< ဟေရှာယ 5 >
1 ၁ ငါ ချစ် ရာသခင်၏ စပျစ် ဥယျာဉ်တော်ကို အကြောင်း ပြု၍၊ မေတ္တာသီချင်း ကို ရှေ့တော်၌ဆို ပေအံ့။ မြေ ကောင်းသော တောင် ပေါ် မှာ ငါ ချစ်ရာ သခင်၏ စပျစ် ဥယျာဉ်တော်တဆူရှိ ၏။
Now will I sing to my wellbeloved a song of my beloved touching his vineyard. My wellbeloved hath a vineyard in a very fruitful hill:
2 ၂ မြေကိုတူး ၍ ကျောက်ခဲတို့ကို ရှင်းလင်း စေပြီးမှ ၊ အကောင်းဆုံးသော စပျစ် နွယ်ပင်တို့ကို စိုက်ပျိုး တော်မူ ၏။ ဥယျာဉ် ထဲ မှာ မှီခိုရာတဲလင့် ကိုလည်း ဆောက် ၍ ၊ စပျစ်သီးနယ် ရာကျင်း ကိုလည်း တူး တော်မူ၏။ ထိုအခါ စပျစ်သီး ကို သီး မည် ဟုမြော်လင့် သည်ရှိသော်၊ ဗောရှ သီး ကို သီး ပါသည်တကား။
And he fenced it, and gathered out the stones thereof, and planted it with the choicest vine, and built a tower in the midst of it, and also made a winepress therein: and he looked that it should bring forth grapes, and it brought forth wild grapes.
3 ၃ ယခု မှာ အိုယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သား တို့၊ ငါ နှင့် ငါ့ စပျစ် ဥယျာဉ်အမှုကို စီရင် ကြပါလော့။
And now, O inhabitants of Jerusalem, and men of Judah, judge, I pray you, betwixt me and my vineyard.
4 ၄ ငါ့ စပျစ် ဥယျာဉ်၌ ငါ့ကျေးဇူးပြုနိုင်လျက်၊ မ ပြု သေးသော အရာတစုံတခုရှိသလော။ စပျစ်သီး ကို သီး မည်ဟု မြော်လင့် သည်ရှိသော်၊ ဗောရှသီး ကို အဘယ်ကြောင့် သီး သနည်း။
What could have been done more to my vineyard, that I have not done in it? wherefore, when I looked that it should bring forth grapes, brought it forth wild grapes?
5 ၅ ယခု နားထောင်ကြ။ ငါ့ စပျစ် ဥယျာဉ်၌ ငါ ပြု ရမည်အမှု ကို သင် တို့အား ငါဘော်ပြ မည်။ စောင်းရန်း ကို ငါပယ်ရှင်း သဖြင့် ၊ သူတပါးတို့သည် စား ကြလိမ့်မည်။ အုတ်ရိုး ကိုငါဖြို သဖြင့်၊ သူတပါးတို့သည် ကျော်နင်း ကြ လိမ့်မည်။
And now go to; I will tell you what I will do to my vineyard: I will take away the hedge thereof, and it shall be eaten up; and break down the wall thereof, and it shall be trodden down:
6 ၆ ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
And I will lay it waste: it shall not be pruned, nor digged; but there shall come up briers and thorns: I will also command the clouds that they rain no rain upon it.
7 ၇ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ စပျစ် ဥယျာဉ်ကား၊ ဣသရေလ အမျိုး တည်း။ နှစ်သက် တော်မူသောပျိုး ပင်ကား၊ ယုဒ လူ တည်း။ တရားစီရင် ခြင်းကို မြော်လင့် တော်မူသည်ရှိသော်၊ အသေသတ် ခြင်းကို၎င်း၊ ဖြောင့်မတ် ခြင်းအရာ၌လည်း ငိုကြွေး ခြင်းကို၎င်းတွေ့မြင် တော်မူ၏။
For the vineyard of Yhwh of Armies is the house of Israel, and the men of Judah his pleasant plant: and he looked for judgment, but behold oppression; for righteousness, but behold a cry.
8 ၈ မိမိတို့သည် မြေ ၏အလယ် ၌ တစုတည်းနေရာ ကျ၍၊ လပ်သောအရပ် မ ရှိစေခြင်းငှါ ၊ အိမ် တဆောင်နှင့် တဆောင်ကို၎င်း၊ လယ် တကွက်နှင့်တကွက်ကို၎င်း၊ ဆက် တတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that join house to house, that lay field to field, till there be no place, that they may be placed alone in the midst of the earth!
9 ၉ ငါ ၏နား အပါး ၌ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ်ကြီးကျယ် တင့်တယ်သော အိမ် အများတို့သည် နေ သောသူ မ ရှိ။ လူဆိတ်ညံ ရာဖြစ် ကြလိမ့်မည်။
In mine ears said Yhwh of Armies, Of a truth many houses shall be desolate, even great and fair, without inhabitant.
