< ဟေရှာယ 57 >

1 ဖြောင့်မတ် သောသူသည် ဆုံး ၍ ကျေးဇူး ပြုတတ် သောသူ တို့ သည် ပယ်ရှား ခြင်းကို ခံရသောအခါ၊ ဖြောင့်မတ် သောသူကို မကောင်း သော အမှုအရာထဲက ရုပ်သိမ်း ပြီဟု အဘယ်သူ မျှမဆင်ခြင် ၊ အဘယ်သူမျှမအောက်မေ့ကြ။
ဖြောင့်မတ်သော သူသည် ဆုံး၍ ကျေးဇူးပြု တတ်သော သူတို့သည် ပယ်ရှားခြင်းကို ခံရသောအခါ၊ ဖြောင့်မတ်သောသူကို မကောင်းသော အမှုအရာထဲက ရုပ်သိမ်းပြီဟု အဘယ်သူမျှ မဆင်ခြင်၊ အဘယ်သူမျှ မအောက်မေ့ကြ။
2 ထိုသို့သောသူသည် ချမ်းသာ ထဲသို့ ဝင် ရ၏။ ဖြောင့်မတ် စွာကျင့် လျက်မိမိ အိပ်ရာ ပေါ် မှာ ငြိမ် ရ၏။
ထိုသို့သော သူသည် ချမ်းသာထဲသို့ ဝင်ရ၏။ ဖြောင့်မတ်စွာ ကျင့်လျက်မိမိအိပ်ရာပေါ်မှာ ငြိမ်ရ၏။
3 စုန်းမ သား ၊ မျောက်မထား သော မိန်းမသား၊ ပြည်တန်ဆာ မသားတို့၊ ချဉ်းကပ် ကြလော့။
စုန်းမသား၊ မျောက်မထားသော မိန်းမသား၊ ပြည်တန်ဆာမသားတို့၊ ချဉ်းကပ်ကြလော့။
4 သင်တို့သည် အဘယ်သူ ကို ကျီစယ် ကြသနည်း။ အဘယ်သူ အား နှုတ် ကိုဖွင့် ၍ လျှာ ကို ထုတ် ပြကြသနည်း။ သင် တို့သည် ဖောက်ပြန် သောအမျိုး၊ သစ္စာ ပျက်သော အမျိုး ဖြစ်ကြသည်မ ဟုတ်လော။
သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူအား နှုတ်ကိုဖွင့်၍ လျှာကို ထုတ်ပြကြသနည်း။ သင်တို့သည် ဖောက်ပြန်သောအမျိုး၊ သစ္စာပျက်သော အမျိုးဖြစ်ကြသည်မဟုတ်လော။
5 စိမ်းသော သစ်ပင် ရှိသမျှ အောက် မှာ ရုပ်တု ဆင်းတု၌ တပ်မက် သောသူ၊ ချိုင့် ထဲ ၊ ကျောက် စောင်း အောက်မှာ သူငယ် ကိုသတ် သောသူမဟုတ်လော။
စိမ်းသော သစ်ပင်ရှိသမျှ အောက်မှာ ရုပ်တု ဆင်းတု၌ တပ်မက်သောသူ၊ ချိုင့်ထဲ၊ ကျောက်စောင်း အောက်မှာ သူငယ်ကို သတ်သောသူမဟုတ်လော။
6 ချိုင့် ထဲမှာ ချော သောကျောက်ခဲတို့တွင် သင် ၏ တာ ရှိ၏။ ထို သို့သော အရာတို့သည် သင် ၏အမွေ ဖြစ်၏။ ထို သို့သော အရာရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာ နှင့် ဘောဇဉ် ပူဇော်သက္ကာကို ပြု တတ်၏။ ထို အမှုတို့ကို ငါနှစ်သက် တတ်သလော။
ချိုင့်ထဲမှာ ချောသောကျောက်ခဲတို့တွင် သင်၏ တာရှိ၏။ ထိုသို့သော အရာတို့သည် သင်၏အမွေဖြစ်၏။ ထိုသို့သော အရာရှေ့မှာ သွန်းလောင်းရာ ပူဇော်သက္ကာ နှင့် ဘောဇဉ်ပူဇော်သက္ကာကို ပြုတတ်၏။ ထိုအမှုတို့ကို ငါနှစ်သက်တတ်သလော။
7 မြင့် လှသော တောင် ကြီးပေါ် မှာ သင် ၏ခုတင် ကို ထား ပြီးလျှင် ၊ ထို အရပ်သို့ တက် ၍ ယဇ်ပူဇော် တတ်၏။
မြင့်လှသော တောင်ကြီးပေါ်မှာ သင်၏ခုတင် ကို ထားပြီလျှင်၊ ထိုအရပ်သို့တက်၍ ယဇ်ပူဇော်တတ်၏။
8 သင်အောက်မေ့စရာသက်သေကို တံခါး နှင့် တိုင် နောက် မှာထား ပြီး။ ငါ မှ တပါးအခြားသူတို့အား အဝတ်ကို ချွတ် ၍ ၊ အိပ်ရာပေါ်သို့ တက် လေပြီ။ မိမိ ခုတင် ကို ကျယ် စေ၍ သူ တို့နှင့် ဝန်ခံ ပြီ။ သူ တို့ခုတင် ကိုလည်း တပ်မက် ၍၊ နေရာအရပ်ကို ရှာ လေပြီ။
