< ဟေရှာယ 51 >
1 ၁ ဖြောင့်မတ် ခြင်းတရားသို့ လိုက်၍ ထာဝရဘုရား ကို ရှာ သောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ သင်တို့ကို ခုတ် ယူရာ ကျောက် နှင့် ၊ တူး ယူရာ တွင်း ဝကို ကြည့် ရှုကြလော့။
၁ဖြောင့်မတ်ခြင်းတရားသို့ လိုက်၍ ထာဝရ ဘုရားကို ရှာသောသူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ သင်တို့ကို ခုတ်ယူရာ ကျောက်နှင့်၊ တူးယူရာ တွင်းဝကို ကြည့်ရှုကြလော့။
2 ၂ သင် တို့၏အဘ အာဗြဟံ နှင့် ၊ သင် တို့ကို ဘွား သော သူစာရာ တို့ကို ကြည့် ရှုကြလော့။ ငါသည် တ ယောက်တည်းသောသူ အာဗြဟံ ကို ခေါ် ၍ ၊ ကောင်းကြီး ပေးသဖြင့် များ ပြားစေ၏။
၂သင်တို့၏အဘ အာဗြဟံနှင့်၊ သင်တို့ကို ဘွား သော သူစာရာတို့ကို ကြည့်ရှုကြလော့။ ငါသည် တယောက်တည်းသောသူ အာဗြဟံကို ခေါ်၍၊ ကောင်း ကြီးပေးသဖြင့် များပြားစေ၏။
3 ၃ ထိုသို့နှင့်အညီ၊ ထာဝရဘုရား သည် ဇိအုန် မြို့ကို ချမ်းသာ ပေးတော်မူမည်။ သူ ၏ဆိတ်ညံ ရာအရပ် အလုံးစုံ တို့ကို ချမ်းသာပေးမည်။ သူ ၏တော ကို ဧဒင် အရပ်ကဲ့သို့ ၎င်း ၊ သူ ၏လွင်ပြင် ကို ထာဝရဘုရား ၏ဥယျာဉ် ကဲ့သို့ ၎င်း ဖြစ် စေတော်မူသဖြင့် ၊ ဇိအုန် မြို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်း ခြင်း၊ သီချင်း ဆိုခြင်း နှင့် ပြည့်စုံ လိမ့်မည်။
၃ထိုသို့နှင့်အညီ၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို ချမ်းသာပေးတော်မူမည်။ သူ၏ဆိတ်ညံရာ အရပ်အလုံး စုံတို့ကို ချမ်းသာပေးမည်။ သူ၏တောကို ဧဒင်အရပ်ကဲ့ သို့၎င်း၊ သူ၏လွင်ပြင်ကို ထာဝရဘုရား၏ဥယျာဉ်ကဲ့သို့ ၎င်း ဖြစ်စေတော်မူသဖြင့်၊ ဇိအုန်မြို့သည် ဝမ်းမြောက်ရွှင် လန်းခြင်း၊ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်း နှင့် ပြည့်စုံလိမ့်မည်။
4 ၄ ငါ ၏လူမျိုး ၊ ငါ့ လူစု တို့၊ ငါ့ စကားကို နားထောင် နာယူကြလော့။ ငါ့ ထံ မှ တရား ထွက် ၍ ငါ စီရင် ချက်သည် လူ များလင်း စရာဘို့ တည်ရလိမ့်မည်။
၄ငါ၏လူမျိုး၊ ငါ့လူစုတို့၊ ငါ့စကားကို နားထောင် နာယူကြလော့။ ငါ့ထံမှ တရားထွက်၍ ငါစီရင်ချက်သည် လူများလင်းစရာဘို့ တည်ရလိမ့်မည်။
5 ၅ ငါ ၏ဖြောင့်မတ် ခြင်းတရားသည် အနီး မှာရှိ၏။ ငါ ၏ကယ်တင် ခြင်းတရားသည် ထွက်သွား ပြီ။ ငါ့ လက်ရုံး သည် လူ တို့တွင် တရား မှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့် ၍ ၊ ငါ့ လက်ရုံး ကို ကိုးစား ကြလိမ့်မည်။
