< ဟေရှာယ 63 >
1 ၁ တင့်တယ် သော အဝတ် တန်ဆာဆင်ခြင်း၊ ကြီး သောတန်ခိုး ကြောင့် ဝါကြွားခြင်းရှိ၍၊ ပန်းဆိုး သော အဝတ် ကိုဝတ်လျက်၊ ဧဒုံ ပြည်ဗောဇရ မြို့မှ လာ သော ဤ သူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။ ဖြောင့်မတ်ခြင်းတရား ကို ဟော ၍၊ ကယ်တင် ခြင်းငှာ တန်ခိုးကြီး သောငါ ပေတည်း။
Who is this who comes from Edom, with dyed garments from Bozrah? Who is this who is glorious in his clothing, marching in the greatness of his strength? “It is I who speak in righteousness, mighty to save.”
2 ၂ ကိုယ်တော် သည် အဘယ်ကြောင့်နီ သောအဝတ် ကို ဝတ်တော်မူသနည်း။ အဝတ် တော်သည် စပျစ်သီးကို နင်းနယ် သောသူ ၏အဝတ်နှင့် အဘယ်ကြောင့် တူ ပါသနည်း။
Why is your clothing red, and your garments like him who treads in the wine vat?
3 ၃ စပျစ်သီးကို ငါ တယောက် တည်းနင်းနယ် ရပြီ။ လူ များအထဲ ကတယောက် မျှမ ပါ။ သူ တို့ကို ငါ အမျက် ထွက်၍ ကျော် နင်းပြီ။ ပြင်းစွာအမျက် ထွက်၍ နှိပ်နင်း ပြီ။ သူ တို့အသွေး သည် ငါ့ အဝတ် ပေါ် မှာ ဖျန်း လျက်ရှိပြီ။ ငါ့ အဝတ် တန်ဆာရှိသမျှ ကို ငါ ဆိုးပြီ။
“I have trodden the wine press alone. Of the peoples, no one was with me. Yes, I trod them in my anger and trampled them in my wrath. Their lifeblood is sprinkled on my garments, and I have stained all my clothing.
4 ၄ အပြစ် ပေးသော နေ့ရက် ကို ငါ အောက်မေ့ ပြီ။ ငါ ရွေးနှုတ် သောသူတို့ ၏ နှစ် သည် ရောက် လာပြီ။
For the day of vengeance was in my heart, and the year of my redeemed has come.
5 ၅ ငါကြည့် ရှု၍ မစ သော သူမ ရှိ။ မှိုင်တွေ သော်လည်း ထောက် ပင့်သောသူမ ရှိ။ ထိုကြောင့် ၊ ကိုယ် လက် သည် ကိုယ် အဘို့ ကယ်တင် ခြင်းကို ပြုပြီ။ ကိုယ် ဒေါသ အမျက်သည် ကိုယ် ကိုထောက် ပင့်ပြီ။
I looked, and there was no one to help; and I wondered that there was no one to uphold. Therefore my own arm brought salvation to me. My own wrath upheld me.
6 ၆ လူ များကို အမျက် ထွက်၍ ကျော်နင်း ပြီ။ ပြင်းစွာအမျက် ထွက်၍ ကျပ်ကျပ် နှိပ်နင်းပြီ။ သူ တို့အသွေး ကို မြေ ပေါ် မှာသွန် ပြီ။
I trod down the peoples in my anger and made them drunk in my wrath. I poured their lifeblood out on the earth.”
7 ၇ ကရုဏာနှင့် မဟာမေတ္တာတော်အတိုင်း ထာဝရဘုရားသည် ငါ တို့အား သနား တော်မူသောအရာအလုံးစုံ ကို၎င်း၊ ဣသရေလ အမျိုးသား တို့၌ ပြု တော်မူသော မဟာကျေးဇူး တော်ကို၎င်းထောက်၍၊ ထာဝရဘုရား ၏ မဟာမေတ္တာ တော်နှင့်၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်ကို ငါချီးမွမ်း မည်။
I will tell of the loving kindnesses of the LORD and the praises of the LORD, according to all that the LORD has given to us, and the great goodness toward the house of Israel, which he has given to them according to his mercies, and according to the multitude of his loving kindnesses.
8 ၈ အကယ် စင်စစ်သူ တို့သည် ငါ ၏လူ ဖြစ်ကြ၏။ သစ္စာ မ ပျက်သော သား လည်း ဖြစ်ကြ၏ဟု မိန့် တော်မူသဖြင့် ၊ သူ တို့ကို ကယ်နှုတ် တော်မူ၏။
For he said, “Surely, they are my people, children who will not deal falsely;” so he became their Savior.
9 ၉ အမှု ရောက်လေရာရာ ၌ သူတို့ကို ညှဉ်းဆဲတော်မမူ။ ရှေ့ တော်မှ စေလွှတ်သော ကောင်းကင်တမန် သည် ကယ်တင် လျက်၊ မေတ္တာ ကရုဏာ တော်ရှိသည်အတိုင်းရွေးနှုတ် တော်မူ၏။ ရှေး ကာလ ပတ်လုံး သူ တို့ကို ချီ ဆောင် တော်မူ၏။
In all their affliction he was afflicted, and the angel of his presence saved them. In his love and in his pity he redeemed them. He bore them, and carried them all the days of old.
