< ဟေရှာယ 50 >

1 ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။
Sei na Awurade seɛ: “Wo maame awaregyaeɛ ho adansedie nwoma a megyinaa so gyaa no ɛkwan no wɔ he? Anaa sɛ mʼadefirifoɔ mu hwan na metɔn wo maa noɔ? Wo bɔne enti na wɔtɔn wo; Wʼamumuyɛ enti na wɔpamoo wo maame.
2 ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။
Mebaeɛ no, adɛn enti na na obiara nni hɔ? Mefrɛeɛ no, adɛn enti na obiara annye soɔ? Na me nsa yɛ tia dodo sɛ ɛbɛgye wo anaa? Menni ahoɔden a mede bɛgye wo anaa? Mede mʼanimka kakra bi ma ɛpo mu nsuo we, medane nsubɔntene anweatam emu mpataa porɔ ɛsiane nsuo a wɔnnya enti na osukɔm kumm wɔn.
3 ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။
Mede esum fira ɔsoro na mema ayitoma yɛ ne nkataho.”
4 ငါသည် ပင်ပန်း သောသူအား မစ ခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင် ထာဝရဘုရား သည် လူတတ်၏ နှုတ် သတ္တိကို ငါ့ အား ပေး တော်မူပြီ။ နံနက် အစဉ်အတိုင်းငါ့ ကို နှိုး တော်မူ၏။ စာ သင်သော သူကဲ့သို့ နားထောင် စေမည်အကြောင်း ငါ့နား ကို နှိုးဆော် တော်မူ၏။
Asafo Awurade ama me nkyerɛkyerɛ tɛkrɛma sɛ ɛnka asɛm a ɛhyɛ ɔbrɛfoɔ den. Ɔnyane me anɔpa biara, na ɔbue mʼaso ma metie sɛ obi a ɔregye nkyerɛkyerɛ.
5 အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊
Otumfoɔ Awurade abue mʼaso na menyɛɛ otuatefoɔ; na mensanee mʼakyi.
6 ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။
Mede mʼakyi maa wɔn a wɔboro me, na mede mʼafono maa wɔn a wɔtutu mʼabɔgyesɛ. Mamfa mʼanim ansie wɔn fɛdie ne ntasuteɛ ho.
7 အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူလိမ့်မည်။ ထို့ကြောင့် ၊ ငါမ ရှုံး ရသည်ဖြစ်၍ ၊ ကိုယ် မျက်နှာ ကို မီးကျောက် ကဲ့သို့ ထား လျက်၊ ရှက် ကြောက်ခြင်းသို့ မ ရောက်ရဟု ငါသိ ၏။
Esiane sɛ, Asafo Awurade boa me enti, wɔrengu mʼanim ase. Enti na mayɛ mʼanim sɛ twerɛboɔ, na menim sɛ mʼanim rengu ase.
8 ငါ့ ကို အပြစ်လွှတ် သောသူသည် အနီး မှာရှိ၏။ အဘယ်သူ သည် ငါ နှင့် တရား တွေ့မည်နည်း။ ပြိုင် ၍ နေကြကုန်အံ့။ အဘယ် သူသည် ငါ နှင့်ရန်ဘက် ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ် စေ။
Deɛ ɔbu me bem no abɛn. Enti hwan na ɔbɛbɔ me kwaadu? Ɔmmra na yɛnhyia mu! Hwan na ɔbɔ me soboɔ? Ma ɔnka nsi mʼanim!
9 ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။
Asafo Awurade na ɔboa me. Hwan ne deɛ ɔbɛbu me fɔ? Wɔn nyinaa bɛtete sɛ atadeɛ; nnweweboaa bɛwe wɔn.
10 ၁၀ သင် တို့တွင် အဘယ်သူ သည် ထာဝရဘုရား ကို ကြောက်ရွံ့ သနည်း။ ထိုသူသည် ကိုယ်တော် ကျွန် ၏ စကား သံကို နားထောင် ပါစေ။ အဘယ်သူ သည် အလင်း မ ရှိဘဲ မှောင်မိုက် ၌သွား လာသနည်း။ ထိုသူ သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံ ၍ ၊ မိမိ ဘုရား သခင်ကို အမှီပြု ပါစေ။
Mo mu hwan na ɔsuro Awurade, na ɔdi ne ɔsomfoɔ asɛm so? Ma deɛ ɔnam esum mu, deɛ ɔnni hann no, ɔnnye Awurade din nni na ɔmfa ne ho nto ne Onyankopɔn so.
11 ၁၁ မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။
Na afei, monhwɛ yie, mo a monante mo ankasa hann mu, mo a mode ogya a mo ankasa asɔ ka mo ho hye, Yei ne deɛ mobɛnya afiri me nsa mu; mobɛhwe ase adeda fam wɔ ɔyea mu.

< ဟေရှာယ 50 >