< ဟေရှာယ 50 >
1 ၁ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါလွှတ် လိုက်သော သင် တို့အမိ ၏ ဖြတ် စာ သည် အဘယ်မှာ ရှိသနည်း။ ငါ ၌ကြွေးရှိ၍ အဘယ် မည်သော ကြွေးရှင် ထံ ၌ သင် တို့ကို ငါရောင်း သနည်း။ သင် တို့သည် ကိုယ်ပြု သော ဒုစရိုက် အတွက် ကျွန်ခံရကြ၏။ သင် တို့အပြစ် ကြောင့် ၊ သင် တို့အမိ ကို ငါလွှတ် လိုက်၏။
Thus says the LORD, Where is the bill of your mother's divorcement, whom I have put away? or which of my creditors is it to whom I have sold you? Behold, for your iniquities have all of you sold yourselves, and for your transgressions is your mother put away.
2 ၂ ငါလာ သောအခါ အဘယ်ကြောင့် လူ မ ရှိသနည်း။ ငါခေါ် သောအခါ အဘယ်ကြောင့်မ ထူး သနည်း။ ငါသည် မရွေး မနှုတ်နိုင်အောင် လက် တို သလော။ ကယ်ချွတ် နိုင်သော တန်ခိုး မ ရှိသလော။ ကြည့်ရှု လော့။ ငါ ဆုံးမ သဖြင့် ပင်လယ် ရေသည် ခန်းခြောက် ၏။ မြစ် တို့ကို လွင်ပြင် ဖြစ် စေ၏။ ရေ မ ရှိသောကြောင့် ငါး တို့သည် နံ ကြ၏။ ရေငတ် ၍ သေ ကြ၏။
Wherefore, when I came, was there no man? when I called, was there none to answer? Is my hand shortened at all, that it cannot redeem? or have I no power to deliver? behold, at my rebuke I dry up the sea, I make the rivers a wilderness: their fish stinks, because there is no water, and dies for thirst.
3 ၃ ငါသည် မိုဃ်းကောင်းကင် ကို နက် သော အဝတ် ဝတ် စေ၍ ၊ လျှော်တေ အဝတ်နှင့် ခြုံ ၏။
I clothe the heavens with blackness, and I make sackcloth their covering.
4 ၄ ငါသည် ပင်ပန်း သောသူအား မစ ခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင် ထာဝရဘုရား သည် လူတတ်၏ နှုတ် သတ္တိကို ငါ့ အား ပေး တော်မူပြီ။ နံနက် အစဉ်အတိုင်းငါ့ ကို နှိုး တော်မူ၏။ စာ သင်သော သူကဲ့သို့ နားထောင် စေမည်အကြောင်း ငါ့နား ကို နှိုးဆော် တော်မူ၏။
The Lord GOD has given me the tongue of the learned, that I should know how to speak a word in season to him that is weary: he wakens morning by morning, he wakens mine ear to hear as the learned.
5 ၅ အရှင် ထာဝရဘုရား သည် ငါ့ နား ကို ဖွင့် တော်မူ၍၊ ငါ လည်း မ ငြင်း မဆန်၊ နောက် သို့မ ဆုတ်၊
The Lord GOD has opened mine ear, and I was not rebellious, neither turned away back.
6 ၆ ရိုက် သောသူတို့ အား ငါ့ ကျော ကို၎င်း ၊ နားပန်းဆံကို နှုတ် သောသူတို့အား ၊ ငါ့ ပါး ကို၎င်းငါအပ် ၏။ အရှက်ခွဲ ခြင်းနှင့် တံထွေး ထွေးခြင်းမှ ငါသည် ကိုယ် မျက်နှာ ကိုမ လွှဲ။
I gave my back to the smiters, and my cheeks to them that plucked off the hair: I hid not my face from shame and spitting.
7 ၇ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူလိမ့်မည်။ ထို့ကြောင့် ၊ ငါမ ရှုံး ရသည်ဖြစ်၍ ၊ ကိုယ် မျက်နှာ ကို မီးကျောက် ကဲ့သို့ ထား လျက်၊ ရှက် ကြောက်ခြင်းသို့ မ ရောက်ရဟု ငါသိ ၏။
For the Lord GOD will help me; therefore shall I not be confounded: therefore have I set my face like a flint, and I know that I shall not be ashamed.
8 ၈ ငါ့ ကို အပြစ်လွှတ် သောသူသည် အနီး မှာရှိ၏။ အဘယ်သူ သည် ငါ နှင့် တရား တွေ့မည်နည်း။ ပြိုင် ၍ နေကြကုန်အံ့။ အဘယ် သူသည် ငါ နှင့်ရန်ဘက် ပြုမည်နည်း။ ထိုသူသည် ချဉ်းကပ် စေ။
He is near that justifies me; who will contend with me? let us stand together: who is mine adversary? let him come near to me.
9 ၉ ကြည့်ရှု လော့။ အရှင် ထာဝရဘုရား သည် ငါ့ ကို စောင့်မ တော်မူမည်။ အဘယ်သူ သည် ငါ့ ကို တရား ရှုံးစေ မည်နည်း။ ထိုသို့သော သူ အပေါင်း တို့သည် အဝတ် ကဲ့သို့ ဟောင်းနွမ်း ခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုး ကိုက်စား ခြင်း ကိုလည်း ခံရကြလိမ့်မည်။
Behold, the Lord GOD will help me; who is he that shall condemn me? lo, they all shall wax old as a garment; the moth shall eat them up.
10 ၁၀ သင် တို့တွင် အဘယ်သူ သည် ထာဝရဘုရား ကို ကြောက်ရွံ့ သနည်း။ ထိုသူသည် ကိုယ်တော် ကျွန် ၏ စကား သံကို နားထောင် ပါစေ။ အဘယ်သူ သည် အလင်း မ ရှိဘဲ မှောင်မိုက် ၌သွား လာသနည်း။ ထိုသူ သည် ထာဝရဘုရား ၏ နာမ တော်ကို ခိုလှုံ ၍ ၊ မိမိ ဘုရား သခင်ကို အမှီပြု ပါစေ။
Who is among you that fears the LORD, that obeys the voice of his servant, that walks in darkness, and has no light? let him trust in the name of the LORD, and stay upon his God.
11 ၁၁ မီး ကိုညှိ ၍ မိမိတို့ကို မီးပွား တို့နှင့် ဝန်းရံ စေသော သူအပေါင်း တို့၊ သင် တို့မီး ၏အလင်း ၌ ၎င်း၊ သင်တို့ပြုစု သော မီးစ များ၌၎င်း သွား လာကြလော့။ ငါ့ လက် ၌ ခံရသော အကျိုးဟူမူကား၊ သင် တို့သည် ဝမ်းနည်း လျက် အိပ် ရကြလိမ့်မည်။
Behold, all you that kindle a fire, that compass yourselves about with sparks: walk in the light of your fire, and in the sparks that all of you have kindled. This shall all of you have of mine hand; all of you shall lie down in sorrow.