< ဟေရှာယ 59 >
1 ၁ ကြည့်ရှုလော့။ ထာဝရဘုရား သည် မကယ် မတင် နိုင်အောင် လက် တော်တို သည်မ ဟုတ်။ မကြား နိုင်အောင် နား တော်ထိုင်း သည်မ ဟုတ်။
ヱホバの手はみぢかくして救ひえざるにあらず その耳はにぶくして聞えざるにあらず
2 ၂ သင် တို့ဒုစရိုက် သည် သင် တို့ကို ဘုရား သခင်နှင့် ကွာ စေပြီ။ ကြား တော်မမူစေခြင်းငှါ၊ သင် တို့အပြစ် သည် မျက်နှာ တော်ကို လွှဲ စေပြီ။
惟なんぢらの邪曲なる業なんぢらとなんぢらの神との間をへだてたり 又なんぢらの罪その面をおほひて聞えざらしめたり
3 ၃ သင် တို့လက် သည် အသွေး နှင့် ၎င်း၊ လက်ချောင်း တို့သည် ဒုစရိုက် နှင့် ၎င်း ညစ်ညူး ကြ၏။ သင် တို့သည် နှုတ်ခမ်းနှင့် လျှာ အားဖြင့်မုသာ စကား၊ အဓမ္မ စကားကို ပြော တတ်ကြ၏။
そはなんぢらの手は血にてけがれ なんぢらの指はよこしまにて汚れ なんぢらのくちびるは虚僞をかたり なんぢらの舌は惡をささやき
4 ၄ တရား ကို အဘယ်သူ မျှမရှာ ၊ သစ္စာ ကို အဘယ်သူ မျှမစောင့် ၊ အနတ္တ ကို ကိုးစား ၍ မုသာ စကားကို ပြော တတ်ကြ၏။ မ ကောင်းသောအကြံကို ပဋိသန္ဓေ ယူ၍ ၊ အဓမ္မ အမှုကို ဘွား ကြ၏။
その一人だに正義をもてうつたへ眞實をもて論らふものなし 彼らは虚浮をたのみ虚僞をかたり 惡しきくはだてをはらみ不義をうむ
5 ၅ သူတို့သည် မြွေဆိုး ၏ အဥ တို့ကို ဝပ်၍ ပေါက် စေကြ၏။ ပင့်ကူ အမြှေး ကိုလည်း ရက် ကြ၏။ သူ တို့ ဥ များ ကို စား သောသူသည် သေ တတ်၏။ အဥကို ခွဲ လျှင် မြွေဆိုး ပေါက် တတ်၏။
かれらは蝮の卵をかへし蛛網をおる その卵をくらふものは死るなり 卵もし踐るればやぶれて毒蛇をいだす
6 ၆ သူ တို့ရက်သော အမြှေး ဖြင့် အဝတ် ကို မ လုပ် ရ။ ကိုယ် အကျင့် နှင့် ကိုယ်ကိုမ ခြုံ ရကြ။ သူ တို့ပြု သောအမှုသည် အဓမ္မ အမှု ဖြစ်၏။ သူ တို့လက် ၌ ကြမ်းတမ်း သော အမှုရှိ၏။
その織るところは衣になすあたはず その工をもて身をおほふこと能はず かれらの工はよこしまの工なり かれらの手には暴虐のおこなひあり
7 ၇ သူ တို့ခြေ သည် အဓမ္မ အမှုကို ပြုခြင်းငှါ ပြေး တတ်၏။ အပြစ် မရှိသောသူ ၏အသက် ကို သတ် ခြင်းငှါ လျင်မြန် ၏။ သူ တို့အကြံ သည် အဓမ္မ အကြံ ဖြစ်၍၊ သူ တို့ သွားရာလမ်း ၌ ပျက်စီး ခြင်းနှင့် ဒုက္ခ ဆင်းရဲခြင်း ရှိ၏။
かれらの足はあくにはしり罪なき血をながすに速し かれらの思念はよこしまの思念なり 殘害と滅亡とその路徑にのこれり
8 ၈ ချမ်းသာ လမ်း ကို သူတို့မ သိ ကြ။ သူ တို့ခရီး သွားရာတွင် တရား မ ပါ။ မိမိ တို့သွားစရာဘို့ ကောက် သော လမ်း တို့ကို ပြင်ဆင်ကြပြီ။ လိုက် သွားသော သူမည်သည် ကား၊ ချမ်းသာ ကို မ သိ ရ။