၅ငါ၏ဖြောင့်မတ်ခြင်းတရားသည် အနီးမှာရှိ၏။ ငါ၏ကယ်တင်ခြင်းတရားသည် ထွက်သွားပြီ။ ငါ့လက်ရုံး သည် လူတို့တွင် တရားမှုကို စီရင်လိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် ငါ့ကို မြော်လင့်၍၊ ငါ့လက်ရုံးကို ကိုးစားကြလိမ့်မည်။
6 ၆ မိုဃ်း ကောင်းကင်ကို မျှော် ၍ကြည့်ကြလော့။ မြေကြီး ကိုလည်း ငုံ့ ၍ ကြည့် ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုး ကဲ့သို့ ကွယ်ပျောက် ၍ ၊ မြေကြီး သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း လိမ့်မည်။ မြေကြီး သား တို့သည် ခြင် ကောင်ကဲ့သို့ သေ ကြလိမ့်မည်။ ငါ ၏ ကယ်တင် ခြင်းတရား မူကား အစဉ် အမြဲတည် လိမ့်မည်။ ငါ ၏ ဖြောင့်မတ် ခြင်း တရားလည်း ပပျောက် ခြင်း မ ရှိနိုင်ရာ။
၆မိုဃ်းကောင်းကင်ကို မျှော်၍ကြည့်ကြလော့။ မြေကြီးကိုလည်း ငုံ့၍ ကြည့်ကြလော့။ မိုဃ်းကောင်းကင် သည် မီးခိုးကဲ့သို့ ကွယ်ပျောက်၍၊ မြေကြီးသည် အဝတ် ကဲ့သို့ ဟောင်းနွမ်းလိမ့်မည်။ မြေကြီးသားတို့သည် ခြင် ကောင်ကဲ့သို့ သေကြလိမ့်မည်။ ငါ၏ ကယ်တင်ခြင်းတရား မူကား အစဉ်အမြဲတည်လိမ့်မည်။ ငါ၏ ဖြောင့်မတ်ခြင်း တရားလည်း ပပျောက်ခြင်း မရှိနိုင်ရာ။
7 ၇ ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ ၏တရား ကို နှလုံး သွင်းမိသောသူတို့၊ ငါ့ စကားကို နားထောင် ကြလော့။ လူ တို့သည် အပြစ် တင်မည်ဟု မ စိုးရိမ် ကြနှင့်။ လူ တို့ကဲ့ရဲ့ ခြင်းကို မ ကြောက် ကြနှင့်။
၇ဖြောင့်မတ်ခြင်းတရားကိုသိ၍၊ ငါ၏တရားကို နှလုံးသွင်းမိသော သူတို့၊ ငါ့စကားကို နားထောင်ကြ လော့။ လူတို့သည် အပြစ်တင်မည်ဟု မစိုးရိမ်ကြနှင့်။ လူတို့ကဲ့ရဲ့ခြင်းကို မကြောက်ကြနှင့်။
8 ၈ အကြောင်း မူကား၊ ပိုးရွ တို့သည် သိုးမွှေး အဝတ် ကို ကိုက်စား သကဲ့သို့ ၊ ထိုသူတို့ကို ကိုက်စား ဖျက်ဆီးကြ လိမ့်မည်။ ငါ ၏ဖြောင့်မတ် ခြင်းတရားမူကား နိစ္စ ထာဝရ ဖြစ် ၍ ၊ ငါ ၏ ကယ်တင် ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
၈အကြောင်းမူကား၊ ပိုးရွတို့သည် သိုးမွှေးအဝတ် ကို ကိုက်စားသကဲ့သို့၊ ထိုသူတို့ကို ကိုက်စားဖျက်ဆီးကြ လိမ့်မည်။ ငါ၏ဖြောင့်မတ်ခြင်းတရားမူကား နိစ္စထာဝရ ဖြစ်၍၊ ငါ၏ ကယ်တင်ခြင်းတရားသည်လည်း ကမ္ဘာ အဆက်ဆက် တည်လိမ့်သတည်း။
9 ၉ အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။
