< ဟေရှာယ 55 >

1 အို ရေ ငတ်သောသူအပေါင်း တို့၊ ရေ ရှိရာသို့ လာ ကြလော့။ ငွေ မ ရှိသောသူ တို့၊ လာ ကြ။ ဝယ် ၍ စား သောက်ကြလော့။ ငွေ မ ပါ ဘဲ၊ အဘိုး ကို မ ပေးဘဲလာ ၍ စပျစ်ရည် နှင့် နို့ ကို ဝယ် ကြလော့။
ရေ​ငတ်​သူ​အ​ပေါင်း​တို့၊လာ​ကြ​လော့။ ဤ​အ​ရပ်​တွင်​ရေ​ရှိ​၏။ ကြေး​ငွေ​မ​ရှိ​သူ​တို့​လာ​၍​ဂျုံ​စ​ပါး​ကို ဝယ်​ယူ​စား​သုံး​ကြ​လော့။ နို့​နှင့်​ပျား​ရည်​ကို​ဝယ်​ယူ​ကြ​လော့။ အ​ဖိုး​ငွေ​တစ်​ပြား​တစ်​ချပ်​မျှ​သင်​တို့ ကုန်​ကျ​ရ​လိမ့်​မည်​မ​ဟုတ်။
2 အစာ မ ဟုတ်သောအရာအဘို့ သင်တို့ငွေ ကို၎င်း၊ အမွတ်မ ပြေ နိုင်သောအရာအဘို့ သင်တို့ဥစ္စာ ကို၎င်း၊ အဘယ်ကြောင့် ကုန် စေကြသနည်း။ ငါ့ စကားကို စေ့စေ့နားထောင် လျက် ၊ ကောင်း သောအစာကို စား ကြလော့။ သင် တို့၏ဝိညာဉ် သည် ချို သောအရာတို့၌ မိမိကိုမိမိ မွေ့လျော် စေလိမ့်မည်။
အ​စာ​အာ​ဟာ​ရ​မ​ဖြစ်​သည့်​အ​ရာ​အ​တွက် အ​ဘယ်​ကြောင့်​ငွေ​အ​ကုန်​အ​ကျ​ခံ​ကြ​ပါ မည်​နည်း။ သင်​၏​လုပ်​အား​ခ​များ​ကို​အ​ကုန်​ခံ​ကာ အ​ဘယ်​ကြောင့်​မွတ်​သိပ်​လျက်​နေ​ကြ​ပါ မည်​နည်း။ ငါ့​စ​ကား​ကို​နား​ထောင်​လျက်၊ငါ​ပြော​သည့်​အ​တိုင်း ပြု​လုပ်​ကြ​ပါ​မူ သင်​တို့​သည်​အ​မွန်​မြတ်​ဆုံး​သော​အ​စား​အ​စာ များ​ကို စား​သောက်​ရ​ကြ​လိမ့်​မည်။
3 နူးညွတ်သော နား နှင့် ငါ့ ထံသို့ လာ ကြလော့။ နားထောင် ကြလော့။ သို့ပြုလျှင် သင် တို့၏ ဝိညာဉ် သည် အသက် ရှင်ရလိမ့်မည်။ ငါသည်လည်း ၊ သင် တို့နှင့် ထာဝရ ပဋိညာဉ် ပြု ၍၊ ဒါဝိဒ် ၌ မြဲမြံ သော ကျေးဇူးတော်ကို သင်တို့အားပေး မည်။
``အို ငါ​၏​လူ​မျိုး​တော်၊ငါ့​စ​ကား​ကို​နား​ထောင်​၍ ငါ့​ထံ​သို့​လာ​ကြ​လော့။ ဤ​သို့​ပြု​လျှင်​သင်​တို့​သည်​အ​သက်​ရှင်​ခွင့် ရ​ရှိ​ကြ​လိမ့်​မည်။ ငါ​သည်​သင်​တို့​နှင့်​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ပြု​ပြီး​လျှင်၊ ဒါ​ဝိဒ်​အား​က​တိ​ထား​ခဲ့​သည့်​ကောင်း​ချီး မင်္ဂ​လာ​များ​ကို​သင်​တို့​အား​ချ​ပေး​မည်။
4 ကြည့် ရှုလော့။ ထိုသူ ကို ဥပဇ္ဈာယ် ဆရာဖြစ်စေ ခြင်းငှါ ၎င်း၊ စီရင် အုပ်စိုးသော အရှင် ဖြစ်စေခြင်းငှါ၎င်း၊ လူမျိုး တို့အား ငါပေး ပြီ။
ငါ​သည်​သူ့​ကို​လူ​မျိုး​တ​ကာ​တို့​၏​ခေါင်း​ဆောင် ဗိုလ်​ချုပ်​အ​ဖြစ်​ခန့်​ထား​စေ​ပြီး​လျှင်၊ ငါ​၏ တန်​ခိုး​တော် ကို​လူ​တို့​ရှေ့​၌​သက်​သေ​ဖြစ်​စေ​မည်။
5 ကြည့်ရှုလော့။ သင်သည် မ သိ ဘူးသော လူမျိုး ကို ခေါ် လိမ့်မည်။ သင့် ကို မ သိ ဘူးသော လူမျိုး တို့သည်လည်း ၊ သင် ၏ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရားကြောင့် ၊ သင့် ထံသို့ ပြေး လာကြလိမ့်မည်။ ထိုဘုရားသည် သင် ၏ဘုန်း ကို ပွင့်စေတော်မူ၏။