10 ၁၀ အကြောင်း မူကား၊ စပျစ် ဥယျာဉ်တပယ် သည် စပျစ်ရည်တဗတ် ကိုမျှသာ ဖြစ်စေမည်။ မျိုးစေ့ ကိုလည်း ကြဲသောအခါ၊ ဆယ်ဘို့တွင်တဘို့ကိုမျှသာ ရ ကြလိမ့်မည်။
Yea, ten acres of vineyard shall yield one bath, and the seed of an homer shall yield an ephah.
11 ၁၁ သေရည် သေရက်ကို သောက်အံ့သောငှါ၊ နံနက် စောစော ထ၍ စပျစ်ရည်နှင့် ယစ်မူးအံ့သောငှါ၊ ညဉ့် ကိုလည်း လွန် စေတတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that rise up early in the morning, that they may follow strong drink; that continue until night, till wine inflame them!
12 ၁၂ သူ တို့၏ပွဲ ၌စောင်း ၊ တယော ၊ ပတ်သာ ၊ ပုလွေ ၊ စပျစ်ရည် ပါ တတ်၏။ ထာဝရဘုရား ၏ အမှု တော်ကိုကား ၊ ပမာဏ မ ပြုကြ။ လက် တော်နှင့် ပြုပြင် တော်မူရာကို မ ရိပ်မိ ကြ။
And the harp, and the viol, the tabret, and pipe, and wine, are in their feasts: but they regard not the work of Yhwh, neither consider the operation of his hands.
13 ၁၃ ထိုကြောင့် ငါ ၏လူ တို့သည် ပညာ မရှိ၊ ဘမ်းဆီး သိမ်းသွားခြင်းကိုခံ ရကြ၏။ မှူးမတ် တို့သည် မွတ်သိပ် ၍ သေကြ၏။ ဆင်းရဲသား တို့သည် ရေငတ် ၍ ပူဆွေးလျက် ရှိကြ၏။
Therefore my people are gone into captivity, because they have no knowledge: and their honourable men are famished, and their multitude dried up with thirst.
14 ၁၄ ထိုကြောင့်၊ မရဏာ နိုင်ငံသည် မိမိ လောဘ ကို ကျယ် စေ၍ မိမိ ပစပ် ကိုအတိုင်း အရှည်မရှိ ဘဲ ဖွင့်ဟ သဖြင့် ၊ သူတို့၏ ဂုဏ် အသရေအလုံး အရင်း၊ အသံ ဗလံပြုခြင်း၊ ရွှင်လန်း ခြင်းတို့သည် ဆင်း မြုပ်ရကြ၏။ (Sheol )
Therefore hell hath enlarged herself, and opened her mouth without measure: and their glory, and their multitude, and their pomp, and he that rejoiceth, shall descend into it. (Sheol )
15 ၁၅ ယုတ်သောသူလည်း ဦးနှိမ့် ခြင်း၊ မြတ်သော သူလည်း ရှုတ်ချ ခြင်းကိုခံရ၍၊ မာန ကြီးသောသူတို့ ၏ မျက်နှာ လည်း ပျက် ရ၏။
And the mean man shall be brought down, and the mighty man shall be humbled, and the eyes of the lofty shall be humbled:
16 ၁၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် တရားစီရင် ခြင်းအားဖြင့် ချီးမြှောက် ခြင်းသို့ရောက်တော်မူလိမ့်မည်။ သန့်ရှင်း တော်မူသောဘုရား သခင်သည် ဖြောင့်မတ် ခြင်းအားဖြင့် ၊ သန့်ရှင်း ခြင်းရှိတော်မူလိမ့်မည်။
But Yhwh of Armies shall be exalted in judgment, and God that is holy shall be sanctified in righteousness.
17 ၁၇ ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
Then shall the lambs feed after their manner, and the waste places of the fat ones shall strangers eat.
18 ၁၈ ဒုက္ခ ကို ဒုစရိုက် ဖြင့် ဆွဲ သောသူ၊ လှည်း ကြိုး ဖြင့် ဆွဲသကဲ့သို့ ၊ အပြစ်ကိုဆွဲငင်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that draw iniquity with cords of vanity, and sin as it were with a cart rope:
19 ၁၉ သူတို့ကလည်း၊ ဘုရား သခင်၏အမှု ကို ငါတို့ သည် မြင် ရမည်အကြောင်း ၊ အလျင် အမြန်ကြိုးစားတော်မူ ပါစေ။ ငါတို့သည် သိ နားလည်ရမည်အကြောင်း ၊ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား၏အကြံ တော်သည်၊ အနီးသို့ချဉ်း ၍ ပြည့်စုံ ပါစေဟု ဆို တတ်ကြ၏။
That say, Let him make speed, and hasten his work, that we may see it: and let the counsel of the Holy One of Israel draw nigh and come, that we may know it!
20 ၂၀ မကောင်း ကိုအကောင်း ၊ အကောင်း ကိုမကောင်း ဟု ခေါ် တတ်သောသူ၊ အလင်း အရာ၌ အမိုက် ၊ အမိုက် အရာ၌ အလင်း ကို၎င်း၊ အချို အရာ ၌ အခါး ၊ အခါး အရာ ၌ အချို ကို၎င်း၊ အလွဲယူ တတ်သောသူတို့ သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that call evil good, and good evil; that put darkness for light, and light for darkness; that put bitter for sweet, and sweet for bitter!
