< ဟေရှာယ 59 >

1 ကြည့်ရှုလော့။ ထာဝရဘုရား သည် မကယ် မတင် နိုင်အောင် လက် တော်တို သည်မ ဟုတ်။ မကြား နိုင်အောင် နား တော်ထိုင်း သည်မ ဟုတ်။
ကြည့်ရှုလော့။ ထာဝရဘုရားသည်မကယ်မတင် နိုင်အောင် လက်တော်တိုသည်မဟုတ်။ မကြားနိုင်အောင် နားတော်ထိုင်းသည်မဟုတ်။
2 သင် တို့ဒုစရိုက် သည် သင် တို့ကို ဘုရား သခင်နှင့် ကွာ စေပြီ။ ကြား တော်မမူစေခြင်းငှါ၊ သင် တို့အပြစ် သည် မျက်နှာ တော်ကို လွှဲ စေပြီ။
သင်တို့ ဒုစရိုက်သည် သင်တို့ကို ဘုရားသခင်နှင့် ကွာစေပြီ။ ကြားတော်မမူစေခြင်းငှါ၊ သင်တို့အပြစ်သည် မျက်နှာတော်ကို လွှဲစေပြီ။
3 သင် တို့လက် သည် အသွေး နှင့် ၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက် နှင့် ၎င်း ညစ်ညူး ကြ၏။ သင် တို့သည် နှုတ်ခမ်းနှင့် လျှာ အားဖြင့်မုသာ စကား၊ အဓမ္မ စကားကို ပြော တတ်ကြ၏။
သင်တို့လက်သည် အသွေးနှင့်၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့သည် နှုတ်ခမ်းနှင့် လျှာအားဖြင့် မုသာစကား၊ အဓမ္မစကားကို ပြောတတ်ကြ၏။
4 တရား ကို အဘယ်သူ မျှမရှာ ၊ သစ္စာ ကို အဘယ်သူ မျှမစောင့် ၊ အနတ္တ ကို ကိုးစား ၍ မုသာ စကားကို ပြော တတ်ကြ၏။ မ ကောင်းသောအကြံကို ပဋိသန္ဓေ ယူ၍ ၊ အဓမ္မ အမှုကို ဘွား ကြ၏။
တရားကို အဘယ်သူမျှမရှာ၊ သစ္စာကို အဘယ် သူမျှမစောင့်၊ အနတ္တကို ကိုးစား၍ မုသာစကားကို ပြော တတ်ကြ၏။ မကောင်းသောအကြံကို ပဋိသန္ဓေယူ၍၊ အဓမ္မအမှုကို ဘွားကြ၏။
5 သူတို့သည် မြွေဆိုး ၏ အဥ တို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူ အမြှေး ကိုလည်း ရက် ကြ၏။ သူ တို့ ဥ များ ကို စား သောသူသည် သေ တတ်၏။ အဥကို ခွဲ လျှင် မြွေဆိုး ပေါက် တတ်၏။
သူတို့သည် မြွေဆိုး၏ အဥတို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူအမြှေးကိုလည်း ရက်ကြ၏။ သူတို့ ဥများ ကို စားသော သူသည် သေတတ်၏။ အဥကို ခွဲလျှင် မြွေဆိုးပေါက်တတ်၏။
6 သူ တို့ရက်သော အမြှေး ဖြင့် အဝတ် ကို မ လုပ် ရ။ ကိုယ် အကျင့် နှင့် ကိုယ်ကိုမ ခြုံ ရကြ။ သူ တို့ပြု သောအမှုသည် အဓမ္မ အမှု ဖြစ်၏။ သူ တို့လက် ၌ ကြမ်းတမ်း သော အမှုရှိ၏။
သူတို့ရက်သော အမြှေးဖြင့် အဝတ်ကို မလုပ်ရ။ ကိုယ်အကျင့်နှင့် ကိုယ်ကိုမခြုံရကြ။ သူတို့ပြုသော အမှု သည် အဓမ္မအမှုဖြစ်၏။ သူတို့လက်၌ ကြမ်းတမ်းသော အမှုရှိ၏။
