< ဟေရှာယ 60 >
1 ၁ သင်ထ လော့။ လင်း လော့။ သင် ၏အလင်း ရောက် လာပြီ။ ထာဝရဘုရား ၏ဘုန်း တော်သည် သင် ၏ အပေါ် မှာ ပေါ်ထွန်း လျက်ရှိ၏။
Arise, shine! for thy light is come, and the glory of Jehovah is risen upon thee.
2 ၂ ကြည့်ရှု လော့။ မှောင်မိုက် သည် မြေကြီး ကို ဖုံးလွှမ်း လိမ့်မည်။ ထူထပ်သော မှောင်မိုက် သည် လူ များကို ဖုံးလွှမ်းလိမ့်မည်။ သို့ သော်လည်း၊ သင် ၏အပေါ် မှာ ထာဝရဘုရား သည် ပေါ် ထွန်းတော်မူ၍ ၊ ဘုန်း တော်သည် သင် ၏အပေါ် မှာ ထင်ရှား လျက် ရှိလိမ့်မည်။
For behold, darkness shall cover the earth, and gross darkness the peoples; but Jehovah will arise upon thee, and his glory shall be seen on thee.
3 ၃ တပါးအမျိုးသား တို့သည် သင် ၏အလင်း သို့ ၎င်း ၊ ရှင်ဘုရင် တို့သည် သင် ၌ ပေါ်ထွန်း ခြင်းအရောင် သို့ ၎င်း လာ ကြလိမ့်မည်။
And the nations shall walk by thy light, and kings by the brightness of thy rising.
4 ၄ အရပ်ရပ် သို့ မျှော် ကြည့် လော့။ ခပ်သိမ်း သောသူ တို့ သည် စုဝေး ၍ သင့် ထံသို့ လာ ကြ၏။ သင် ၏ သား သမီး တို့သည် အဝေး က လာ ၍ ၊ သင် ၏အနား မှာ မွေးစား ခြင်းကိုခံ ကြလိမ့်မည်။
Lift up thine eyes round about, and see: all they gather themselves together, they come to thee: thy sons come from afar, and thy daughters are carried upon the side.
5 ၅ ထိုအခါ သင် သည် ကြောက်ရွံ့ ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံး တုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ ၏ကြွယ်ဝ ခြင်းသည် သင့် ဘက် သို့ ပြောင်းလဲ ၍၊ တပါးအမျိုးသား တို့၏ စည်းစိမ် သည် သင့် လက်သို့ ရောက် လိမ့်မည်။
Then thou shalt see, and shalt be brightened, and thy heart shall throb, and be enlarged; for the abundance of the sea shall be turned unto thee, the wealth of the nations shall come unto thee.
6 ၆ ကုလားအုပ် များနှင့် မိဒျန် ပြည်၊ ဧဖာ ပြည်မှ ဖြစ်သော ကုလားအုပ် မျိုးတို့သည် သင့်ကို နှံ့ပြား ကြ လိမ့်မည်။ ရှေဘ ပြည်သား အပေါင်း တို့သည် လာ ကြလိမ့်မည်။ ရွှေ နှင့် လောဗန် ကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်း ကြလိမ့်မည်။
A multitude of camels shall cover thee, young camels of Midian and Ephah; all they from Sheba shall come: they shall bring gold and incense; and they shall publish the praises of Jehovah.
7 ၇ ကေဒါ ပြည်၏ သိုးစု အပေါင်း တို့သည် သင့် ထံမှာ စုဝေး ကြလိမ့်မည်။ နဗာယုတ် ပြည်၏ ဆိတ် တို့သည် သင် ၏အမှုကို ဆောင်ရွက် ၍၊ နှစ်သက် ဘွယ်သော လက္ခဏာ နှင့် ငါ ၏ယဇ်ပလ္လင် ပေါ်သို့ တက် ကြလိမ့်မည်။ ငါ့ ဘုန်း ထင်ရှားရာဗိမာန် ကို ငါသည် သာ၍ဘုန်းပွင့် စေမည်။
All the flocks of Kedar shall be gathered unto thee, the rams of Nebaioth shall serve thee: they shall come up with acceptance on mine altar, and I will beautify the house of my magnificence.
8 ၈ မိုဃ်းတိမ် ကဲ့သို့ ၎င်း၊ မိမိ တို့အိမ် သို့ ပျံ သော ချိုး များကဲ့သို့ ၎င်း ပျံလာသောဤ သူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
Who are these that come flying as a cloud, and as doves to their dove-cotes?
