< ဟေရှာယ 64 >
1 ၁ ကိုယ်တော်သည် မိုဃ်းကောင်းကင် ကို ဖွင့်လှစ် ၍၊ ဆင်းသက် တော်မူပါစေသော။ ရှေ့ တော်၌ တောင် တို့သည် လှုပ် ကြပါစေသော။
၁ကိုယ်တော်ရှင်သည်အဘယ်ကြောင့်မိုးကောင်းကင် ကိုဖွင့်လှစ်၍ ဆင်းသက်ကြွလာတော်မမူပါ သနည်း။ တောင်များသည်ကိုယ်တော်ရှင်ကို မြင်၍ကြောက်လန့်တုန်လှုပ်ကြပါလိမ့်မည်။-
2 ၂ မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။
၂သူတို့သည်မီးပေါ်တွင် ဆူပွက်နေသည့်ရေကဲ့ သို့တုန်လှုပ်ကြပါလိမ့်မည်။ ကြွလာတော်မူ၍ ရန်သူတို့အား ကိုယ်တော်ရှင်၏တန်ခိုးတော် ကိုပြတော်မူပါ။ လူမျိုးတကာတို့အား ရှေ့တော်၌တုန်လှုပ်စေတော်မူပါ။-
3 ၃ အကျွန်ုပ်တို့ မြော်လင့် သည်ထက်၊ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူသောအခါ ၊ ဆင်းသက် တော်မူ၍ တောင် တို့သည် ရှေ့ တော်၌ လှုပ် ကြပါ၏။
၃အခါတစ်ပါးကကိုယ်တော်ရှင်သည်ကြွလာ တော်မူ၍ ကျွန်တော်မျိုးတို့မမျှော်လင့်သည့် ကြောက်လန့်ဖွယ်ရာအမှုများကိုပြုတော်မူ ပါ၏။ တောင်များသည်ကိုယ်တော်ရှင်ကိုမြင် ၍ကြောက်စိတ်နှင့်တုန်လှုပ်ကြပါ၏။-
4 ၄ ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။
၄မိမိအားမျှော်ကိုးကြသူတို့အတွက်ဤ မည်သောအမှုတို့ကို ကိုယ်တော်ရှင်၏နည်း တူပြုတော်မူသည့်ဘုရားကိုအဘယ်သူ မျှမတွေ့မမြင်ဘူးပါ။ ထိုဘုရားအကြောင်း ကိုကြားလည်းမကြားဘူးကြပါ။-
5 ၅ ဝမ်းမြောက် သောစိတ်နှင့် ဖြောင့်မတ် စွာကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော် ကို အောက်မေ့ သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယဖွဲ့တော်မူ ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ် လွှဲ တတ် သောကြောင့်အမျက် ထွက်တော်မူ၏။ ကယ်တင် ခြင်းသို့ ရောက်ရကြပါ မည်လော။
၅ကိုယ်တော်ရှင်သည်မှန်ရာကိုပြုကျင့်၍ပျော်မွေ့ တတ်သူများအားလည်းကောင်း၊ ကိုယ်တော်ရှင် ၏အလိုတော်အတိုင်းပြုကျင့်ရန်မမေ့မ လျော့တတ်သူများအားလည်းကောင်းကြိုဆို လက်ခံတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန် တော်မျိုးတို့အားအမျက်ထွက်တော်မူသော် လည်း ကျွန်တော်မျိုးတို့သည်အပြစ်ကူးမြဲ ကူးလျက်နေကြပါ၏။ ကိုယ်တော်အမျက် ထွက်နေပါလျက်ကျွန်တော်မျိုးတို့သည် အမှားကိုပြုမြဲပြုကြပါ၏။ ရှေးယခင် ကစ၍ဤသို့ပြုခဲ့မိကြပါ၏။-
6 ၆ အကျွန်ုပ် တို့ရှိသမျှ သည် စင်ကြယ် ခြင်းမရှိပါ။ ပြုဘူးသမျှ သောကုသိုလ် ကောင်းမှုတို့သည် ညစ်သော အဝတ် နှင့်တူ ကြပါ၏။ အကျွန်ုပ် တို့ ရှိသမျှ သည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်း လျက် ရှိ၍၊ ကိုယ် အပြစ် တို့သည် လေ ကဲ့သို့ အကျွန်ုပ် တို့ကို တိုက် သွားပါပြီ။
၆ကျွန်တော်မျိုးတို့အားလုံးအပြစ်သားများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့၏အကောင်းဆုံး အကျင့်ပင်လျှင်လုံးဝဥဿုံရွံရှာဖွယ်သာ ဖြစ်ပါ၏။ ကျွန်တော်မျိုးတို့သည်မိမိတို့၏ အပြစ်များကြောင့်လေလွင့်ရွက်ခြောက်များ နှင့်တူကြပါ၏။-
