< ဟေရှာယ 52 >

1 အို ဇိအုန် မြို့၊ နိုး လော့။ နိုး ၍ ခွန်အား ကို ယူ လော့။ အိုယေရုရှလင် မြို့ တည်းဟူသော၊ သန့်ရှင်း သော မြို့၊ သင် ၏တင့်တယ် သော အဝတ် တန်ဆာတို့ကို ဝတ်ဆင် လော့။ အကြောင်း မူကား၊ နောက် တဖန်အရေဖျား လှီးခြင်းကို မခံသောသူနှင့် ညစ်ညူး သောသူတို့ သည် သင် ၏အထဲသို့ မ ဝင် ရကြ။
Réveille-toi, réveille toi, Sion; revêts-toi de ta force; Jérusalem, ville de sainteté, revêts-toi de tes vêtements magnifiques; car l'incirconcis et le souillé ne passeront plus désormais parmi toi.
2 အိုယေရုရှလင် မြို့၊ ကိုယ်၌ ကပ်သော မြေမှုန့် ကို ခါ လိုက်၍၊ မြင့်သော အရပ် ၌ ထိုင် လော့။ အိုချုပ် ထား လျက်ရှိသောဇိအုန် သတို့သမီး ၊ သင် ၏လည် ကြိုး ကို ချွတ် လော့။
Jérusalem, secoue la poudre de dessus toi, lève-toi, et t'assieds: défais-toi des liens de ton cou, fille de Sion, captive.
3 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့သည် ကိုယ်ဘိုး ငွေကို မ ရဘဲ ကျွန်ခံရသည်ဖြစ်၍၊ ငွေ မ ပေးဘဲ ရွေး ခြင်းသို့ ရောက်ကြလိမ့်မည်။
Car ainsi a dit l'Eternel; vous avez été vendus pour rien, et vous serez aussi rachetés sans argent.
4 အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ ၏လူ တို့သည် အထက် က အဲဂုတ္တု ပြည်၌ တည်းခို အံ့ သောငှါ သွား ကြ၏။ နောက် မှ အာရှုရိ လူတို့သည် အကြောင်းမရှိဘဲ ညှဉ်းဆဲ ကြ၏။
Car ainsi a dit le Seigneur l'Eternel; mon peuple descendit au commencement en Egypte pour y séjourner; mais les Assyriens l'ont opprimé pour rien.
5 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏ လူ တို့ကို အကြောင်း မရှိဘဲ ယူသွား ၍ ၊ အစိုးရ သောသူတို့ သည် ဝါကြွားလျက် ငါ့ နာမ ကို နေ့ တိုင်း ကဲ့ရဲ့ ကြသည် ဖြစ်၍၊ ငါ သည် အဘယ်သို့ ပြုရမည်နည်း။
Et maintenant, qu'ai-je à faire ici, dit l'Eternel, que mon peuple ait été enlevé pour rien? Ceux qui dominent sur lui le font hurler, dit l'Eternel, et ils ont fait continuellement chaque jour, que mon Nom est blasphémé.
6 သို့ဖြစ်၍ ၊ ငါ ၏လူ တို့သည် ငါ့ ကို သိ ကြလိမ့်မည်။ ဂတိထားသောသူကား၊ ငါ ဖြစ်သည်ကို အချိန်ရောက်မှ သိကြလိမ့်မည်။ အကယ်စင်စစ်ငါရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
C'est pourquoi mon peuple connaîtra mon Nom: c'est pourquoi [il connaîtra] en ce jour-là que c'est moi qui aurai dit; me voici.
7 ငြိမ်သက် ခြင်း၏ ဝမ်းမြောက် စရာ သိတင်းကို ကြား ပြောသောသူ၊ ကယ်တင် ခြင်းကောင်းကျိုး ချမ်းသာ၏ ဝမ်းမြောက်စရာ သိတင်းကို ကြားပြောသောသူ၊ သင် ၏ ဘုရား သခင်စိုးစံ တော်မူ၏ဟု ဇိအုန် မြို့အား ပြော သောသူ ၏ ခြေ တို့သည် တောင် ပေါ် မှာ အလွန်တင့်တယ် လှစွ တကား။
Combien sont beaux sur les montagnes les pieds de celui qui apporte de bonnes nouvelles, qui publie la paix, qui apporte de bonnes nouvelles touchant le bien, qui publie le salut, et qui dit à Sion; ton Dieu règne!
8 သင် ၏ကင်းစောင့် တို့၏အသံ ကို နားထောင်ကြလော့။ သူတို့သည် အသံ ကို လွှင့် ၍၊ ရွှင်လန်းသော အသံ နှင့် တညီတညွတ် တည်းကြွေးကြော် ကြ၏။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဇိအုန် မြို့သို့ ပြန် လာတော်မူကြောင်းကို ကိုယ်တိုင်မြင် ရကြ၏။
Tes sentinelles élèveront leurs voix, et se réjouiront ensemble avec chant de triomphe; car elles verront de leurs deux yeux comment l'Eternel ramènera Sion.
