< ဟေရှာယ 66 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
This is what Yahweh says, “Heaven is my throne, and the earth is my footstool. Where then is the house you will build for me? Where is the place where I may rest?
2 ၂ ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။
My hand has made all these things; that is how these things came to be—this is Yahweh's declaration. This is the man of whom I approve, the broken and contrite in spirit, and who trembles at my word.
3 ၃ တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
He who slaughters an ox also murders a man; he who sacrifices a lamb also breaks a dog's neck; he who offers a grain offering offers swine's blood; he who offers a memorial of incense also blesses wickedness. They have chosen their own ways, and they take pleasure in their abominations.
4 ၄ ငါ သည်လည်း ၊ သူ တို့ဘို့ ဘေးဥပဒ် များကိုရွေး မည်။ သူ တို့ကြောက် သောအမှုကို ရောက် စေမည်။ အကြောင်း မူကား၊ ငါခေါ် သောအခါ အဘယ်သူ မျှမထူး။ ငါပြော သောအခါ သူတို့သည် နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကိုကျင့် ၍ ၊ ငါ မ နှစ်သက် သော အရာ ကို ရွေးယူကြ၏။
In the same way I will choose their own punishment; I will bring on them what they fear, because when I called, no one answered; when I spoke, no one listened. They did what was evil in my sight, and chose to do what displeases me.”
5 ၅ ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
Hear the word of Yahweh, you who tremble at his word, “Your brothers who hate and exclude you for my name's sake have said, 'May Yahweh be glorified, then we will see your joy,' but they will be put to shame.
6 ၆ မြို့ ၌ အုတ်အုတ် ကျက်ကျက်သောအသံ ၊ ဗိမာန် တော်ထဲက ထွက်သောအသံ ၊ ရန်သူ တို့အား အကျိုး အပြစ် ကိုပေး တော်မူသောထာဝရဘုရား ၏စကားသံ ပေတည်း။
A sound of battle tumult comes from the city, a sound from the temple, the sound of Yahweh paying back his enemies.
7 ၇ ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာ ကို မ ခံမှီသားကိုဘွား ၏။ ဝေဒနာ ခံချိန်မ ရောက် မှီ သား ယောက်ျားကိုမြင် ၏။
Before she goes into labor, she gives birth; before pain is upon her, she gave birth to a son.
8 ၈ ထို သို့သော အမှုကို အဘယ်သူ သည် ကြား ဘူး သနည်း။ ထိုသို့သော အမှုတို့ကို အဘယ် သူသည် မြင် ဘူး သနည်း။ တိုင်း နိုင်ငံကို တ နေ့ ခြင်းတွင် ဘွား တတ်သလော။ ပြည်သူ ပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွား တတ်သလော။ ဇိအုန် သတို့သမီးသည် သားဘွား ခြင်းဝေဒနာ ကို ခံ အ ံ့ဆဲဆဲ တွင်၊ သား များကို ဘွားမြင် ပါ သည် တကား။
Who has heard of such a thing? Who has seen such things? Will a land be born in one day? Can a nation be established in one moment? Yet as soon as Zion goes into labor, she gives birth to her children.
9 ၉ သားဘွားမည်အကြောင်းကို ငါ သည်စီရင် ပြီးမှ ၊ မ ဘွား စေဘဲနေရမည်လောဟု ထာဝရဘုရား မေး တော်မူ ၏။ ငါ သည် ပဋိသန္ဓေ ပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ် ထားရမည်လောဟု သင် ၏ဘုရား သခင်မေး တော်မူ ၏။
Do I bring a baby to the birth opening and not permit the child to be born?—asks Yahweh. Or do I bring a child to moment of delivery and then hold it back?—asks your God.”
10 ၁၀ ယေရုရှလင် မြို့ကို ချစ် သောသူအပေါင်း တို့၊ သူ နှင့် အတူ ဝမ်းမြောက် ရွှင်လန်း ကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွား သောသူအပေါင်း တို့၊ သူ နှင့် အတူ အလွန်ဝမ်းမြောက် ကြလော့။
Rejoice with Jerusalem and be glad for her, all you who love her; rejoice with her, all you who mourned over her!
11 ၁၁ သို့ပြုလျှင် ၊ သူ ၏ချမ်းသာ ခြင်းသားမြတ် ကိုစို့ ၍ ဝ ကြလိမ့်မည်။ သူ ၏စည်းစိမ် ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော် ကြလိမ့်မည်။
For you will nurse and be satisfied; with her breasts you will be comforted; for you will drink them to the full and be delighted with the abundance of her glory.
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။
This is what Yahweh says, “I am about to spread prosperity over her like a river, and the riches of the nations like an overflowing stream. You will nurse at her side, be carried in her arms, and be dandled on her knees.
13 ၁၃ အမိ သည် သား ငယ်ကို နှစ်သိမ့် စေသကဲ့သို့ ၊ သင် တို့ကို ငါ နှစ်သိမ့် စေမည်။ ယေရုရှလင် မြို့၌ ချမ်းသာ ရကြလိမ့်မည်။
As a mother comforts her child, so I will comfort you, and you will be comforted in Jerusalem.”
14 ၁၄ ထိုသို့ တွေ့ မြင်သဖြင့် ၊ သင် တို့၏နှလုံး သည် ရွှင်မြူး ၍ ၊ အရိုး တို့ သည်စိမ်းလန်းသော အပင် ကဲ့သို့ သန် ကြလိမ့်မည်။ ထာဝရဘုရား ၏ လက် တော်သည်လည်း ကျွန် တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့ အား၎င်း ထင်ရှား လိမ့်မည်။
You will see this, and your heart will rejoice, and your bones will sprout like the tender grass. The hand of Yahweh will be made known to his servants, but he will show his anger against his enemies.
