< ဟေရှာယ 6 >

1 ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။
ဩဇိမင်းကြီးအနိစ္စရောက်သော နှစ်တွင်၊ ထာဝရဘုရားသည် အလွန်မြင့်မြတ်သောပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန်ဆာ သည် ဗိမာန်တော်ကို ဖြည့်လေ၏။
2 ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။
ကောင်းကင်တမန် သရပ်တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက်ခုစီရှိ၍၊ အတောင်နှစ်ခုဖြင့် မျက်နှာကိုဖုံး လျက်၊ အတောင်နှစ်ခုဖြင့် ခြေတို့ကို ဖုံးလျက်၊ အတောင်နှစ်ခုဖြင့် ပျံတတ်ကြ၏။
3 သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။
သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော် မူ၏။ သန့်ရှင်းတော်မူ၏။ မြေကြီးလုံးသည် ဘုန်းတော်နှင့် ပြည့်လေ၏ဟု တပါးကိုတပါး ကြွေးကြော်၍ မြွတ်ဆို ကြ၏။
4 ထိုသို့သော ကြွေးကြော် သံ ကြောင့်၊ တံခါး တိုင် တို့ သည် လှုပ်ရှား ၍၊ မီးခိုး နှင့် တအိမ် လုံးပြည့် လေ၏။
ထိုသို့သော ကြွေးကြော်သံကြောင့်၊ တံခါးတိုင်တို့ သည် လှုပ်ရှား၍၊ မီးခိုးနှင့် တအိမ်လုံးပြည့်လေ၏။
5 ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။
ငါကလည်း၊ ငါ၌အမင်္ဂလာရှိ၏။ ငါအကျိုးနည်းပြီ။ အကြောင်းမူကား၊ ငါသည်ညစ်ညူးသော နှုတ်ခမ်းရှိ လျက်၊ ညစ်ညူးသောနှုတ်ခမ်းရှိသော လူမျိုးတွင်နေလျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားတည်း ဟူသော ရှင်ဘုရင်ကို၊ ကိုယ်မျက်စိနှင့်မြင်လေပြီတကားဟု ဆို၏။
6 ထိုအခါ ကောင်းကင်တမန် သရပ် တပါး သည် ယဇ် ပလ္လင်ပေါ် က မီးညှပ် ဖြင့် ယူ သော မီးခဲ တခဲကို လက်နှင့်ကိုင် လျက်၊ ငါ ရှိရာသို့ ပျံ လာ၍၊
ထိုအခါ ကောင်းကင်တမန် သရပ်တပါးသည် ယဇ်ပလ္လင်ပေါ်က မီးညှပ်ဖြင့်ယူသော မီးခဲတခဲကို လက်နှင့်ကိုင်လျက်၊ ငါရှိရာသို့ပျံလာ၍၊
7 ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။
ငါ့နှုတ်ကိုတို့ပြီးလျှင်၊ ဤမီးခဲသည် သင်၏ နှုတ်ခမ်းကို တွေ့ပြီ။ သင်၏ဒုစရိုက်ကို သုတ်သင်ပြီ။ သင်၏အပြစ်လည်း ပြေရှင်းပြီဟု ဆို၏။
8 တဖန် ထာဝရဘုရား က၊ ငါသည်အဘယ်သူ ကို စေလွှတ် ရမည်နည်း။ ငါ တို့အဘို့ အဘယ် သူသွား မည်နည်းဟုမေး တော်မူသံ ကို ငါကြား လျှင် ၊ ငါက၊ အကျွန်ုပ် ရှိ ပါ၏။ အကျွန်ုပ် ကို စေလွှတ် တော်မူပါဟု လျှောက် လေ၏။
တဖန်ထာဝရဘုရားက၊ ငါသည်အဘယ်သူကို စေလွှတ်ရမည်နည်း။ ငါတို့အဘို့ အဘယ်သူသွားမည်နည်း ဟု မေးတော်မူသံကို ငါကြားလျှင်၊ ငါက၊ အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါဟု လျှောက်လေ၏။
9 ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။
ထာဝရဘုရားကလည်း၊ ထိုလူမျိုးရှိရာသို့ သွားပြီး လျှင်၊ သင်တို့သည် ကြားလျက်ပင်၊ အနက်ကို နားမလည် ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင်အာရုံမပြုဘဲ မြင်ကြ လိမ့်မည်ဟု ပြောလော့။
10 ၁၀ သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
၁၀သူတို့မျက်စိမမြင်၊ နားမကြား၊ စိတ်နှလုံးမသိ၊ အကျင့်မပြောင်းလဲ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ်နှလုံးကို မိုက်စေလော့။ သူတို့ နားကိုလည်း ထိုင်းစေလော့။ သူတို့မျက်စိကိုလည်း ပိတ်လော့ဟု မိန့်တော်မူ၏။
11 ၁၁ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
၁၁အိုထာဝရဘုရား၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေးလျှောက်ပြန်လျှင်၊ မြို့တို့ သည် မြို့သားမရှိ၊ အိမ်တို့သည် အိမ်သားမရှိအောင် ဖျက်ဆီးခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူဆိတ် ညံရာသက်သက်ဖြစ်သည်တိုင်အောင်၎င်း၊
12 ၁၂ ထာဝရဘုရား သည် လူ တို့ကိုဝေးသောအရပ်သို့ ပြောင်း စေတော်မူ၍ ၊ ပြည် ထဲ မှာများ စွာသော စွန့်ပစ် ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။
၁၂ထာဝရဘုရားသည် လူတို့ကိုဝေးသောအရပ်သို့ ပြောင်းစေတော်မူ၍၊ ပြည်ထဲမှာများစွာသော စွန့်ပစ်ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။
13 ၁၃ ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။
၁၃ထိုပြည်၌ ဆယ်ဘို့တွင်တဘို့ ကြွင်းသေးသော် လည်း၊ ထိုအကြွင်းသည် အထပ်ထပ်ဖျက်ဆီးခြင်းကိုခံရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူးပင်နှင့် သပိတ်ပင်တို့ကို ခုတ်လှဲ၍၊ သစ်ငုတ်သည် ကြွင်းသကဲ့သို့၊ သန့်ရှင်းသော အနွယ်သည် ထိုပြည်၌ အငုတ်ဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။

< ဟေရှာယ 6 >