< ဟေရှာယ 48 >
1 ၁ အို ယာကုပ် အမျိုး ၊ ဣသရေလ ဟူ၍ သမုတ် ခြင်း ကိုခံ သောသူ၊ ယုဒ စမ်းရေ တွင်းမှ ထွက် စီးသောသူ၊ ထာဝရဘုရား ၏ နာမ တော်အားဖြင့် ကျိန်ဆို သောသူ၊ သစ္စာ မ ရှိ၊ တရား နှင့် မ ညီဘဲ ဣသရေလ အမျိုး၏ ဘုရား သခင် ကို ချီးမွမ်း သောသူ၊
၁အချင်းယုဒမှဆင်းသက်လာသူ၊ ဣသရေလအမျိုးသားတို့၊ ဤစကားကိုနားထောင်ကြလော့။ သင်တို့သည်ထာဝရဘုရား၏နာမတော်ကို တိုင်တည်ကျိန်ဆိုကာ၊ ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ပါသည်ဟုဆိုသော်လည်း သင်တို့၏စကားများသည်တစ်ခွန်းမျှမမှန်။
2 ၂ သန့်ရှင်း သော မြို့ တော်အလိုက် ၊ ကိုယ်ကိုကိုယ်သမုတ် သောသူ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား တည်းဟူသောဘွဲ့ နာမရှိသော ဣသရေလ အမျိုး ၏ ဘုရား သခင်ကို မှီခို သောသူတို့၊ နားထောင် ကြလော့။
၂သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
3 ၃ ဖြစ်ဘူးသောအရာတို့ကို အထက် က သင်တို့အား ငါဟော လေပြီ။ ထိုအရာ တို့သည် ငါ့ နှုတ် မှ ထွက် ၍ ထင်ရှား ကြပြီ။ ချက်ခြင်း ငါပြု သောကြောင့် ဖြစ် ကြပြီ။
၃ဣသရေလအမျိုးသားတို့အားထာဝရ ဘုရားက၊ ``ရှေးအခါက၊ငါသည်ဖြစ်ပျက်မည့်အမှု အရာကို ကြိုတင်ဟောကြားခဲ့၏။ ထိုနောက်ထိုအရာကိုရုတ်တရက်ဖြစ်ပေါ် လာစေ၏။
4 ၄ သင် သည် ခိုင်မာ သော သဘော ၊ သံ ချောင်း လည်ပင်း ၊ ကြေးဝါ နဖူး နှင့် ပြည့်စုံသည်ကို ငါ သိ သောကြောင့် ၊
၄သင်တို့သည်သံကဲ့သို့တင်းမာလျက်၊ ကြေးဝါကဲ့သို့မာကြောလျက်၊ခေါင်းမာ နေကြလိမ့်မည်ကိုငါသိ၏။
5 ၅ အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။
၅ငါသည်အမှုအရာများမဖြစ်ပျက်မီက ပင်လျှင် ကြိုတင်၍၊သင်တို့၏အနာဂတ်ကို ဟောကြားခဲ့ပေသည်။ ယင်းသို့ပြုရခြင်းမှာဤအမှုအရာများကို သင်တို့လုပ်သည့်ရုပ်တုများကဖြစ်ပေါ်စေသည်ဟု သင်တို့မပြောမဆိုနိုင်ကြစေရန်ပင်ဖြစ်၏။
6 ၆ သင်သည် အရင်ကြား ရပြီ။ ဤအမှု အလုံးစုံ တို့ ကို ကြည့်ရှု လော့။ သူတပါးတို့အား မ ကြားမပြော ဘဲ နေမည်လော။ ယခု မှစ၍ အသစ် သောအရာ၊ ဝှက်ထား သောအရာ၊ သင်မ သိ သေးသော အရာ တို့ကို ငါဘော်ပြ ၏။
၆``ငါသည်ကြိုတင်ဟောကြားခဲ့သမျှသော အမှုတို့သည်ယခုဖြစ်ပျက်ကြလေပြီ။ ငါ၏ဟောကြားချက်များမှန်လျက်နေသည်ကို သင်တို့ဝန်ခံကြရပေမည်။ ယခုငါသည်နောင်အခါ၌ဖြစ်ပျက်မည့် အမှုအရာသစ်များ၊ ယခင်အခါကမဖော်ပြခဲ့ဘူးသည့် အမှုအရာများကိုသင်တို့အားဖော်ပြပါအံ့။
