< ဟေရှာယ 44 >
1 ၁ ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
၁ထာဝရဘုရားက ``ငါ၏အစေခံဣသရေလအမျိုးသားတို့၊ ငါရွေးချယ်ထားသောလူမျိုးတော်၊ ယာကုပ်၏ သားမြေးတို့၊ယခုနားထောင်ကြလော့။
2 ၂ သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
၂ငါသည်သင်တို့ကိုဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်၏။ သင်တို့မွေးဖွားချိန်မှအစပြု၍ငါသည် သင်တို့အားကူမခဲ့လေပြီ။ မကြောက်ကြနှင့်၊ သင်တို့သည် ငါ၏အစေခံ၊ ငါချစ်မြတ်နိုး၍ရွေးချယ်ထားသည့် လူမျိုးတော်ဖြစ်ကြ၏။
3 ၃ အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
၃``ငါသည်ရေငတ်သည့်ပြည်တွင်မိုးရွာသွန်းစေမည်။ သဲကန္တာရတွင်စမ်းရေများပေါက်စေမည်။ သင်တို့၏သားသမီးများအပေါ်တွင်ငါ၏ တန်ခိုးတော်ကိုလည်းကောင်း၊ သင်တို့သားမြေးများအပေါ်တွင်ငါ၏ ကောင်းချီး မင်္ဂလာများကိုလည်းကောင်းသွန်းလောင်းမည်။
4 ၄ သူတို့သည်လည်း ရေ မြောင်း အနား မှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင် ထဲ တွင် ပေါက် ကြလိမ့်မည်။
၄သူတို့သည်ရေကောင်းစွာရသည့်မြက်များ ကဲ့သို့ ရေစီးသောချောင်းအနီးရှိမိုးမခပင်များကဲ့သို့ စိမ်းလန်းဝေဆာလျက်နေကြလိမ့်မည်။
5 ၅ တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
၅``လူတို့သည်တစ်ယောက်ပြီးတစ်ယောက် `ငါသည်ထာဝရဘုရား၏လူဖြစ်ပါသည်' ဟု ပြောဆိုကြလိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသားများနှင့် အတူ လာရောက်နေထိုင်ကြလိမ့်မည်။ သူတို့သည်ကိုယ်စီကိုယ်ငှလက်မောင်းတွင် ထာဝရဘုရား၏နာမတော်ကိုရေးမှတ်ကာ၊ မိမိတို့ကိုယ်ကိုထာဝရဘုရား၏လူမျိုး တော်ဟု မှည့်ခေါ်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
6 ၆ ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
၆ဣသရေလအမျိုးကိုအစိုးရ၍ကာကွယ် စောင့်ရှောက်တော်မူသောထာဝရဘုရား၊ အနန္တတန်ခိုးရှင်ထာဝရဘုရားက ``ငါသည်ကပ်ကာလအစမှအဆုံးတိုင် အောင် တည်နေတော်မူသောအရှင်၊ တစ်ဆူတည်းသောဘုရားသခင်ဖြစ်တော် မူ၏။ ငါမှတစ်ပါးအခြားအဘယ်ဘုရားမျှမရှိ။
7 ၇ ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
၇ငါပြုခဲ့သည့်အမှုတို့ကိုပြုနိုင်၍ကပ် ကာလအစမှ အဆုံးတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာ မှန်သမျှကို ပြတ်သားစွာကြိုတင်ဖော်ပြနိုင်သူတစ်စုံ တစ်ယောက် ရှိပါသလော'' ဟုမိန့်တော်မူ၏။