10 ၁၀ သူ တို့သည်လည်း ပုန်ကန် ၍ ၊ သန့်ရှင်း သော ဝိညာဉ် တော်ကို နာ စေကြ၏။ ထိုကြောင့် ၊ သူ တို့ကို ရန်ဘက် ပြု၍ စစ်တိုက် တော်မူ၏။
But they rebelled and grieved his Holy Spirit. Therefore he turned and became their enemy, and he himself fought against them.
11 ၁၁ ထိုအခါ ထာဝရ ဘုရား၏ လူ တို့သည် ရှေး ကာလ ၊ မောရှေ ၏ကာလကို အောက်မေ့ ကြ၏။ မိမိ လူ တို့ ကို သိုးထိန်း နှင့် တကွပင်လယ် ထဲက ထုတ် ဆောင်သော ဘုရားသည် အဘယ်မှာ ရှိတော်မူသနည်း။ မိမိ လူတို့အထဲ ၌ သန့်ရှင်း သော ဝိညာဉ် တော်ကို သွင်း လျက်၊
Then he remembered the days of old, Moses and his people, saying, “Where is he who brought them up out of the sea with the shepherds of his flock? Where is he who put his Holy Spirit among them?”
12 ၁၂ မောရှေ ၏လက်ျာ နား မှာ ဘုန်း ကြီးသော လက်ရုံး တော်ကို သွင်း ၍၊ အသရေ တော်ကို အစဉ် ထင်ရှား စေခြင်းငှါ ၊ သူ တို့ရှေ့ မှာ ရေ ကို ခွဲ သဖြင့်၊
Who caused his glorious arm to be at Moses’ right hand? Who divided the waters before them, to make himself an everlasting name?
13 ၁၃ လွင်ပြင် ၌ မြင်း ကို နှင်သကဲ့သို့ ၊ အဆီး အတားမ ရှိဘဲ နက်နဲ ရာအရပ်၌ သူ တို့ကို ဆောင်သွား သော ဘုရား သည် အဘယ်မှာရှိတော်မူသနည်း။
Who led them through the depths, like a horse in the wilderness, so that they didn’t stumble?
14 ၁၄ ချိုင့် ထဲသို့ သိုး နွား ဆင်း သွားသကဲ့သို့ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငြိမ်ဝပ် ရသောအခွင့်ကိုပေး တော်မူ၏။ ထိုသို့ အသရေ တော်ကို ထင်ရှား စေခြင်းငှါ ၊ ကိုယ်တော် ၏လူ တို့ကို ဆောင်သွား တော်မူပါပြီ။
As the livestock that go down into the valley, the LORD’s Spirit caused them to rest. So you led your people to make yourself a glorious name.
15 ၁၅ ကောင်းကင် ဘုံက ငုံ့ကြည့် တော်မူပါ။ သန့်ရှင်း ၍ ဘုန်း ကြီးသောနေရာ က ကြည့်ရှု တော်မူပါ။ စိတ် တော် အားကြီး၍ တန်ခိုး ကို ပြတော်မူခြင်း၊ ကရုဏာတော်လှုပ်ရှား၍ အကျွန်ုပ် တို့ကို သနား စုံမက်တော်မူခြင်းသည် အဘယ် မှာရှိပါသနည်း။ ချုပ်တည်း တော်မူသလော။
Look down from heaven, and see from the habitation of your holiness and of your glory. Where are your zeal and your mighty acts? The yearning of your heart and your compassion is restrained toward me.
16 ၁၆ အာဗြဟံ သည် အကျွန်ုပ် တို့ကိုမ သိ ၊ ဣသရေလ သည် လက် မ ခံသော်လည်း ၊ အကယ်စင်စစ်ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ် တို့အဘ ဖြစ်တော်မူ၏။ ရှေး ကာလမှ စ၍အကျွန်ုပ် တို့ကို ရွေးနှုတ် သော ဘုရားဖြစ်တော်မူ၏။
For you are our Father, though Abraham doesn’t know us, and Israel does not acknowledge us. You, LORD, are our Father. Our Redeemer from everlasting is your name.
17 ၁၇ အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း မှ အကျွန်ုပ် တို့ကို အဘယ်ကြောင့် လွှဲ စေတော်မူသနည်း။ ကိုယ်တော်ကိုမကြောက်ရွံ့မည်အကြောင်း၊ အကျွန်ုပ် တို့၏ စိတ်နှလုံး ကိုအဘယ်ကြောင့် ခိုင်မာ စေတော်မူသနည်း။ ကိုယ်တော် ၏ ကျွန်တို့အတွက်၊ အမွေ တော်ဖြစ်သောအနွှယ် တို့အတွက် ပြန်လာ တော်မူပါ။
O LORD, why do you make us wander from your ways, and harden our heart from your fear? Return for your servants’ sake, the tribes of your inheritance.
18 ၁၈ ကိုယ်တော် ၏ သန့်ရှင်း သူ တို့သည် ခဏ သာအစိုးရ ပြီးမှ၊ ရန်သူ တို့သည် သန့်ရှင်း ရာဌာနတော်ကို ကျော်နင်း ကြသည်ဖြစ်၍၊
Your holy people possessed it but a little while. Our adversaries have trodden down your sanctuary.
19 ၁၉ အကျွန်ုပ်တို့သည် ကိုယ်တော်မ အုပ်စိုး ဘူးသော သူကဲ့သို့၎င်း၊ နာမ တော်ဖြင့် သမုတ် ခြင်းကိုမ ခံဘူးသော သူကဲ့သို့၎င်း ဖြစ် ကြပါ၏။
We have become like those over whom you never ruled, like those who were not called by your name.