7 ၇ ထိုအရာတို့ကို ယခု ပင် ဖန်ဆင်း ၏။ အထက် က ဖန်ဆင်းသည်မ ဟုတ်။ ယနေ့ တိုင်အောင် သင်သည် မ ကြား စဖူး။ သို့ ဖြစ်၍သင်က၊ ငါသိ နှင့်ပြီဟု ပြော ရသော အခွင့်မရှိ။
၇ယခုမှသာလျှင်ငါသည်ထိုအမှုတို့ကို ဖြစ်ပျက်စေမည်။ ယင်းသို့သောအမှုများသည်ယခင်က မဖြစ်မပျက်ခဲ့ဘူးကြ။ အကယ်၍ဖြစ်ပျက်ခဲ့သည်ဆိုပါမူ၊ ထိုအရာတို့၏အကြောင်းကိုငါတို့သိရှိပြီး ဟု သင်တို့ဆိုကြလိမ့်မည်။
8 ၈ အကယ် စင်စစ်သင်သည် မ ကြား မ သိ စဖူး။ သင် ၏ နား သည် အထက် က မ ပွင့်။ အကြောင်း မူကား၊ သင်သည် သစ္စာ ပျက်လိမ့်မည်။ ဘွား စကပင် သင့် ကို သူပုန် ဟူ၍သမုတ် ရလိမ့်မည်ကို ငါသိ ၏။
၈သင်တို့အားယုံကြည်စိတ်ချ၍ မရကြောင်းကိုလည်းကောင်း၊ သင်တို့သည်မွေးဖွားလာချိန်မှပင်အစပြု၍ သူပုန်များဟုအခေါ်ခံရကြသည်ကိုလည်း ကောင်း ငါသိ၏။ ထို့ကြောင့်ဤအမှုအရာများအကြောင်းကို သင်တို့သည်အဘယ်အခါကမျှမကြားခဲ့ နားမလည်ခဲ့။ ယခင်ကတည်းကသင်တို့သည်လည်းနားမပွင့်။
9 ၉ သို့သော်လည်း၊ သင့် ကို ရှင်းရှင်းမ ပယ် မဖြတ် ခြင်းငှါ ၊ ငါသည် ကိုယ် နာမ အတွက် ကိုယ် အမျက် ကို ချုပ်တည်း မည်။ ကိုယ် ဂုဏ် အသရေအတွက် သင် ၏အမှု၌ ငါသည်းခံ မည်။
၉``ငါ၏နာမတော်ကိုလူတို့ထောမနာပြုကြစေရန်၊ ငါသည်မိမိ၏အမျက်ကိုထိန်းချုပ်၍ထားမည်။ မိမိဒေါသကိုချုပ်တည်း၍သင်တို့အား ဖျက်ဆီးသုတ်သင်မှုကိုမပြုဘဲနေမည်။
10 ၁၀ ငါသည် သင့် ကို စစ် ခဲ့ပြီ။ သို့ သော်လည်း၊ ငွေ ကို စစ်သကဲ့သို့ မ ဟုတ်၊ ဒုက္ခ မိုက် ၌ သင့် ကို စုံစမ်း ခဲ့ပြီ။
၁၀ငွေကိုမီးဖိုတွင်ထည့်၍ချွတ်သကဲ့သို့ ငါသည်သင်တို့အားဆင်းရဲဒုက္ခမီးဖြင့် စုံစမ်းစစ်ဆေးပြီးဖြစ်၏။
11 ၁၁ ကိုယ် အတွက် ငါပြု ဦးမည်။ ငါ့နာမသည် ရှုပ်ချ ခြင်းကို အဘယ်ကြောင့် ခံရမည်နည်း။ ငါ့ ဂုဏ် အသရေကို သူတပါး အား ငါမ ပေး။
၁၁ငါသည်အဘယ်အမှုကိုမဆိုမိမိ၏ ဂုဏ်သိက္ခာကိုထောက်၍ပြုတတ်၏။ ငါ၏နာမတော်အသရေပျက်စေရန်ပြု လိမ့်မည်မဟုတ်။ ငါတစ်ပါးတည်းသာလျှင်ခံယူထိုက်သည့် ဘုန်းအသရေကိုလည်း၊ အခြားအဘယ်သူအားမျှခံယူစေလိမ့် မည်မဟုတ်။
12 ၁၂ အိုယာကုပ် ၊ ငါ ခေါ် သော ဣသရေလ ၊ ငါ့ စကား ကို နားထောင် လော့။ ငါ သည် ဘုရား ဖြစ်၏။ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ် ၏။