8 ၈ မ စိုးရိမ် ကြနှင့်။ မ ကြောက် ကြနှင့်။ အထက် က ငါဟော ပြောပြသသည်မ ဟုတ်လော။ သင် တို့သည် ငါ ၏ သက်သေ ဖြစ်ကြ၏။ ငါ မှတပါး အခြားသော ဘုရား သခင်ရှိ သလော။ ငါမှတပါး အခြားသော မူလအမြစ်မ ရှိ။ တစုံတဦးကိုမျှငါမ သိ။
၈အို ငါ၏လူမျိုးတော်၊ မကြောက်ကြနှင့်၊ ငါသည်ရှေးပဝေသဏီကာလမှစ၍ ယခုတိုင်အောင်ဖြစ်ပျက်မည့်အမှုအရာမှန် သမျှကို ကြိုတင်ကြေညာခဲ့သည်ကိုသင်တို့သိကြ၏။ သင်တို့သည်ငါ၏အသိသက်သေများဖြစ် ကြပါသည်တကား။ ငါမှတစ်ပါးအခြားအဘယ်ဘုရားရှိပါ သနည်း။ အဘယ်အခါ၌မျှငါမကြားဘူးသည့် တန်ခိုးတော်ရှင်ဘုရားသခင်ရှိပါသလော။
9 ၉ ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
၉ရုပ်တုဆင်းတုပြုလုပ်သူအပေါင်းတို့သည် တန်ဖိုးမဲ့သူများဖြစ်၍ သူတို့အမြတ်တနိုး ထားသည့်ဘုရားများသည်လည်းအသုံးမဝင် ကြ။ ထိုဘုရားများကိုကိုးကွယ်ဝတ်ပြုကြ သောသူတို့သည်မျက်စိကန်းသူများ၊ အသိ ပညာကင်းမဲ့သူများဖြစ်၏။ သူတို့သည် အသရေပျက်ကြလိမ့်မည်။-
10 ၁၀ ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။
၁၀ဘုရားအဖြစ်ဝတ်ပြုကိုးကွယ်ရန်အတွက် ရုပ်တုကိုသွန်းလုပ်မှုသည်အကျိုးမရှိ ပါတကား။-
11 ၁၁ ထိုသူ ၏အပေါင်း အဘော်ရှိသမျှ တို့သည် ရှက် ကြလိမ့်မည်။ လုပ် သောသူတို့သည် လူ သက်သက် ဖြစ် ကြ၏။ ရှိသမျှ တို့သည် စုဝေး ၍ ထ ကြစေ။ တပြိုင်နက် ထိတ်လန့် ရှက် ကြောက်ကြလိမ့်မည်။
၁၁ထိုရုပ်တုကိုဝတ်ပြုကိုးကွယ်သူမှန်သမျှ သည် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ ရုပ်တုဆင်း တုများကိုသွန်းလုပ်သူတို့သည် သာမန်လူ သားများသာလျှင်ဖြစ်ပေသည်။ သူတို့သည် ငါ၏ရှေ့တော်သို့လာရောက်၍အစစ်အဆေး ခံကြပါလေစေ။ သူတို့သည်ထိတ်လန့် တုန်လှုပ်ကာအရှက်ကွဲရကြလိမ့်မည်။
12 ၁၂ ပန်းပဲ သမားသည် ပုဆိန် ကိုလုပ် ခြင်းငှါမီးခဲ ၌ ဖုတ်၍ ၊ လက်ရုံး အား ထုတ်လျက် သံ တူနှင့် ထု တတ်၏။ အကယ်၍ မွတ်သိပ် သောအခါ အား လျော့ တတ်၏။ ရေ မ သောက် ရသောအခါ မော တတ်၏။
၁၂ပန်းပဲသမားသည်သံကိုယူပြီးလျှင်မီးတွင် ဖုတ်၏။ ထိုနောက်မိမိ၏သန်မာသောလက်ရုံး ကိုလွှဲ၍သံတူနှင့်ထုကာပုံဖော်ပေး၏။ သူ သည်အစာရေစာမွတ်သိပ်၍မောပန်းတတ် သူဖြစ်၏။
13 ၁၃ လက်သမား သည် မျဉ်း ချ လျက် စူး နှင့် မှတ်သား ၍၊ လက်သမား တန်ဆာနှင့် လုပ် ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါကွန်ပါ နှင့် ရေးသား ၍ ၊ လူ အသရေ ပါ အောင် လူ ပုံ သဏ္ဌာန်နှင့်အညီ ထု လုပ်တတ်၏။