9 ၉ အကယ် စင်စစ်သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမ တော်ကြောင့်၎င်း၊ သင် ၏ဘုန်းကိုပွင့် စေ သော၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရားကြောင့် ၎င်း၊ သင် ၏သား တို့နှင့်တကွသူ တို့ရွှေ ငွေ များကို အဝေး မှ ဆောင် ခဲ့ခြင်းငှါ ၊ တကျွန်း တနိုင်ငံသားတို့သည် ငါ့ ကို စောင့် နေ၍ ၊ တာရှု သင်္ဘော တို့သည် အဦး ပြုကြလိမ့်မည်။
For the isles shall await me, and the ships of Tarshish first, to bring thy sons from afar, their silver and their gold with them, unto the name of Jehovah thy God, and to the Holy One of Israel, for he hath glorified thee.
10 ၁၀ တပါးအမျိုး တို့သည် သင် ၏မြို့ရိုး ကို တည် ကြ လိမ့်မည်။ ရှင် ဘုရင်တို့သည်လည်း သင့် ကို ပြုစု ကြလိမ့်မည်။ အကြောင်း မူကား၊ ငါ သည် အမျက် ထွက်၍ သင့် ကို ဒဏ်ခတ် သော်လည်း ၊ စေတနာ စိတ်နှင့် သနား ဦးမည်။
And the sons of the alien shall build up thy walls, and their kings shall minister unto thee. For in my wrath I smote thee, but in my favour have I had mercy on thee.
11 ၁၁ တပါးအမျိုးသား တို့၏ စည်းစိမ် ကို သင့် ထံသို့ ဆောင် ခဲ့၍၊ သူ တို့၏ရှင်ဘုရင် တို့ကိုလည်း ပို့သ မည် အကြောင်း၊ သင် ၏တံခါး တို့ကို နေ့ ညဉ့် မ ပိတ် ဘဲ အစဉ် ဖွင့် ထားရလိမ့်မည်။
And thy gates shall stand open continually: (they shall not be shut day nor night, ) that the wealth of the nations may be brought unto thee, and that their kings may be led [to thee].
12 ၁၂ အကြင်ပြည် နှင့် အကြင်နိုင်ငံ သည် သင် ၏အမှုကို မ ဆောင် ၊ ထိုပြည် နှင့် ထိုနိုင်ငံသည် ပျက်စီး ရ လိမ့်မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင် ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
For the nation and the kingdom that will not serve thee shall perish; and those nations shall be utterly wasted.
13 ၁၃ ငါ ၏သန့်ရှင်း ရာဌာန ကို တင့်တယ် စေခြင်းငှါ ၊ လေဗနုန် ဘုန်း နှင့်တကွထင်းရူး ပင်၊ တဒေရ ပင်၊ တာရှုရ ပင်တို့သည် သင့် ထံသို့ တညီတညွတ် တည်းရောက် လာ ကြလိမ့်မည်။ ငါသည် ငါ ၏ခြေ တင်ရာအရပ် ကို ဘုန်းပွင့် စေမည်။
The glory of Lebanon shall come unto thee, the cypress, pine, and box-tree together, to beautify the place of my sanctuary; and I will make the place of my feet glorious.
14 ၁၄ သင့် ကို ညှဉ်းဆဲ သောသူတို့ ၏သား တို့သည် သင့် ထံသို့ လာ ၍ ဦးချကြလိမ့်မည်။ သင့် ကို မထီမဲ့မြင် ပြုသောသူအပေါင်း တို့သည် သင် ၏ခြေ ရင်း၌ ဝပ် နေကြ လိမ့်မည်။ ထာဝရဘုရား ၏မြို့ ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား၏ ဇိအုန် မြို့ဟူ၍၊ သင့် ကို သမုတ် ကြလိမ့်မည်။
And the children of them that afflicted thee shall come bending unto thee; and all they that despised thee shall bow themselves down at the soles of thy feet; and they shall call thee The city of Jehovah, the Zion of the Holy One of Israel.
15 ၁၅ သင့်ကို အဘယ်သူမျှရှောက် ၍ မ သွားရမည် အကြောင်း၊ သူတပါးတို့သည် သင့် ကို စွန့်ပစ် ရွံရှာ ကြ သည်အတွက် ၊ ငါသည် သင့် ကို ထာဝရ အထွဋ် အမြတ်ဖြစ် စေမည်။ လူမျိုး အစဉ်အဆက်ဝမ်းမြောက် စရာအကြောင်းလည်း ဖြစ် စေမည်။
Instead of thy being forsaken and hated, so that no one went through [thee], I will make thee an eternal excellency, a joy from generation to generation.