15 ၁၅ ကြည့်ရှု လော့။ ထာဝရဘုရား သည် ပြင်းစွာသော အရှိန် အားဖြင့် အမျက် တော်ကို၎င်း၊ မီးလျှံ အားဖြင့် ဆုံးမ တော်မူခြင်းကို၎င်းထင်ရှားစွာ ပြ ခြင်းငှါ ၊ လေဘွေ ကဲ့သို့ သော ရထား တော်တို့ကိုစီး၍ ၊ မီး ကဲ့သို့ကြွလာ တော်မူလိမ့်မည်။
For look, Yahweh is coming with fire, and his chariots are coming like the windstorm to bring the heat of his anger and his rebuke with flames of fire.
16 ၁၆ ထာဝရဘုရား သည် မီး နှင့် ထား အားဖြင့် ၊ လူ သတ္တဝါအပေါင်း တို့ကို အပြစ် ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက် တော်မူသောသူတို့ သည် များ ကြလိမ့်မည်။
For Yahweh executes judgment on mankind by fire and with his sword. Those killed by Yahweh will be many.
17 ၁၇ တဖန်မိန့်တော်မူသည်ကား၊ ဝက် သား ၊ ကြွက် သား၊ ရွံရှာဘွယ် သောအရာကို စား လျက်၊ ဥယျာဉ် တို့တွင် အလယ် ၌ရှိသောသူတ ယောက်နောက် သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်း စင်ကြယ်စေသောသူတို့ သည် တပြိုင်နက် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ သူ တို့၏အကျင့် ကို၎င်းအကြံအစည် တို့ကို၎င်းငါ သိ၏။
They consecrate themselves and make themselves pure, so they may enter the gardens, following the one in the middle of those who eat the flesh of pig and abominable things like mice. “They will come to an end—this is Yahweh's declaration.
18 ၁၈ အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။
For I know their deeds and their thoughts. The time is coming when I will gather all nations and languages. They will come and will see my glory.
19 ၁၉ ထိုသူ တို့တွင် အလံ ကို ငါထူ မည်။ ဘေးလွတ် သောသူတို့ ကို တာရှု ပြည် ၊ ဖုလ ပြည်၊ လေး လက်နက်ကို သုံး တတ်သော လုဒ ပြည်၊ တုဗလ ပြည်၊ ယာဝန် ပြည်မှစ၍၊ ငါ ၏နာမ ကိုမ ကြား ၊ ငါ ၏ဘုန်း ကိုမ မြင် ၊ ဝေး စွာသော တကျွန်း တနိုင်ငံအရပ်သို့ စေလွှတ် သဖြင့် ၊ တပါး အမျိုးသား တို့တွင် ငါ ၏ဘုန်း ကို ဟော ပြောကြလိမ့်မည်။
I will set a mighty sign among them. Then I will send survivors from them to the nations: To Tarshish, Put, and Lud, archers who draw their bows, to Tubal, Javan, and to the distant coastlands where they have not heard about me nor seen my glory. They will proclaim my glory among the nations.
20 ၂၀ ဣသရေလ အမျိုးသား တို့သည် စင်ကြယ် သော ဖလား စသည်တို့နှင့် ၊ ပူဇော် သက္ကာကို ဗိမာန် တော်သို့ ဆောင် ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင် တို့၏ ညီအစ်ကို အပေါင်း ကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌တင်၍၊ ထာဝရဘုရား အား ပူဇော် ဘို့ရာ၊ ခပ်သိမ်း သောအပြည် ပြည်တို့မှ ငါ ၏ သန့်ရှင်း သောတောင် ၊ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
They will bring back all your brothers out of all the nations, as an offering to Yahweh. They will come on horses, and in chariots, in wagons, on mules, and on camels, to my holy mountain Jerusalem—says Yahweh. For the people of Israel will bring a grain offering in a clean vessel into the house of Yahweh.
21 ၂၁ ထိုသူ အချို့တို့ကို ငါရွေး ယူ၍၊ ယဇ်ပုရောဟိတ် အရာ နှင့် လေဝိ လူအရာ ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Some of these I will even choose as priests and Levites—says Yahweh.
22 ၂၂ ငါ ဖန်ဆင်း သော ကောင်းကင် သစ် နှင့် မြေကြီး သစ် သည် ငါ့ ရှေ့ ၌ တည် သကဲ့သို့ ၊ သင် တို့၏အမျိုး အနွယ်နှင့် သင် တို့၏ နာမ သည်လည်း တည် ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
For just as the new heavens and the new earth that I will make will remain before me—this is Yahweh's declaration—so your descendants will remain, and your name will remain.
23 ၂၃ လူ သတ္တဝါအပေါင်း တို့သည် ငါ့ ရှေ့ မှာ ကိုးကွယ် ခြင်းငှါ လဆန်း နေ့နှင့် ဥပုသ် နေ့အစဉ်အတိုင်းလာ ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
From one month to the next, and from one Sabbath to the next, all people will come to bow down to me—says Yahweh.
24 ၂၄ ထိုသူတို့သည်၊ ငါ့ ကို ပြစ်မှား သောသူ တို့၏ အသေ ကောင်များကို ထွက် ၍ ကြည့် ရှုကြလိမ့်မည်။ သူ တို့၏ ပိုး သည်မ သေ နိုင်ရာ။ သူ တို့၏မီး သည်လည်း မ ငြိမ်း နိုင်ရာ။ လူ သတ္တဝါအပေါင်း တို့၌ ရွံရှာဘွယ် ဖြစ် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။
They will go out and see the dead bodies of the men who have rebelled against me, for the worms that eat them will not die, and the fire that consumes them will not be quenched; and it will be an abhorrence to all flesh.”