< ဟေရှာယ 61 >
1 ၁ ထာဝရဘုရား ၏ ဝိညာဉ် တော်သည် ငါ့ အပေါ် မှာ တည်တော်မူ၏။ အကြောင်း မူကား၊ ဆင်းရဲ သားတို့ အား ဝမ်းမြောက်စရာ သိတင်းကို ကြားပြော စေခြင်းငှါ ၊ ငါ့ ကို ဘိသိက် ပေးတော်မူပြီ။ နှလုံး ကြေကွဲ သောသူတို့၏ အနာကို စည်း စေခြင်းငှါ ၎င်း၊ ဘမ်း သွားချုပ်ထားလျက် ရှိသောသူတို့ အား လွှတ်ခြင်း အကြောင်းနှင့်၊ အကျဉ်းခံ လျက်ရှိသောသူတို့ အား ထောင်တံခါးဖွင့် ခြင်း အကြောင်းကို ပြစေခြင်းငှါ၎င်း၊
The Spirit of the Lord GOD is upon me; because the LORD has anointed me to preach good tidings unto the meek; he has sent me to bind up the brokenhearted, to proclaim liberty to the captives, and the opening of the prison to them that are bound;
2 ၂ ထာဝရဘုရား ၏မင်္ဂလာ နှစ် နှင့် ၊ ငါ တို့ဘုရား သခင် အပြစ် ပေးတော်မူရာ နေ့ ရက်ကာလကို ကြား ပြောစေခြင်းငှါ ၎င်း၊ စိတ်မသာညည်းတွား သောသူတို့ အား နှစ်သိမ့် စေခြင်းငှါ ၎င်း၊
To proclaim the acceptable year of the LORD, and the day of vengeance of our God; to comfort all that mourn;
3 ၃ စိတ်မသာညည်းတွား သော ဇိအုန် မြို့သားတို့ အဘို့ စီရင် ၍၊ ပြာ အရာ ၌ ပေါင်း သရဖူ၊ ဝမ်းနည်း ခြင်း အရာ ၌ ဝမ်းမြောက် ခြင်းဆီ ၊ ညှိုးငယ် သောစိတ် သဘောအရာ ၌ ချီးမွမ်း ခြင်းအဝတ် တန်ဆာကို သူ တို့အား ပေး စေခြင်းငှါ ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီ။ ထိုသူ တို့သည် ဖြောင့်မတ် ခြင်းသပိတ် ပင်၊ ဘုန်း အသရေတော်ဘို့ ထာဝရဘုရား စိုက်ပျိုး တော်မူသောအပင်ဟူ၍သမုတ် ခြင်းကိုခံ ရကြလိမ့်မည်။
To appoint unto them that mourn in Zion, to give unto them beauty for ashes, the oil of joy for mourning, the garment of praise for the spirit of heaviness; that they might be called trees of righteousness, the planting of the LORD, that he might be glorified.
4 ၄ ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေး ကာလ၌ သုတ်သင် ပယ်ရှင်းရာတို့ကို တည်ဆောက် ကြ လိမ့်မည်။ ဆိတ်ညံသောမြို့ရာ၊ အစဉ် အဆက် စွန့်ပစ် ရာအရပ် တို့ကို ပြုစု ကြလိမ့်မည်။
And they shall build the old wastes, they shall raise up the former desolations, and they shall repair the waste cities, the desolations of many generations.
5 ၅ တပါးအမျိုးသား တို့သည် ရပ် လျက် ၊ သင် တို့သိုးစု များကို ထိန်း ကျောင်းကြလိမ့်မည်။ တကျွန်း တနိုင်ငံသား တို့သည် သင် တို့အဘို့ လယ် လုပ်၍ ၊ စပျစ် ဥယျာဉ်ကိုလည်း ပြုစုကြလိမ့်မည်။
And strangers shall stand and feed your flocks, and the sons of the foreigner shall be your plowmen and your vinedressers.
6 ၆ သင် တို့မူကား၊ ထာဝရဘုရား ၏ ယဇ်ပုရောဟိတ် ဟူ၍၎င်း၊ ငါ တို့ဘုရား သခင်၏ အမှုတော်ထမ်း ဟူ၍၎င်း သမုတ် ခြင်းကိုခံရကြလိမ့်မည်။ တပါးအမျိုးသား တို့ ၏ စည်းစိမ် ကို စား ၍ ၊ သူ တို့၏ ဘုန်း အသရေ၌ ဝါကြွား ဝမ်းမြောက်ကြလိမ့်မည်။
But all of you shall be named the Priests of the LORD: men shall call you the Ministers of our God: all of you shall eat the riches of the Gentiles, and in their glory shall all of you boast yourselves.