၉အို ထာဝရဘုရား၏ လက်ရုံးတော်၊ နိုးတော်မူ ပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေးကာလနှင့် လွန် ဘူးသော ကာလ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ်ကို ဒဏ်ခတ် ၍ နဂါးကို နာစေသောသူကား၊ ကိုယ်တော်ပင် မဟုတ် လော။
10 ၁၀ ပင်လယ် ရေ၊ နက်နဲ ရာရေ တို့ကို ခန်းခြောက် စေ ၍၊ ပင်လယ် နက်နဲ ရာ အရပ်တို့ကို ရွေးနှုတ် သော သူများ သွား စရာ လမ်း ဖြစ်စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ်လော။
၁၀ပင်လယ်ရေ၊ နက်နဲရာရေတို့ကို ခန်းခြောက်စေ ၍၊ ပင်လယ်နက်နဲရာ အရပ်တို့ကို ရွေးနှုတ်သော သူများ သွားစရာလမ်းဖြစ်စေသောသူကား၊ ကိုယ်တော်ပင် မဟုတ်လော။
11 ၁၁ သို့ ဖြစ်၍၊ ထာဝရဘုရား ကယ် လွှတ်တော်မူသောသူတို့ သည် ပြန်လာ ၍ သီချင်းဆို လျက် ၊ ထာဝရ ဝမ်းမြောက် ခြင်းသရဖူကို ဆောင်းလျက် ၊ ဇိအုန် မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက် ရွှင်လန်း ခြင်းအခွင့်ကို ရ ကြ၍၊ ဝမ်းနည်း ခြင်းနှင့် ညည်းတွား ခြင်းသည် ပြေး သွားရ လိမ့်မည်။
၁၁သို့ဖြစ်၍၊ ထာဝရဘုရားကယ်လွှတ်တော်မူသော သူတို့သည် ပြန်လာ၍ သီချင်းဆိုလျက်၊ ထာဝရဝမ်း မြောက်ခြင်းသရဖူကို ဆောင်းလျက်၊ ဇိအုန်မြို့သို့ ရောက် ကြလိမ့်မည်။ ဝမ်းမြောက်ရွှင်လန်းခြင်းအခွင့်ကို ရကြ၍၊ ဝမ်းနည်းခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။
12 ၁၂ သင် တို့ကို နှစ်သိမ့် စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ ကိုယ်တိုင်ပေတည်း။ သေ ရသော လူ ကို၎င်း၊ မြက်ပင် ကဲ့သို့ဖြစ်လတံ့သော လူ သား ကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။
၁၂သင်တို့ကို နှစ်သိမ့်စေသော သူကား၊ အခြားသူ မဟုတ်၊ ငါ့ကိုယ်တိုင်ပေတည်း။ သေရသော လူကို၎င်း၊ မြက်ပင်ကဲ့သို့ ဖြစ်လတံ့သော လူသားကို၎င်း၊ သင်သည် ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘော ရှိသနည်း။
13 ၁၃ မိုဃ်းကောင်းကင် ကို ကြက် တော်မူထသော၊ မြေကြီး ကိုလည်း တည် တော်မူထသော၊ သင့် ကို ဖန်ဆင်း တော်မူသောထာဝရဘုရား ကို သင်သည် မေ့လျော့ ၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီး လု ပြီဟု စိတ်ထင်နှင့်၊ သူ ၏ဒေါသ အမျက်ကို အစဉ် ကြောက် ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သောသူ ၏ဒေါသ အမျက်သည် အဘယ် မှာရှိသနည်း။