ယ​ခု​တွင်​နိုင်​ငံ​ခြား​အ​မျိုး​သား​တို့​ကို​သင်​သည်​ဆင့်​ခေါ်​မည်။ အ​ခါ​တစ်​ပါး​က​သူ​တို့​သည်​သင်​တို့​ကို မ​သိ​ကြ​သော်​လည်း၊ ယ​ခု​အ​ခါ​၌​မူ​သင်​တို့​ထံ​သို့​ပြေး​၍ ဝင်​လာ​ကြ​လိမ့်​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် ဘု​ရား​ဖြစ်​တော်​မူ​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ဤ​အ​မှု​အ​ရာ​အ​ပေါင်း​ကို ဖြစ်​ပျက်​စေ​တော်​မူ​လိမ့်​မည်။ ငါ​သည်​သင်​တို့​အား​ဂုဏ်​အ​သ​ရေ​နှင့် ဘုန်း​အ​သ​ရေ​ကို​ပေး​တော်​မူ​မည်။''
6 တွေ့ နိုင်သည် ကာလတွင် ထာဝရဘုရား ကို ရှာ ကြလော့။ နီး တော်မူသည်ကာလတွင် ဆုတောင်း ပဌနာပြုကြလော့။
ထာ​ဝ​ရ​ဘု​ရား​သည်​ယ​ခု​သင်​တို့​အ​နီး​တွင် ရှိ​တော်​မူ​ပြီ​ဖြစ်​၍၊ အ​ထံ​တော်​သို့​လှည့်​၍​ဆု​တောင်း​ပတ္ထ​နာ​ပြု ကြ​လော့။
7 ဆိုး သောသူသည် မိမိ လမ်း ကို၎င်း ၊ မတရား သောသူ သည် မိမိ အကြံ တို့ကို၎င်းစွန့်ပစ် ၍ ၊ ထာဝရဘုရား ထံ တော်သို့ ပြောင်းလဲ ပါစေ။ သို့ပြုလျှင် သနား တော်မူလိမ့်မည်။ ငါ တို့ ဘုရား သခင့်ထံ တော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင်အထူးသဖြင့်အပြစ်ကို လွှတ် တော်မူလိမ့်မည်။
သူ​ယုတ်​မာ​တို့​သည်​မိ​မိ​တို့​၏​ဆိုး​ညစ်​သော အ​ကျင့်​များ​ကို​စွန့်​လွှတ်​၍၊ မိ​မိ​တို့​၏​စိတ်​နေ​သ​ဘော​ထား​များ​ကို​လည်း ပြောင်း​လဲ​ကြ​ရာ​၏။ သူ​တို့​သည်​ငါ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထံ​တော်​သို့​လှည့်​ကြ​ရာ​၏။ ကိုယ်​တော်​သည်​သ​နား​ကြင်​နာ​တတ်​၍​လျင်​မြန်​စွာ အ​ပြစ်​လွှတ်​တော်​မူ​တတ်​၏။
8 ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏ အကြံအစည် သည် သင် တို့၏ အကြံအစည် နှင့်မ တူ။ ငါ ၏ အကျင့် သည်လည်း သင် တို့၏ အကျင့် နှင့်မ တူ။
ထာ​ဝ​ရ​ဘု​ရား​က၊ ``ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့ အ​ကြံ​အ​စည်​များ​နှင့်​မ​တူ။ ငါ​၏​နည်း​နာ​များ​သည်​လည်း​သင်​တို့ နည်း​နာ​များ​နှင့်​ခြား​နား​၏။
9 မိုဃ်းကောင်းကင် သည် မြေကြီး ထက် သာ၍မြင့် သကဲ့သို့ ၊ ငါ ၏အကျင့် သည် သင် တို့၏အကျင့် ထက် ၎င်း ၊ ငါ ၏အကြံအစည် သည် သင် တို့၏ အကြံအစည် ထက်၎င်း သာ၍ မြင့် ၏။
မိုး​ကောင်း​ကင်​သည်​ကမ္ဘာ​မြေ​ကြီး​ထက် မြင့်​မား​သ​ကဲ့​သို့၊ ငါ​၏​အ​ကြံ​အ​စည်​တော်​များ​သည်​သင်​တို့​၏ အ​ကြံ​အ​စည်​များ​ထက်​မြင့်​မား​သ​တည်း။
