< ဟေရှာယ 58 >
1 ၁ အသံ မ လျော့ ဘဲ ကြွေးကြော် လော့။ တံပိုး သံကဲ့သို့ အသံ ကိုလွှင့် ၍ ၊ ယာကုပ် အမျိုးသား ဖြစ်သော ငါ ၏ လူ တို့အား ၊ သူ တို့ဒုစရိုက်အပြစ် ကို ဘော်ပြ လော့။
Cry aloud, do not spare, Like a horn, lift high thy voice, —And declare To my people, their transgression, and To the house of Jacob their sins.
2 ၂ သူတို့သည် တရား ကျင့် သောအမျိုး၊ မိမိ ဘုရား သခင်၏ပညတ် တို့ကို မ စွန့် သောအမျိုး ကဲ့သို့ ၊ နေ့ တိုင်း ငါ့ ကိုရှာ ၍ ငါ ၏တရားလမ်း ၌ မွေ့လျော် ကြသည်တကား။ ဖြောင့်မတ် စွာ တရား စီရင်ချက်တို့ကို ငါ့ ထံမှာအစဉ် မေးမြန်း ၍၊ ဘုရား သခင့်ထံသို့ချဉ်းကပ် ရာ၌ မွေ့လျော် ကြသည်တကား။
Yet, me—day by day, do they seek, And in the knowledge of my ways, they delight, —Like a nation that had done righteousness, And the justice of their God, had not forsaken They ask of me the just regulations, In approaching God, they delight.
3 ၃ အကျွန်ုပ်တို့သည် အစာ ရှောင်ခြင်း အကျင့်ကို ကျင့်သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့် မြင် တော်မ မူသနည်း။ အကျွန်ုပ် တို့သည် ခြိုးခြံ စွာကျင့် သောအခါ၊ ကိုယ်တော်သည် အဘယ်ကြောင့်သိမှတ် တော်မ မူ သနည်းဟုဆိုသော်၊ သင် တို့သည် အစာ ရှောင်သောနေ့ ၌ ကိုယ်တိုင် ပျော်မွေ့ ၍ ၊ ကျွန် တို့ကိုပင်ပန်း စွာ လုပ်စေကြ၏။
Wherefore have we Fasted and thou hast not seen? Humbled our soul, and thou wouldst take no note? Lo! in the day of your fast, ye take pleasure, But all your toilers, ye drive on!
4 ၄ သင်တို့သည် ငြင်းခုံ ရန်တွေ့ လျက်၊ အဓမ္မ လက် ဆုပ်နှင့် ထိုး လျက် အစာ ရှောင်ကြ၏။ မြင့် သော အရပ်၌ မိမိ တို့ အသံ ကို ကြား စေခြင်းငှါ ၊ ယခုကာလ အခါ အစာ ရှောင်ကြသည်မ ဟုတ်။
Lo! for strife and contention, ye fast, And to smite with the fist of lawlessness, —Ye shall not fast as to-day, To cause to be heard on high your voice!
5 ၅ ငါနှစ်သက် သော အစာရှောင် ခြင်းသည် ထို သို့ သော လက္ခဏာရှိ သလော။ လူ သည် တ ရက်တွင် ခြိုးခြံ စွာကျင့် ခြင်း၊ ကိုင်း ပင်ကဲ့သို့ ဦးချ ခြင်း၊ အိပ်ရာဘို့ လျော်တေ နှင့်ပြာ ကို ခင်း ခြင်း၊ လက္ခဏာရှိလျှင်၊ အစာရှောင် ခြင်း ဟူ၍၎င်း ၊ ထာဝရဘုရား နှစ်သက် တော်မူသော နေ့ ရက်ဟူ၍၎င်း မှည့် အပ်သလော။
Like this, shall the fast be that I choose, A day for the son of earth to humble his soul? Is it to bow down as a rush his head, And sackcloth and ashes, to spread out? Is it, this, thou wilt call a fast, Or a day of acceptance with Yahweh?
6 ၆ ငါနှစ်သက် သောအစာရှောင် ခြင်းဟူမူကား ၊ မတရား သော အချည် အနှောင်ကို ချွတ် ခြင်း၊ လေးသော ဝန် ကိုချ ခြင်း၊ ညှဉ်းဆဲ ခံရသောသူတို့ ကို လွှတ် ခြင်း၊ ထမ်းဘိုး ရှိသမျှ ကို ချိုး ခြင်းမ ဟုတ်လော။
Is not, this, the fast that I must ever choose—To unbind the tight cords of lawlessness, To unloose the bands of the yoke, —and To let the crushed go free, and That every yoke, ye tear off?
7 ၇ မွတ်သိပ် သောသူကို အစာ ကျွေး ခြင်း၊ နေရာ မရှိ၊ ဆင်းရဲ သောသူတို့ကို ကိုယ်အိမ် သို့ ဆောင် ခြင်း၊ အဝတ် မရှိသော သူကိုမြင် လျှင် ၊ အဝတ် ကိုပေး ခြင်း၊ ကိုယ် အသား ကို မ ရှောင် ဘဲနေခြင်းမ ဟုတ်လော။
Is it not to break unto the hungry, thy bread, And the thrust-out oppressed, that thou bring into a home, —When thou seest one naked, that thou cover him, And from thine own flesh, shalt not hide thyself?
