< ဟေရှာယ 44 >

1 ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
But now listen, Jacob, my servant, Israel, the one I've chosen.
2 သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
This is what the Lord says, the one who made you, who formed you in the womb, and who will help you: Don't be afraid, Jacob, my servant, Jeshurun, the one I've chosen.
3 အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
For I'm going to pour out water on the thirsty land, and streams on the dry ground. I'm going to pour out my Spirit on your descendants, and my blessing on your children.
4 သူတို့သည်လည်း ရေ မြောင်း အနား မှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင် ထဲ တွင် ပေါက် ကြလိမ့်မည်။
They will grow up among the grass, like willows beside streams.
5 တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
One of them will say, “I belong to the Lord,” while another will call himself by the name Jacob, and yet another will write on his hand, “Belonging to the Lord,” and will name himself Israel.
6 ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
This is what the Lord says, the King and Redeemer of Israel, the Lord Almighty: I am the first and I am the last, and there is no God besides me.
7 ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
Who is like me? Let them announce it, make a declaration, and demonstrate it before me. For I was the one who long ago established a people and predicted its future. Let them predict what's going to happen.
8 မ စိုးရိမ် ကြနှင့်။ မ ကြောက် ကြနှင့်။ အထက် က ငါဟော ပြောပြသသည်မ ဟုတ်လော။ သင် တို့သည် ငါ ၏ သက်သေ ဖြစ်ကြ၏။ ငါ မှတပါး အခြားသော ဘုရား သခင်ရှိ သလော။ ငါမှတပါး အခြားသော မူလအမြစ်မ ရှိ။ တစုံတဦးကိုမျှငါမ သိ။
Don't tremble, don't be afraid! Didn't I tell you long ago what I was going to do? Didn't I explain it? You are my witnesses. Is there any God besides me? There is no other Rock—I don't know any!
9 ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
All those who make idols are stupid; these things they love so much don't bring them any benefit. Those people who believe in idols can't see this, and they don't know anything, making them look foolish.
10 ၁၀ ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။
Who makes a god, who molds an idol that's no use to them?
11 ၁၁ ထိုသူ ၏အပေါင်း အဘော်ရှိသမျှ တို့သည် ရှက် ကြလိမ့်မည်။ လုပ် သောသူတို့သည် လူ သက်သက် ဖြစ် ကြ၏။ ရှိသမျှ တို့သည် စုဝေး ၍ ထ ကြစေ။ တပြိုင်နက် ထိတ်လန့် ရှက် ကြောက်ကြလိမ့်မည်။
Everyone who makes idols should be ashamed of themselves. Idol-makers are just human beings! Bring them all together and have them stand up, trembling in shame.
12 ၁၂ ပန်းပဲ သမားသည် ပုဆိန် ကိုလုပ် ခြင်းငှါမီးခဲ ၌ ဖုတ်၍ ၊ လက်ရုံး အား ထုတ်လျက် သံ တူနှင့် ထု တတ်၏။ အကယ်၍ မွတ်သိပ် သောအခါ အား လျော့ တတ်၏။ ရေ မ သောက် ရသောအခါ မော တတ်၏။
The blacksmith makes an iron tool for woodcarving. Working over hot coals, he hammers it into shape as hard as he can. He gets hungry and loses his strength, and because he doesn't drink he grows weak.
13 ၁၃ လက်သမား သည် မျဉ်း ချ လျက် စူး နှင့် မှတ်သား ၍၊ လက်သမား တန်ဆာနှင့် လုပ် ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါကွန်ပါ နှင့် ရေးသား ၍ ၊ လူ အသရေ ပါ အောင် လူ ပုံ သဏ္ဌာန်နှင့်အညီ ထု လုပ်တတ်၏။
The woodworker measures out a piece of wood, and draws an image on it. He carves it with a chisel and uses a compass to make an outline. He creates an idol that looks like a person, someone beautiful, to be put in a shrine.
14 ၁၄ ကိုယ် အဘို့ အလိုငှါ အာရဇ် ပင်တို့ကို ခုတ် ၍ ကုပရု ပင်၊ သပိတ် ပင်တို့ကို ရွေး ယူသဖြင့် ၊ တော ပင် အမျိုးမျိုး တို့ကို ဆည်းဖူး တတ်၏။ အာရဇ် ပင်ကိုစိုက် ၍ မိုဃ်းရေ လည်း မွေး တတ်၏။
He chops down cedars, or takes a cypress or an oak. He lets them grow strong in the forest. He plants a fir tree, and the rain makes it grow.
15 ၁၅ လူ သုံးရန် ထင်းဖြစ် ၏။ လူလည်း ယူ ၍ မီးလှုံ တတ်၏။ တဖန် မီးမွှေး ၍ မုန့် ကို ပေါင်း တတ်၏။ တဖန် ဘုရား ကိုလုပ် ၍ ကိုးကွယ် တတ်၏။ ရုပ်တု ကို ထုလုပ် ၍ ရုပ်တု ရှေ့မှာ ပြပ်ဝပ် တတ်၏။
Some wood he burns, to keep him warm and to bake his bread. Then he uses some of the same wood to make a god to worship, an idol he bows down to!