彼らは平穩なる道をしらず その過るところに公平なく又まがれる小徑をつくる 凡てこれを踐ものは平穩をしらず
9 ၉ ထို့ကြောင့် ၊ ဖြောင့်မတ် စွာ စီရင်ခြင်းသည် ငါ တို့ နှင့် ဝေး ၏။ တရား သည်လည်း ငါ တို့ကိုမ မှီ။ အလင်း ကို မြော်လင့် သောအခါ ရှင်းလင်း ခြင်းမရှိ။ ရောင်ခြည် ကို မြော်လင့် သော်လည်း ၊ မှောင်မိုက် ၌ သွား လာရကြ၏။
このゆゑに公平はとほくわれらをはなれ正義はわれらに追及ず われら光をのぞめど暗をみ 光輝をのぞめど闇をゆく
10 ၁၀ မ မြင်နိုင်သော သူကဲ့သို့ နံရံ ကို စမ်းသပ် ရကြ၏။ မျက်စိ မ ရှိသော သူကဲ့သို့ စမ်းသပ်ရကြ၏။ ည အချိန်၌ ဖြစ်သကဲ့သို့ မွန်းတည့် အချိန်၌ ထိမိ ၍ လဲ ကြ၏။ စည်းစိမ် ကို ခံစားလျက်၊ သေ သောသူကဲ့သို့ ဖြစ်ကြ၏။
われらは瞽者のごとく牆をさぐりゆき目なき者のごとく模りゆき正午にても日暮のごとくにつまづき 強壯なる者のなかにありても死るもののごとし
11 ၁၁ ငါ တို့ရှိသမျှ သည် ဝံ ကဲ့သို့ မြည်တမ်း ၍ ၊ ချိုး ကဲ့သို့ ညည်းညူ ကြ၏။ တရား စီရင်ခြင်းကို မြော်လင့် ၍ မ ရကြ။ ကယ်တင် ခြင်းကျေးဇူးကို မြော်လင့်သော်လည်း၊ ငါ တို့နှင့် ဝေး လှ၏။
我儕はみな熊のごとくにほえ鴿のごとくに甚くうめき 審判をのぞめどもあることなく 救をのぞめども遠くわれらを離る
12 ၁၂ ငါ တို့အပြစ် တို့သည် ရှေ့ တော်၌ များ ပြားကြ၏။ ဒုစရိုက် တို့သည် ငါ တို့တစ်ဘက် ၌ သက်သေ ခံကြ၏။ ကိုယ် အပြစ် တို့သည် ကိုယ် ၌ စွဲကပ်လျက် ၊ ကိုယ် ပြုမိသော ဒုစရိုက် များကို ကိုယ်သိ ကြ၏။
われらの愆はなんぢの前におほく われらのつみは證してわれらを訟へ われらのとがは我らとともに在り われらの邪曲なる業はわれら自らしれり
13 ၁၃ ထာဝရဘုရား ကို ပြစ်မှား ခြင်း၊ ငြင်းပယ် ခြင်းကို ပြု၍ ၊ ငါ တို့၏ဘုရား သခင်ကို စွန့် ကြပြီ။ ညှဉ်းဆဲ သော စကား၊ ပုန်ကန် သော စကားကို ပြော ခြင်း၊ မ ဟုတ်မမှန် သောစကား ကို အောက်မေ့ ၍ ၊ စိတ်နှလုံး ထဲက မြွက်ဆို ခြင်းကို ပြုကြပြီ။
われら罪ををかしてヱホバを棄われらの神にはなれてしたがはず 暴虐と悖逆とをかたり虚僞のことばを心にはらみて説出すなり
14 ၁၄ ဖြောင့်မတ် စွာ စီရင်ခြင်းသည် ဆုတ် သွားပြီ။ တရား သည် အဝေး က ရပ် ၍ နေ၏။ သစ္စာ သည် လမ်း ၌ လဲ ပြီ။ ဖြောင့် သောသဘော မ ဝင် နိုင် ရာ။
公平はうしろに退けられ正義ははるかに立り そは 眞實は衢間にたふれ 正直はいることを得ざればなり
15 ၁၅ သစ္စာ သည် ပျက် ခဲ့ပြီ။ ဒုစရိုက် ကို ရှောင် သောသူသည် လုယူ ခြင်းကို ခံရ၏။ ထိုအမှုကို ထာဝရဘုရား သည် မြင် လျှင် ၊ တရား မ ရှိသောကြောင့် မုန်း တော်မူ၏။
