< ဟေရှာယ 65 >
1 ၁ ငါ့ကို မ မေး မလျှောက်သောသူတို့၏ စကားကို ငါနားထောင်ပြီ။ ငါ့ ကိုမ ရှာ သောသူတို့သည် ငါ့ကိုတွေ့ ရ ကြပြီ။ ငါ့ ကိုကြည့် ကြလော့။ ကြည့် ကြလော့ဟု ငါ့ နာမ ကို ပဌနာ မ ပြုသောလူမျိုး အား ငါပြော ဆိုပြီ။
I have been ready to give an answer to those who did not make prayer to me; I have been offering myself to those who were not searching for me; I said, Here am I, here am I, to a nation which gave no respect to my name.
2 ၂ မိမိ အလို အတိုင်း မ ကောင်း သောလမ်း ကို လိုက် ၍၊ ငြင်းဆန် တတ်သော လူမျိုး ကို မျက်နှာပြုလျက်၊ တနေ့ လုံး ငါသည် ကိုယ် လက် ဝါးကိုဖြန့် ရပြီ။
All day my hands have been stretched out to an uncontrolled people, who go in an evil way, after the purposes of their hearts;
3 ၃ ထိုလူမျိုး သည် ဥယျာဉ် ၌ ယဇ်ပူဇော် ၍ ၊ အုတ် ပေါ် မှာ လောဗန်ကို မီးရှို့ သဖြင့်၊ ငါ့ အမျက် ကို နှိုးဆော်ခြင်းငှါ၊ ငါ့ မျက်မှောက် ၌ အစဉ် ပြုတတ်၏။
A people who make me angry every day, making offerings in gardens, and burning perfumes on bricks.
4 ၄ သင်္ချိုင်း မှာ နေ ၍ ၊ သင်္ချိုင်းတွင်း၌ အိပ် တတ်၏။ ဝက် သား ကို စား ၍၊ ရွံ့ရှာဘွယ် သော အမဲသားပြုတ်ရည် ကို သောက်တတ်၏။
Who are seated in the resting-places of the dead, and by night are in the secret places; who take pig's flesh for food, and have the liquid of disgusting things in their vessels.
5 ၅ သူတို့ကလည်း၊ သင်သည် အသီးအခြားနေလော့။ ငါ့ ထံသို့ မ ချဉ်း နှင့်။ ငါသည်သင့် ထက်သာ၍သန့်ရှင်း သည်ဟု ဆို တတ်၏။ ထို သို့သောသူတို့ သည် ငါ့ နှာခေါင်း ၌ မီးခိုး ကဲ့သို့၎င်း၊ အစဉ် လောင် သောမီး ကဲ့သို့၎င်း ဖြစ်ကြ၏။
Who say, Keep away, do not come near me, for fear that I make you holy: these are a smoke in my nose, a fire burning all day.
6 ၆ ငါ့ ရှေ့ မှာ စာရင်းမှတ် လျက်ရှိသည်ဖြစ်၍၊ ငါသည် တိတ်ဆိတ် စွာမ နေ၊ အကျိုးအပြစ်ကို ဆပ် ပေးမည်။
See, it is recorded before me, says the Lord: I will not keep back my hand, till I have sent punishment,
7 ၇ သင် တို့၏ ဒုစရိုက် အပြစ်ကို၎င်း ၊ တောင် ပေါ် မှာ လောဗန်ကို မီးရှို့ ၍ ၊ ကုန်း ပေါ် မှာ ငါ့ ကိုကဲ့ရဲ့ သော သင် တို့ဘိုးဘေး ၏ ဒုစရိုက် အပြစ်ကို၎င်း သင်တို့ရင်ခွင် ၌ ငါဆပ်ပေးမည်။ အကယ်စင်စစ်သူ တို့ပြုဘူးသောအကျင့် တို့၏ အကျိုး အပြစ်ကို သူ တို့ရင်ခွင် ၌ ငါခြင် ၍ ပေး မည်ဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
For their sins and the sins of their fathers, who were burning perfumes on the mountains, and saying evil things against me on the hills: so I will take the measure of their sins, and will send the punishment for them into their breast.
8 ၈ တဖန်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စပျစ်သီးပြွတ် ၌ စပျစ်ရည် ကို တွေ့ သောအခါ မ ဖျက် နှင့်၊ မင်္ဂလာ ရှိသည်ဟု ဆို တတ်သကဲ့သို့ ၊ ထိုအတူ ၊ ငါ့ ကျွန် တို့၏ အကျိုးအလိုငှါ ငါပြု မည်။ အကုန် အစင်မ ဖျက်။
This is the word of the Lord: As the new wine is seen in the grapes, and they say, Do not send destruction on it, for a blessing is in it: so will I do for my servants, in order that I may not put an end to them all.
