< ဟေရှာယ 6 >
1 ၁ ဩဇိ မင်းကြီး အနိစ္စ ရောက်သော နှစ် တွင် ၊ ထာဝရ ဘုရားသည် အလွန်မြင့်မြတ် သောပလ္လင် ပေါ် မှာ ထိုင် တော်မူသည်ကို ငါမြင် ၏။ အဝတ် တော်တန်ဆာသည် ဗိမာန် တော်ကို ဖြည့် လေ၏။
In the year in which king Uzziah died, I saw the Lord sitting on a throne, sublime and exalted, and the things that were under him filled the temple.
2 ၂ ကောင်းကင်တမန် သရပ် တို့သည် ပလ္လင်တော် တဘက်တချက်၌ ရပ်နေကြ၏။ သူတို့သည် အတောင် ခြောက် ခုစီရှိ၍၊ အတောင်နှစ် ခုဖြင့် မျက်နှာ ကိုဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ခြေ တို့ကို ဖုံး လျက်၊ အတောင်နှစ် ခုဖြင့် ပျံ တတ်ကြ၏။
The Seraphim were standing above the throne. One had six wings, and the other had six wings: with two they were covering his face, and with two they were covering his feet, and with two they were flying.
3 ၃ သူတို့ကလည်း၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သန့်ရှင်း တော်မူ၏။ သန့်ရှင်း တော်မူ ၏။ သန့်ရှင်း တော်မူ၏။ မြေကြီး လုံး သည် ဘုန်း တော်နှင့် ပြည့် လေ၏ဟု တပါးကိုတပါး ကြွေးကြော် ၍ မြွက်ဆို ကြ ၏။
And they were crying out to one another, and saying: “Holy, holy, holy is the Lord God of hosts! All the earth is filled with his glory!”
4 ၄ ထိုသို့သော ကြွေးကြော် သံ ကြောင့်၊ တံခါး တိုင် တို့ သည် လှုပ်ရှား ၍၊ မီးခိုး နှင့် တအိမ် လုံးပြည့် လေ၏။
And the lintels above the hinges were shaken at the voice of the one crying out. And the house was filled with smoke.
5 ၅ ငါကလည်း၊ ငါ ၌ အမင်္ဂလာ ရှိ၏။ ငါအကျိုးနည်း ပြီ။ အကြောင်း မူကား၊ ငါ သည်ညစ်ညူး သော နှုတ်ခမ်း ရှိ လျက် ၊ ညစ်ညူး သောနှုတ်ခမ်း ရှိသောလူမျိုး တွင် နေ လျက် နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားတည်း ဟူသောရှင် ဘုရင်ကို၊ ကိုယ် မျက်စိ နှင့်မြင် လေပြီတကားဟု ဆို ၏။
And I said: “Woe to me! For I have remained silent. For I am a man of unclean lips, and I live in the midst of a people having unclean lips, and I have seen with my eyes the King, the Lord of hosts!”
6 ၆ ထိုအခါ ကောင်းကင်တမန် သရပ် တပါး သည် ယဇ် ပလ္လင်ပေါ် က မီးညှပ် ဖြင့် ယူ သော မီးခဲ တခဲကို လက်နှင့်ကိုင် လျက်၊ ငါ ရှိရာသို့ ပျံ လာ၍၊
And one of the Seraphim flew to me, and in his hand was a burning coal, which he had taken with tongs from the altar.
7 ၇ ငါ့ နှုတ် ကိုတို့ ပြီးလျှင် ၊ ဤမီးခဲသည် သင် ၏ နှုတ်ခမ်း ကို တွေ့ ပြီ။ သင် ၏ဒုစရိုက် ကို သုတ်သင် ပြီ။ သင် ၏အပြစ် လည်း ပြေရှင်း ပြီဟု ဆို ၏။
And he touched my mouth, and he said, “Behold, this has touched your lips, and so your iniquities will be taken away, and your sin will be cleansed.”
8 ၈ တဖန် ထာဝရဘုရား က၊ ငါသည်အဘယ်သူ ကို စေလွှတ် ရမည်နည်း။ ငါ တို့အဘို့ အဘယ် သူသွား မည်နည်းဟုမေး တော်မူသံ ကို ငါကြား လျှင် ၊ ငါက၊ အကျွန်ုပ် ရှိ ပါ၏။ အကျွန်ုပ် ကို စေလွှတ် တော်မူပါဟု လျှောက် လေ၏။
And I heard the voice of the Lord, saying: “Whom shall I send?” and, “Who will go for us?” And I said: “Here I am. Send me.”
9 ၉ ထာဝရဘုရားကလည်း၊ ထိုလူမျိုး ရှိရာသို့ သွား ပြီးလျှင် ၊ သင်တို့သည် ကြား လျက်ပင်၊ အနက်ကို နား မ လည် ဘဲ ကြား ကြလိမ့်မည်။ မြင် လျက်ပင်အာရုံ မ ပြုဘဲ မြင် ကြ လိမ့်မည်ဟု ပြော လော့။
And he said: “Go forth! And you shall say to this people: ‘When you listen, you will hear and not understand. And when you see a vision, you will not comprehend.’
10 ၁၀ သူ တို့မျက်စိ မမြင်၊ နားမကြား၊ စိတ် နှလုံးမသိ၊ အကျင့်မပြောင်းလဲ ၊ သူတို့အနာရောဂါကို ငါမငြိမ်းစေရ သည်တိုင်အောင်၊ သူတို့စိတ် နှလုံးကို မိုက် စေလော့။ သူ တို့ နား ကိုလည်း ထိုင်း စေလော့။ သူ တို့မျက်စိ ကိုလည်း ပိတ် လော့ဟု မိန့် တော်မူ၏။
Blind the heart of this people. Make their ears heavy and close their eyes, lest they see with their eyes, and hear with their ears, and understand with their heart, and be converted, and then I would heal them.”
11 ၁၁ အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
And I said, “For how long, O Lord?” And he said, “Until the cities are desolate, without an inhabitant, and the houses are without a man, and the land will be left behind, deserted.”
12 ၁၂ ထာဝရဘုရား သည် လူ တို့ကိုဝေးသောအရပ်သို့ ပြောင်း စေတော်မူ၍ ၊ ပြည် ထဲ မှာများ စွာသော စွန့်ပစ် ခြင်း ရှိသည်တိုင်အောင်၎င်း၊ ထိုကာလသည် ကြာလိမ့်မည်။
For the Lord will take the men far away, and she who will have been left behind will be multiplied in the midst of the earth.
13 ၁၃ ထိုပြည်၌ ဆယ် ဘို့တွင်တဘို့ ကြွင်းသေးသော်လည်း ၊ ထိုအကြွင်းသည် အထပ်ထပ် ဖျက်ဆီး ခြင်းကို ခံ ရ လိမ့်မည်။ သို့ရာတွင်၊ ထင်းရူး ပင်နှင့် သပိတ် ပင်တို့ကို ခုတ်လှဲ ၍၊ သစ်ငုတ် သည် ကြွင်းသကဲ့သို့ ၊ သန့်ရှင်း သော အနွယ် သည် ထိုပြည်၌ အငုတ် ဖြစ်လိမ့်မည်ဟု မိန့် တော်မူ ၏။
But still, there will be a tithing within her, and she will be converted, and she will be put on display, like a terebinth tree and like an oak which extends its branches. And what will remain standing within her will be a holy offspring.