< ဟေရှာယ 54 >
1 ၁ သားမ ဘွား သော အမြုံ မ၊ ဝမ်းမြောက်လော့။ သားဘွား ခြင်းဝေဒနာကို မ ခံသေးသော မိန်းမ၊ ကြွေးကြော် အော်ဟစ်လော့။ အကြောင်း မူကား၊ စွန့် ထားသော မိန်းမသည် လင် ရှိသောမိန်းမထက်သာ၍ များသော သား တို့ကို ဘွားမြင်ပြီဟု ထာဝရဘုရား မိန့် တော်မူ၏။
၁အို ယေရုရှလင်မြို့၊သင်သည်သားသမီးမရ သည့် အမျိုးသမီးနှင့်တူ၍နေခဲ့၏။ သို့ရာတွင်ယခုအခါ၌ဝမ်းမြောက်ရွှင်လန်းစွာ သီချင်းဆို၍ကြွေးကြော်နိုင်လေပြီ။ ယခုသင်သည်ခင်ပွန်းဖြစ်သူ၏စွန့်ပစ်မှုကို အဘယ်အခါ၌မျှမခံရဘူးသည့် အမျိုးသမီးထက်ပင်ပို၍သားသမီးများကို ရရှိပေလိမ့်မည်။
2 ၂ သင် ၏တဲ ရာ ကို ကျယ် စေလော့။ သင် ၏နေရာ မျက်နှာကြက် ကို ကြက် ဦးလော့။ နှမြော သောစိတ် မ ရှိ နှင့်။ ကြိုး တို့ကို ရှည် စေဦးလော့။ တိုင် တို့ကို မြဲစွာ စိုက် လော့။
၂သင်နေထိုင်သည့်တဲကိုတိုးချဲ့ပါလော့။ တဲ၏ကုလားကာများကိုဆန့်ထုတ်လော့၊ မတွန့်ဆုတ်နှင့်။ တဲကြိုးတို့ကိုရှည်အောင်ပြု၍ပန္နက်တိုင်များကို ခိုင်မြဲအောင်ရိုက်လော့။
3 ၃ အကြောင်း မူကား၊ သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်၌ တိုးပွား လိမ့်မည်။ သင် ၏အမျိုး အနွယ်သည် တပါး အမျိုးသားတို့ကို အမွေ ခံ၍ ၊ သူတို့၏ ဆိတ်ညံ သော မြို့ တို့၌ နေ ကြလိမ့်မည်။
၃သင်သည်မိမိ၏နယ်နိမိတ်များကိုအဘက်ဘက်မှ တိုးချဲ့ရလိမ့်မည်။ ယခုအခါ၊လူမျိုးခြားတို့နေထိုင်ရာပြည်ကို သင်၏အမျိုးသားတို့သည်ပြန်လည်ရရှိကြလိမ့်မည်။ ယခုအခါလူသူဆိတ်ငြိမ်လျက်နေသောမြို့တို့သည် စည်ကား၍လာလိမ့်မည်။
4 ၄ မ စိုးရိမ် နှင့်။ ရှက်ကြောက် ခြင်းသို့မ ရောက်ရ။ မျက်နှာ မ ပျက်နှင့်။ အရှက်ကွဲ ခြင်းကို မ ခံရ။ အသက် ငယ်စဉ်အခါ ခံရသောရှက်ကြောက် ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမ ဖြစ်၍ ခံရသောကဲ့ရဲ့ ခြင်းကို နောက် တဖန် မ အောက်မေ့ ရ။
၄မကြောက်နှင့်၊သင်သည်နောက်တစ်ဖန် အသရေပျက်ရတော့မည်မဟုတ်။ ရှုတ်ချခြင်းကိုလည်းခံရလိမ့်မည်မဟုတ်။ သင်သည်ငယ်ရွယ်စဉ်အခါကသစ္စာမဲ့သည့် ဇနီး ဖြစ်ခဲ့မှုကိုလည်းကောင်း၊ မုဆိုးမအဖြစ်ဖြင့်မကြံတတ်အောင်ပင် ကိုယ်တိုင်ကြုံခဲ့ရသည်ကိုလည်းကောင်း၊ မေ့လျော့သွားလိမ့်မည်။
5 ၅ အကြောင်း မူကား၊ သင့် ကို ဖန်ဆင်း သော သူသည် သင် ၏လင် ဖြစ်တော်မူ၏။ နာမ တော်ကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရ ဘုရားတည်း။ သင့် ကို ရွေးနှုတ် သောသူသည် ဣသရေလ အမျိုး၌ သန့်ရှင်း သော ဘုရား ဖြစ်တော်မူ၏။ မြေကြီး တပြင်လုံး ကို အစိုးရသောဘုရားဟူ၍ခေါ် ရကြ၏။
၅သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