၁၃ပန်းပုသမားသည်သစ်သားကိုတိုင်းတာပြီး လျှင် ရုပ်ပုံတစ်ခုကိုမြေဖြူနှင့်ရေးဆွဲ၍ မိမိ ၏တန်ဆာပလာများဖြင့်ထုလုပ်တတ်၏။ သူ သည်ဝတ်ပြုကိုးကွယ်ရာဌာနတွင်ထားရှိ ရန်အတွက် လှပသောလူရုပ်တစ်ခုကိုထု လုပ်လေသည်။-
14 ၁၄ ကိုယ် အဘို့ အလိုငှါ အာရဇ် ပင်တို့ကို ခုတ် ၍ ကုပရု ပင်၊ သပိတ် ပင်တို့ကို ရွေး ယူသဖြင့် ၊ တော ပင် အမျိုးမျိုး တို့ကို ဆည်းဖူး တတ်၏။ အာရဇ် ပင်ကိုစိုက် ၍ မိုဃ်းရေ လည်း မွေး တတ်၏။
၁၄သူသည်မိမိအသုံးပြုရန်အာရဇ်ပင်(သစ်ကတိုး) ကိုခုတ်လှဲရ၏။ တောမှဝက်သစ်ချသား၊ သို့မ ဟုတ်ထင်းရှူးသားကိုရွေးချယ်ရာ၏။ ထိုသို့ မဟုတ်သေးလျှင်လည်းသပိတ်ပင်ကိုစိုက်ပျိုး ကာအပင်ပေါက်၍ရင့်သန်လာစေရန်မိုး ကိုစောင့်မျှော်တတ်၏။-
15 ၁၅ လူ သုံးရန် ထင်းဖြစ် ၏။ လူလည်း ယူ ၍ မီးလှုံ တတ်၏။ တဖန် မီးမွှေး ၍ မုန့် ကို ပေါင်း တတ်၏။ တဖန် ဘုရား ကိုလုပ် ၍ ကိုးကွယ် တတ်၏။ ရုပ်တု ကို ထုလုပ် ၍ ရုပ်တု ရှေ့မှာ ပြပ်ဝပ် တတ်၏။
၁၅လူသည်သစ်ပင်တစ်ပိုင်းကိုထင်းအဖြစ်ဖြင့် လည်းကောင်း၊ အခြားတစ်ပိုင်းကိုရုပ်တုထု လုပ်ရန်လည်းကောင်းအသုံးပြုတတ်၏။ သစ် ပင်တစ်ပိုင်းဖြင့်မီးလှုံရန်နှင့်မုန့်ဖုတ်ရန်မီး ကိုမွှေး၍အခြားတစ်ပိုင်းဖြင့် နတ်ဘုရား ရုပ်တုလုပ်ကာဝတ်ပြုကိုးကွယ်တတ်လေ သည်။-
16 ၁၆ ထိုသစ်သား တပိုင်း နှင့် မီးမွေး တတ်၏။ တပိုင်း နှင့် အမဲသား ကိုချက် ၍ စား တတ်၏။ ဖုတ်ကင်ပြီးမှဝ စွာ စား တတ်၏။ တဖန် မီးလှုံ ၍ အယ် ၊ ငါနွေး ပြီ။ မီး ကို တွေ့ ပြီဟု ဆို တတ်၏။
၁၆သူသည်သစ်သားအချို့ဖြင့်မီးကိုမွှေးပြီး လျှင် အမဲသားကိုကင်၍စားကာရောင့်ရဲ လျက်နေတတ်၏။ သူသည်မီးလှုံလျက်နေ ရင်း``ယခုငါသည်ပူနွေး၍လာလေပြီ။ ဤမီးသည်အလွန်နှစ်သက်ဖွယ်ကောင်း ပါသည်တကား'' ဟုဆိုတတ်၏။-
17 ၁၇ ကျန် သောအပိုင်းကိုလည်း ယူ၍ ရုပ်တု တည်း ဟူသောဘုရား ကို လုပ် တတ်၏။ ထိုရုပ်တု ရှေ့ မှာ ပြပ်ဝပ် ၍ ကိုးကွယ် တတ်၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ဟူ၍ဆုတောင်း တတ်၏။
၁၇ထိုနောက်သူသည်အခြားကျန်ရှိသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုထုလုပ်ပြီးလျှင် ဦးချဝတ်ပြု၍ ထိုရုပ်တုအား``အရှင်သည် ကျွန်တော်မျိုး၏ဘုရားဖြစ်တော်မူပါ၏။ ကျွန်တော်မျိုးအားကယ်မတော်မူပါ'' ဟု ဆုတောင်းပတ္ထနာပြုတတ်၏။