21 ၂၁ ငါသည် ပညာ ရှိသည်ဟု ကိုယ်ကိုထင်သောသူ၊ သမ္မာသတိနှင့် ပြည့်စုံ သည်ဟု ထင်မှတ်သောသူတို့သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that are wise in their own eyes, and prudent in their own sight!
22 ၂၂ စပျစ်ရည် ကို များစွာ သောက် နိုင်သောသူ၊ ဆေးနှင့်ရော သော သေရည် သေရက်ကို သောက်ခြင်း အမှု၌၊ အားကြီး သောသူ တို့ သည် အမင်္ဂလာ ရှိကြ၏။
Woe unto them that are mighty to drink wine, and men of strength to mingle strong drink:
23 ၂၃ ထိုသူတို့သည် တံစိုး ကိုစားခြင်းငှါ ၊ မတရား သောသူတို့ ကို အပြစ် မပေးဘဲလွှတ်၍၊ ဖြောင့်မတ် သောသူတို့၏ ဖြောင့်မတ် ခြင်းကို ဝန်မခံ၊ ပယ်ရှား တတ်ကြ၏။
Which justify the wicked for reward, and take away the righteousness of the righteous from him!
24 ၂၄ ထိုကြောင့်၊ မီး လျှာ သည် ကောက်ရိုး ကိုလျက် ၊ မီးလျှံ သည် မြက် ခြောက်ကို ကျွမ်းစေသည်နည်းတူ ၊ သူ တို့၏အမြစ် သည် ဆွေးမြေ့ သော သစ်သားကဲ့သို့ ဖြစ်၍၊ အပွင့် သည်လည်း မြေမှုန့် ကဲ့သို့ လွင့် တတ်လိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏တရား တော်ကို ပယ် ကြပြီ။ ဣသရေလ အမျိုး ၏သန့်ရှင်း သော ဘုရား၏ဗျာဒိတ် တော်ကို မထီမဲ့မြင် ပြုကြပြီ။
Therefore as the fire devoureth the stubble, and the flame consumeth the chaff, so their root shall be as rottenness, and their blossom shall go up as dust: because they have cast away the law of Yhwh of Armies, and despised the word of the Holy One of Israel.
25 ၂၅ ထိုကြောင့် ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို အမျက် တော်ထွက်လျက် ၊ သူတို့၌လက် တော်ကိုဆန့် ၍ ဒဏ်ခတ် တော်မူသဖြင့် ၊ တောင် တို့သည်တုန်လှုပ် ၍ ၊ သူ တို့၏အသေ ကောင်တို့သည် လမ်း များ၌ မစင် ကဲ့သို့ ဖြစ် ကြ၏။ သို့သော်လည်းအမျက် တော်သည် မ ငြိမ်း ၊ လက် တော် သည် ဆန့် လျက်ရှိ သေး၏။
Therefore is the anger of Yhwh kindled against his people, and he hath stretched forth his hand against them, and hath smitten them: and the hills did tremble, and their carcases were torn in the midst of the streets. For all this his anger is not turned away, but his hand is stretched out still.
26 ၂၆ ဝေး သောအရပ်မှာ နေသောလူမျိုး တို့အဘို့ အလံ ကိုထူ ၍ ၊ မြေကြီး စွန်း သားတို့ကို နှိုးဆော် တော်မူသဖြင့် ၊ သူတို့သည် အလျင်အမြန် လာ ကြလိမ့်မည်။
And he will lift up an ensign to the nations from far, and will hiss unto them from the end of the earth: and, behold, they shall come with speed swiftly:
27 ၂၇ သူ တို့တွင်မော သောသူမ ရှိ။ ထိမိ၍ လဲ သောသူ မရှိ။ ငိုက်မျည်း သောသူ၊ အိပ်ပျော် သောသူလည်းမရှိ။ သူ တို့ ခါး စည်း မ ပြေ။ ခြေနင်း ကြိုး လည်း မ ကျွတ်။
None shall be weary nor stumble among them; none shall slumber nor sleep; neither shall the girdle of their loins be loosed, nor the latchet of their shoes be broken:
28 ၂၈ သူ တို့ မြှား တို့သည် ထက် ကြ၏။ လေး တို့သည် လည်း တင်း လျက်ရှိကြ၏။ မြင်းခွာ တို့သည် မီးကျောက် ကဲ့သို့ ၎င်း၊ ရထား ဘီး တို့သည်လည်း ၊ လေဘွေ ကဲ့သို့ ၎င်း ထင်ကြ၏။
Whose arrows are sharp, and all their bows bent, their horses’ hoofs shall be counted like flint, and their wheels like a whirlwind:
29 ၂၉ သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
Their roaring shall be like a lion, they shall roar like young lions: yea, they shall roar, and lay hold of the prey, and shall carry it away safe, and none shall deliver it.
30 ၃၀ ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။
And in that day they shall roar against them like the roaring of the sea: and if one look unto the land, behold darkness and sorrow, and the light is darkened in the heavens thereof.