7 သူ တို့ခြေ သည် အဓမ္မ အမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ် မရှိသောသူ ၏အသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။ သူ တို့အကြံ သည် အဓမ္မ အကြံ ဖြစ်၍၊ သူ တို့ သွားရာလမ်း ၌ ပျက်စီး ခြင်းနှင့် ဒုက္ခ ဆင်းရဲခြင်း ရှိ၏။
သူတို့ခြေသည် အဓမ္မအမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ်မရှိသော သူ၏အသက်ကို သတ်ခြင်းငှါ လျင်မြန်၏။ သူတို့အကြံသည် အဓမ္မအကြံဖြစ်၍၊ သူတို့ သွားရာလမ်း၌ ပျက်စီးခြင်းနှင့် ဒုက္ခဆင်းရဲခြင်း ရှိ၏။
8 ချမ်းသာ လမ်း ကို သူတို့မ သိ ကြ။ သူ တို့ခရီး သွားရာတွင် တရား မ ပါ။ မိမိ တို့သွားစရာဘို့ ကောက် သော လမ်း တို့ကို ပြင်ဆင်ကြပြီ။ လိုက် သွားသော သူမည်သည် ကား၊ ချမ်းသာ ကို မ သိ ရ။
ချမ်းသာလမ်းကို သူတို့မသိကြ။ သူတို့ခရီးသွား ရာတွင် တရားမပါ။ မိမိတို့သွားစရာဘို့ ကောက်သော လမ်းတို့ကို ပြင်ဆင်ကြပြီ။ လိုက်သွားသော သူမည်သည် ကား၊ ချမ်းသာကို မသိရ။
9 ထို့ကြောင့် ၊ ဖြောင့်မတ် စွာ စီရင်ခြင်းသည် ငါ တို့ နှင့် ဝေး ၏။ တရား သည်လည်း ငါ တို့ကိုမ မှီ။ အလင်း ကို မြော်လင့် သောအခါ ရှင်းလင်း ခြင်းမရှိ။ ရောင်ခြည် ကို မြော်လင့် သော်လည်း ၊ မှောင်မိုက် ၌ သွား လာရကြ၏။
ထို့ကြောင့်၊ ဖြောင့်မတ်စွာ စီရင်ခြင်းသည် ငါ တို့နှင့်ဝေး၏။ တရားသည်လည်း ငါတို့ကိုမမှီ။ အလင်းကို မြော်လင့်သောအခါ ရှင်းလင်းခြင်းမရှိ။ ရောင်ခြည်ကို မြော်လင့်သော်လည်း၊ မှောင်မိုက်၌ သွားလာရကြ၏။
10 ၁၀ မ မြင်နိုင်သော သူကဲ့သို့ နံရံ ကို စမ်းသပ် ရကြ၏။ မျက်စိ မ ရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ည အချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့် အချိန်၌ ထိမိ ၍ လဲ ကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေ သောသူကဲ့သို့ ဖြစ်ကြ၏။
၁၀မမြင်နိုင်သော သူကဲ့သို့ နံရံကို စမ်းသပ်ရကြ၏။ မျက်စိမရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ညအချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့်အချိန်၌ ထိမိ၍ လဲကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေသောသူကဲ့သို့ ဖြစ်ကြ၏။
11 ၁၁ ငါ တို့ရှိသမျှ သည် ဝံ ကဲ့သို့ မြည်တမ်း ၍ ၊ ချိုး ကဲ့သို့ ညည်းညူ ကြ၏။ တရား စီရင်ခြင်းကို မြော်လင့် ၍ မ ရကြ။ ကယ်တင် ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါ တို့နှင့် ဝေး လှ၏။
၁၁ငါတို့ရှိသမျှသည် ဝံကဲ့သို့မြည်တမ်း၍၊ ချိုးကဲ့သို့ ညည်းညူကြ၏။ တရားစီရင်ခြင်းကို မြော်လင့်၍ မရကြ။ ကယ်တင်ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါတို့နှင့် ဝေးလှ၏။