9 ယေရုရှလင် မြို့၌ ပြိုပျက် ရာအရပ်တို့၊ တညီတညွတ် တည်း သီချင်းဆို သံနှင့် ကြွေးကြော် ကြလော့။ ထာဝရဘုရား သည် မိမိ လူ တို့ကို နှစ်သိမ့် စေတော်မူပြီ။ ယေရုရှလင် မြို့ကို ရွေးနှုတ် တော်မူပြီ။
Déserts de Jérusalem, éclatez, réjouissez-vous ensemble avec chant de triomphe; car l'Eternel a consolé son peuple, il a racheté Jérusalem.
10 ၁၀ ထာဝရဘုရား သည် ခပ်သိမ်းသော လူ အမျိုးမျိုး တို့ ရှေ့ မှာ၊ သန့်ရှင်း သော လက်ရုံး တော်ကို ဖွင့်ပြ တော်မူသဖြင့် ၊ မြေကြီး စွန်း ရှိသမျှ တို့သည် ငါ တို့ဘုရား သခင်၏ ကယ်တင် တော်မူခြင်းကျေးဇူးကို သိ မြင်ကြလတံ့။
L'Eternel a manifesté le bras de sa sainteté devant les yeux de toutes les nations; et tous les bouts de la terre verront le salut de notre Dieu.
11 ၁၁ ထွက် ကြ။ ထွက် ကြ။ ထို အရပ်မှ ထွက် သွားကြလော့။ မစင်ကြယ် သောအရာကို လက်နှင့်မျှ မ တို့ ကြနှင့်။ ထိုအရပ်ထဲက ထွက်သွား ကြလော့။ ထာဝရဘုရား ၏ အဆောက်အဦး တို့ကို ဆောင်ရွက် သောသူတို့၊ သန့်ရှင်း ခြင်းရှိကြလော့။
Retirez-vous, retirez-vous, sortez de là, ne touchez point à aucune chose souillée, sortez du milieu d'elle; nettoyez-vous, vous qui portez les vaisseaux de l'Eternel.
12 ၁၂ သင်တို့သည် အလျင်အမြန် မ ထွက် ရကြ။ ပြေး ၍ မ သွား ရကြ။ ထာဝရဘုရား သည် သင် တို့ရှေ့ ၌ ကြွ တော်မူမည်။ နောက်၌လည်း ဣသရေလ အမျိုး၏ ဘုရား သခင် သည် သင် တို့အကွယ် အကာဖြစ်တော်မူမည်။
Car vous ne sortirez point en hâte, et vous ne marcherez point en fuyant, parce que l'Eternel ira devant vous, et le Dieu d'Israël sera votre arrière-garde.
13 ၁၃ ကြည့် ရှုလော့။ ငါ့ ကျွန် သည် အမှုဆောင်၍ အောင် လိမ့်မည်။ ချီးမြှောက် ချီးမြှင့် ခြင်းသို့ ရောက်၍ ၊ အထွဋ်အမြတ်ဖြစ် လိမ့်မည်။
Voici, mon serviteur prospérera, il sera fort exalté, et élevé, et glorifié.
14 ၁၄ သူသည် လူ မဟုတ်သကဲ့သို့မျက်နှာပျက်ခြင်း၊ လူ သားမဟုတ်သကဲ့သို့ အဆင်း အသရေပျက် ခြင်းရှိသည် ကို၊ အများ သောသူတို့ သည် အံ့ဩ မိန်းမောကြသည် ဖြစ်၍၊
Comme plusieurs ont été étonnés en te voyant, de ce que tu étais ainsi défait de visage plus que pas un autre, et de forme, plus que pas un des enfants des hommes;
15 ၁၅ ထိုအတူ သူသည် အများ သော လူမျိုး တို့ကို သန့်ရှင်း စေလိမ့်မည်။ ရှေ့တော်၌ ရှင်ဘုရင် တို့သည် မိမိ တို့ နှုတ် ကို ပိတ် ၍ နေရကြလိမ့်မည်။ သူတပါးမ ပြ ဘူး သော အရာကို သူတို့သည် မြင် ကြလိမ့်မည်။ မ ကြား ဘူး သော အရာကိုလည်း နားလည် ကြလိမ့်မည်။
Ainsi il fera rejaillir [le sang] de plusieurs nations, [et] les Rois fermeront la bouche sur toi; car ceux auxquels on n'en avait point parlé, le verront; et ceux qui n'en avaient rien ouï, l'entendront.

< ဟေရှာယ 52 >