< ဟေရှာယ 42 >

1 ငါထောက်မ သော ငါ့ ကျွန် ရင်း၊ ငါ နှစ်သက် မြတ်နိုးရာ ငါ ရွေးချယ် သောသူ ကို ကြည့်ရှု လော့။ ထိုသူ ၏အပေါ် ၌ ငါ့ ဝိညာဉ် ကို ငါတည် စေမည်။ သူသည် လူ အမျိုးမျိုးတို့ကို တရား ပေး လိမ့်မည်။
Behold my servant, I will uphold him, my elect, with him my soul is well-pleased. I have sent my Spirit upon him. He will offer judgment to the nations.
2 အော်ဟစ် ခြင်း၊ ကြွေးကြော် ခြင်းကို မ ပြုမူ၍ ၊ လမ်း ခရီး၌ သူ ၏အသံ ကို အဘယ်သူမျှမ ကြား စေရ။
He will not cry out, and he will not show favoritism to anyone; neither will his voice be heard abroad.
3 နင်းနယ် လျက်ရှိသောကျူပင် ကို မ ချိုး။ အတောက် သေးသော မီးစာ ကို မ သတ်။ တရား သည် မြဲမြံ ခြင်းသို့ ရောက်မည်အကြောင်းစီရင် လိမ့်မည်။
The bruised reed he will not break, and the smoldering wick he will not extinguish. He will lead forth judgment unto truth.
4 မြေကြီး ပေါ် မှာ တရား တော်ကို မ တည် စေမှီတွင် အား မ လျော့၊ စိတ် လည်း မ ပျက်ရ။ သူ ၏တရား ကိုလည်း ၊ တကျွန်း တနိုင်ငံသားတို့သည် မြော်လင့် ကြလိမ့်မည်။
He will not be saddened or troubled, until he establishes judgment on earth. And the islands will await his law.
5 မိုဃ်းကောင်းကင် ကို ဖန်ဆင်း ၍ ကြက် တော်မူထသော၊ မြေကြီး နှင့် မြေကြီး ထဲက ဖြစ်သမျှတို့ကို ခင်းကျင်း တော်မူထသော၊ မြေကြီး ပေါ် မှာ ရှိသောသူ တို့ အား အသက် ကို၎င်း၊ မြေကြီး ကို ကျော် နင်းသောသူတို့ အား ဝိညာဉ် ကို၎င်းပေး တော်မူသောဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား၊
Thus says the Lord God, who created the heavens and expanded it, who formed the earth and all that springs from it, who gives breath to the people in it, and spirit to those walking on it.
6 ငါ ထာဝရဘုရား သည် သင့် ကို တရား သဖြင့် ခေါ် ထားသည်ဖြစ်၍၊ လက် ဆွဲ လျက် ထောက်မ မည်။
I, the Lord, have called you in justice, and I have taken your hand and preserved you. And I have presented you as a covenant of the people, as a light to the Gentiles,
7 သင်သည် ကန်း သောမျက်စိ တို့ကိုဖွင့် စိမ့်သောငှါ ၎င်း၊ ချုပ် ထားသောသူတို့ကို လွှတ် စိမ့်သောငှါ ၎င်း၊ မှောင်မိုက် ၌နေ သောသူတို့ကို အမိုက်ထောင် ထဲက နှုတ်ယူစိမ့်သောငှါ၎င်း၊ သင့်ကို လူ များနှင့်ပဋိညာဉ်ဖွဲ့စရာ ဘို့ ၊ လူ အမျိုးမျိုးလင်းစရာ ဘို့ ခန့် ထားမည်။
so that you may open the eyes of the blind, and lead out the prisoner from confinement and those sitting in darkness from the house of incarceration.
8 ငါ သည် ထာဝရဘုရား ဖြစ်၏။ ထို နာမသည် ငါ့ နာမ ဖြစ်၏။ ငါ့ ဘုန်း ကို အခြား သောသူအား ၎င်း၊ ငါ့ အသရေ ကို ရုပ်တု ဆင်းတုတို့အား ၎င်း ငါမ ပေး။
I am the Lord; this is my name. I will not give my glory to another, nor my praise to graven things.
9 အရင် ဟောသော အရာတို့သည် ဖြစ် ကြပြီ။ အသစ် သော အရာတို့ကို ယခု ငါ ဟော ၏။ မ ပေါ် လာမှီ သင် တို့အား ငါပြ နှင့်၏။
The things that were first, behold, they have arrived. And I also announce what is new. Before these things arise, I will cause you to hear about them.