12 ၁၂ ငါ တို့အပြစ် တို့သည် ရှေ့ တော်၌ များ ပြားကြ၏။ ဒုစရိုက် တို့သည် ငါ တို့တစ်ဘက် ၌ သက်သေ ခံကြ၏။ ကိုယ် အပြစ် တို့သည် ကိုယ် ၌ စွဲကပ်လျက် ၊ ကိုယ် ပြုမိသော ဒုစရိုက် များကို ကိုယ်သိ ကြ၏။
၁၂ငါတို့အပြစ်တို့သည် ရှေ့တော်၌ များပြားကြ၏။ ဒုစရိုက်တို့သည် ငါတို့တဘက်၌ သက်သေခံကြ၏။ ကိုယ် အပြစ်တို့သည် ကိုယ်၌ စွဲကပ်လျက်၊ ကိုယ်ပြုမိသော ဒုစရိုက်များကို ကိုယ်သိကြ၏။
13 ၁၃ ထာဝရဘုရား ကို ပြစ်မှား ခြင်း၊ ငြင်းပယ် ခြင်းကို ပြု၍ ၊ ငါ တို့၏ဘုရား သခင်ကို စွန့် ကြပြီ။ ညှဉ်းဆဲ သော စကား၊ ပုန်ကန် သော စကားကို ပြော ခြင်း၊ မ ဟုတ်မမှန် သောစကား ကို အောက်မေ့ ၍ ၊ စိတ်နှလုံး ထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။
၁၃ထာဝရဘုရားကို ပြစ်မှားခြင်း၊ ငြင်းပယ်ခြင်းကို ပြု၍၊ ငါတို့၏ဘုရားသခင်ကို စွန့်ကြပြီ။ ညှဉ်းဆဲသော စကား၊ ပုန်ကန်သော စကားကို ပြောခြင်း၊ မဟုတ်မမှန် သောစကားကို အောက်မေ့၍၊ စိတ်နှလုံးထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။
14 ၁၄ ဖြောင့်မတ် စွာ စီရင်ခြင်းသည် ဆုတ် သွားပြီ။ တရား သည် အဝေး က ရပ် ၍ နေ၏။ သစ္စာ သည် လမ်း ၌ လဲ ပြီ။ ဖြောင့် သောသဘော မ ဝင် နိုင် ရာ။
၁၄ဖြောင့်မတ်စွာ စီရင်ခြင်းသည် ဆုတ်သွားပြီ။ တရားသည် အဝေးကရပ်၍ နေ၏။ သစ္စာသည် လမ်း၌ လဲပြီ။ ဖြောင့်သောသဘော မဝင်နိုင်ရာ။
15 ၁၅ သစ္စာ သည် ပျက် ခဲ့ပြီ။ ဒုစရိုက် ကို ရှောင် သောသူသည် လုယူ ခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရား သည် မြင် လျှင် ၊ တရား မ ရှိသောကြောင့် မုန်း တော်မူ၏။
၁၅သစ္စာသည် ပျက်ခဲ့ပြီ။ ဒုစရိုက်ကို ရှောင်သောသူ သည် လုယူခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရားသည် မြင်လျှင်၊ တရားမရှိသောကြောင့် မုန်းတော်မူ၏။
16 ၁၆ လူတ ယောက်မျှမ ရှိသည်ကို မြင် တော်မူ၏။ တောင်းပန် သောသူတယောက်မျှမ ရှိသည်ကို အံ့ဩ တော်မူ ၏။ ထိုကြောင့် ၊ မိမိ လက် တော်သည် မိမိ အဘို့ ကယ်တင် ခြင်းအမှုကိုပြု၍ ၊ မိမိ ဖြောင့်မတ် ခြင်းတရားသည် မိမိ ကို ထောက်ပင့် ၏။
၁၆လူတယောက်မျှမရှိသည်ကို မြင်တော်မူ၏။ တောင်းပန်သောသူတယောက်မျှမရှိသည်ကို အံ့ဩတော် မူ၏။ ထိုကြောင့်၊ မိမိလက်တော်သည် မိမိအဘို့ ကယ်တင်ခြင်းအမှုကိုပြု၍၊ မိမိဖြောင့်မတ်ခြင်းတရားသည် မိမိကို ထောက်ပင့်၏။
