< ဟေရှာယ 5 >

1 ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
Let me sing now a song respecting my friend, A song respecting my friend touching his vineyard. My friend had a vineyard On a very fruitful hill;
2 မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။
He digged it, and cleared it of stones, And planted it with the choicest vine, And built a tower in the midst of it, And hewed out a wine-press therein; Then he looked that it should bring forth its grapes, But it brought forth sour grapes.
3 ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
And now, O inhabitants of Jerusalem, and men of Judah, Judge ye between me and my vineyard!
4 ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
What could have been done for my vineyard That I have not done for it? Why, then, when I looked that it should bring forth its grapes, Brought it forth sour grapes?
5 ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
But come now, and I will tell you What I mean to do with my vineyard. I will take away its hedge, and it shall be eaten up; I will break down its wall, and it shall be trodden down!
6 ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
And I will make it a waste; It shall not be pruned, nor digged, But shall grow up into thorns and briers; I will also command the clouds That they shed no rain upon it.
7 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
The vineyard of Jehovah of hosts is the house of Israel, And the men of Judah the plant of his delight. He looked for justice, and behold, bloodshed! For righteousness, and behold, outcry!
8 မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
Woe to them that join house to house, That add field to field, Till there is no place left, And they dwell alone in the land.
9 ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
To mine ear hath Jehovah of hosts revealed it: Surely many houses shall become a desolation, The great and the fair ones, without an inhabitant.
10 ၁၀ အကြောင်း မူကား၊ စပျစ် ဥယျာဉ်တပယ် သည် စပျစ်ရည်တဗတ် ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရ ကြလိမ့်မည်။
Yea, ten acres of vineyard shall yield a single bath of wine, And a homer of seed shall produce but an ephah.
11 ၁၁ သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe to them that rise early in the morning to follow strong drink, —Who sit late in the night that wine may inflame them!
12 ၁၂ သူ တို့၏ပွဲ ၌စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည် ပါ တတ်၏။ ထာဝရဘုရား ၏ အမှု တော်ကိုကား ၊ ပမာဏ မ ပြုကြ။ လက် တော်နှင့် ပြုပြင် တော်မူရာကို မ ရိပ်မိ ကြ။
And the lyre and the harp, the tabret and the pipe, and wine, are at their feasts, But they regard not the work of Jehovah, Nor attend to the operation of his hands.
13 ၁၃ ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
Therefore shall my people be led captive, when they think not of it; Their honorable men shall be famished with hunger, And their rich men parched with thirst.
14 ၁၄ ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။ (Sheol h7585)
Therefore doth the under-world enlarge its greedy throat, And stretch open its mouth without measure, And down go her nobility and her wealth, Her busy throng, and all that was joyful within her. (Sheol h7585)
15 ၁၅ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သော သူလည်း ရှုတ်ချ ခြင်းကိုခံရ၍၊ မာန ကြီးသောသူတို့ ၏ မျက်နှာ လည်း ပျက် ရ၏။
The mean man shall be bowed down, And the great man shall be brought low, And the eyes of the haughty shall be humbled;
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
Jehovah of hosts shall be exalted through judgment; Yea, God, the Holy One, shall be sanctified through righteousness.
17 ၁၇ ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
Then shall the lambs feed, as in their own pasture, And the deserted fields of the rich shall strangers consume.
18 ၁၈ ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe to them that draw calamity with cords of wickedness, And punishment as with wagon-traces, —
19 ၁၉ သူတို့ကလည်း၊ ဘုရား သခင်၏အမှု ကို ငါတို့ သည် မြင် ရမည်အကြောင်း ၊ အလျင် အမြန်ကြိုးစားတော်မူ ပါစေ။ ငါတို့သည် သိ နားလည်ရမည်အကြောင်း ၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား၏အကြံ တော်သည်၊ အနီးသို့ချဉ်း ၍ ပြည့်စုံ ပါစေဟု ဆို တတ်ကြ၏။
Who say, Let him make speed, let him hasten his work that we may see it! Let the purpose of the Holy One of Israel draw near and be fulfilled, that we may know it!
20 ၂၀ မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe to them that call evil good, and good evil, That put darkness for light, and light for darkness, That put bitter for sweet, and sweet for bitter!
21 ၂၁ ငါသည် ပညာ ရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
Woe to them that are wise in their own eyes, And prudent in their own conceit!
22 ၂၂ စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။
Woe to them that are valiant to drink wine, And men of might to mingle strong drink!
23 ၂၃ ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
That clear the guilty for a reward, And take away from the righteous his right!
24 ၂၄ ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
Therefore, as fire devours stubble, And as the withered grass sinks into the flame, So their root shall become rottenness, And their blossom shall fly up like dust. For they have despised the law of Jehovah of hosts, And contemned the word of the Holy One of Israel.
25 ၂၅ ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
Therefore is the anger of Jehovah kindled against his people; He stretcheth forth his hand against them, and smiteth them, so that the mountains tremble, And their carcasses are as dung in the midst of the streets; For all this his anger is not turned away, But his hand is stretched out still.
26 ၂၆ ဝေး သောအရပ်မှာ နေသောလူမျိုး တို့အဘို့ အလံ ကိုထူ ၍ ၊ မြေကြီး စွန်း သားတို့ကို နှိုးဆော် တော်မူသဖြင့် ၊ သူတို့သည် အလျင်အမြန် လာ ကြလိမ့်မည်။
He lifteth up a banner for the nations afar off, He whistleth for them from the ends of the earth, And behold, they haste, and come swiftly.
27 ၂၇ သူ တို့တွင်မော သောသူမ ရှိ။ ထိမိ၍ လဲ သောသူ မရှိ။ ငိုက်မျည်း သောသူ၊ အိပ်ပျော် သောသူလည်းမရှိ။ သူ တို့ ခါး စည်း မ ပြေ။ ခြေနင်း ကြိုး လည်း မ ကျွတ်။
None among them is weary, and none stumbleth; None slumbereth nor sleepeth; The girdle of their loins is not loosed, Nor the latchet of their shoes broken.
28 ၂၈ သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
Their arrows are sharp, And all their bows bent; The hoofs of their horses are like flint, And their wheels like a whirlwind.
29 ၂၉ သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
Their roaring is like the roaring of the lion; They roar like young lions; They roar, and seize the prey; They bear it away, and none can rescue it.
30 ၃၀ ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။
Yea, in that day shall they roar against them like the roaring of the sea; And if one look to the land, behold darkness and sorrow, And the light is darkened by its clouds.

< ဟေရှာယ 5 >