10 ၁၀ မိုဃ်းရေ နှင့် မိုဃ်းပွင့် တို့သည် မိုဃ်းကောင်းကင် မှ ဆင်းသက် ၍ နောက်တဖန်မ ပြန် ၊ မြေသည် မျိုးစေ့ကြဲ သောသူအား မျိုးစေ့ ကို၎င်း၊ အစာစား သောသူအား အစာ ကို၎င်း ပေး မည်အကြောင်း ၊ မြေ ကို စို စေသဖြင့်၊ အပင် ပေါက် စေ၍ ၊ အသီးကို သီး စေသကဲ့သို့၊
၁၀``ငါ​၏​နှုတ်​က​ပတ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို ရေ​ပေး​ရန်​သက်​ရောက်​လာ​သည့် မိုး​နှင့်​မိုး​ပွင့်​များ​ကဲ့​သို့​ဖြစ်​၏။ ထို​အ​ရာ​တို့​သည်​ကောက်​ပဲ​သီး​နှံ​ပင်​များ​ကို ပေါက်​စေ​တတ်​၏။ စိုက်​ပျိုး​ရန်​မျိုး​စေ့​များ​နှင့်​စား​သုံး​ရန် အ​စား​အ​စာ​များ​ကို​ဖြစ်​ပွား​စေ​တတ်​၏။
11 ၁၁ ထိုအတူ ငါ ၏နှုတ်ကပတ် စကား သည် ဖြစ် လိမ့်မည်။ အကျိုး မရှိဘဲ ငါ့ ထံသို့ မ ပြန် ရ။ ငါ့အလို ကို ပြည့်စုံ စေမည်။ ငါစေခိုင်း သော အမှု ၌ အောင် လိမ့်မည်။
၁၁ငါ​မြွက်​ဆို​သည့်​နှုတ်​က​ပတ်​စ​ကား​သည်​လည်း ဤ​နည်း​အ​တိုင်း​ဖြစ်​လိမ့်​မည်။ ထို​နှုတ်​က​ပတ်​တော်​သည်​ငါ​၏​အ​ကြံ​အ​စည် တော်​ကို ပြည့်​စုံ​စေ​လိမ့်​မည်။ ငါ​စေ​ခိုင်း​သ​မျှ​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။
12 ၁၂ သင်တို့သည် ဝမ်းမြောက် သောစိတ် နှင့် ထွက် ၍ ၊ ချမ်းသာ စွာ ပို့ ခြင်းကိုခံ ရကြလိမ့်မည်။ တောင် ကြီး တောင် ငယ်တို့သည် သင် တို့ရှေ့ မှာ သီချင်း ဆိုသံနှင့် ကြွေးကြော် ၍ ၊ တော ၌ရှိသမျှ သော အပင် တို့သည် လက်ခုပ် တီး ကြလိမ့်မည်။
၁၂``သင်​တို့​သည်​ဗာ​ဗု​လုန်​ပြည်​မှ​ဝမ်း​မြောက်​စွာ ထွက်​ခွာ​ရ​ကြ​လိမ့်​မည်။ မြို့​ထဲ​မှ​ငြိမ်း​ချမ်း​စွာ​ထုတ်​ဆောင်​ခေါ်​ယူ​ခြင်း​ကို ခံ​ရ​ကြ​လိမ့်​မည်။ တောင်​ကြီး​တောင်​ငယ်​တို့​သည်​ဟစ်​အော်​၍ သီ​ချင်း​ဆို​ကြ​လိမ့်​မည်။ သစ်​ပင်​များ​သည်​လည်း​ဝမ်း​မြောက်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
13 ၁၃ အမျိုးမျိုးသော ဆူး ပင်အရာ ၌ ထင်းရူး ပင်နှင့် မုရတု ပင်တို့သည် ပေါက် ကြလိမ့်မည်။ ထိုအမှုသည်ထာဝရဘုရား ရှေ့တော်၌ အောက်မေ့ဘို့ရာ၊ မ ပျောက် မပျက်ရသောထာဝရ သက်သေ ဖြစ် ရလိမ့်မည်။
၁၃ယ​ခု​ဆူး​ပင်​များ​ပေါက်​လျက်​ရှိ​ရာ​အ​ရပ်​တွင် အာ​ရဇ်​ပင်(သစ်​က​တိုး) များ​ပေါက်​၍​လာ​လိမ့်​မည်။ ဆူး​ခြုံ​များ​ရှိ​ရာ​အ​ရပ်​တွင်​မု​ရ​တု​ပင်​များ ပေါက်​ရောက်​လာ​လိမ့်​မည်။ ဤ​အ​မှု​အ​ရာ​သည်၊ငါ​ထာ​ဝ​ရ​ဘု​ရား​၏ လက်​ရာ​တော်​ကို​အောက်​မေ့​သ​တိ​ရ​စေ​ရန် ထာ​ဝ​စဉ်​တည်​မြဲ​သည့်​အ​မှတ်​လက္ခ​ဏာ​တစ်​ရပ် ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< ဟေရှာယ 55 >