17 ၁၇ ဖြောင့်မတ် ခြင်းတရားတည်းဟူသောရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင် ခြင်းတည်းဟူသောသံခမောက် လုံးကို ဆောင်း တော်မူ၏။ အပြစ် ပေးခြင်းအဝတ် ကို၎င်း ၊ စိတ် အားကြီးခြင်းဝတ်လုံ ကို၎င်းယူတင်ဝတ်ဆောင် တော်မူ ၏။
၁၇ဖြောင့်မတ်ခြင်းတရားတည်းဟူသော ရင်ကျပ် ကို ဝတ်ဆင်၍၊ ကယ်တင်ခြင်းတည်းဟူသော သံခမောက် လုံးကို ဆောင်းတော်မူ၏။ အပြစ်ပေးခြင်းအဝတ်ကို၎င်း၊ စိတ်အားကြီးခြင်းဝတ်လုံကို၎င်း ယူတင်ဝတ်ဆောင်တော် မူ၏။
18 ၁၈ သူတို့အကျင့် အတိုင်း အကျိုးအပြစ်ကို ဆပ် ပေးတော်မူမည်။ ရန်ဘက် ပြုသောသူတို့ အား အမျက် တော် ကို၎င်း၊ ရန်သူ တို့ ခံထိုက်သည်အတိုင်း အပြစ် ကို၎င်း၊ တကျွန်း တနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်းဆပ်ပေး တော်မူမည်။
၁၈သူတို့အကျင့်အတိုင်း အကျိုးအပြစ်ကို ဆပ်ပေး တော်မူမည်။ ရန်ဘက်ပြုသော သူတို့အား အမျက်တော် ကို၎င်း၊ ရန်သူတို့ ခံထိုက်သည်အတိုင်း အပြစ်ကို၎င်း၊ တကျွန်းတနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်း ဆပ်ပေးတော်မူမည်။
19 ၁၉ သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
၁၉သို့ဖြစ်၍၊ အနောက်မျက်နှာသားတို့နှင့်၊ နေထွက် ရာအရပ်သားတို့သည် ထာဝရဘုရား၏ နာမတော်နှင့် ဘုန်းတော်ကို ရိုသေကြလိမ့်မည်။ ရန်သူသည် ရေလွှမ်းမိုး သကဲ့သို့ ဝင်သောအခါ၊ ထာဝရဘုရား၏ ဝိညာဉ်တော် သည် ဆီးတားတော်မူမည်။
20 ၂၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန် တောင်ပေါ် သို့ ကြွ၍ ၊ မတရား သော အမှုမှလွှဲ သော ယာကုပ် အမျိုးသားတို့ ရှိရာသို့ ရောက် လတံ့။
၂၀ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန်တောင်ပေါ်သို့ ကြွ၍၊ မတရား သော အမှုမှလွှဲသော ယာကုပ်အမျိုးသားတို့ ရှိရာသို့ ရောက်လတံ့။
21 ၂၁ သူ တို့၌ ငါ ကိုယ်တိုင်ပေးသော ပဋိညာဉ် တရား ဟူမူကား၊ သင် ၏အပေါ် မှာ ကျိန်းဝပ်သော ငါ ၏ဝိညာဉ် နှင့် သင် ၏နှုတ် ၌ ငါထား သော စကား သည်၊ ယခု မှ စ၍ ကာလအစဉ် အဆက် သင် ၏နှုတ် ၊ သင့် အမျိုး အနွယ်၏ နှုတ် နှင့် ၊ သင့် အမျိုး အနွယ်၏ အမျိုး အနွယ်၏နှုတ် ထဲက မ ထွက် မပျောက်ရဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၁သူတို့၌ ငါကိုယ်တိုင်ပေးသော ပဋိညာဉ်တရား ဟူမူကား၊ သင်၏အပေါ်မှာ ကျိန်းဝပ်သော ငါ၏ဝိညာဉ် နှင့် သင်၏နှုတ်၌ ငါထားသော စကားသည်၊ ယခုမှစ၍ ကာလအစဉ်အဆက် သင်၏နှုတ်၊ သင့်အမျိုးအနွယ်၏ နှုတ်နှင့်၊ သင့်အမျိုးအနွယ်၏ အမျိုးအနွယ်၏နှုတ်ထဲက မထွက်မပျောက်ရဟု ထာဝရဘုရား မိန့်တော်မူ၏။

< ဟေရှာယ 59 >