< ဟေရှာယ 60 >

1 သင်ထ လော့။ လင်း လော့။ သင် ၏အလင်း ရောက် လာပြီ။ ထာဝရဘုရား ၏ဘုန်း တော်သည် သင် ၏ အပေါ် မှာ ပေါ်ထွန်း လျက်ရှိ၏။
Stand up and shine, for your light has come; the glory of the Lord has risen on you.
2 ကြည့်ရှု လော့။ မှောင်မိုက် သည် မြေကြီး ကို ဖုံးလွှမ်း လိမ့်မည်။ ထူထပ်သော မှောင်မိုက် သည် လူ များကို ဖုံးလွှမ်းလိမ့်မည်။ သို့ သော်လည်း၊ သင် ၏အပေါ် မှာ ထာဝရဘုရား သည် ပေါ် ထွန်းတော်မူ၍ ၊ ဘုန်း တော်သည် သင် ၏အပေါ် မှာ ထင်ရှား လျက် ရှိလိမ့်မည်။
Even though darkness covers the earth, and deep darkness covers the people, the Lord has risen to shine on you, and his glory appears over you.
3 တပါးအမျိုးသား တို့သည် သင် ၏အလင်း သို့ ၎င်း ၊ ရှင်ဘုရင် တို့သည် သင် ၌ ပေါ်ထွန်း ခြင်းအရောင် သို့ ၎င်း လာ ကြလိမ့်မည်။
Nations will come to your light, and kings will come to the brightness of your shining dawn.
4 အရပ်ရပ် သို့ မျှော် ကြည့် လော့။ ခပ်သိမ်း သောသူ တို့ သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ သင် ၏ သား သမီး တို့သည် အဝေး က လာ ၍ ၊ သင် ၏အနား မှာ မွေးစား ခြင်းကိုခံ ကြလိမ့်မည်။
Look all around you, and see everyone gathering and coming to you—your sons returning from far away, your young daughters being carried on the hip.
5 ထိုအခါ သင် သည် ကြောက်ရွံ့ ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံး တုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ ၏ကြွယ်ဝ ခြင်းသည် သင့် ဘက် သို့ ပြောင်းလဲ ၍၊ တပါးအမျိုးသား တို့၏ စည်းစိမ် သည် သင့် လက်သို့ ရောက် လိမ့်မည်။
Then you will see and shine brilliantly, your heart will beat wildly for joy, for the riches that cross the sea, the wealth of the nations, will be brought to you.
6 ကုလားအုပ် များနှင့် မိဒျန် ပြည်၊ ဧဖာ ပြည်မှ ဖြစ်သော ကုလားအုပ် မျိုးတို့သည် သင့်ကို နှံ့ပြား ကြ လိမ့်မည်။ ရှေဘ ပြည်သား အပေါင်း တို့သည် လာ ကြလိမ့်မည်။ ရွှေ နှင့် လောဗန် ကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်း ကြလိမ့်မည်။
Long caravans of camels will cover the land, young camels of Midian and Ephah. All the people of Sheba will come to you carrying gold and frankincense, shouting praises to the Lord.
7 ကေဒါ ပြည်၏ သိုးစု အပေါင်း တို့သည် သင့် ထံမှာ စုဝေး ကြလိမ့်မည်။ နဗာယုတ် ပြည်၏ ဆိတ် တို့သည် သင် ၏အမှုကို ဆောင်ရွက် ၍၊ နှစ်သက် ဘွယ်သော လက္ခဏာ နှင့် ငါ ၏ယဇ်ပလ္လင် ပေါ်သို့ တက် ကြလိမ့်မည်။ ငါ့ ဘုန်း ထင်ရှားရာဗိမာန် ကို ငါသည် သာ၍ဘုန်းပွင့် စေမည်။
All the flocks of Kedar will be brought to you, the rams of Nebaioth will be placed at your disposal. I will accept them as they are sacrificed on my altar, and I will glorify the Temple where I'm honored.
8 မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ မိမိ တို့အိမ် သို့ ပျံ သော ချိုး များကဲ့သို့ ၎င်း ပျံလာသောဤ သူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
What are these flying like a cloud, flying like pigeons returning to their roost?
9 အကယ် စင်စစ်သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့်၎င်း၊ သင် ၏ဘုန်းကိုပွင့် စေ သော၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရားကြောင့် ၎င်း၊ သင် ၏သား တို့နှင့်တကွသူ တို့ရွှေ ငွေ များကို အဝေး မှ ဆောင် ခဲ့ခြင်းငှါ ၊ တကျွန်း တနိုင်ငံသားတို့သည် ငါ့ ကို စောင့် နေ၍ ၊ တာရှု သင်္ဘော တို့သည် အဦး ပြုကြလိမ့်မည်။
Coming from the islands that trust in me, these are ships led by those of Tarshish, bringing your children home from far away, carrying with them silver and gold. They come to honor of the Lord your God, the Holy One of Israel, for he has made you glorious.
10 ၁၀ တပါးအမျိုး တို့သည် သင် ၏မြို့ရိုး ကို တည် ကြ လိမ့်မည်။ ရှင် ဘုရင်တို့သည်လည်း သင့် ကို ပြုစု ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ သည် အမျက် ထွက်၍ သင့် ကို ဒဏ်ခတ် သော်လည်း ၊ စေတနာ စိတ်နှင့် သနား ဦးမည်။
Foreigners will rebuild your walls, and their kings will work for you. Even though I did hit you when I was angry with you, now I will be kind and merciful to you.