6 ၆ စွန့်ပစ် ၍ စိတ် ငြိုငြင် သော မိန်းမ ၊ ငယ် စဉ်တွင်မယား ဖြစ်၍ ၊ နောက်မှငြင်းပယ် သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့် ကို ငါခေါ် မည်ဟု သင် ၏ဘုရား သခင်မိန့် တော်မူ၏။
၆အို ဣသရေလအမျိုးသားတို့၊သင်တို့သည်၊ ခင်ပွန်းဖြစ်သူစွန့်ပစ်သဖြင့်၊အလွန်စိတ်ဒုက္ခ ရောက်လျက်နေသည့်ဇနီးငယ်တစ်ဦးနှင့်တူကြ၏။ သို့ရာတွင်ထာဝရဘုရားသည်သင်တို့ကို ပြန်လည်ခေါ်ယူတော်မူပါ၏။
7 ၇ သင့်ကို ခဏ သာ ငါစွန့် သည် ဖြစ်၍ ၊ များ စွာသော ကရုဏာ နှင့် တဖန်သိမ်းဆည်း ဦးမည်။
၇``ငါသည်သင်တို့အားခေတ္တမျှစွန့်ပယ်ခဲ့သော်လည်း နက်နဲသည့်မေတ္တာဖြင့်ပြန်လည်သိမ်းပိုက်မည်။
8 ၈ ပြင်းစွာသော အမျက် ထွက်၍ ခဏ မျှ ငါမျက်နှာ လွှဲ သော်လည်း ၊ ထာဝရ မေတ္တာ နှင့် သင့် ကို ကယ်မသနား ဦးမည်ဟု သင့် ကို ရွေးနှုတ် သော ထာဝရဘုရား မိန့် တော်မူ ၏။
၈ငါသည်အမျက်ထွက်သဖြင့်သင်တို့ထံမှ မျက်နှာလွှဲ၍နေခဲ့၏။ သို့ရာတွင်မေတ္တာတော်ကိုသင်တို့အားထာဝစဉ် ငါပြမည်'' ဟု သင်တို့ကိုကယ်တင်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
9 ၉ နောဧ လက်ထက်၌ လွှမ်းမိုးသောရေ ကို ငါသည် မှတ်၍၊ ထိုရေ သည် မြေကြီး ကို နောက် တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆို ခြင်းကို ပြုသည်နည်းတူ ၊ သင့် ကို အမျက် မထွက်၊ မဆုံးမ ဟု ကျိန်ဆို ခြင်းကို ပြုပြီ။
၉``ငါသည်ကမ္ဘာမြေကြီးကိုနောက်တစ်ဖန် ရေလွှမ်းမိုးစေလိမ့်မည်မဟုတ်ဟု နောဧ၏လက်ထက်၌ကတိပြုခဲ့၏။ သင်တို့အားနောက်တစ်ဖန် အမျက်ထွက်တော်မူလိမ့်မည်မဟုတ်ကြောင်း ယခုငါကတိပြုပါ၏။ ငါသည်သင်တို့အားပြစ်တင်ဆုံးမမှုနှင့် အပြစ်ဒဏ်ခတ်မှုကိုပြုလိမ့်မည်မဟုတ်ပါ။
10 ၁၀ တောင် ကြီးတို့သည် ရွေ့ ၍ ၊ တောင် ငယ်တို့သည် လှုပ်ရှား သော်လည်း ၊ ငါ ၏မေတ္တာ သည် သင် မှ မ ရွေ့ ရ။ ငါ ၏ငြိမ်သက် ခြင်း ပဋိညာဉ် လည်း မ လှုပ်ရှား ရဟု သင် ၌ သနား ခြင်းကရုဏာစိတ်ရှိတော်မူသောထာဝရဘုရား မိန့် တော်မူ၏။
၁၀တောင်ကြီးတောင်ငယ်တို့သည်ပြိုကွဲ ပျက်စီးကြလိမ့်မည်။ သို့ရာတွင်သင်တို့အပေါ်၌ထားရှိသည့် ငါ၏မေတ္တာတော်သည်အဘယ်အခါ၌မျှ ပျက်သုဉ်းလိမ့်မည်မဟုတ်။ ငြိမ်းချမ်းရေးဆိုင်ရာကတိတော်ကိုငါသည် အစဉ်တည်မြဲစေမည်'' ဟု သင်တို့ကိုချစ်တော်မူသောထာဝရဘုရား မိန့်တော်မူပါ၏။
11 ၁၁ အို ညှဉ်းဆဲခြင်းနှင့် မိုဃ်း သက်မုန်တိုင်းတိုက် ခြင်းကို ခံရ၍၊ သက်သာ မရနိုင်သောသူ၊ သင် ၏ တိုက် ကို ဟင်းသ ပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ် ကို နီလာ ဖြင့် ၎င်း၊
၁၁``အို ယေရုရှလင်မြို့၊ဒုက္ခရောက်လျက်၊ အားကိုးရာမဲ့ဖြစ်ကာ၊ နှစ်သိမ့်မည့်သူ မရှိသည့်မြို့၊ ငါသည်သင်၏အုတ်မြစ်များကိုအဖိုးတန် ကျောက်များဖြင့်ပြန်လည်တည်ဆောက်မည်။
