< ဟေရှာယ 56 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ တရား ကို စောင့် ၍ ဖြောင့်မတ် စွာကျင့် ကြလော့။ ငါ ၏ကယ်တင် ခြင်း ကျေးဇူးရောက် ချိန်နှင့်၊ ငါ ၏ဖြောင့်မတ် ခြင်းတရား ထင်ရှား ချိန်ရောက်လုနီး ပြီ။
This is what Yahweh says, “Observe what is right, do what is just; for my salvation is near, and my righteousness is about to be revealed.
2 ၂ ထို သို့ပြု သောသူ ၊ အမြဲစွဲလမ်း သော လူ သား သည်၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ဒုစရိုက် ကို မပြုမည်အကြောင်း၊ မိမိ လက် ကို ချုပ်တည်း လျှင် လည်း မင်္ဂလာ ရှိ၏။
Blessed is the man that does this, and who holds it tightly. He observes the Sabbath, not defiling it, and keeps his hand from doing any evil.”
3 ၃ ထာဝရဘုရား ၌ မှီဝဲ သော တပါးအမျိုးသား က၊ ထာဝရဘုရား သည် ငါ့ ကို မိမိ လူမျိုး နှင့် ရှင်းရှင်းခွဲ ထား တော်မူပြီဟု မ ဆို စေနှင့်။ မိန်းမလျှာ ကလည်း ၊ ငါ သည် သွေ့ ခြောက်သော အပင် ဖြစ်သည်ဟု မ ဆို စေနှင့်။
Let no foreigner who has become a follower of Yahweh say, “Yahweh will certainly exclude me from his people.” The eunuch should not say, “See, I am a dry tree.”
4 ၄ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ဥပုသ် နေ့ ကို စောင့် လျက်၊ ငါနှစ်သက် သောအရာ ကို ရွေး ယူ၍၊ ငါ ၏ပဋိညာဉ် ကို မှီဝဲ သော မိန်းမလျှာ တို့အား၊
For this is what Yahweh says, “To the eunuchs who observe my Sabbaths and choose what pleases me, and hold fast my covenant,
5 ၅ သား သမီးတို့ ထက် မြတ် သောအရာ၊ မြတ်သော နာမ ကို ငါ့ အိမ် ၊ ငါ့တန်တိုင်း အတွင်း ၌ ငါပေးမည်။ မ ပျောက် နိုင်သော ထာဝရ နာမ ကို သူ တို့အား ငါပေး မည်။
to them I will set up in my house and within my walls a monument that is better than having sons and of daughters. I will give them an everlasting monument that will never be cut off.
6 ၆ ထာဝရဘုရားထံ၌ အမှု စောင့်ခြင်း၊ နာမ တော်ကို ချစ် ခြင်း၊ ကျွန် တော်ရင်းဖြစ် ခြင်း အလိုငှါ ၊ ထာဝရဘုရား ၌ မှီဝဲ သော တပါး အမျိုးသားတို့ကို၎င်း၊ ဥပုသ် နေ့ကို မ ရှုတ်ချ ၊ စောင့်ရှောက် ၍ ၊ ငါ ၏ပဋိညာဉ် ကို စွဲလမ်း သော သူအပေါင်း တို့ကို၎င်း၊
Also foreigners who join themselves to Yahweh— to serve him, and who love the name of Yahweh, to worship him, every one who observes the Sabbath and who keeps from defiling it, and who holds fast my covenant
7 ၇ ငါ ၏သန့်ရှင်း သော တောင် သို့ ငါဆောင် ခဲ့၍ ၊ ငါ ၏ပဌနာ အိမ် ၌ ဝမ်းမြောက် စေမည်။ သူ တို့ မီးရှို့ ရာ ယဇ်နှင့် ယဇ် အမျိုးမျိုးတို့ကို ငါ့ ယဇ်ပလ္လင် ပေါ် မှာ လက်ခံ မည်။ ငါ့ အိမ် ကို လူ အမျိုးမျိုး ဆုတောင်း ရာ အိမ် ဟူ၍ခေါ်ဝေါ် ကြလတံ့။
—I will bring to my holy mountain and make them joyful in my house of prayer; their burnt offerings and their sacrifices will be accepted on my altar. For my house will be called a house of prayer for all nations,
8 ၈ အရပ်ရပ်၌ ကွဲပြား သော ဣသရေလ အမျိုးသားတို့ကို စုဝေး စေသော အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ စုဝေး ပြီးသော သူများမှတပါး အခြားသောသူတို့ ကို ထိုအစုအဝေး၌ ငါစုဝေး စေဦးမည်ဟု မိန့်တော်မူ ၏။
this is the declaration of the Lord Yahweh, who gathers the outcasts of Israel— I will still gather others in addition to them.”
9 ၉ အို လယ်ပြင် သား အပေါင်း နှင့် တော ၌ လည် သော သားရဲ အပေါင်း တို့၊ ကိုက်စား ခြင်းငှါ လာ ကြလော့။
All you wild beasts of the field, come and devour, all you beasts in the forest!
10 ၁၀ သူ ၏ကင်းစောင့် တို့သည် မျက်စိကန်း ကြ၏။ ရှိသမျှ တို့သည် မိုက်ကြ၏။ အ ၍မ ဟောင် နိုင် သော ခွေး၊ ယောင်ယမ်း သောခွေး၊ အိပ် လျက်အိပ် ချင် အားကြီးသော ခွေး ဖြစ်ကြ၏။
All their watchmen are blind, they do not understand. They are all silent dogs who cannot bark. They dream, and lying down they love to sleep.
11 ၁၁ စားချင် အားကြီး ၍ ဝမ်းမ ပြည့် နိုင်သော ခွေး လည်း ဖြစ်ကြ၏။ သိုးထိန်း တို့သည်လည်း မ ကြည့် မရှု တတ်ကြ။ ထိုသိုးထိန်း ရှိသမျှ တို့သည် လမ်းလွှဲ၍ မိမိ တို့ လမ်း သို့ လိုက် ကြပြီ။ တယောက်မျှမကြွင်း၊ တညီတညွတ်တည်း ကိုယ် အကျိုး စီးပွားကိုသာ ရှာကြ၏။
The dogs have big appetites; they can never get enough; they are shepherds without discernment; they have all turned to their own way, each one covetous for unjust gain.
12 ၁၂ လာ ကြ။ စပျစ်ရည် ကို ယူ ခဲ့မည်။ သေရည် သေရက်ကို ဝစွာသောက် ကြစို့။ ယနေ့ ဖြစ်သကဲ့သို့ နက်ဖြန် နေ့ဖြစ် လိမ့်မည်။ ထိုမျှမက ၊ သာ၍ ကြွယ်ဝ လိမ့်မည်ဟု ဆိုတတ်ကြ၏။
“Come,” they say, “let us drink wine and liquor. Tomorrow will be like today, a day great beyond measure.”