သင်အောက်မေ့စရာသက်သေကို တံခါးနှင့် တိုင်နောက်မှာ ထားပြီး။ ငါမှတပါး အခြားသူတို့အား အဝတ်ကို ချွတ်၍၊ အိပ်ရာပေါ်သို့ တက်လေပြီ။ မိမိ ခုတင်ကို ကျယ်စေ၍ သူတို့နှင့် ဝန်ခံပြီ။ သူတို့ခုတင်ကို လည်း တပ်မက်၍၊ နေရာအရပ်ကို ရှာလေပြီ။
9 ဆီ မွှေးပါ လျက်၊ ရှင်ဘုရင့် ထံသို့ သွား ပြီ။ နံ့သာ မျိုးများကို သုံး ပြီ။ တမန် တို့ကို ဝေး သော အရပ်သို့ စေလွှတ် ၍ ၊ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ ပြီ။ (Sheol h7585)
ဆီမွှေးပါလျက်၊ ရှင်ဘုရင့်ထံသို့သွားပြီ။ နံ့သာ မျိုးများကို သုံးပြီ။ တမန်တို့ကို ဝေးသော အရပ်သို့ စေလွှတ်၍၊ မရဏာနိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချပြီ။ (Sheol h7585)
10 ၁၀ ဝေးစွာခရီး သွား၍ ပင်ပန်း သော်လည်းစိတ် မ ပျက်။ ကြိုးစား၍ အသက် လွတ် သောကြောင့် အားလျော့ ခြင်းမ ရှိ။
၁၀ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း စိတ် မပျက်။ ကြိုးစား၍ အသက်လွတ်သောကြောင့် အားလျော့ ခြင်းမရှိ။
11 ၁၁ သင်သည် သစ္စာပျက် သည်တိုင်အောင် ၎င်း၊ ငါ့ ကို မေ့လျော့ ၍ သတိ မ ပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူ ကို ကြောက်ရွံ့ သနည်း။ ငါသည် ရှေး ကာလမှ စ၍တိတ်ဆိတ် စွာနေသောကြောင့် ၊ သင်သည် ငါ့ ကို မ ကြောက် ဘဲနေသည်မဟုတ်လော။
၁၁သင်သည် သစ္စာပျက်သည်တိုင်အောင်၎င်း၊ ငါ့ ကို မေ့လျော့၍ သတိမပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူကို ကြောက်ရွံ့သနည်း။ ငါသည် ရှေးကာလမှ စ၍ တိတ်ဆိတ်စွာနေသောကြောင့်၊ သင်သည် ငါ့ကို မကြောက်ဘဲနေသည်မဟုတ်လော။
12 ၁၂ သင် ၏ကုသိုလ် နှင့် ၊ သင် ပြုသောအမှု တို့ကို ငါ ဘော်ပြ မည်။
၁၂သင်၏ကုသိုလ်နှင့်၊ သင်ပြုသော အမှုတို့ကို ငါဘော်ပြမည်။
13 ၁၃ ထိုသို့သော အမှုသည် အကျိုး ကို မ ပေးနိုင်။ သင် သည် အော်ဟစ် သောအခါ ၊ သင် ၏အလုံး အရင်းတို့ သည် ကယ်နှုတ် ကြစေ။ လေ သည် သူ တို့ကို တိုက် သွားလိမ့်မည်။ လေ တမှုတ်နှင့် လွင့် ကြလိမ့်မည်။ ငါ့ ကို ကိုးစား သော သူမူကား ၊ ပြည် တော်ကို ပိုင် ၍ ၊ ငါ ၏သန့်ရှင်း သော တောင် ကို အမွေ ခံရလိမ့်မည်။
၁၃ထိုသို့သော အမှုသည် အကျိုးကို မပေးနိုင်။ သင်သည် အော်ဟစ်သောအခါ၊ သင်၏အလုံးအရင်းတို့ သည် ကယ်နှုတ်ကြစေ။ လေသည် သူတို့ကို တိုက်သွားလိမ့် မည်။ လေတမှုတ်နှင့် လွင့်ကြလိမ့်မည်။ ငါ့ကို ကိုးစား သော သူမူကား၊ ပြည်တော်ကို ပိုင်၍၊ ငါ၏သန့်ရှင်းသော တောင်ကို အမွေခံရလိမ့်မည်။
14 ၁၄ ထိုအခါ မြေကို ဖို့ ကြ။ မြေကို ဖို့ ကြ။ လမ်း ကို ပြင် ကြ။ ငါ့ လူ တို့၏ လမ်း ခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
၁၄ထိုအခါ မြေကို ဖို့ကြ။ မြေကို ဖို့ကြ။ လမ်းကို ပြင်ကြ။ ငါ့လူတို့၏ လမ်းခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
