< ဟေရှာယ 57 >
1 ၁ ဖြောင့်မတ် သောသူသည် ဆုံး ၍ ကျေးဇူး ပြုတတ် သောသူ တို့ သည် ပယ်ရှား ခြင်းကို ခံရသောအခါ၊ ဖြောင့်မတ် သောသူကို မကောင်း သော အမှုအရာထဲက ရုပ်သိမ်း ပြီဟု အဘယ်သူ မျှမဆင်ခြင် ၊ အဘယ်သူမျှမအောက်မေ့ကြ။
The righteous perishes, and no man lays it to heart; and merciful men are taken away, none considering that the righteous is taken away from the evil.
2 ၂ ထိုသို့သောသူသည် ချမ်းသာ ထဲသို့ ဝင် ရ၏။ ဖြောင့်မတ် စွာကျင့် လျက်မိမိ အိပ်ရာ ပေါ် မှာ ငြိမ် ရ၏။
He enters into peace; they rest in their beds, each one who walks in his uprightness.
3 ၃ စုန်းမ သား ၊ မျောက်မထား သော မိန်းမသား၊ ပြည်တန်ဆာ မသားတို့၊ ချဉ်းကပ် ကြလော့။
"But draw near here, you sons of the sorceress, offspring of an adulterer and a prostitute.
4 ၄ သင်တို့သည် အဘယ်သူ ကို ကျီစယ် ကြသနည်း။ အဘယ်သူ အား နှုတ် ကိုဖွင့် ၍ လျှာ ကို ထုတ် ပြကြသနည်း။ သင် တို့သည် ဖောက်ပြန် သောအမျိုး၊ သစ္စာ ပျက်သော အမျိုး ဖြစ်ကြသည်မ ဟုတ်လော။
Against whom are you mocking? Against whom do you make a wide mouth, and stick out your tongue? Aren't you children of rebellion, offspring of liars,
5 ၅ စိမ်းသော သစ်ပင် ရှိသမျှ အောက် မှာ ရုပ်တု ဆင်းတု၌ တပ်မက် သောသူ၊ ချိုင့် ထဲ ၊ ကျောက် စောင်း အောက်မှာ သူငယ် ကိုသတ် သောသူမဟုတ်လော။
you who inflame yourselves among the oaks, under every green tree; who kill the children in the valleys, under the clefts of the rocks?
6 ၆ ချိုင့် ထဲမှာ ချော သောကျောက်ခဲတို့တွင် သင် ၏ တာ ရှိ၏။ ထို သို့သော အရာတို့သည် သင် ၏အမွေ ဖြစ်၏။ ထို သို့သော အရာရှေ့ မှာ သွန်းလောင်း ရာ ပူဇော် သက္ကာ နှင့် ဘောဇဉ် ပူဇော်သက္ကာကို ပြု တတ်၏။ ထို အမှုတို့ကို ငါနှစ်သက် တတ်သလော။
Among the smooth stones of the valley is your portion; they, they are your lot; you have even poured a drink offering to them. You have offered an offering. Shall I be appeased for these things?
7 ၇ မြင့် လှသော တောင် ကြီးပေါ် မှာ သင် ၏ခုတင် ကို ထား ပြီးလျှင် ၊ ထို အရပ်သို့ တက် ၍ ယဇ်ပူဇော် တတ်၏။
On a high and lofty mountain you have set your bed; there also you went up to offer sacrifice.
8 ၈ သင်အောက်မေ့စရာသက်သေကို တံခါး နှင့် တိုင် နောက် မှာထား ပြီး။ ငါ မှ တပါးအခြားသူတို့အား အဝတ်ကို ချွတ် ၍ ၊ အိပ်ရာပေါ်သို့ တက် လေပြီ။ မိမိ ခုတင် ကို ကျယ် စေ၍ သူ တို့နှင့် ဝန်ခံ ပြီ။ သူ တို့ခုတင် ကိုလည်း တပ်မက် ၍၊ နေရာအရပ်ကို ရှာ လေပြီ။
Behind the doors and the posts you have set up your memorial: for you have uncovered to someone besides me, and have gone up; you have enlarged your bed, and made you a covenant with them: you loved their bed where you saw it.
9 ၉ ဆီ မွှေးပါ လျက်၊ ရှင်ဘုရင့် ထံသို့ သွား ပြီ။ နံ့သာ မျိုးများကို သုံး ပြီ။ တမန် တို့ကို ဝေး သော အရပ်သို့ စေလွှတ် ၍ ၊ မရဏာ နိုင်ငံတိုင်အောင် မိမိကိုမိမိ နှိမ့်ချ ပြီ။ (Sheol )
You went to the king with oil, and increased your perfumes, and sent your ambassadors far off, and debased yourself even to Sheol. (Sheol )
10 ၁၀ ဝေးစွာခရီး သွား၍ ပင်ပန်း သော်လည်းစိတ် မ ပျက်။ ကြိုးစား၍ အသက် လွတ် သောကြောင့် အားလျော့ ခြင်းမ ရှိ။
You were wearied with the length of your way; yet you did not say, 'It is in vain.' You found a reviving of your strength; therefore you weren't faint.
11 ၁၁ သင်သည် သစ္စာပျက် သည်တိုင်အောင် ၎င်း၊ ငါ့ ကို မေ့လျော့ ၍ သတိ မ ပြုဘဲ နေသည်တိုင်အောင်၎င်း၊ အဘယ်သူ ကို ကြောက်ရွံ့ သနည်း။ ငါသည် ရှေး ကာလမှ စ၍တိတ်ဆိတ် စွာနေသောကြောင့် ၊ သင်သည် ငါ့ ကို မ ကြောက် ဘဲနေသည်မဟုတ်လော။
"Of whom have you been afraid and in fear, that you lie, and have not remembered me, nor laid it to your heart? Haven't I held my peace even of long time, and you do not fear me?