9 ၉ ယာကုပ် အမျိုး ထဲက မျိုးစေ့ကို၎င်း၊ ယုဒ အမျိုးထဲက ငါ့ တောင် ကို အမွေခံ ရသောသူကို၎င်း ငါထုတ်ဘော် မည်။ ငါ ရွေးကောက် သောသူ တို့ သည် ပြည်တော်ကို အမွေခံ ၍ ၊ ငါ ၏ကျွန် တို့သည် နေ ရကြလိမ့်မည်။
And I will take a seed out of Jacob, and out of Judah one who will have my mountains for a heritage: and the people I have taken to be mine will have it for themselves, and my servants will have their resting-place there.
10 ၁၀ ငါ့ ကိုရှာ သော ငါ ၏လူ တို့အဘို့ ၊ ရှာရုန် အရပ်သည် သိုး ခြံ ဖြစ်လိမ့်မည်။ အာခေါ် ချိုင့် သည်လည်း နွား များ အိပ် ရာအရပ်ဖြစ် လိမ့်မည်။
And Sharon will be a grass-land for the flocks, and the valley of Achor a resting-place for the herds: for my people whose hearts have been turned back to me.
11 ၁၁ သင် တို့မူကား ၊ ထာဝရဘုရား ကိုစွန့်ပစ် သောသူ၊ ငါ ၏သန့်ရှင်း သော တောင် ကိုမေ့လျော့ သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲ ကိုခင်း ၍ ၊ မေနိ ဘုရားအား သွန်းလောင်း ရာ ပူဇော် သက္ကာကို ပြင်သောသူဖြစ် ကြ၏။
But as for you who have given up the Lord, who have no care for my holy mountain, who get ready a table for Chance, and make offerings of mixed wine to Fate;
12 ၁၂ သင် တို့ကို ငါရေတွက် ၍ ၊ ထား ၌အပ်မည်။ ရှိသမျှ တို့သည် အသေသတ် ခြင်းကိုခံရအောင် ဦးချ ရကြ လိမ့်မည်။ အကြောင်း မူကား၊ သင်တို့သည် ငါခေါ် သောအခါ မ ထူး ကြ။ ငါပြော သောအခါ နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကို ကျင့် ကြ၏။ ငါမ နှစ်သက် သော အရာကို ရွေး ယူကြ၏။
Your fate will be the sword, and you will all go down to death: because when my voice came to you, you made no answer; you did not give ear to my word; but you did what was evil in my eyes, desiring what was not pleasing to me.
13 ၁၃ ထိုကြောင့်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ကျွန် တို့သည် စား ကြလိမ့်မည်။ သင် တို့မူကား ၊ မွတ်သိပ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် သောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရေငတ် ကြလိမ့်မည်။ ငါ ၏ကျွန် တို့သည် ဝမ်းမြောက် ကြလိမ့်မည်။ သင် တို့မူကား ၊ ရှက် ကြောက် ကြလိမ့်မည်။
For this cause says the Lord God, My servants will have food, but you will be in need of food: my servants will have drink, but you will be dry: my servants will have joy, but you will be shamed:
14 ၁၄ ငါ ၏ကျွန် တို့သည် ရွှင်လန်း သောစိတ် နှင့် သီချင်း ဆိုကြလိမ့်မည်။ သင် တို့မူကား ၊ ဝမ်းနည်း သောစိတ် နှင့် ငိုကြွေး ကြလိမ့်မည်။ ကြေကွဲ သော နှလုံး နှင့် ညဉ်းတွား မြည်တမ်းကြလိမ့်မည်။
My servants will make songs in the joy of their hearts, but you will be crying for sorrow, and making sounds of grief from a broken spirit.
15 ၁၅ သင်တို့သည် ကိုယ် နာမ ကို၊ ငါ ရွေးကောက် သောသူတို့ ၌ ကျိန်ဆဲ ဘို့ ရာ ကျန်ရစ် စေကြလိမ့်မည်။ အရှင် ထာဝရဘုရား သည် သင် တို့ကို ကွပ်မျက် ၍၊ ကိုယ်တော် ၏ ကျွန် တို့ကို အခြား သောနာမ ဖြင့် မှည့် တော်မူမည်။
And your name will become a curse to my people, and the Lord God will put you to death, and give his servants another name:
16 ၁၆ မြေကြီး ပေါ် မှာ မိမိကို မိမိကောင်းကြီး ပေးသောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို အမှီပြု၍ ကောင်းကြီး ပေးလိမ့်မည်။ မြေကြီး ပေါ် မှာ ကျိန်ဆို သောသူသည်၊ သစ္စာ စောင့်တော်မူသောဘုရား သခင်ကို တိုင်တည်၍ ကျိန် ဆိုလိမ့်မည်။ အကြောင်း မူကား၊ အရင် အမှု တို့ကို မေ့လျော့ ရ၏။ ငါ့ မျက်မှောက် ၌ ကွယ် ပျောက် လျက်ရှိကြ၏။
So that he who is requesting a blessing will make use of the name of the true God, and he who takes an oath will do so by the true God; because the past troubles are gone out of mind, and because they are covered from my eyes.