12 ၁၂ ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါး တို့ကို ပတ္တမြား ဖြင့်၎င်း၊ ပတ်ဝန်းကျင် တန်ဆာများကို ကျောက် မြတ် အမျိုးမျိုး ဖြင့်၎င်း ငါပြီး စေမည်။
၁၂သင်၏ပြအိုးများကိုပတ္တမြားဖြင့်လည်းကောင်း၊ သင်၏တံတိုင်းတို့ကိုကျောက်မျက်ရတနာ များဖြင့်လည်းကောင်း၊ သင်၏နံရံများကိုအဖိုးတန်ရတနာ များဖြင့်လည်းကောင်း၊ပြန်လည်တည်ဆောက်မည်။
13 ၁၃ သင် ၏သားသမီး အပေါင်း တို့သည် ထာဝရဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍ ၊ များ စွာသော စည်းစိမ်ချမ်းသာ နှင့် ပြည့်စုံကြလိမ့်မည်။
၁၃``သင်၏လူတို့အားငါကိုယ်တိုင်ဆုံးမသွန်သင်မည်။ သင်၏သားသမီးတို့အားချမ်းသာကြွယ်ဝမှုနှင့် ငြိမ်းချမ်းသာယာမှုကိုငါပေးမည်။
14 ၁၄ သင်သည် ဖြောင့်မတ် ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲ ခြင်းနှင့် ဝေး သည်ဖြစ်၍ မ ကြောက် ရ။ ထိတ်လန့် ခြင်းသည်လည်း ဝေး၍၊ သင့် အနီးသို့ မ ရောက် ရ။
၁၄သင်သည်သူတော်ကောင်းတရားတွင်အခြေခံ သဖြင့် တည်တံ့ခိုင်မြဲလိမ့်မည်။ နှိပ်စက်ညှင်းဆဲမှု၊ထိတ်လန့်တုန်လှုပ်မှုတို့နှင့် ကင်းဝေးရလိမ့်မည်။
15 ၁၅ ငါ ၏ အခွင့်မ ရှိဘဲ သင့်တဘက်၌ အဘယ်သူမျှနေရာ မကျရ။ နေရာကျဘူးသောသူတို့သည် သင့် ဘက် သို့ ဝင်စား ကြလိမ့်မည်။
၁၅အကယ်၍သင့်အားထိပါးတိုက်ခိုက်လာသူ တစ်စုံတစ်ယောက်ရှိပါမူ၊ ထိုသူသည်ငါ၏ခွင့်ပြုချက်ကိုရရှိလိမ့်မည်မဟုတ်။ သင့်အားစစ်ပြိုင်လာသူမှန်သမျှသည် ကျဆုံးရကြလိမ့်မည်။
16 ၁၆ မီး ကိုမှုတ် ၍၊ မိမိ အလုပ် တည်းဟူသောလက်နက် ကိုလုပ် တတ်သောပန်းပဲ ကို၎င်း ၊ ဖျက်ဆီး စေခြင်းငှါ ဖျက်ဆီး သောသူကို၎င်း ငါ ဖန်ဆင်း ၏။
၁၆``မီးကိုမွှေး၍လက်နက်များကိုပြုလုပ်သူ ပန်းပဲဆရာကိုငါဖန်ဆင်း၏။ သတ်ဖြတ်ရန်အတွက်ထိုလက်နက်များကို အသုံးပြုသူစစ်သူရဲကိုလည်းငါဖန်ဆင်း၏။
17 ၁၇ သင့် တစ်ဘက် ၌ လုပ် သောလက်နက် တစုံတခုမျှ အထမ မြောက် ရ။ သင့် ကိုတရား တွေ့သောသူ မည်သည်ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား ၏ ကျွန် တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ ကြောင့် ဖြောင့်မတ် ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၇သို့ရာတွင်အဘယ်လက်နက်မျှသင့်အားအနာတရ ဖြစ်စေနိုင်လိမ့်မည်မဟုတ်။ သင်သည်မိမိအားပြစ်တင်စွပ်စွဲသူမှန်သမျှကို ပြန်လည်ချေပနိုင်လိမ့်မည်။ ငါသည်မိမိ၏အစေခံများကာကွယ်စောင့်ရှောက်ရန် အောင်ပွဲကိုပေးတော်မူမည်'' ဟုမိန့်တော်မူ၏။ ဤကားထာဝရဘုရားမြွက်ဟတော်မူသော စကားပင်ဖြစ်သတည်း။