18 ၁၈ ထိုသို့သောသူသည်ပညာ မ ရှိ။ ဉာဏ် မ ရှိ။ မမြင် နိုင်အောင် မျက်စိ ကို၎င်း၊ နား မလည်နိုင်အောင် စိတ် နှလုံးကို၎င်းပိတ် ၏။
၁၈ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
19 ၁၉ ငါသည် တပိုင်း နှင့် မီး မွေးပြီး။ မုန့် ကိုလည်း ထိုမီးခဲ ပေါ် မှာ ဖုတ် လေပြီ။ အမဲသား ကိုလည်း ကင် ၍ စား လေပြီ။ ကြွင်း သော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ် စေရမည်လော။ သစ်သား ရှေ့ မှာ ငါပြပ်ဝပ် ရမည် လောဟု စိတ် နှလုံးထဲမှာ အောက်မေ့ ဆင်ခြင်နိုင်သော ဉာဏ် ပညာ အလျှင်းမ ရှိပါတကား။
၁၉``ငါသည်သစ်သားအချို့ကိုမီးဆိုက်လိုက် ၏။ မီးကျီးခဲများဖြင့်မုန့်ကိုဖုတ်ကာအမဲ သားကိုကင်၍စား၏။ ကျန်ရှိနေသောသစ် သားဖြင့်ရုပ်တုတစ်ခုကိုပြုလုပ်၏။ ယခု ငါသည်ထိုသစ်သားတုံး၏ရှေ့၌ဦးညွှတ် ပြပ်ဝပ်လျက်နေပါသည်တကား'' ဟုပြော ဆိုနိုင်လောက်အောင်ရုပ်တုထုလုပ်သူတွင် အသိအလိမ္မာဉာဏ်အမြော်အမြင်မရှိ။
20 ၂၀ သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
၂၀သူပြုသောအမှုသည်မီးဖိုပြာကိုစားသ ကဲ့သို့ အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့ပေ၏။ မိမိ ၏မိုက်မှားသောအတွေးအခေါ်များက သူ့ကိုလမ်းလွဲ၍နေစေ၏။ သို့ဖြစ်၍သူ့ အားကူညီပြုစုပေးရန်ပင်မဖြစ်နိုင် တော့ပေ။ သူသည်မိမိလက်တွင်ကိုင်ထား သည့်ရုပ်တုမှာဘုရားလုံးဝမဟုတ် ကြောင်းကိုမသိ။
21 ၂၁ အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။
၂၁ထာဝရဘုရားက ``အို ဣသရေလအမျိုးသားတို့၊ ဤအကြောင်းအရာများကို အောက်မေ့သတိရကြလော့။ သင်တို့သည်ငါ၏အစေခံများဖြစ်သည် ကို အောက်မေ့သတိရကြလော့။ သင်တို့အားငါ့၏အစေခံများအဖြစ်ဖြင့် ငါဖန်ဆင်းခဲ့၏။ သို့ဖြစ်၍ငါသည်သင်တို့ကို အဘယ်အခါ၌မျှမေ့လျော့လိမ့်မည်မဟုတ်။
22 ၂၂ သင် ၏ဒုစရိုက် တို့ကို တိမ် တိုက်ကဲ့သို့ ၎င်း၊ သင် ၏ အပြစ် တို့ကို တိမ် လွှာကဲ့သို့ ၎င်း ငါချေ ပြီ။ ငါ့ ထံသို့ ပြန်လာ လော့။ သင့် ကိုငါ ရွေးနှုတ် ပြီ။
၂၂ငါသည်သင်တို့၏အပြစ်များကို မိုးတိမ်သဖွယ် လွင့်စင်သွားစေပြီ။ ငါ့ထံသို့ပြန်လာကြလော့။ သင်တို့ကို ကယ်တင်သူကားငါပင်ဖြစ်၏။''
23 ၂၃ အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