7 ၇ သင် တို့အရှက် ကွဲခြင်းအရာ ၌ နှစ်ဆ သော အကျိုးကို ခံရ၍၊ အသရေပျက် ခြင်းအရာ၌လည်း ၊ သူ တို့ အဘို့ ကို ခံစားလျက် ဝမ်းမြောက် ကြလိမ့်မည်။ သူ တို့မြေ ၌ နှစ်ဆ သောအဘို့ကို အမွေခံ ရ၍၊ ထာဝရ ဝမ်းမြောက် ခြင်း နှင့် ပြည့်စုံ ကြလိမ့်မည်။
For your shame all of you shall have double; and for confusion they shall rejoice in their portion: therefore in their land they shall possess the double: everlasting joy shall be unto them.
8 ၈ အကြောင်း မူကား၊ ငါ ထာဝရဘုရား သည် တရား သဖြင့် စီရင်ခြင်းကို နှစ်သက် ၏။ လုယူ ခြင်းအမှု နှင့် အဓမ္မ အမှုကို မုန်း ၏။ သစ္စာ အတိုင်း သူ တို့အား အကျိုး ကိုပေး မည်။ သူ တို့နှင့် ထာဝရ ပဋိညာဉ် ကို ဖွဲ့ မည်။
For I the LORD love judgment, I hate robbery for burnt offering; and I will direct their work in truth, and I will make an everlasting covenant with them.
9 ၉ သူ တို့အမျိုး အနွယ်သား စဉ်မြေးဆက်တို့သည် တပါးအမျိုးသား နေရာအရပ်ရပ်၌ ကျော်စော ကြလိမ့်မည်။ သူ တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသော အမျိုး အနွယ်ဖြစ်ကြ၏ဟု သူ တို့ကို မြင် သောသူ အပေါင်း တို့သည် ဝန်ခံ ကြလိမ့်မည်။
And their seed shall be known among the Gentiles, and their offspring among the people: all that see them shall acknowledge them, that they are the seed which the LORD has blessed.
10 ၁၀ ထာဝရဘုရား ကြောင့် ငါသည် အလွန်ဝမ်းမြောက် ၍၊ ငါ ၏ဘုရား သခင်ကြောင့် ငါ့ ဝိညာဉ် သည် ရွှင်လန်း မည်။ အကြောင်း မူကား၊ မင်္ဂလာဆောင်လုလင် သည် ပေါင်း သရဖူကို ဆောင်း သကဲ့သို့ ၎င်း ၊ မင်္ဂလာဆောင် သတို့သမီးသည် တန်ဆာ ဆင် သကဲ့သို့ ၎င်း၊ ကယ်တင် ခြင်းအဝတ် တန်ဆာနှင့် ငါ့ ကို ဝတ်ဆင် စေ၍၊ ဖြောင့်မတ် ခြင်းဝတ်လုံ နှင့် ခြုံ တော်မူပြီ။
I will greatly rejoice in the LORD, my soul shall be joyful in my God; for he has clothed me with the garments of salvation, he has covered me with the robe of righteousness, as a bridegroom decks himself with ornaments, and as a bride adorns herself with her jewels.
11 ၁၁ မြေကြီး သည် အပင် ကို ပေါက် စေသကဲ့သို့ ၎င်း ၊ လယ်ယာ သည်၊ မိမိ ၌စိုက်သောမျိုးစေ့ ကို အညှောက် ထွက်စေသကဲ့သို့၎င်း၊ ထိုအတူ ထာဝရဘုရား သည် ခပ်သိမ်း သော လူမျိုး ရှေ့ မှာ၊ ဖြောင့်မတ် ခြင်းနှင့် ချီးမွမ်း ခြင်းကို ပေါ်ထွန်း စေတော်မူလိမ့်မည်။
For as the earth brings forth her bud, and as the garden causes the things that are sown in it to spring forth; so the Lord GOD will cause righteousness and praise to spring forth before all the nations.