12 ၁၂ သင် ၏ကုသိုလ် နှင့် ၊ သင် ပြုသောအမှု တို့ကို ငါ ဘော်ပြ မည်။
I will declare your righteousness; and as for your works, they shall not profit you.
13 ၁၃ ထိုသို့သော အမှုသည် အကျိုး ကို မ ပေးနိုင်။ သင် သည် အော်ဟစ် သောအခါ ၊ သင် ၏အလုံး အရင်းတို့ သည် ကယ်နှုတ် ကြစေ။ လေ သည် သူ တို့ကို တိုက် သွားလိမ့်မည်။ လေ တမှုတ်နှင့် လွင့် ကြလိမ့်မည်။ ငါ့ ကို ကိုးစား သော သူမူကား ၊ ပြည် တော်ကို ပိုင် ၍ ၊ ငါ ၏သန့်ရှင်း သော တောင် ကို အမွေ ခံရလိမ့်မည်။
When you cry, let those who you have gathered deliver you; but the wind shall take them, a breath shall carry them all away: but he who takes refuge in me shall possess the land, and shall inherit my holy mountain."
14 ၁၄ ထိုအခါ မြေကို ဖို့ ကြ။ မြေကို ဖို့ ကြ။ လမ်း ကို ပြင် ကြ။ ငါ့ လူ တို့၏ လမ်း ခရီး၌ အဆီးအတားမရှိစေနှင့် ဟု ငါပြောဆိုရ၏။
He will say, "Build up, build up, prepare the way, take up the stumbling-block out of the way of my people."
15 ၁၅ အကြောင်း မူကား၊ သန့်ရှင်း ခြင်းဟု နာမ ရှိတော် မူထသော၊ အနန္တ ကာလတည်းဟူသောဘုံဗိမာန်၌ စံ တော်မူထသော၊ အထွဋ် အမြတ်ဖြစ်တော်မူသောဘုရားမိန့် တော်မူသည်ကား ၊ ငါသည် မြင့်မြတ်သန့်ရှင်း သော အရပ် ၌နေ ၏။ စိတ် နှိမ့်ချ သောသူနှင့်၊ နှလုံးကြေကွဲ သောသူတို့ ၏စိတ် ဝိညာဉ်အသက် ရှင်စေ ခြင်းငှါ၊ ကြေကွဲ နှိမ့်ချ သောစိတ် သဘောရှိသောသူတို့၌လည်း ငါနေ၏။
For thus says the high and lofty One who inhabits eternity, whose name is Holy: "I dwell in the high and holy place, with him also who is of a contrite and humble spirit, to revive the spirit of the humble, and to revive the heart of the contrite.
16 ၁၆ ငါသည် အစဉ် မပြတ်တရား တွေ့မည်မ ဟုတ်။ အစဉ် မပြတ်အမျက် ထွက်မည်မ ဟုတ်။ ထိုသို့ဟုတ်လျှင်၊ အသက် သည် ငါ့ ရှေ့ မှာ ပျောက် ၍ ၊ ငါ ဖန်ဆင်း သော ဝိညာဉ် သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။
For I will not contend forever, neither will I be always angry; for the spirit would faint before me, and the souls who I have made.
17 ၁၇ သူ ၏လောဘ လွန်ကျူးခြင်း အပြစ် ကြောင့် ၊ ငါသည် အမျက် ထွက်၍ ဒဏ်ခတ် လေ၏။ အမျက် ထွက်၍ မျက်နှာကို လွှဲ လေ၏။ သူသည်လည်း မိမိ အလို ရှိရာ လမ်း သို့ လွှဲ သွားလေ၏။
For the iniquity of his covetousness was I angry, and struck him; I hid myself and was angry; and he went on backsliding in the way of his heart.
18 ၁၈ သူ ၏အကျင့် ဓလေ့တို့ကို ငါမြင် ပြီ။ သူ့ ကို အနာ ပျောက်စေ၍ လမ်းပြ ဦးမည်။ သူ့ ကို ၎င်း ၊ သူ နှင့်အတူ စိတ် ညှိုးငယ်သောသူတို့ ကို၎င်း၊ ချမ်းသာ ပေးဦးမည်။
I have seen his ways, and will heal him: I will lead him also, and restore comforts to him and to his mourners.
19 ၁၉ ငါသည် နှုတ်ခမ်း အသီး ကို ဖန်ဆင်း ၏။ ဝေး သောသူ၌ ၎င်း၊ နီး သောသူ၌ ၎င်း ငြိမ်သက် ခြင်းဖြစ်စေ၊ ငြိမ်သက် ခြင်းဖြစ်စေ၊ သူ ၏အနာ ကို ငါပျောက်စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
I create the fruit of the lips: Peace, peace, to him who is far off and to him who is near," says Jehovah; "and I will heal him."
20 ၂၀ မတရား သောသူတို့ မူကား ၊ မ ငြိမ် နိုင် ဘဲ လှုပ်ရှား ၍၊ ရွှံ့ နှင့် အမှိုက် ကို ပက် သောပင်လယ် ရေနှင့် တူ ကြ ၏။
But the wicked are like the troubled sea; for it can't rest, and its waters cast up mire and dirt.
21 ၂၁ မတရား သောသူတို့ ၌ ငြိမ်သက် ခြင်းမ ရှိဟု ငါ ၏ဘုရား သခင်မိန့် တော်မူ၏။
"There is no peace," says my God, "for the wicked."