၂၃အချင်းမိုးကောင်းကင်၊ ဝမ်းမြောက်ရွှင်လန်း စွာ ကြွေးကြော်ကြလော့။ ကမ္ဘာမြေကြီးရှိနက်ရှိုင်းရာအရပ်တို့၊ ကြွေးကြော်ကြလော့။ တောင်များနှင့်တောမှသစ်ပင်အပေါင်းတို့၊ ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော်ကြလော့။ ထာဝရဘုရားသည်မိမိ၏လူမျိုးတော် ဣသရေလအမျိုးသားတို့အားကယ်တော် မူ၍၊ မိမိ၏ ဘုန်းအာနုဘော်တော်ကိုပြတော်မူပြီ။
24 ၂၄ သင့် ကို ရွေးနှုတ် တော်မူ၍၊ ဘွားစကပင် သင့် ကို ပြုပြင် တော်မူသောထာဝရဘုရား မိန့် တော်မူသည်ကား ၊ မိုဃ်းကောင်းကင် ကို ငါ တပါး တည်း ကြက် လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်း လျက်၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်း သော ထာဝရဘုရား ဖြစ်၏။
၂၄``ငါသည်သင်တို့ကို ဖန်ဆင်းတော်မူသောအရှင်ကယ်တင်ရှင်၊ ထာဝရဘုရားဖြစ်တော်မူ၏။ ငါသည်ခပ်သိမ်းသောအရာတို့ကိုဖန်ဆင်းသည့် ထာဝရဘုရားတည်း။ မိုးကောင်းကင်ကိုငါတစ်ပါးတည်းဖြန့်ကြက်ခဲ့၏။ ကမ္ဘာမြေကြီးကိုငါဖန်ဆင်းသောအခါ အဘယ်သူမျှငါ့အားမကူညီခဲ့ကြ။
25 ၂၅ ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
၂၅ငါသည်ဗေဒင်ဆရာတို့ကိုအရူးဖြစ်စေ၍ နက္ခတ်ဆရာတို့၏ဟောကြားချက်များကို ပျက်ပြားစေ၏။ ပညာရှိတို့၏စကားများကိုချေပ၍သူတို့ ပညာရှိမှုသည်မိုက်မဲမှုဖြစ်နေပုံကိုပြသ ပေး၏။
26 ၂၆ ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
၂၆သို့ရာတွင်ကြိုတင်ဟောကြားမှုတစ်စုံတစ်ရာကို ငါ၏အစေခံပြုသောအခါ၌လည်းကောင်း၊ ငါ၏အကြံအစည်တော်များကိုဖော်ပြရန် တမန်တော်တစ်ဦးဦးကိုငါစေလွှတ် သောအခါ၌လည်းကောင်း၊ ငါသည်ထိုအကြံအစည်များနှင့် ကြိုတင်ဟောကြားမှုတို့ကိုအကောင်အထည် ပေါ်စေပါ၏။ ယေရုရှလင်မြို့တွင်လူတို့တစ်ဖန်ပြန်၍ နေထိုင်ကြလိမ့်မည်။ ယုဒမြို့များကိုပြန်လည်ထူထောင်ကြလိမ့် မည်ဟူ၍ ထိုမြို့အသီးသီးတို့အားငါပြောကြားပါ၏။ ထိုမြို့တို့သည်ပြိုပျက်ရာမှပြန်လည်စည်ကား တိုးတက်၍လာလိမ့်မည်။
27 ၂၇ ပင်လယ် ကိုလည်း ရေ ကုန်စေ။ သင် ၏ မြစ် အပေါင်းကို ငါခန်း ခြောက်စေမည်ဟူ၍၎င်း၊
၂၇ငါသည်အမိန့်ပေး၍သမုဒ္ဒရာကိုခန်းခြောက် စေ၏။
28 ၂၈ ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။
၂၈ကုရုဘုရင်အားလည်း`သင်သည်ငါ၏ကိုယ် စား အုပ်စိုးရမည့်သူဖြစ်၏။ သင်သည်ငါအလိုရှိသည့်အမှုတို့ကိုပြုရမည်။ ယေရုရှလင်မြို့ကိုပြန်လည်တည်ထောင်ရန်နှင့် ဗိမာန်တော်အုတ်မြစ်များကိုချရန် အမိန့်ပေးရမည်ဟုငါဆို၏' '' ဟူ၍ မိန့်တော်မူ၏။