17 ၁၇ ကြည့်ရှု လော့။ မိုဃ်း ကောင်းကင်သစ် နှင့် မြေကြီး သစ် ကို ငါ ဖန်ဆင်း မည်။ အရင် မိုဃ်းကောင်းကင်နှင့်မြေကြီးကို မ အောက်မေ့ ရ။ နှလုံး မ မှတ်မိ ရ။
For see, I am making a new heaven and a new earth: and the past things will be gone completely out of mind.
18 ၁၈ ငါ ဖန်ဆင်း လတံ့သောအရာကြောင့်၊ သင်တို့သည် အစဉ် အမြဲဝမ်းမြောက် ရွှန်လန်း ကြလိမ့်မည်။ ယေရုရှလင် မြို့ကို ဝမ်းမြောက် စရာအကြောင်း၊ မြို့ သား တို့ကို ရွှင်လန်း စရာအကြောင်းဖြစ်စေခြင်းငှါ ငါ ဖန်ဆင်း ၏။
But men will be glad and have joy for ever in what I am making; for I am making Jerusalem a delight, and her people a joy.
19 ၁၉ ငါသည်လည်း ယေရုရှလင် မြို့ကြောင့် ဝမ်းမြောက် မည်။ ငါ ၏လူ တို့ကြောင့် ရွှင်လန်း မည်။ ထိုမြို့ ၌ ငိုကြွေး သံ နှင့် အော်ဟစ် သံ ကို နောက် တဖန်မ ကြား ရ။
And I will be glad over Jerusalem, and have joy in my people: and the voice of weeping will no longer be sounding in her, or the voice of grief.
20 ၂၀ ထို မြို့၌ အသက်ငယ်သောသူငယ် မ ရှိ ရ။ အသက်မ ပြည့်စုံ သော လူအို လည်းမရှိရ။ အသက် တရာ ရှိလျက် သေ သောသူကို သူငယ်ဟူ၍မှတ်ရ၏။ အပြစ် ရှိသောသူသည် အသက် တရာ ရှိလျက်သေလျှင်၊ ကျိန် ခြင်းကို ခံရသောသူဟူ၍မှတ်ရ၏။
No longer will there be there a child whose days are cut short, or an old man whose days have not come to their full measure: for the young man at his death will be a hundred years old, and he whose life is shorter than a hundred years will seem as one cursed.
21 ၂၁ ထိုသူတို့သည် ကိုယ်ဆောက် သောအိမ် ၌ နေ ကြလိမ့်မည်။ ကိုယ်စိုက် သော စပျစ် ဥယျာဉ်အသီး ကို စား ကြ လိမ့်မည်။
And they will be building houses and living in them; planting vine-gardens and getting the fruit of them.
22 ၂၂ သူတို့သည် အိမ်ကို ဆောက် ၍ အခြား သောသူ နေ ရမည်မ ဟုတ်။ သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက် ၍ အခြား သောသူစား ရမည်မ ဟုတ်။ ငါ ၏ လူ တို့အသက် သည် သစ်ပင် ၏အသက် ကဲ့သို့ ဖြစ်၍ ၊ သူ တို့သည် ကိုယ်ပြုစုသောအရာကို ကြာမြင့်စွာ သုံးဆောင်ရကြ လိမ့်မည်။
They will no longer be building for the use of others, or planting for others to have the fruit: for the days of my people will be like the days of a tree, and my loved ones will have joy in full measure in the work of their hands.
23 ၂၃ ငါ ရွေးကောက် သောသူတို့ သည် အချည်းနှီး မ လုပ် မဆောင်ရကြ။ အသက် တိုသော သားကိုမ ဘွား မမြင်ရကြ။ ကိုယ်တိုင် မှစ၍ အမျိုး အနွယ်တို့သည်၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရသောသူ ဖြစ်ကြလိမ့်မည်။
Their work will not be for nothing, and they will not give birth to children for destruction; for they are a seed to whom the Lord has given his blessing, and their offspring will be with them.
24 ၂၄ ငါသည် သူတို့မခေါ် မှီ ကပင် ထူး မည်။ လျှောက် စဉ်တွင် ပင် ငါ နားထောင် မည်။
And before they make their request I will give an answer, and while they are still making prayer to me, I will give ear.
25 ၂၅ တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။
The wolf and the lamb will take their food together, and the lion will make a meal of grass like the ox: but dust will be the snake's food. There will be no cause of pain or destruction in all my holy mountain, says the Lord.