11 ၁၁ တပါးအမျိုးသား တို့၏ စည်းစိမ် ကို သင့် ထံသို့ ဆောင် ခဲ့၍၊ သူ တို့၏ရှင်ဘုရင် တို့ကိုလည်း ပို့သ မည် အကြောင်း၊ သင် ၏တံခါး တို့ကို နေ့ ညဉ့် မ ပိတ် ဘဲ အစဉ် ဖွင့် ထားရလိမ့်မည်။
Your gates will always be kept open. They won't ever be shut, day or night, so the wealth of the nations can be brought to you, with their kings being led along in a procession.
12 ၁၂ အကြင်ပြည် နှင့် အကြင်နိုင်ငံ သည် သင် ၏အမှုကို မ ဆောင် ၊ ထိုပြည် နှင့် ထိုနိုင်ငံသည် ပျက်စီး ရ လိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင် ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
Any nation or kingdom that does not serve you will be completely destroyed.
13 ၁၃ ငါ ၏သန့်ရှင်း ရာဌာန ကို တင့်တယ် စေခြင်းငှါ ၊ လေဗနုန် ဘုန်း နှင့်တကွထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်တို့သည် သင့် ထံသို့ တညီတညွတ် တည်းရောက် လာ ကြလိမ့်မည်။ ငါသည် ငါ ၏ခြေ တင်ရာအရပ် ကို ဘုန်းပွင့် စေမည်။
The glory of Lebanon will come to you: cedars, acacias, and myrtle trees, to make my Temple beautiful and to honor the place I choose to live.
14 ၁၄ သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။
The children of those who persecuted you will come and bow before you; everyone who looked down on you will bow down at your feet and will call you the City of the Lord, Zion of the Holy One of Israel.
15 ၁၅ သင့်ကို အဘယ်သူမျှရှောက် ၍ မ သွားရမည် အကြောင်း၊ သူတပါးတို့သည် သင့် ကို စွန့်ပစ် ရွံရှာ ကြ သည်အတွက် ၊ ငါသည် သင့် ကို ထာဝရ အထွဋ် အမြတ်ဖြစ် စေမည်။ လူမျိုး အစဉ်အဆက်ဝမ်းမြောက် စရာအကြောင်းလည်း ဖြစ် စေမည်။
Once you were abandoned and despised, somewhere people didn't go, but now I will make you a place to be proud of forever, a joy to every generation.
16 ၁၆ သင် သည် တပါးအမျိုးသား တို့၏ နို့ ကို စို့ ရ လိမ့်မည်။ ရှင်ဘုရင် တို့၏သားမြတ် ကိုလည်း စို့ ရလိမ့်မည်။ ငါ ထာဝရဘုရား သည်၊ သင့် ကို ကယ်တင် သောသူ၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသောဘုရားသည်၊ သင့် ကို ရွေးနှုတ် သောသူဖြစ် ကြောင်းကို သင်သည် သိ ရလိမ့်မည်။
Nations will provide you with what you need, kings will take care of you as if you were their own children. You will know that I, the Lord, am your Savior and Redeemer, the Mighty One of Jacob.
17 ၁၇ ကြေးဝါ အရာ ၌ ရွှေ ကို၎င်း ၊ သံ အရာ ၌ ငွေ ကို ၎င်း၊ သစ်သား အရာ ၌ ကြေးဝါ ကို၎င်း ၊ ကျောက် အရာ ၌ သံ ကို၎င်းငါဆောင် ခဲ့မည်။ သင် ၏ အရာရှိ တို့ကို ငြိမ်သက် သောသဘော၊ အခွန်ခံ တို့ကို ဖြောင့်မတ် သော သဘောနှင့် ပြည့်စုံ စေမည်။
I will bring you gold instead of bronze, silver instead of iron, bronze instead of wood, and iron instead of stone. I will appoint Peace as your watchman, and Goodness as your leader.
18 ၁၈ သင် ၏ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မ ကြား ရ။ သင် ၏နယ် အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင် ၏မြို့ရိုး ကို ကယ်တင် ခြင်းဟူ၍၎င်း၊ မြို့တံခါး တို့ကို ချီးမွမ်း ခြင်းဟူ၍၎င်း သမုတ် ရ လိမ့်မည်။
There won't be any more violence in your land, no more devastation and destruction within your borders. You will call your walls Salvation, and your gates Praise.
19 ၁၉ နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။
You won't need the light of the sun during the day, or the light of the moon at night, for the Lord your God will be your everlasting light, and your God will be your glory.
20 ၂၀ နောက် တဖန် သင် ၏နေ သည်မ ဝင် ရ။ သင် ၏ လ သည်လည်း မ ဆုတ် ရ။ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ဖြစ်တော်မူ၍ ၊ စိတ်မသာညည်းတွား ရာ ကာလ ကုန် လေပြီ။
Your sun will never set, and your moon will never wane, for the Lord will be your everlasting light, and your time of mourning will end.
21 ၂၁ သင် ၏လူ အပေါင်း တို့သည် ဖြောင့်မတ် ၍၊ ပြည် တော်ကို အစဉ် အမြဲအမွေခံ သဖြင့်၊ ငါ ၏ဘုန်း ပွင့်စေခြင်းငှါ ၊ ငါ့ ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင် ဖြစ်ရကြ လိမ့်မည်။
All your people will be good, and they will own the land forever. They are the shoot I have planted with my hands, and they will reveal my glory.
22 ၂၂ သူငယ် တယောက်သည် လူတထောင် ဖြစ် ရ လိမ့်မည်။ အားနည်း သော သူတယောက်သည် အားကြီး သော လူမျိုး ဖြစ်ရလိမ့်မည်။ ငါ ထာဝရဘုရား သည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော် မည်။
The smallest of your families will increase to a thousand, and the most insignificant will become a great nation. I am the Lord; at the right time I will do this quickly.

< ဟေရှာယ 60 >