်း မ ငြိမ်း နိုင်ရာ။ လူ သတ္တဝါအပေါင်း တို့၌ ရွံရှာဘွယ် ဖြစ် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
၂၄ထိုသူတို့သည်၊ ငါ့ကိုပြစ်မှားသောသူတို့၏ အသေကောင်များကို ထွက်၍ ကြည့်ရှုကြလိမ့်မည်။ သူတို့၏ ပိုးသည်မသေနိုင်ရာ။ သူတို့၏မီးသည်လည်းမငြိမ်းနိုင်ရာ။ လူသတ္တဝါအပေါင်းတို့၌ ရွံရှာဘွယ်ဖြစ်ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။

< ဟေရှာယ 66 >