16 ၁၆ ထိုသစ်သား တပိုင်း နှင့် မီးမွေး တတ်၏။ တပိုင်း နှင့် အမဲသား ကိုချက် ၍ စား တတ်၏။ ဖုတ်ကင်ပြီးမှဝ စွာ စား တတ်၏။ တဖန် မီးလှုံ ၍ အယ် ၊ ငါနွေး ပြီ။ မီး ကို တွေ့ ပြီဟု ဆို တတ်၏။
So he burns part of the wood to roast his meat to eat, and to warm him up, and says, “Ah! Look at that fire that keeps me warm!”
17 ၁၇ ကျန် သောအပိုင်းကိုလည်း ယူ၍ ရုပ်တု တည်း ဟူသောဘုရား ကို လုပ် တတ်၏။ ထိုရုပ်တု ရှေ့ မှာ ပြပ်ဝပ် ၍ ကိုးကွယ် တတ်၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ဟူ၍ဆုတောင်း တတ်၏။
Then he uses the rest of the wood to make himself a god, an idol he bows down to in worship and prays to, saying, “Save me, for you are my god!”
18 ၁၈ ထိုသို့သောသူသည်ပညာ မ ရှိ။ ဉာဏ် မ ရှိ။ မမြင် နိုင်အောင် မျက်စိ ကို၎င်း၊ နား မလည်နိုင်အောင် စိတ် နှလုံးကို၎င်းပိတ် ၏။
How ignorant they are, how dumb! Their eyes have been plastered over so they can't see, their minds closed so they don't have insight.
19 ၁၉ ငါသည် တပိုင်း နှင့် မီး မွေးပြီး။ မုန့် ကိုလည်း ထိုမီးခဲ ပေါ် မှာ ဖုတ် လေပြီ။ အမဲသား ကိုလည်း ကင် ၍ စား လေပြီ။ ကြွင်း သော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ် စေရမည်လော။ သစ်သား ရှေ့ မှာ ငါပြပ်ဝပ် ရမည် လောဟု စိတ် နှလုံးထဲမှာ အောက်မေ့ ဆင်ခြင်နိုင်သော ဉာဏ် ပညာ အလျှင်းမ ရှိပါတကား။
They can't think things over, they don't have the wisdom or the understanding to say, “Some of the wood I burned in the fire—I used it to bake my bread and roast my meat to eat. The rest of it I used to make a disgusting idol, and I bow down in worship to a block of wood.”
20 ၂၀ သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
He is feeding on ashes, seduced by the deceptive thinking of his mind. He can't save himself, and he doesn't even ask, “Isn't this idol I'm holding just a lie?”
21 ၂၁ အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။
“Remember all this, Jacob and Israel, for you are my servant. I made you, Israel, you are my servant. I won't forget you.
22 ၂၂ သင် ၏ဒုစရိုက် တို့ကို တိမ် တိုက်ကဲ့သို့ ၎င်း၊ သင် ၏ အပြစ် တို့ကို တိမ် လွှာကဲ့သို့ ၎င်း ငါချေ ပြီ။ ငါ့ ထံသို့ ပြန်လာ လော့။ သင့် ကိုငါ ရွေးနှုတ် ပြီ။
I have wiped away your acts of rebellion as if they were like a cloud, your sins as if they were like the mist. Come back to me, for I have set you free.”
23 ၂၃ အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
Sing in celebration, you heavens, for the Lord has done this; cry out loud, you depths of the earth. Shout with joy, you mountains, you forests and every tree. For the Lord has set Jacob free, and his glory is shown in Israel!
24 ၂၄ သင့် ကို ရွေးနှုတ် တော်မူ၍၊ ဘွားစကပင် သင့် ကို ပြုပြင် တော်မူသောထာဝရဘုရား မိန့် တော်မူသည်ကား ၊ မိုဃ်းကောင်းကင် ကို ငါ တပါး တည်း ကြက် လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်း လျက်၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်း သော ထာဝရဘုရား ဖြစ်၏။
This is what the Lord says, your Redeemer, who shaped you in the womb: “I am the Lord, the Creator of everything. I alone made the heavens, and I myself formed the earth.
25 ၂၅ ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
I am the one who proves the signs of false prophets are wrong. I am the one who makes fools of fortune-tellers. I turn the wisdom of the wise upside-down, and make their knowledge ridiculous.
26 ၂၆ ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
But I confirm the messages given by my servants, and fulfill what my messengers say. They state, ‘Jerusalem will be inhabited again, the towns of Judah will be rebuilt, your ruins will be repaired.’
27 ၂၇ ပင်လယ် ကိုလည်း ရေ ကုန်စေ။ သင် ၏ မြစ် အပေါင်းကို ငါခန်း ခြောက်စေမည်ဟူ၍၎င်း၊
When I order deep waters, ‘Dry up!’ I will make sure the rivers dry up!
28 ၂၈ ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။
When I say to Cyrus, ‘You are my shepherd,’ he will carry out everything I wish. He will give the order, ‘Jerusalem shall be rebuilt,’ and he will say, ‘the Temple shall be restored.’”

< ဟေရှာယ 44 >