< ဟေရှာယ 39 >

1 ထို ကာလ အခါ ဗာလဒန် သား ၊ ဗာဗုလုန် မင်းကြီး မေရောဒပ္ဗါလဒန် သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ် လေ၏။
At that time, Merodach-baladan the son of Baladan, king of Babylon, sent letters and a present to Hezekiah, for he heard that he had been sick, and had recovered.
2 ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။
Hezekiah was pleased with them, and showed them the house of his precious things, the silver, the gold, the spices, and the precious oil, and all the house of his armour, and all that was found in his treasures. There was nothing in his house, nor in all his dominion, that Hezekiah didn’t show them.
3 ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့သွား ၍၊ ထိုသူတို့သည် အဘယ်သို့ ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံတော်သို့ လာ ကြပါသနည်းဟု မေး လျှောက်သော်၊ ဟေဇကိ မင်းက၊ ဝေး သောအရပ် ၊ ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏။
Then Isaiah the prophet came to King Hezekiah, and asked him, “What did these men say? From where did they come to you?” Hezekiah said, “They have come from a country far from me, even from Babylon.”
4 နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင်၊ ဟေဇကိမင်း က၊ နန်းတော် ၌ ရှိသမျှ ကို မြင်ရကြပြီ။ ဘဏ္ဍာ တော်တွင် ငါမပြ သောအရာ တစုံတခုမျှ မ ရှိဟုပြန်ပြော ၏။
Then he asked, “What have they seen in your house?” Hezekiah answered, “They have seen all that is in my house. There is nothing amongst my treasures that I have not shown them.”
5 ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။
Then Isaiah said to Hezekiah, “Hear the word of the LORD of Armies:
6 နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။
‘Behold, the days are coming when all that is in your house, and that which your fathers have stored up until today, will be carried to Babylon. Nothing will be left,’ says the LORD.
7 သင် နှင့်နွှယ်၍ရသောသင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆို လေ၏။
‘They will take away your sons who will issue from you, whom you shall father, and they will be eunuchs in the king of Babylon’s palace.’”
8 ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။
Then Hezekiah said to Isaiah, “The LORD’s word which you have spoken is good.” He said moreover, “For there will be peace and truth in my days.”

< ဟေရှာယ 39 >