၁၂ထာဝရဘုရားက ``အို ငါခေါ်ယူတော်မူသည့်လူမျိုးတော်၊ ဣသရေလအမျိုးသားတို့၊ ငါပြောသည်ကိုနားထောင်ကြလော့။ ငါသည်ဘုရားသခင်ဖြစ်၏။ ကပ်ကာလအစမှအဆုံးတိုင်တည်နေတော်မူသော အရှင်၊ဖြစ်တော်မူ၏။
13 ၁၃ အကယ်စင်စစ်ငါ့ လက် သည် မြေ ကြီးကို တည် လေပြီ။ ငါ့ လက်ျာ လက်သည် မိုဃ်းကောင်းကင် ကို ကြက် လေပြီ။ ငါ ခေါ် ၍ သူ တို့သည် ချက်ခြင်း ပေါ် လာကြ၏။
၁၃ငါ၏လက်တော်သည်ကမ္ဘာမြေကြီး အုတ်မြစ်များကိုချ၍၊ မိုးကောင်းကင်ကိုဖြန့်ကြက်ခဲ့၏။ ငါသည်ကမ္ဘာမြေကြီးနှင့်မိုးကောင်းကင်ကို ဆင့်ခေါ်သောအခါ၊သူတို့သည်ချက်ချင်း ပေါ်ပေါက်လာကြပါသည်တကား။
14 ၁၄ ရှိသမျှ သော သင် တို့၊ စည်းဝေး ၍ နားထောင် ကြလော့။ ဤ အမှုအရာတို့ကို သင် တို့တွင် အဘယ်သူ သည် ရှေးမဆွက ဟော နှင့်သနည်း။ ထာဝရဘုရား ချစ် တော်မူသောသူသည် ဗာဗုလုန် မြို့၌ အလို တော်ကို ပြည့်စုံ စေမည်။ သူ ၏ လက် သည်လည်း ၊ ခါလဒဲ လူတို့အပေါ်သို့ ရောက်လိမ့်မည်။
၁၄သင်တို့အပေါင်းသည်စုဝေး၍ငါပြောသည် ကို နားထောင်ကြလော့။ ငါရွေးချယ်ထားသူသည်ဗာဗုလုန်ပြည်ကို တိုက်ခိုက်လိမ့်မည်ဟူ၍လည်းကောင်း၊ ငါ၏အလိုတော်ကျဆောင်ရွက်ပေးလိမ့်မည် ဟူ၍လည်းကောင်း၊ အဘယ်ရုပ်တုကမျှကြိုတင်၍မဟောကြား နိုင်ခဲ့။
15 ၁၅ ငါ့ ကိုယ်တိုင် အမိန့် တော်ရှိပြီ။ အကယ်စင်စစ်သူ့ ကို ငါခေါ် ပြီ။ ငါဆောင် ခဲ့ပြီ။ သူ သွားသောလမ်း ၌ မင်္ဂလာ ရှိရလိမ့်မည်။
၁၅သူ့အားအမိန့်ပေး၍ခေါ်ယူသူမှာငါပင် ဖြစ်ပေသည်။ ငါသည်သူ့အားလမ်းပြပို့ဆောင်၍ အောင်မြင်မှုကိုပေးခဲ့၏။
16 ၁၆ ငါ့ ထံသို့ ချဉ်းကပ် ၍ ဤ စကားကို နားထောင် ကြလော့။ ရှေ့ ဦးစွာမှစ၍ တိတ်ဆိတ် စွာ မ ဟော။ အမှု ဖြစ် စကာလ ၌ ငါ ရှိ၏။ ယခု တွင် အရှင် ထာဝရဘုရား နှင့် ဝိညာဉ် တော်သည် ငါ့ ကို စေလွှတ် တော်မူ၏။
၁၆``ယခုငါ၏အနီးသို့ချဉ်းကပ်၍ငါပြောဆို သည်ကို နားထောင်ကြလော့။ အစအဦးကပင်လျှင်ငါသည်သင်တို့အား ပွင့်လင်းစွာဖော်ပြခဲ့၏။ ထိုအဖြစ်အပျက်စ၍ဖြစ်စဉ်ကပင် ငါရှိခဲ့၏ ဟုမိန့်တော်မူ၏။ (ယခုထာဝရအရှင်ဘုရားသခင်သည်ငါ့ အားတန်ခိုးတော်ကိုပေး၍စေလွှတ်တော်မူ ပြီ။)
17 ၁၇ သင့် ကို ရွေးနှုတ် သောသူ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင် ၏အကျိုး နှင့်ယှဉ်သော အရာကို သွန်သင် ၍၊ သင်သွား အပ်သော လမ်း ဖြင့် ပို့ဆောင် သောသင် ၏ ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