16 ၁၆ သင် သည် တပါးအမျိုးသား တို့၏ နို့ ကို စို့ ရ လိမ့်မည်။ ရှင်ဘုရင် တို့၏သားမြတ် ကိုလည်း စို့ ရလိမ့်မည်။ ငါ ထာဝရဘုရား သည်၊ သင့် ကို ကယ်တင် သောသူ၊ ယာကုပ် အမျိုး၌ တန်ခိုး ကြီးသောဘုရားသည်၊ သင့် ကို ရွေးနှုတ် သောသူဖြစ် ကြောင်းကို သင်သည် သိ ရလိမ့်မည်။
And thou shalt suck the milk of the nations, and shalt suck the breast of kings; and thou shalt know that I, Jehovah, [am] thy Saviour and thy Redeemer, the Mighty One of Jacob.
17 ၁၇ ကြေးဝါ အရာ ၌ ရွှေ ကို၎င်း ၊ သံ အရာ ၌ ငွေ ကို ၎င်း၊ သစ်သား အရာ ၌ ကြေးဝါ ကို၎င်း ၊ ကျောက် အရာ ၌ သံ ကို၎င်းငါဆောင် ခဲ့မည်။ သင် ၏ အရာရှိ တို့ကို ငြိမ်သက် သောသဘော၊ အခွန်ခံ တို့ကို ဖြောင့်မတ် သော သဘောနှင့် ပြည့်စုံ စေမည်။
For bronze I will bring gold, and for iron I will bring silver, and for wood bronze, and for stones iron; and I will make thine officers peace, and thy rulers righteousness.
18 ၁၈ သင် ၏ပြည် ၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မ ကြား ရ။ သင် ၏နယ် အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင် ၏မြို့ရိုး ကို ကယ်တင် ခြင်းဟူ၍၎င်း၊ မြို့တံခါး တို့ကို ချီးမွမ်း ခြင်းဟူ၍၎င်း သမုတ် ရ လိမ့်မည်။
Violence shall no more be heard in thy land, wasting nor destruction within thy borders; but thou shalt call thy walls Salvation, and thy gates Praise.
19 ၁၉ နောက်တဖန် နေ့ အချိန်၌ သင်၏အလင်းသည် နေ ပေးသော အလင်း မ ဟုတ် ၊ ညဉ့်အချိန်၌လည်း၊ လ အရောင် သည် သင့် ကို မ လင်း စေရ။ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ၊ သင် ၏ဘုရား သခင် သည် သင် ၏ဘုန်း အသရေဖြစ် တော်မူလိမ့်မည်။
The sun shall be no more thy light by day, neither for brightness shall the moon give light unto thee; but Jehovah shall be thine everlasting light, and thy God thy glory.
20 ၂၀ နောက် တဖန် သင် ၏နေ သည်မ ဝင် ရ။ သင် ၏ လ သည်လည်း မ ဆုတ် ရ။ ထာဝရဘုရား သည် သင် ၌ ထာဝရ အလင်း ဖြစ်တော်မူ၍ ၊ စိတ်မသာညည်းတွား ရာ ကာလ ကုန် လေပြီ။
Thy sun shall no more go down, neither shall thy moon withdraw itself; for Jehovah shall be thine everlasting light, and the days of thy mourning shall be ended.
21 ၂၁ သင် ၏လူ အပေါင်း တို့သည် ဖြောင့်မတ် ၍၊ ပြည် တော်ကို အစဉ် အမြဲအမွေခံ သဖြင့်၊ ငါ ၏ဘုန်း ပွင့်စေခြင်းငှါ ၊ ငါ့ ကိုယ်တိုင်စိုက် ၍ ပြုစုသော ပျိုးပင် ဖြစ်ရကြ လိမ့်မည်။
Thy people also shall be all righteous: they shall possess the land for ever — the branch of my planting, the work of my hands, that I may be glorified.
22 ၂၂ သူငယ် တယောက်သည် လူတထောင် ဖြစ် ရ လိမ့်မည်။ အားနည်း သော သူတယောက်သည် အားကြီး သော လူမျိုး ဖြစ်ရလိမ့်မည်။ ငါ ထာဝရဘုရား သည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော် မည်။
The little one shall become a thousand, and the smallest a mighty nation: I, Jehovah, will hasten it in its time.