< ဟေရှာယ 62 >
1 ၁ ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
For Zion’s sake I am not silent, And for Jerusalem’s sake I do not rest, Until her righteousness goes out as brightness, And her salvation burns as a torch.
2 ၂ တပါးအမျိုးသား တို့သည် သင် ၏ဖြောင့်မတ် ခြင်း ကို၎င်း ၊ ရှင်ဘုရင် အပေါင်း တို့သည် သင် ၏ ဘုန်း အသရေကို၎င်း မြင် ရကြလိမ့်မည်။ ထာဝရဘုရား ၏ နှုတ် တော် ထွက်နာမ သစ် ဖြင့် သင့် ကို ခေါ် ကြလိမ့်မည်။
And nations have seen your righteousness, And all kings your glory, And He is giving a new name to you, That the mouth of YHWH defines.
3 ၃ သင်သည် ထာဝရဘုရား ၏ လက် တော်၌ တင့်တယ် သော ဦးရစ် ၊ သင် ၏ဘုရား သခင်ကိုင် တော်မူသောမင်း မြောက်သရဖူ ဖြစ် လိမ့်မည်။
And you have been a crown of beauty in the hand of YHWH, And a turban of royalty in the hand of your God,
4 ၄ သင့် ကို ၊ စွန့်ပစ် သောသူဟူ၍၎င်း၊ သင် ၏မြေ ကို ၊ လူဆိတ်ညံ သော မြေဟူ၍၎င်း နောက်တဖန် မ ခေါ် ရ။ သင် သည် ငါနှစ်သက် သောသူ၊ သင် ၏ မြေ သည်လက်ထပ် သောမြေဟူသော အမည် ကို ရလိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင့် ကို နှစ်သက် တော်မူ၏။ သင် ၏မြေ ကိုလည်း လက်ထပ် ရလိမ့်မည်။
It is not said of you anymore, “Forsaken!” And of your land it is not said anymore, “Desolate,” For to you is cried, “My delight [is] in her,” And to your land, “Married,” For YHWH has delighted in you, And your land is married.
5 ၅ လူပျို သည် အပျို ကညာနှင့် လက်ထပ် သကဲ့သို့ ၊ သင် ၏သား တို့သည် သင် နှင့် လက်ထပ် ကြလိမ့်မည်။ မင်္ဂလာဆောင် လုလင်သည် မင်္ဂလာဆောင်သတို့သမီး ၌ ဝမ်းမြောက် သကဲ့သို့၊ သင် ၏ဘုရား သခင်သည် သင် ၌ ဝမ်းမြောက် တော်မူလိမ့်မည်။
For a young man marries a virgin, Your builders marry you, With the joy of a bridegroom over a bride, Your God rejoices over you.
6 ၆ အိုယေရုရှလင် မြို့၊ နေ့ ညဉ့် မပြတ် တိတ်ဆိတ် စွာ မ နေရသော လူစောင့် တို့ကို သင် ၏မြို့ရိုး ပေါ် မှာ ငါထား ပြီ။ ထာဝရဘုရား ကို အောက်မေ့ စေသောသူတို့၊ တိတ်ဆိတ် စွာ မ နေကြနှင့်။
“On your walls, O Jerusalem, I have appointed watchmen, All the day and all the night, Continually, they are not silent.” O you remembering YHWH, do not keep silence for yourselves,
7 ၇ ယေရုရှလင် မြို့ကို အမြဲတည်တော်မမူ၊ မြေကြီး ပေါ်မှာ ချီးမွမ်း စရာအကြောင်းဖြစ် စေတော်မမူမှီတိုင်အောင် ၊ ဘုရား သခင်ကို မ ငြိမ် စေကြနှင့်။
And do not give silence to Him, Until He establishes, and until He makes Jerusalem a praise in the earth.
8 ၈ ထာဝရဘုရား က၊ သင် ၏ ရန်သူ တို့ကို သင် ၏ စပါး နှင့် နောက်တဖန် ငါမ ကျွေး။ သင်သည် ကြိုးစား ၍ လုပ်သော စပျစ်ရည် ကို တပါးအမျိုးသား တို့သည် မ သောက် ရကြ။
YHWH has sworn by His right hand, Even by the arm of His strength: “I do not give your grain anymore [as] food for your enemies, Nor do sons of a stranger drink your new wine, For which you have labored.
9 ၉ စပါးကိုရိတ် သောသူတို့သည် ကိုယ်တိုင် စား ၍ ၊ ထာဝရဘုရား ကို ချီးမွမ်း ကြလိမ့်မည်။ စပျစ်သီးကို သိမ်း သောသူတို့ သည် ငါ ၏ သန့်ရှင်း ရာဌာနတန်တိုင်း အတွင်း ၌ စပျစ်ရည်ကို သောက် ကြလိမ့်မည်ဟု တန်ခိုး ကြီးသော လက်ျာ လက်ရုံး တော်ကို တိုင်တည်၍ ကျိန်ဆို တော်မူပြီ။
For those gathering it eat it, and have praised YHWH, And those collecting it drink it in My holy courts.”
10 ၁၀ မြို့တံခါး မှ ထွက် ကြ။ ထွက် ကြ။ လူ များဘို့လမ်း ကို ပြင် ကြ။ မြေဖို့ ကြ။ ဖို့ ကြ။ ကျောက် များကို ပယ်ရှင်း ကြ။ လူ များဘို့ အလံ ကို ထူ ကြ။
Pass on, pass on through the gates, Prepare the way of the people, Raise up, raise up the highway, clear it from stones, Lift up an ensign over the peoples.
11 ၁၁ မြေကြီး စွန်း တိုင်အောင်ထာဝရဘုရား မိန့် တော်မူ သည်ကား၊ သင့် ကို ကယ်တင် သောသူသည် လာ ၏။ မိမိ ခံထိုက်သော အခ သည် မိမိ ၌ပါ လျက် ၊ ဆုလပ် တော် သည် ရှေ့တော်၌ရှိ၏ဟု ဇိအုန် သတို့သမီး ကို ပြော ကြလော့။
Behold, YHWH has proclaimed to the end of the earth: “Say to the daughter of Zion, Behold, your salvation has come, Behold, His hire [is] with Him, And His wage before Him.”
12 ၁၂ သူ တို့သည် သန့်ရှင်း သောသူ ၊ ထာဝရဘုရား ရွေးနှုတ် တော်မူသောသူဟူ၍၎င်း ၊ သင် သည် သူတပါး မ စွန့်ပစ် ၊ စည်ပင် သော မြို့ ဟူ၍၎င်း သမုတ် ခြင်းကိုခံရလိမ့်မည်။
And they have cried to them, “The People of the Holy One! The Redeemed of YHWH!” Indeed, to you is called, “The sought out one, a city not forsaken!”