10 ၁၀ ပင်လယ် ကို ကူး သော သူမှစ၍၊ ပင်လယ် ၌ ရှိသမျှ တို့နှင့်တကွ၊ တကျွန်း တနိုင်ငံအရပ်များ၊ ထို အရပ်၌ နေ သောသူများတို့၊ ထာဝရဘုရား အား အသစ် သော သီချင်း ကိုဆို ကြလော့။ မြေကြီး စွန်း တို့မှ ဂုဏ်တော်ကို ချီးမွမ်း ကြလော့။
Sing to the Lord a new canticle, sing his praise from the ends of the earth, you who descend into the sea and all its fullness, the islands and their inhabitants.
11 ၁၁ တော နှင့်တကွ တော၌ရှိသောမြို့ ရွာ၊ ကေဒါ အရပ်သား တို့သည် ကြွေးကြော် ကြစေ။ ကျောက် ၌ နေ သောသူတို့ သည် သီချင်းဆိုကြစေ။ တောင် ထိပ် ပေါ် က ကြွေးကြော် ကြစေ။
Let the desert and its cities be lifted up. Kedar will dwell in houses. O inhabitants of the rock, give praise! They will cry out from the top of the mountains.
12 ၁၂ ထာဝရဘုရား ကို ချီးမြှောက် ၍ ၊ တကျွန်း တနိုင်ငံအရပ်တို့၌ ဂုဏ် တော်ကို ထင်ရှား စွာ ချီးမွမ်းကြစေ။
They will give glory to the Lord, and they will announce his praise to the islands.
13 ၁၃ ထာဝရဘုရား သည် သူရဲ ကဲ့သို့ ထွက်ကြွ၍၊ စစ် သူရဲ ကဲ့သို့ ကိုယ်စိတ် ကို ကိုယ်နှိုးဆော် တော်မူလိမ့်မည်။ အော်ဟစ် ကြွေးကြော် ၍ ရန်သူ တို့တစ်ဘက် ၌ အားထုတ် တော်မူလိမ့်မည်။
The Lord will go forth like a strong man; like a man of battle, he will stir up zeal. He will shout and cry out. He will prevail against his enemies.
14 ၁၄ ငါသည် ကြာမြင့် စွာ တိတ်ဆိတ် လျက်နေပြီ။ ထိုသို့နေ၍ အောင့် ရဦးမည်လော။ သားဘွား ခြင်းဝေဒနာ ကို ခံရသောမိန်းမကဲ့သို့ ငါအော်ဟစ် မည်။ ပင့်သက်ရှု၍ ချက်ခြင်းဖျက်ဆီး မည်။
I have always been quiet; I have been silent; I have been patient. I will speak like a woman giving birth. I will destroy and consume, all at once.
15 ၁၅ တောင် ကြီးတောင် ငယ်များကို သွေ့ ခြောက်စေမည်။ သူ တို့အပင် ရှိသမျှ တို့ကိုလည်း ညှိုးနွမ်း စေမည်။ မြစ် များကို ကုန်း ဖြစ် စေမည်။ ရေကန် များကို ခန်းခြောက် စေမည်။
I will desolate the mountains and the hills, and I will wither all their grass. And I will turn rivers into islands, and I will dry up the pools of water.
16 ၁၆ မျက်စိကန်း သောသူတို့ ကို မိမိတို့မ သိ သော လမ်း ဖြင့် ငါဆောင် မည်။ မိမိတို့ မ ကျွမ်း သော ခရီး ၌ သွား စေမည်။ သူ တို့ရှေ့ မှာ မှောင်မိုက် ကို လင်း စေ မည်။ ကောက်သော လမ်း ကိုလည်း ဖြောင့် စေမည်။ ထို သို့သော ကျေးဇူး ကို ပြု မည်။ သူ တို့ကို မ စွန့်ပစ်။
And I will lead the blind along a way which they do not know. And I will cause them to walk along paths with which they were unfamiliar. I will turn darkness into light before them, and crooked into straight. These things I have done for them. For I have not abandoned them.
17 ၁၇ ရုပ်တု ဆင်းတုကို ခိုလှုံ ၍၊ ကိုယ်တော် သည် အကျွန်ုပ် တို့၏ ဘုရား ဖြစ်တော်မူ၏ဟု သွန်းသော ရုပ်တု တို့အား ဆို သောသူတို့ သည် လှန် ခြင်းကို ခံရ၍၊ အလွန် အရှက်ကွဲ ခြင်းသို့ ရောက်ကြလိမ့်မည်။
They have been converted again. Let those who trust in graven idols be greatly confounded, for they say to a molten thing, “You are our god.”