8 ၈ သို့ပြုလျှင် သင် ၏အလင်း သည် မိုဃ်းသောက် သော အလင်းကဲ့သို့ ပေါ်ထွန်း ၍ ၊ အလျင် အမြန်ကျန်းမာ ခြင်းသို့ ရောက်လိမ့်မည်။ သင် ၏ဖြောင့်မတ် ခြင်း ပါရမီ သည် သင့် ရှေ့ ၌ သွား ၍ ၊ ထာဝရဘုရား ၏ဘုန်း တော် သည် နောက်၌ လုံခြုံ စေလိမ့်မည်။
Then, shall break forth, as the dawn, thy light, And thy new flesh shall speedily grow, —Then shall go before thee, thy righteousness, the glory of Yahweh shall bring up thy rear:
9 ၉ သို့ပြုလျှင် ၊ ထာဝရဘုရား သည်၊ သင်ခေါ် သောအခါ ထူး တော်မူလိမ့်မည်။ အော်ဟစ် သောအခါ ၊ ငါ ရှိ သည်ဟု မိန့် တော်မူလိမ့်မည်။ သင်သည် သင် ၏အထဲ က ထမ်းဘိုး ကို၎င်း၊ လက်ညှိုး ထိုး ခြင်းကို၎င်း၊ ကဲ့ရဲ့ သော စကားကို၎င်းပယ်ရှား ၍၊
Then, shalt thou Call, and Yahweh, will answer, Cry out, and he will say, Behold me! If thou remove, out of thy midst the yoke, The pointing of the finger, and The speaking of iniquity;
10 ၁၀ မွတ်သိပ် သော သူနှင့် ဆင်းရဲ ခံရသောသူကို သနားသောစိတ်နှင့်ချမ်းသာ ပေးလျှင်၊ မရှင်းလင်းသော အရာမှာ သင်၏အလင်း သည် ပေါ်ထွန်း ၍၊ သင် ၏ မှောင်မိုက် သည် မွန်းတည့် အလင်းကဲ့သို့ ဖြစ်လိမ့်မည်။
And shalt let thine own soul go out to the hungry, And the soul of the oppressed, thou shalt satisfy, Then shall break forth in darkness thy light, And thy thick darkness, become as the splendour of noon;
11 ၁၁ ထာဝရဘုရား သည် သင့် ကို အစဉ် ပဲ့ပြင် တော်မူ မည်။ အစာခေါင်းပါး သည် ကာလ၌ ဝ စွာ ကျွေး၍ ၊ သင် ၏အရိုး တို့ကို ခိုင်ခံ့ စေတော်မူမည်။ သင်သည် ရေ လောင်းသော ဥယျာဉ် ကဲ့သို့ ၎င်း၊ ရေ မ ပြတ် နိုင်သော စမ်း ရေ တွင်းကဲ့သို့ ၎င်း ဖြစ် လိမ့်မည်။
Then will Yahweh guide thee continually, And will satisfy, [even] in scorched regions thine own soul, Yea thy very bones, will he invigorate, —So shall thou become like a garden well—watered, And like a spring of water whose waters do not deceive;
12 ၁၂ သင် ၏အမျိုးအနွယ်သည် ရှေး ပြိုပျက် ရာတို့ကို ပြုပြင် ကြလိမ့်မည်။ ရှေးကာလ၌တည်ဘူးသော တိုက်မြစ် များအပေါ်မှာ ထပ်ဆင့်၍ တည်ဆောက် ကြလိမ့်မည်။ သင် သည်လည်း ၊ ပြိုပျက်သော မြို့ရိုး ကို ပြုပြင် သောသူ၊ လူနေ ရာ လမ်း များကို ပြင်ဆင် သော သူဟူ၍ သမုတ် ခြင်း ကိုခံရလိမ့်မည်။
And they who come of thee shall build the wastes of age-past times, And as for the foundations of generation after generation, thou shalt rear them up, —So shalt thou be called—A Repairer of broken walls, A Restorer of paths leading home.
13 ၁၃ သင်သည် ဥပုသ် နေ့ကို မရှုတ်ချ။ ငါသန့်ရှင်း သောနေ့ မှာ ကိုယ် အလို သို့မလိုက် ၊ ဥပုသ် နေ့ကို မွေ့လျော် ရာနေ့၊ ထာဝရဘုရား အဘို့ သန့်ရှင်း သောနေ့၊ ရိုသေ ဘွယ်သောနေ့ဟူ၍ခေါ် သဖြင့် ကိုယ်အမှုကိုမပြု၊ ကိုယ် အလို သို့မလိုက် ၊ ကိုယ်စကား ကို မပြော ဘဲ နေ၍ ထို နေ့ကို ရိုသေ လျှင်၊
If thou turn back. From the sabbath thy foot, From doing thine own pleasure on my holy day, —And shall call—The sabbath, An exquisite delight, The holy day of Yahweh, A day to be honoured, And so shall honour it rather—Than do thine own ways, Than take thine own pleasure or Than speak thine own word,
14 ၁၄ သင်သည် ထာဝရဘုရား ၌ ပျော်မွေ့ ရလိမ့်မည်။ မြေကြီး ပေါ် မှာ မြင့် သော အရပ်တို့ကို ငါစီး စေ၍ ၊ သင့် အဘ ယာကုပ် ၏အမွေ ဥစ္စာနှင့် ငါကျွေး မည်ဟု ထာဝရဘုရား ၏ နှုတ် တော်ထွက်အမိန့် တော်ရှိ၏။
Then, shalt thou rest thine own exquisite delight upon Yahweh, …And I will cause thee to ride over the high places of the land, —And will feed thee with the inheritance of Jacob thy father, For the mouth of Yahweh, hath spoken.