15 ၁၅ အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
၁၅အကြောင်းမူကား၊ သန့်ရှင်းခြင်းဟု နာမရှိတော် မူထသော၊ အနန္တကာလတည်းဟူသော ဘုံဗိမာန်၌ စံတော်မူထသော၊ အထွဋ်အမြတ်ဖြစ်တော်မူသော ဘုရားမိန့်တော်မူသည်ကား၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ်၌နေ၏။ စိတ်နှိမ့်ချသောသူနှင့်၊ နှလုံးကြေကွဲ သော သူတို့၏စိတ်ဝိညာဉ်အသက်ရှင်စေခြင်းငှါ၊ ကြေကွဲ နှိမ့်ချသော စိတ်သဘောရှိသောသူတို့၌လည်း ငါနေ၏။
16 ၁၆ ငါသည် အစဉ် မပြတ်တရား တွေ့မည်မ ဟုတ်။ အစဉ် မပြတ်အမျက် ထွက်မည်မ ဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက် သည် ငါ့ ရှေ့ မှာ ပျောက် ၍ ၊ ငါ ဖန်ဆင်း သော ဝိညာဉ် သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
၁၆ငါသည် အစဉ်မပြတ်တရားတွေ့မည်မဟုတ်။ အစဉ်မပြတ်အမျက်ထွက်မည်မဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက်သည် ငါ့ရှေ့မှာ ပျောက်၍၊ ငါဖန်ဆင်းသော ဝိညာဉ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
17 ၁၇ သူ ၏လောဘ လွန်ကျူးခြင်း အပြစ် ကြောင့် ၊ ငါသည် အမျက် ထွက်၍ ဒဏ်ခတ် လေ၏။ အမျက် ထွက်၍ မျက်နှာကို လွှဲ လေ၏။ သူသည်လည်း မိမိ အလို ရှိရာ လမ်း သို့ လွှဲ သွားလေ၏။
၁၇သူ၏လောဘလွန်ကျူးခြင်း အပြစ်ကြောင့်၊ ငါသည် အမျက်ထွက်၍ ဒဏ်ခတ်လေ၏။ အမျက်ထွက်၍ မျက်နှာကို လွှဲလေ၏။ သူသည်လည်း မိမိအလိုရှိရာ လမ်း သို့ လွှဲသွားလေ၏။
18 ၁၈ သူ ၏အကျင့် ဓလေ့တို့ကို ငါမြင် ပြီ။ သူ့ ကို အနာ ပျောက်စေ၍ လမ်းပြ ဦးမည်။ သူ့ ကို ၎င်း ၊ သူ နှင့်အတူ စိတ် ညှိုးငယ်သောသူတို့ ကို၎င်း၊ ချမ်းသာ ပေးဦးမည်။
၁၈သူ၏အကျင့်ဓလေ့တို့ကို ငါမြင်ပြီ။ သူ့ကို အနာ ပျောက်စေ၍ လမ်းပြဦးမည်။ သူ့ကို၎င်း၊ သူနှင့်အတူ စိတ်ညှိုးငယ်သော သူတို့ကို၎င်း၊ ချမ်းသာပေးဦးမည်။
19 ၁၉ ငါသည် နှုတ်ခမ်း အသီး ကို ဖန်ဆင်း ၏။ ဝေး သောသူ၌ ၎င်း၊ နီး သောသူ၌ ၎င်း ငြိမ်သက် ခြင်းဖြစ်စေ၊ ငြိမ်သက် ခြင်းဖြစ်စေ၊ သူ ၏အနာ ကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၉ငါသည် နှုတ်ခမ်းအသီးကို ဖန်ဆင်း၏။ ဝေး သောသူ၌၎င်း၊ နီးသောသူ၌၎င်း ငြိမ်သက်ခြင်းဖြစ်စေ၊ ငြိမ်သက်ခြင်းဖြစ်စေ၊ သူ၏အနာကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
20 ၂၀ မတရား သောသူတို့ မူကား ၊ မ ငြိမ် နိုင် ဘဲ လှုပ်ရှား ၍၊ ရွှံ့ နှင့် အမှိုက် ကို ပက် သောပင်လယ် ရေနှင့် တူ ကြ ၏။
၂၀မတရားသော သူတို့မူကား၊ မငြိမ်နိုင်ဘဲ လှုပ် ရှား၍၊ ရွှံ့နှင့်အမှိုက်ကို ပက်သောပင်လယ်ရေနှင့် တူကြ ၏။
21 ၂၁ မတရား သောသူတို့ ၌ ငြိမ်သက် ခြင်းမ ရှိဟု ငါ ၏ဘုရား သခင်မိန့် တော်မူ၏။
၂၁မတရားသော သူတို့၌ ငြိမ်သက်ခြင်းမရှိဟု ငါ၏ဘုရားသခင် မိန့်တော်မူ၏။

< ဟေရှာယ 57 >