18 ၁၈ နားပင်း သောသူတို့၊ ကြား ကြလော့။ မျက်စိကန်း သောသူတို့၊ သင်တို့သည် မြင် ရအံ့သောငှါ ကြည့်ရှု ကြလော့။
You who are deaf, hear! You who are blind, turn your gaze and see!
19 ၁၉ ငါ့ ကျွန် မှတပါး အဘယ်သူ ကန်း သနည်း။ ငါစေလွှတ် သော တမန် ကဲ့သို့ အဘယ်သူသည် နားပင်း သနည်း။ ငါ့မိတ်ဆွေ ကဲ့သို့ အဘယ်သူ ကန်း သနည်း။ ထာဝရဘုရား ၏ ကျွန် ကဲ့သို့ အဘယ်သူကန်း သနည်း။
Who is blind, except my servant? Who is deaf, except the one to whom I have sent my messengers? Who is blind, except the one who has been sold? And who is blind, except the servant of the Lord?
20 ၂၀ သင်သည် များ စွာမြင် သော်လည်း အာရုံ မ ပြု တတ်။ နား ပွင့် လျက်ရှိသော်လည်း မ ကြား တတ်။
You who see many things, will you not keep them? You who have open ears, will you not listen?
21 ၂၁ ထာဝရဘုရား သည် မိမိ ဖြောင့်မတ် ခြင်းကြောင့် အားရ နှစ်သက်သဖြင့်၊ တရား တော်ကို ချီးမြှောက် ၍ ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူမည်။
And the Lord was willing to sanctify him, and to magnify the law, and to exalt him.
22 ၂၂ ဤ လူမျိုး သည် လုယူ ဖျက်ဆီး ခြင်းကို ခံရသောအမျိုးဖြစ်၏။ ရှိသမျှ တို့သည် တွင်း ၌ အချုပ် ခံရ၍၊ ထောင် ထဲမှာ ပုန်း ကွယ်လျက်နေကြ၏။ ဖျက်ဆီး ရာဖြစ် သောအခါ ၊ အဘယ်သူမျှမ နှုတ် မယူ။ လုယူ ရာဖြစ်သောအခါ ၊ ပြန် ပေးလော့ဟု အဘယ်သူမျှမ ဆို။
But this same people has robbed and laid waste. All their youth are a snare, and they have been hidden in houses of confinement. They have become victims; there is no one who may rescue them. They have been plundered; there is no one who may say, “Restore.”
23 ၂၃ သင် တို့တွင် အဘယ်သူ သည် ဤ စကားကို နားထောင် မည်နည်း။ နောင် ကာလဘို့ အဘယ်သူကြား ၍ မှတ် မည်နည်း။
Who is there among you who will hear this, who will listen closely and heed this in the future?
24 ၂၄ လုယူ ရာဖြစ်စေခြင်းငှါ ယာကုပ် ကို၎င်း ၊ ထားပြ တို့ လက်သို့ ဣသရေလ ကို၎င်း အဘယ်သူ အပ် သနည်း။ ငါတို့ ပြစ်မှား သော အရှင်ထာဝရဘုရား အပ်တော်မူသည် မ ဟုတ်လော။ သူတို့သည် နောက် တော်သို့ မ လိုက် ၊ တရား တော်ကို မ ကျင့် ဘဲ နေကြ၏။
Who has handed over Jacob into plunder, and Israel into devastation? Is it not the Lord himself, against whom we have sinned? And they were not willing to walk in his ways, and they have not listened to his law.
25 ၂၅ ထို့ကြောင့် ၊ ပြင်းစွာ သော အမျက် တော်ထွက် ခြင်း ကြမ်းတမ်း သော စစ်တိုက် ခြင်းကို သူ တို့အပေါ် သို့ သွန်းလောင်း တော်မူသဖြင့် ၊ သူတို့ပတ်လည် ၌ မီးရှို့ ၏။ သို့သော်လည်း ၊ သူတို့သည် မ သိ ကြ။ မီးလောင် သော်လည်း ၊ သတိ မ ထားဘဲ နေကြ၏။
And so, he poured out over him the indignation of his fury and a strong battle. And he burned him all around, and he did not realize it. And he set him on fire, and he did not understand it.

< ဟေရှာယ 42 >