7 ၇ နာမ တော်ကို ပဌနာ ပြုသောသူ၊ ကိုယ်တော် ကို မှီဝဲ ခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော် သော သူတယောက်မျှ မရှိပါ။ အကြောင်း မူကား၊ မျက်နှာ တော်ကိုလွှဲ ၍ အကျွန်ုပ် တို့ကို ဒုစရိုက် အပြစ်အားဖြင့် ဆုံးရှုံး စေတော်မူပြီ။
၇ကိုယ်တော်ရှင်၏နာမတော်နှင့်ထံတော်သို့ တစ်ဦးတစ်ယောက်မျှဆုတောင်းပတ္ထနာမ ပြုပါ။ ``ကူမတော်မူပါ'' ဟုလည်းတစ်ဦး တစ်ယောက်မျှလာရောက်ပန်ကြားမှုမပြု ပါ။ ကျွန်တော်မျိုးတို့အပြစ်များကြောင့် ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုလွှဲ တော်မူ၍ကျွန်တော်မျိုးတို့အားစွန့်ပစ် တော်မူပါပြီ။
8 ၈ သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
၈သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင် သည်ကျွန်တော်မျိုးတို့၏ဖခင်ဖြစ်တော်မူ ပါ၏။ ကျွန်တော်မျိုးတို့သည်ရွှံ့စေးနှင့်တူ၍ ကိုယ်တော်ရှင်မူကားအိုးထိန်းသည်နှင့်တူ ပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးတို့ အားဖန်ဆင်းတော်မူခဲ့သည့်အရှင်ဖြစ် သဖြင့်၊-
9 ၉ အိုထာဝရဘုရား ၊ ပြင်းစွာအမျက် ထွက်တော် မ မူပါနှင့်။ ပြစ်မှားမိသော အပြစ် တို့ကို အစဉ် မပြတ်အောက်မေ့ တော်မ မူပါနှင့်။ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့ ရှိသမျှ သည် ကိုယ်တော် ၏ လူ ဖြစ်ကြပါ၏။
၉ကျွန်တော်မျိုးတို့အပေါ်၌ အလွန်အမင်း အမျက်ရှတော်မမူပါနှင့်။ သို့မဟုတ်လျှင် လည်းကျွန်တော်မျိုးတို့၏အပြစ်များကို အစဉ်မပြတ်အောက်မေ့သတိရတော်မမူ ပါနှင့်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် ၏လူမျိုးတော်ဖြစ်၍ ကျွန်တော်မျိုးတို့ အားသနားတော်မူပါ။-
10 ၁၀ သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
၁၀ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့ များသည် သဲကန္တာရသဖွယ်ဖြစ်၍ ယေရု ရှလင်မြို့သည်လည်းပျက်စီးယိုယွင်း လျက် လူသူကင်းမဲ့ရာဖြစ်၍နေပါ၏။-
11 ၁၁ ကိုယ်တော် ကို ဘိုးဘေး တို့ချီးမွမ်း ရာအရပ် ၊ အကျွန်ုပ် တို့၏ သန့်ရှင်း တင့်တယ် သော ဗိမာန် တော်ကို မီး လောင် ပါပြီ။ အကျွန်ုပ် တို့နှစ်သက် ဘွယ်သောအရာရှိသမျှ တို့ သည် သုတ်သင် ပယ်ရှားလျက်ရှိ ကြပါ၏။
၁၁ကျွန်တော်မျိုးတို့၏ဗိမာန်တော်၊ ကိုယ်တော် ရှင်အားကျွန်တော်မျိုးတို့ဘိုးဘေးများ ထောမနာပြုရာ မြင့်မြတ်တင့်တယ်သန့်ရှင်း သည့်ဌာနတော်သည်မီးသင့်လောင်၍သွား ပါပြီ။ ကျွန်တော်မျိုးတို့ချစ်မြတ်နိုးသည့် အဆောက်အဦမှန်သမျှသည်လည်း ယိုယွင်းပျက်စီးလျက်ရှိပါ၏။-
12 ၁၂ အိုထာဝရဘုရား ၊ ဤ အမှုတို့ကို သည်းခံ တော်မူမည် လော၊ အောင့် လျက်နေ၍ အကျွန်ုပ် တို့ကို အလွန် ဆင်းရဲ စေတော်မူမည်လော။
၁၂အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ဤ အမှုအရာများကြောင့်စိတ်ထိခိုက်လှုပ်ရှား မှုဖြစ်တော်မမူပါသလော။ ကိုယ်တော်ရှင် သည်ငြိမ်သက်စွာနေတော်မူလျက်ကျွန် တော်မျိုးတို့အားမိမိတို့၏ခံနိုင်ရည်ထက် ပို၍ဆင်းရဲဒုက္ခရောက်စေတော်မူပါမည် လော။