眞實はかけてなく惡をはなるるものは掠めうばはる/ヱホバこれを見てその公平のなかりしを悦びたまはざりき
16 ၁၆ လူတ ယောက်မျှမ ရှိသည်ကို မြင် တော်မူ၏။ တောင်းပန် သောသူတယောက်မျှမ ရှိသည်ကို အံ့ဩ တော်မူ ၏။ ထိုကြောင့် ၊ မိမိ လက် တော်သည် မိမိ အဘို့ ကယ်တင် ခြင်းအမှုကိုပြု၍ ၊ မိမိ ဖြောင့်မတ် ခြင်းတရားသည် မိမိ ကို ထောက်ပင့် ၏။
ヱホバは人なきをみ中保なきを奇しみたまへり 斯てその臂をもてみづから助け その義をもてみづから支たまへり
17 ၁၇ ဖြောင့်မတ် ခြင်းတရားတည်းဟူသောရင်ကျပ် ကို ဝတ်ဆင် ၍ ၊ ကယ်တင် ခြင်းတည်းဟူသောသံခမောက် လုံးကို ဆောင်း တော်မူ၏။ အပြစ် ပေးခြင်းအဝတ် ကို၎င်း ၊ စိတ် အားကြီးခြင်းဝတ်လုံ ကို၎င်းယူတင်ဝတ်ဆောင် တော်မူ ၏။
ヱホバ義をまとひて護胸とし救をその頭にいただきて兜となし 仇をまとひて衣となし 熱心をきて外服となしたまへり
18 ၁၈ သူတို့အကျင့် အတိုင်း အကျိုးအပြစ်ကို ဆပ် ပေးတော်မူမည်။ ရန်ဘက် ပြုသောသူတို့ အား အမျက် တော် ကို၎င်း၊ ရန်သူ တို့ ခံထိုက်သည်အတိုင်း အပြစ် ကို၎င်း၊ တကျွန်း တနိုင်ငံသားတို့အား အကျိုးအပြစ်ကို၎င်းဆပ်ပေး တော်မူမည်။
かれらの作にしたがひて報をなし敵にむかひていかり仇にむかひて報をなし また島々にむくいをなし給はん
19 ၁၉ သို့ ဖြစ်၍၊ အနောက် မျက်နှာသားတို့နှင့်၊ နေ ထွက် ရာအရပ်သားတို့သည် ထာဝရဘုရား ၏ နာမ တော်နှင့် ဘုန်း တော်ကို ရိုသေ ကြလိမ့်မည်။ ရန်သူ သည် ရေ လွှမ်းမိုးသကဲ့သို့ ဝင် သောအခါ ၊ ထာဝရဘုရား ၏ ဝိညာဉ် တော် သည် ဆီးတား တော်မူမည်။
西方にてヱホバの名をおそれ 日のいづる所にてその榮光をおそるべし ヱホバは堰ぎとめたる河のその氣息にふき潰えたるがごとくに來りたまふ可ればなり
20 ၂၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ရွေးနှုတ် သောသခင်သည် ဇိအုန် တောင်ပေါ် သို့ ကြွ၍ ၊ မတရား သော အမှုမှလွှဲ သော ယာကုပ် အမျိုးသားတို့ ရှိရာသို့ ရောက် လတံ့။
ヱホバのたまはく贖者シオンにきたりヤコブのなかの愆をはなるる者につかんと
21 ၂၁ သူ တို့၌ ငါ ကိုယ်တိုင်ပေးသော ပဋိညာဉ် တရား ဟူမူကား၊ သင် ၏အပေါ် မှာ ကျိန်းဝပ်သော ငါ ၏ဝိညာဉ် နှင့် သင် ၏နှုတ် ၌ ငါထား သော စကား သည်၊ ယခု မှ စ၍ ကာလအစဉ် အဆက် သင် ၏နှုတ် ၊ သင့် အမျိုး အနွယ်၏ နှုတ် နှင့် ၊ သင့် အမျိုး အနွယ်၏ အမျိုး အနွယ်၏နှုတ် ထဲက မ ထွက် မပျောက်ရဟု ထာဝရဘုရား မိန့် တော်မူ၏။
ヱホバいひ給く なんぢの上にあるわが靈なんぢの口におきたるわがことばは 今よりのち永遠になんぢの口よりなんぢの裔の口より汝のすゑの裔の口よりはなれざるべし わがかれらにたつる契約はこれなりと此はヱホバのみことばなり