၁၃မိုဃ်းကောင်းကင်ကို ကြက်တော်မူထသော၊ မြေကြီးကိုလည်း တည်တော်မူထသော၊ သင့်ကို ဖန်ဆင်း တော်မူသော ထာဝရဘုရားကို သင်သည် မေ့လျော့၍၊ ညှဉ်းဆဲသောသူသည် ငါ့ကို ဖျက်ဆီးလုပြီဟု စိတ်ထင်နှင့်၊ သူ၏ဒေါသအမျက်ကို အစဉ်ကြောက်ရမည်အကြောင်း၊ အဘယ်သို့သော သဘောရှိသနည်း။ ယခုမှာ ညှဉ်းဆဲ သော သူ၏ဒေါသအမျက်သည် အဘယ်မှာ ရှိသနည်း။
14 ၁၄ အချုပ် ခံရသောသူသည် ထောင် ထဲမှာ မ သေ ၊ ရေ စာမ ပြတ် ၊ လျင်မြန် စွာ ကယ်နှုတ် ခြင်းသို့ ရောက်လိမ့်မည်။
၁၄အချုပ်ခံရသော သူသည် ထောင်ထဲမှာ မသေ၊ ရေစာမပြတ်၊ လျင်မြန်စွာ ကယ်နှုတ်ခြင်းသို့ ရောက်လိမ့် မည်။
15 ၁၅ ငါ သည် သမုဒ္ဒရာ ကို ဆုံးမ၍ လှိုင်း တံပိုးကို ဟုန်း စေသောသင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။ ထိုဘုရား ၏နာမ တော်ကား၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရားပေတည်း။
၁၅ငါသည် သမုဒ္ဒရာကို ဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေသော သင်၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ထိုဘုရား၏နာမတော်ကား၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားပေတည်း။
16 ၁၆ မိုဃ်းကောင်းကင် ကို ဆောက် ၍ ၊ မြေကြီး ကို တည် စေခြင်းငှါ ၎င်း၊ သင် သည် ငါ ၏လူမျိုး ဖြစ်၏ဟု ဇိအုန် မြို့ကို ပြော စေခြင်းငှါ ၎င်း၊ ငါ့ စကား ကို သင် ၏နှုတ် ထဲမှာ ငါထား ပြီ။ ငါ့ လက် ၏အရိပ် နှင့် သင့် ကို ငါမိုး ပြီ။
၁၆မိုဃ်းကောင်းကင်ကို ဆောက်၍၊ မြေကြီးကို တည်စေခြင်းငှါ၎င်း၊ သင်သည် ငါ၏လူမျိုးဖြစ်၏ဟု ဇိအုန်မြို့ကို ပြောစေခြင်းငှါ၎င်း၊ ငါ့စကားကို သင်၏နှုတ် ထဲမှာ ငါထားပြီ။ ငါ့လက်၏အရိပ်နှင့် သင့်ကို ငါမိုးပြီ။
17 ၁၇ ထာဝရဘုရား ၏လက် တော်၌ အမျက် တော် ဖလား ကို သောက် သော ယေရုရှလင် မြို့၊ နိုး လော့။ နိုး ၍ ထ လော့။ သင်သည် တုန်လှုပ် စေသောဖလား ကို အကုန် သောက် ခဲ့ပြီ။ အနည် အဖက်ကိုလည်း ညှစ် ခဲ့ပြီ။
၁၇ထာဝရဘုရား၏လက်တော်၌ အမျက်တော် ဖလားကို သောက်သော ယေရုရှလင်မြို့၊ နိုးလော့။ နိုး၍ ထလော့။ သင်သည် တုန်လှုပ်စေသောဖလားကို အကုန် သောက်ခဲ့ပြီ။ အနည်အဖက်ကိုလည်း ညှစ်ခဲ့ပြီ။
18 ၁၈ ကိုယ်တိုင်ဘွားမြင် သော သား တို့တွင်၊ သင့်ကို လမ်းပြ သော သူတယောက် မျှမရှိ။ ကိုယ်တိုင်မွေးစား သော သား တို့တွင်၊ သင့်ကို လက် ဆွဲ သော သူတယောက်မျှမ ရှိ။
၁၈ကိုယ်တိုင်ဘွားမြင်သော သားတို့တွင်၊ သင့်ကို လမ်းပြသော သူတယောက်မျှမရှိ။ ကိုယ်တိုငိမွေးစားသော သားတို့တွင်၊ သင့်ကို လက်ဆွဲသော သူတယောက်မျှမရှိ။
