< ဟေရှာယ 39 >
1 ၁ ထို ကာလ အခါ ဗာလဒန် သား ၊ ဗာဗုလုန် မင်းကြီး မေရောဒပ္ဗါလဒန် သည် ဟေဇကိမင်း နာ ၍ ၊ အနာ ပျောက်သည်ကို ကြား သောကြောင့် ၊ မေတ္တာစာ နှင့် လက်ဆောင် ပါလျက်၊ တမန်တို့ကို စေလွှတ် လေ၏။
At that time, Merodach-baladan son of Baladan, king of Babylon, sent letters and a present unto Hezekiah, —for he had heard that Hezekiah had been sick, and had recovered.
2 ၂ ဟေဇကိ မင်းသည် သူ တို့ရောက်သောကြောင့်ဝမ်းမြောက် ၍ ၊ ရွှေတိုက် မှစသောရွှေ ၊ ငွေ ၊ နံ့သာ မျိုး၊ အဘိုးထိုက် သော နံ့သာ ဆီ၊ လက်နက် တိုက် နှင့် ဘဏ္ဍာ တော်အလုံးစုံ တို့ကို ပြ လေ၏။ နန်းတော် မှစ၍ နိုင်ငံ တော်အရပ်ရပ် ၌ မ ပြ သော အရာ တစုံတခုမျှ မ ရှိ။
And Hezekiah, rejoiced over them, and showed them his house of precious things—the silver and the gold and the spices and the precious ointment and all his armoury—and all that was found among his treasures, —there was nothing, which Hezekiah, did not show them—in his house or in all his dominion.
3 ၃ ထိုအခါ ပရောဖက် ဟေရှာယ သည် ဟေဇကိ မင်းကြီး ထံ တော်သို့သွား ၍၊ ထိုသူတို့သည် အဘယ်သို့ ပြော ကြပါသနည်း။ အဘယ် ပြည်မှ အထံတော်သို့ လာ ကြပါသနည်းဟု မေး လျှောက်သော်၊ ဟေဇကိ မင်းက၊ ဝေး သောအရပ် ၊ ဗာဗုလုန် ပြည်မှ ရောက် လာကြသည်ဟု ပြန်ပြော ၏။
Then came Isaiah the prophet, unto King Hezekiah, —and said unto him—What said these men? and whence came they unto thee? And Hezekiah said, From a land far away, came they unto me, from Babylon!
4 ၄ နန်းတော် ၌ အဘယ် အရာကို မြင် ကြပြီနည်းဟုမေး ပြန်လျှင်၊ ဟေဇကိမင်း က၊ နန်းတော် ၌ ရှိသမျှ ကို မြင်ရကြပြီ။ ဘဏ္ဍာ တော်တွင် ငါမပြ သောအရာ တစုံတခုမျှ မ ရှိဟုပြန်ပြော ၏။
And he said, What have they seen in thy house? Then said Hezekiah, —All that is in my house, have they seen, there is nothing which I shewed them not among my treasures.
5 ၅ ထိုအခါ ဟေရှာယ က၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ နှုတ်ကပတ် တော်ကို နားထောင် လော့။
Then said Isaiah unto Hezekiah, —Hear thou the word of Yahweh of hosts:
6 ၆ နန်းတော် ၌ ရှိသမျှ ကို ၎င်း၊ ယနေ့ တိုင်အောင် ဘိုးဘေး တို့သည် ဆည်းဖူး သမျှကို၎င်း၊ ဗာဗုလုန် မြို့သို့ ယူသွား ရသောကာလ သည် ရောက် လိမ့်မည်။ တစုံတခု မျှ မ ကျန် ကြွင်းရဟု ထာဝရဘုရား မိန့် တော်မူ၏။
Lo! days are coming, when all that is in thy house, and that which thy fathers have treasured up until this day, shall be carried away unto Babylon, —nothing, shall be left, Saith Yahweh.
7 ၇ သင် နှင့်နွှယ်၍ရသောသင် ၏ သား မြေးတို့ကိုလည်း ယူ သွား၍ ၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင် ၏ နန်းတော် ၌ ၊ လူပျို တော်လုပ် ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆို လေ၏။
And of thy sons who shall issue from thee whom thou shalt beget, shall they take away, —and they shall become eunuchs in the palace of the king of Babylon.
8 ၈ ဟေဇကိ မင်းကလည်း ၊ သင်ပြန် ရသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ကောင်း ပါ၏ဟူ၍၎င်း၊ အကယ် စင်စစ်ငါ့ လက်ထက် ၌ ငြိမ်သက် ခြင်းနှင့် သစ္စာစောင့် ခြင်းရှိ ရလိမ့်မည်ဟူ၍၎င်း၊ ဟေရှာယ အား ဆို လေ ၏။
And Hezekiah said unto Isaiah, Good is the word of Yahweh, which thou hast spoken. And he said, Surely, there shall be peace and stability in my days.