၁၇ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သည့် ဘုရားသခင်၊ သင်တို့အားကယ်တင်တော်မူသောထာဝရဘုရားက ``ငါသည်သင်တို့အကျိုးငှာသွန်သင်တော်မူ၍၊ သင်တို့သွားရမည့်ခရီးလမ်းကို ပြညွှန်တော်မူလိုသည့် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် တော်မူ၏။
18 ၁၈ သင်သည် ငါ ၏ပညတ် တို့ကို စောင့်ရှောက် ပါစေ သော။ သို့ပြုလျှင် ၊ သင် ၏ချမ်းသာ သည် မြစ် ကဲ့သို့ ၎င်း ၊ သင် ၏ဖြောင့်မတ် ခြင်းပါရမီသည် သမုဒ္ဒရာ လှိုင်း တံပိုးကဲ့သို့ ၎င်း ဖြစ် ရလိမ့်မည်။
၁၈``အကယ်၍သင်တို့သာလျှင်ငါ၏အမိန့် တော်များကို နားထောင်ကြမည်ဆိုပါမူ အဘယ်မျှကောင်းလိမ့်မည်နည်း။ ငြိမ်သက်ခြင်းချောင်းရေကဲ့သို့၊သင်တို့အတွက် စီးဆင်းလာမည်သာ။ အောင်မြင်ခြင်းသည်လည်းကမ်းခြေတွင် ရိုက်ခတ်သည့်လှိုင်းလုံးများကဲ့သို့သင်တို့အတွက် ပေါ်ထွက်လာမည်သာ။
19 ၁၉ သင် ၏ အမျိုး အနွယ်သည် သဲ လုံးကဲ့သို့ ၎င်း၊ သင် ၏သား မြေးတို့သည်၊ သမုဒ္ဒရာ ကျောက်စရစ် ကဲ့သို့ ၎င်း ဖြစ် ရကြလိမ့်မည်။ သင် ၏နာမ သည် ငါ့ ရှေ့ မှာ မ ပြတ် ၊ မ ပျက် မစီးရ။
၁၉သင်တို့၏သားမြေးများသည်သဲလုံးနှင့်အမျှ များပြားကြလျက်၊ ငါသည်လည်းသူတို့အားအဘယ်အခါ၌မျှ ပျက်ပြုန်းစေခွင့်ပြုလိမ့်မည်မဟုတ်။
20 ၂၀ ဗာဗုလုန် မြို့ထဲက ထွက် ကြလော့။ ရွှင်လန်း စွာ သီချင်းသံနှင့် ခါလဒဲ လူတို့နေရာမှ ပြေး ကြလော့။ ဤ သိတင်းစကားကို မြေကြီး စွန်း တိုင်အောင် ပြန်ပြော မြွက်ဆို ၍ အသံ ကို လွှင့်ကြလော့။ ထာဝရဘုရား သည် မိမိ ကျွန် ယာကုပ် ကို ရွေးနှုတ် တော်မူပြီဟုပြော ဆိုကြ လော့။
၂၀ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
21 ၂၁ သူတို့သည် တော လမ်းဖြင့် ဆောင်သွား တော်မူခြင်း ကိုခံ သောအခါ ရေမ ငတ် ကြ။ သူ တို့အဘို့ ကျောက် ထဲက ရေ ကို စီး စေတော်မူ၏။ ကျောက်ခဲ ကိုပင် ခွဲ တော်မူသဖြင့် ၊ ရေ သည် စီး ထွက်လေ၏။
၂၁ထာဝရဘုရားသည်မိမိ၏လူမျိုးတော်အား၊ ခြောက်သွေ့ပူပြင်းသောသဲကန္တာရကိုဖြတ်၍ ခေါ်ဆောင်သွားတော်မူသောအခါသူတို့သည် ရေမငတ်ကြ။ ကိုယ်တော်သည်၊သူတို့အတွက်ကျောက်ဆောင်ထဲမှ ရေစီး၍ထွက်စေတော်မူ၏။ ကျောက်ကိုကွဲအက်စေတော်မူသဖြင့် ရေသည်စီးထွက်၍လာ၏။
22 ၂၂ မတရား သောသူတို့ ၌ ချမ်းသာ မ ရှိဟု ထာဝရဘုရား မိန့် တော်မူ၏။
၂၂``သူယုတ်မာတို့သည်ငြိမ်းချမ်းစွာနေရ ကြလိမ့်မည် မဟုတ်'' ဟုထာဝရဘုရားမိန့်တော်မူပါ၏။