19 ၁၉ အစာခေါင်းပါး ၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီး ခြင်းဘေးတည်းဟူသောဘေးနှစ် ပါးတို့သည် သင် ၏အပေါ်မှာ ရောက် လာသည်ဖြစ်၍၊ သင့် အတွက် အဘယ် သူငိုကြွေး မြည်တမ်းသနည်း။ ငါသည် အဘယ်သို့ ချမ်းသာ ပေးနိုင်သနည်း။
၁၉အစာခေါင်းပါး၍ လူဆိတ်ညံခြင်းဘေး၊ ထား ဖြင့် ဖျက်ဆီးခြင်းဘေးတည်းဟူသော ဘေးနှစ်ပါးတို့သည် သင်၏အပေါ်မှာ ရောက်လာသည်ဖြစ်၍၊ သင့်အတွက် အဘယ်သူ ငိုကြွေးမြည်တမ်းသနည်း။ ငါသည် အဘယ် သို့ ချမ်းသာပေးနိုင်သနည်း။
20 ၂၀ သင် ၏သား တို့သည် မိန်းမော တွေဝေကြ၏။ ကျော့ကွင်း ၌ ဘမ်းမိသော စိုင် ကဲ့သို့ ခပ်သိမ်း သော လမ်းဝ မှာ အိပ် ၍၊ ထာဝရဘုရား ၏ အမျက် ထွက်တော်မူခြင်း၊ သင် ၏ဘုရား သခင်ဆုံးမ တော်မူခြင်းနှင့် ဝ ကြ၏။
၂၀သင်၏သားတို့သည် မိန်းမောတွေဝေကြ၏။ ကျော့ကွင်း၌ ဘမ်းမိသော စိုင်ကဲ့သို့ ခပ်သိမ်းသော လမ်း ဝမှာအိပ်၍၊ ထာဝရဘုရား၏ အမျက်ထွက်တော်မူခြင်း၊ သင်၏ဘုရားသခင်ဆုံးမတော်မူခြင်းနှင့် ဝကြ၏။
21 ၂၁ သို့ ဖြစ်၍၊ ညှဉ်းဆဲ ခြင်းကို ခံရသောသူ၊ စပျစ်ရည် မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူး သောသူ၊ နားထောင်လော့။
၂၁သို့ဖြစ်၍၊ ညှဉ်းဆဲခြင်းကို ခံရသောသူ၊ စပျစ် ရည်မှတပါး အခြားသော ယစ်မျိုးနှင့် ယစ်မူးသောသူ၊ နားထောင်လော့။
22 ၂၂ သင် ၏အရှင် ၊ မိမိလူတို့၏အမှုကို စောင့်တော်မူသောသင် ၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ကြည့်ရှု လော့။ တုန်လှုပ် စေသော ဖလား ၊ ငါ့ အမျက် တော်ဖလား ၏ အနည် အဖတ်ကို သင် ၏လက် မှ ငါရုပ် ၍၊ သင်သည် နောက် တဖန်မ သောက် ရ။
၂၂သင်၏အရှင်၊ မိမိလူတို့၏အမှုကို စောင့်တော်မူ သော သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ကြည့်ရှုလော့။ တုန်လှုပ်စေသော ဖလား၊ ငါ့အမျက် တော်ဖလား၏ အနည်အဖတ်ကို သင်၏လက်မှ ငါရုပ်၍၊ သင်သည် နောက်တဖန်မသောက်ရ။
23 ၂၃ သင်သည် ခရီးသွား သောသူတို့ ရှေ့မှာ ကိုယ် ကို မြေ တန်တားလုပ် ၍ ၊ အလျားဝပ်စေခြင်းငှါ ဝပ် လျက်နေ တော့။ ငါကျော်သွား မည်ဟုဆို ၍၊ သင့် ကို ညှဉ်းဆဲ သောသူတို့ လက် ၌ ထိုဖလား ကို ငါထား မည်။
၂၃သင်သည် ခရီးသွားသော သူတို့ရှေ့မှာ ကိုယ်ကို မြေတန်တားလုပ်၍၊ အလျားဝပ်စေခြင်းငှါ ဝပ်လျက်နေ တော့။ ငါကျော်သွားမည်ဟုဆို၍၊ သင့်ကို ညှဉ်းဆဲသော သူတို့လက်၌ ထိုဖလားကို ငါထားမည်။