< ဟေရှာယ 64 >

1 ကိုယ်တော်သည် မိုဃ်းကောင်းကင် ကို ဖွင့်လှစ် ၍၊ ဆင်းသက် တော်မူပါစေသော။ ရှေ့ တော်၌ တောင် တို့သည် လှုပ် ကြပါစေသော။
If only You would rend the heavens and come down, so that mountains would quake at Your presence,
2 မီး သည်အမှိုက် ကို လောင် သကဲ့သို့ ၎င်း၊ ရေ ကိုဆူ စေသကဲ့သို့၎င်း ဖြစ်ပါစေသော။ သို့ဖြစ်လျှင်၊ ကိုယ်တော် ၏ ရန်သူ တို့သည် နာမ တော်ကို သိ ၍၊ ရှေ့ တော်၌ လူ အမျိုးမျိုးတို့သည် တုန်လှုပ် ကြပါလိမ့်မည်။
as fire kindles the brushwood and causes the water to boil, to make Your name known to Your enemies, so that the nations will tremble at Your presence!
3 အကျွန်ုပ်တို့ မြော်လင့် သည်ထက်၊ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူသောအခါ ၊ ဆင်းသက် တော်မူ၍ တောင် တို့သည် ရှေ့ တော်၌ လှုပ် ကြပါ၏။
When You did awesome works that we did not expect, You came down, and the mountains trembled at Your presence.
4 ကိုယ်တော် ကို မြော်လင့် သောသူတို့အဘို့အလိုငှါ ကျေးဇူးပြု တော်မူသောဘုရား၊ ကိုယ်တော် မှတပါး အခြားသော ဘုရား သခင်ကို ကမ္ဘာဦး မှစ၍ အဘယ်သူမျှမ ကြား မ သိ ပါ။ နားဖြင့်မကြား၊ မျက်စိ ဖြင့်မ မြင် စဖူးပါ။
From ancient times no one has heard, no ear has perceived, no eye has seen any God besides You, who acts on behalf of those who wait for Him.
5 ဝမ်းမြောက် သောစိတ်နှင့် ဖြောင့်မတ် စွာကျင့် သောသူ၊ တရား တော်လမ်းတို့၌ ကိုယ်တော် ကို အောက်မေ့ သောသူတို့နှင့် ကိုယ်တော်သည် မိဿဟာယဖွဲ့တော်မူ ၏။ ထိုလမ်းတို့မှ အကျွန်ုပ်တို့သည် အစဉ် လွှဲ တတ် သောကြောင့်အမျက် ထွက်တော်မူ၏။ ကယ်တင် ခြင်းသို့ ရောက်ရကြပါ မည်လော။
You welcome those who gladly do right, who remember Your ways. Surely You were angry, for we sinned. How can we be saved if we remain in our sins?
6 အကျွန်ုပ် တို့ရှိသမျှ သည် စင်ကြယ် ခြင်းမရှိပါ။ ပြုဘူးသမျှ သောကုသိုလ် ကောင်းမှုတို့သည် ညစ်သော အဝတ် နှင့်တူ ကြပါ၏။ အကျွန်ုပ် တို့ ရှိသမျှ သည် သစ်ရွက် ကဲ့သို့ ညှိုးနွမ်း လျက် ရှိ၍၊ ကိုယ် အပြစ် တို့သည် လေ ကဲ့သို့ အကျွန်ုပ် တို့ကို တိုက် သွားပါပြီ။
Each of us has become like something unclean, and all our righteous acts are like filthy rags; we all wither like a leaf, and our iniquities carry us away like the wind.
7 နာမ တော်ကို ပဌနာ ပြုသောသူ၊ ကိုယ်တော် ကို မှီဝဲ ခြင်းငှါ ကိုယ်ကိုကိုယ်နှိုးဆော် သော သူတယောက်မျှ မရှိပါ။ အကြောင်း မူကား၊ မျက်နှာ တော်ကိုလွှဲ ၍ အကျွန်ုပ် တို့ကို ဒုစရိုက် အပြစ်အားဖြင့် ဆုံးရှုံး စေတော်မူပြီ။
No one calls on Your name or strives to take hold of You. For You have hidden Your face from us and delivered us into the hand of our iniquity.
8 သို့ရာတွင် အိုထာဝရဘုရား ၊ ကိုယ်တော် သည် အကျွန်ုပ် တို့ အဘ ဖြစ်တော်မူ၏။ အကျွန်ုပ် တို့သည် အိုးမြေ ဖြစ်ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် တို့၏ အိုးထိန်း ဖြစ်တော်မူ၏။ အကျွန်ုပ် တို့ရှိသမျှ သည် လက် တော်နှင့် ဖန်ဆင်း သောအရာ ဖြစ်ပါ၏။
But now, O LORD, You are our Father; we are the clay, and You are the potter; we are all the work of Your hand.
9 အိုထာဝရဘုရား ၊ ပြင်းစွာအမျက် ထွက်တော် မ မူပါနှင့်။ ပြစ်မှားမိသော အပြစ် တို့ကို အစဉ် မပြတ်အောက်မေ့ တော်မ မူပါနှင့်။ ကြည့်ရှု တော်မူပါ။ အကျွန်ုပ် တို့ ရှိသမျှ သည် ကိုယ်တော် ၏ လူ ဖြစ်ကြပါ၏။
Do not be angry, O LORD, beyond measure; do not remember our iniquity forever. Oh, look upon us, we pray; we are all Your people!
10 ၁၀ သန့်ရှင်း သောမြို့ တော်တို့သည် တော ဖြစ် ကြ ပါပြီ။ ဇိအုန် တောင်လည်း တော ဖြစ် ပါပြီ။ ယေရုရှလင် မြို့ လည်းပျက်စီး ပါပြီ။
Your holy cities have become a wilderness. Zion has become a wasteland and Jerusalem a desolation.
11 ၁၁ ကိုယ်တော် ကို ဘိုးဘေး တို့ချီးမွမ်း ရာအရပ် ၊ အကျွန်ုပ် တို့၏ သန့်ရှင်း တင့်တယ် သော ဗိမာန် တော်ကို မီး လောင် ပါပြီ။ အကျွန်ုပ် တို့နှစ်သက် ဘွယ်သောအရာရှိသမျှ တို့ သည် သုတ်သင် ပယ်ရှားလျက်ရှိ ကြပါ၏။
Our holy and beautiful temple, where our fathers praised You, has been burned with fire, and all that was dear to us lies in ruins.
12 ၁၂ အိုထာဝရဘုရား ၊ ဤ အမှုတို့ကို သည်းခံ တော်မူမည် လော၊ အောင့် လျက်နေ၍ အကျွန်ုပ် တို့ကို အလွန် ဆင်းရဲ စေတော်မူမည်လော။
After all this, O LORD, will You restrain Yourself? Will You keep silent and afflict us beyond measure?

< ဟေရှာယ 64 >